မေမေတို့အနေနဲ့ ကလေးတစ်ယောက်မွေးပြီးနောက် Confidence ပြန်တည်ဆောက်နိုင်စေဖို့ နည်းလမ်းများ

0
559
- Advertisement -

ကလေးတွေ မွေးပြီးရင် အကြောင်းရင်းများစွာကြောင့် မေမေတို့ရဲ့ confidence တွေ ကျလာတတ်ပါတယ်။ ဥပမာ- ကလေးမွေးပြီး ခန္ဓာကိုယ်ပြည့်လာတာ၊ အရင်လို လှလှပပမနေနိုင်တော့တာမျိုး၊ မှီခိုနေရတာမျိုးတွေကြောင့် Confidenceတွေ ကျလာတာ ဖြစ်ပါတယ်။ ဒီအတွက် မေမေတို့ ဘာလုပ်နိုင်မလဲ။ ကလေး မွေးပြီးနောက်ပိုင်းမှာ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲဆိုတာ လေ့လာရပါမယ်။

၁။ မိမိကိုယ်ကို ဂရုစိုက်ပါ

ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း (self-care )လုပ်ရပ်ကို တစ်နေ့လျှင် တစ်ကြိမ်လောက် လေ့ကျင့်ဖို့ ကိုယ့်ကိုယ်ကို ကတိပေးပါ။ ဒါက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်စားတာမျိုး၊ ဆံပင်နှင့်ပတ််သတ်ပြီး တစ်ခုခု လုပ်တာမျိုး (သို့) Skin care လုပ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါက အရေးကြီးကြောင်း သတိရနေအောင် မေမေတို့ရဲ့ နေ့စဉ်လုပ်ဆောင်မှု စာရင်းထဲသို့ထည့်ပါ။ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဂရုစိုက်ခြင်းအပေါ် ချွေတာတာမျိုး မလုပ်ပါနဲ့။

- Advertisement -

၂။ ကိုယ်ဟန်အနေအထားကို တိုးတတ်အောင်လုပ်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ

ထိုင်တဲ့အခါပဲဖြစ်ဖြစ်၊ မတ်တပ်ရပ်တဲ့အခါပဲဖြစ်ဖြစ် ပုခုံးနဲ့ ခေါင်းကို မတ်မတ်ထားတာက endorphins ကို ထုတ်လွှတ်ပြီး စိတ်ကို တိုးတတ်စေပါလိမ့်မယ်။ လေ့ကျင့်ခန်း အိုင်ဒီယာလေးတွေအတွက် ယူကျူ့ဗွီဒီယိုတွေ ကြည့်ပါ။ အားသစ်လောင်းပေးတဲ့ ယောဂလေ့ကျင့်ခန်း လုပ်ကြည့်တာကလည်း အံ့သြဖွယ်ကောင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန်တတ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ အချိန်မလုံလောက်ခြင်း၊ အလုပ်သွားစရာမလိုခြင်းနှင့် လူမှုရေးဘဝ လျော့နည်းသွားခြင်းက ကလေးမွေးပြီးနောက် မေမေတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို မထိန်းသိမ်းနိုင်ခြင်းရဲ့ အရင်းခံအကြောင်းတရားတွေပဲ ဖြစ်ပါတယ်။

၃။ သင့်ဘဝထဲကနေ မကောင်းတဲ့လူတွေကို ဖယ်ထုတ်ပစ်ပါ

ကိုယ့်ကိုယ်ကို အပြုသဘောဆောင်ပြီး အထောက်အကူပေးမယ့် သူတွေနဲ့သာ ဝန်းရံထားခြင်းက ကိုယ့်ကိုယ်ကို အဆိုးဘက်မှ ဖယ်ရှားပစ်ဖို့ စဉ်းစားချင်ပါလိမ့်မယ်။ ပတ်ဝန်းကျင်မှာ ကိုယ့်ယုံကြည်မှုကို ထိုးနှက်မယ့်သူတွေ (သို့) ကိုယ့်ကို လုံးပါးပါးစေမယ့်သူတွေ ရှိရင် ဝေးဝေးနေရမယ့်အချိန် ဖြစ်နိုင်ပါတယ်။

၄။ ငွေရေးကြေးရေး plan ချပါ

ကလေးတစ်ယောက်မွေးလာပြီဆိုရင် ကုန်စရာတွေများလာပါပြီ။ တစ်လတစ်လ ကလေးဒိုင်ပါဖိုး၊ ဖြည့်စွက်စာဖိုး၊ မုန့်ဖိုးစသဖြင့် အသေးအမွှားကိစ္စလေးကအစ ကလေးရဲ့အနာဂတ်အတွက်ပါ plan ချဖို့ လိုလာပါပြီ။ ကိုယ့်ကလေးကို အစစအရာရာ ပြည့်စုံစေချင်ရင် ငွေရေးကြေးရေး plan ချဖို့အရေးကြီးပါတယ်။ ကိုယ်က အလုပ်ပြန်လုပ်လိုရင်တောင် ကလေးစောင့်ရှောက်ဖို့ ကလေးထိန်းငှားရမှာကအစ ထည့်သွင်းစဉ်းစားရမှာပါ။ ပြင်ဆင်ထားတာကလည်း ဘာမှမရှိဘူးဆိုရင် တစ်ခါတရံ အတွေးတွေနဲ့ ဘာမှလုပ်နိုင်စွမ်း မရှိဘူးဆိုတဲ့ ခံစားမှုက လွှမ်းမိုးမှုသဘော ဖန်တီးလာနိုင်ပါတယ်။ Plan ရှိထားခြင်းက စိတ်ပူစရာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၅။ ပစ္စုပ္ပန်မှာနေပါ

အတိတ်ကို ပြန်သတိရဖို့နဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်ဖို့က အရမ်းလွယ်ပါတယ်။ ဒီအရာအားလုံးက သင့်ကို စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်စေပါတယ်။ အချိန်တိုင်း ကိုယ့်ကိုယ်ကို စိတ်မရွင်ပျစေတဲ့ ခံစားချက်တွေ ရှာဖွေပါ။ ပစ္စုပ္ပန်မှာပဲနေပါ။ တရားထိုင်ခြင်း၊ သတိရှိခြင်း နှင့် လက်ရှိ ကိုယ်ရရှိထားတဲ့ အရာတွေကို ကျေးဇူးတင်ကြောင်းဖော်ပြခြင်းက ကိုယ်လွယ်လွယ်ကူကူ လုပ်နိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။

၆။ ခေါင်းဆောင်တစ်ယောက် ဖြစ်ပါစေ

မေမေတို့အနေနဲ့ ဘဝတစ်လျှောက်လုံး အလုပ်လုပ်ခဲ့ရပြီး အမှီအခိုကင်းခဲ့မှာပါ။ ကလေးမွေးလိုက်ရတဲ့အတွက် အလုပ်ကို ရပ်ထားခြင်း၊ အခြားသူပေါ်မှာ မှီခိုနေရခြင်းက စိတ်အားငယ်နိုင်ပြီး ယုံကြည်မှုနည်းမှာတော့ သေချာပါတယ်။ အရင်တုန်းက ကိုယ်ဘယ်သူဖြစ်ခဲ့တယ်၊ အခုကိုယ်ဘယ်သူ ဖြစ်နေပြီဆိုတဲ့အကြားမှာ ဟန်ချက်ညီဖို့ ကြိုးစားခြင်းက ကလေးတွေမွေးပြီးနောက် မေမေတို့ရဲ့ ယုံကြည်မှုအဆင့်ကို သက်ရောက်နိုင်တဲ့ issues တွေ ဖြစ်ပါတယ်။

Chit_MayMay

LM_Nandar

Source-yourtango

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here