မေမေတို့အတွက် အလုပ်နဲ့ မိသားစုကို ဟန်ချက်ညီစေနိုင်မယ့် နည်းလမ်း(၈)ခု

0
80
- Advertisement -

အလုပ်နဲ့ အိမ်ရဲ့တာဝန်ဝတ္တရားတွေကို ညှိယူဖို့ ဆိုတာ မလွယ်ပါဘူး။ အလုပ်လုပ်နေရတဲ့ မိခင်တစ်ယောက်ဖြစ်ခြင်းက ခက်ခဲပြီး ပင်ပန်းနွမ်းနယ်နိုင်ပါတယ်။ စိန်ခေါ်မှုတွေ ရှိနိုင်ပါတယ်။ မေမေတို့အနေနဲ့ ဘယ်သူကမှ အသိအမှတ်မပြုသော အလုပ်တစ်ခုကို လုပ်နေရသလို မကြာခဏ ခံစားရလေ့ရှိမှာပါ။ ပြီးတော့ တစ်ခါတစ်လေမှာ အလုပ်ကို အရမ်းဦးစားပေးပြန်ရင်လည်း မိခင်ဝတ္တရားမကျေပွန်မှာလည်း ကြောက်သလို မိသားစုဘက်ကို အပြည့်အဝအာရုံစိုက်ပြန်တော့လည်း အလုပ်လစ်ဟင်းမှာ ကြောက်တာမျိုး ကြုံရနိုင်ပါတယ်။ သို့သော် မေမေတို့အနေနဲ့ မိခင်တစ်ယောက်အဖြစ် အပြည့်အဝနေရာယူရင်း အသက်မွေးဝမ်းကျောင်းဘက်မှာလည်း မလစ််ဟင်းနိုင်မယ့် နည်းလမ်းလေးတွေ ရှိနိုင်ပါတယ်။

အဓိကကတော့ တာဝန်ဝတ္တရားတွေကို အလျှော့ပေးလိုက်ရလို့ အပြစ်ရှိတယ်လို့ မခံစားရပဲ ကိုယ့်ရဲ့အခန်းကဏ္ဍနှစ်ခုလုံးကို ထိရောက်စွာ စီမံနိုင်မယ့် အလုပ်-ဘဝ ဟန်ချက်ညီမှုကို ရှာဖွေဖို့ ဖြစ်ပါတယ်။ အလုပ်နဲ့မိသားစုကို ဟန်ချက်ညီအောင် ထိန်းညှိနိုင်တဲ့ နည်းလမ်းရှစ်ခုကို အောက်မှာ ဖော်ပြထားပါတယ်။

၁။ လိပ်ပြာမသန့်တဲ့စိတ်ကို လွှတ်လိုက်ပါ

- Advertisement -

မေမေတို့အနေနဲ့ ဘယ်လောက်ပဲ plan ဆွဲထား၊ စီစဉ်ထားပါစေ ကလေးနဲ့ ရှိမနေပေးနိုင်တဲ့ ရက်တွေရှိပါလိမ့်မယ်၊ ဒါကို တနုံ့နုံ့တွေးနေတာထက် အလုပ်လုပ်နေတဲ့ မိခင်တစ်ယောက်ဖြစ်ခြင်းက မိသားစုကို ဘယ်လိုအကျိုးပြုနိုင်တယ်ဆိုတာသာ အာရုံစိုက်ပါ။ ကလေးတွေနဲ့ နေရတဲ့ အချိန်နည်းသွားရင်တောင် မေမေတို့အလုပ်က ကလေးတွေကို ကောင်းမွန်တဲ့ ပညာရေးနဲ့ ကလေးဘဝကောင်းကောင်းနေရဖို့ ပံ့ပိုးပေးနိုင်ပါလိမ့်မယ်။

၂။ ယုံကြည်စိတ်ချရနိုင်တဲ့ ကလေးထိန်းတစ်ယောက်ကိုရှာပါ

ကလေးထိန်းပေးနိုင်မယ့် မိဘ၊ ဆွေမျိုးသားချင်းတွေမရှိသူဆိုရင် အရည်အချင်းရှိတဲ့ ကလေးထိန်းကို ရှာဖွေခြင်းက အလုပ်ခွင်မှာ ရှိနေတဲ့အခါ စိတ်ငြိမ်သက်မှု ရရှိပါလိမ့်မယ်။ ကလေးကို ကိုယ်ယုံကြည်စိတ်ချရသူတစ်ယောက်နဲ့ ထားခဲ့ခြင်းက အလုပ်ကို စိတ်ပူစရာမလိုဘဲ အာရုံစိုက်နိုင်ပါလိမ့်မယ်။

၃။ အချိန်ကုန်သက်သာစေမယ့် နည်းလမ်းတွေရှာပါ

အလုပ်လုပ်နေသော မိခင်တစ်ယောက်အနေနဲ့ မဟာဗျူဟာကျကျ စီစဉ်တတ်ခြင်းက လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။ ဒါ့ကြောင့် ကြိုတင်စီစဉ်ပါ၊ ဖြတ်လမ်းရှာပါ။ အချိန်ကုန်သက်သာမယ့် hack အသစ်တွေကို ကြိုးစားဖို့ မကြောက်ပါနဲ့။ အချိန်ကို ပိုကောင်းမွန်စွာ စီမံနိုင်အောင် မေမေတို့ လုပ်နိုင်တဲ့အရာ အနည်းငယ်ရှိပါတယ်။

အွန်လိုင်းမှ ကုန်စုံမှာယူပါ

နေ့လယ်စာစားချိန်အတွင်းမှာ တောက်တိုမယ်ရ အလုပ်လေးတွေ မြန်မြန်လုပ်ပါ

မနက်ခင်းမှာ အေးအေးဆေးဆေးဖြစ်စေဖို့ ညထဲက အဝတ်အစားတွေကို စီစဉ်ထားပါ။

၃။ မနက်စာကို လွယ်တာလုပ်ပါ

ကြိုတင်စီစဉ်ခြင်းက ငြိမ်းချမ်းသော မနက်ခင်းဖြစ်စေဖို့ သော့ချက်ဖြစ်ပါတယ်။ မနက်ဝတ်ဖို့ အဝတ်အစားတွေကို ညထဲက ထုတ်ထားတာမျိုး၊ မနက် ထမင်းချိုင့်အတွက်၊ မနက်စာအတွက် ညထဲက ကြိုချက်ပြုတ်ထားတာမျိုးက မနက်ခင်းမှာ ကသောင်းကနင်းမဖြစ်စေပါဘူး။ မနက်ခင်းမှာ မိသားစုနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်း နံနက်စာစားနိုင်မှာ ဖြစ်ပါတယ်။ သင်နဲ့ သင့်ပါတနာနှစ်ယောက်စလုံးဟာ မနက်စာချက်ပြုတ်မယ့်သူ၊ ကလေးတွေကို အဝတ်အစားဆင်ယင်ပေးမယ့်သူ၊ လိုအပ်တဲ့ ကုန်စုံပစ္စည်းဝယ်မယ့်သူ စတဲ့ တစ်ဦးချင်းရဲ့ တာဝန်ဝတ္တရားတွေကို သတိပြုမိပြီး အိမ်မှုကိစ္စတွေကို ညီတူညီမျှ ခွဲခြားထားနိုင်မယ့် လုပ်ဆောင်မှု စာရင်းတစ်ခုကို ကြိုဖန်တီးပါ။

၄။ အလုပ်ရှင်နဲ့ ပွင့်လင်းသော ပြောဆိုဆက်ဆံမှုကို ထိန်းသိမ်းပါ

အလုပ်လုပ်နေသော မိခင်တစ်ယောက်ဖြစ်ခြင်းက စိန်ခေါ်မှုဖြစ်ပါတယ်။ ထို့ကြောင့် သင့်ရဲ့အလုပ်ချိန်ဇယားမှာ အချို့ flexibilityက မေမေတို့ကို အကျိုးရှိစေပါလိမ့်မယ်။ ဥပမာ- အလုပ်ချိန်အတွင်း ကလေးကို မူကြိုကနေ သွားကြိုရမယ့်အခြေအနေမျိုးမှာ ကိုယ့်ရဲ့အလုပ်ရှင်ကို တတ်နိုင်သမျှ ပွင့်ပွင့်လင်းလင်းပြောပြပါ။ ကိုယ့်အလုပ်ရှင်က နားလည်နေရင် သင့်ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ ရည်မှန်းချက်ကို သူတန်ဖိုးထားပါလိမ့်မယ်။

၅။ Relationship ကိုဦးစားပေးပါ

သင်ဟာ သင့်အလုပ်နဲ့ ကလေးတွေကို ဦးစားပေးသလောက် သင့်ပါတနာနဲ့ ဆက်ဆံရေးပါ်မှာလည်း အာရုံစိုက်ပါ။ ပါတနာနဲ့ connecting ရှိနေခြင်း၊ တစ်ယောက်နဲ့ တစ်ယောက်အချိန်ပေးခြင်းက နွေးထွေးမှုကို ပြန်လည်ရရှိစေပြီး ပိုနီးကပ်မှုကို ခံစားရစေပါတယ်။

၆။ သင့်မျှော်လင့်ချက်တွေကို လျှော့ချပါ

ဘယ်သူမှ ပြီးပြည့်စုံတဲ့ မိခင်တစ်ယောက်တော့ မဟုတ်ပါဘူး။ တစ်နေ့ သုံးကြိမ်အရသာရှိတဲ့ အစားအစာတွေ ချက်ပြုတ်ဖို့နဲ့ အိမ်ကိုအမြဲတမ်းသန့်ရှင်းနေဖို့ မလိုပါဘူး။ ကိုယ့်ကိုယ်ကို မလိုအပ်တဲ့ ဖိအားပေးတာတွေ လုပ်မယ့်အစား ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို လျှော့ချပြီး လက်တွေ့ကျတဲ့ ပန်းတိုင်တွေ ချမှတ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

၇။ ကိုယ့်အတွက် အချိန်ယူပါ

အလုပ်လုပ်နေတဲ့ မိခင်တွေဟာ ကိုယ့်အတွက် အချိန်မရှိသလို ခံစားကြရပြီး မိသားစုနဲ့အတူ အချိန်ဖြုန်းခြင််းထက် ကိုယ့်အတွက်ကိုယ် အချိန်ယူခြင်းက အပြစ်ရှိတယ်လို့ ခံစားရလေ့ရှိပါတယ်။ အတွင်းစိတ်ငြိမ်သက်မှုနှင့် ဟန်ချက်ညီမှုအတွက် ကိုယ့်အတွက်ကိုယ် အချိန်ရှာဖွေခြင်းက အရမ်းအရေးကြီးပါတယ်။ သင်ဟာ စိတ်ရှုပ်ထွေးပြီး မောပန်းနေရင် အဖော်ကောင်း (သို့) မိခင်ကောင်းတစ်ဦး မဖြစ်နိုင်ကြောင်း သတိရ ပါ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို အနားပေးဖို့နဲ့ နုပျိုဖို့အတွက် အချိန်ယူပါ။

အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ပျော်ရွင်သော မိသားစုရှိဖို့က ဖြစ်နိုင်ပါတယ်။ မလိုအပ်တဲ့ ဖိအားတွေကနေ လွတ်မြောက်ဖို့ ၊ သင့်အချိန်ကို စီမံခန့်ခွဲဖို့ ၊ တာဝန်တွေကို ခွဲဝေဖို့နဲ့ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုလည်း focus လုပ်ဖို့ နည်းလမ်းတွေကို ရှာဖွေပါ။ ဒါက ပြီးပြည့်စုံတဲ့ ရုပ်ပုံမဟုတ်သလို သင်စိတ်ကူးထားတဲ့ ပုံလည််း မဟုတ်ပါဘူး။ သို့သော် ကိုယ်လုပ်နိုင်တဲ့ အကောင်းဆုံးအရာက ကိုယ့်မိသားစုနဲ့ ကိုယ့်အတွက် ကိုယ်လုပ်သမျှ အရာအားလုံးကို တန်ဖိုးထားတတ်ဖို့နဲ့ ဘဝမှာ သေးငယ်တဲ့ အခိုက်အတန့်ပဲဖြစ်ဖြစ်၊ ကြီးမားတဲ့အခိုက်အတန့်ပဲဖြစ်ဖြစ် ပျော်ရွင်နေဖို့ ဖြစ်ပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here