မေမေတို့ ကလေးကို ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာတွေစားစေဖို့ နည်းလမ်းများ

0
106
- Advertisement -

မေမေတို့ရေ…သားသားမီးမီးတွေရဲ့ အာဟာရမျှတမှုနဲ့ ပတ်သတ်လို့ မေမေတို့ ရုန်းကန်ရတဲ့ အခက်အခဲတစ်ခုက အသီးအရွက်ကို အလွယ်တကူ ကျွေးမရတာပဲဖြစ်မှာပါနော် ။ ကလေးအများစုက အသီးအရွက်တွေစားဖို့ ငြင်းဆန်တတ်ကြပါတယ်။ ယူကေမှ သုတေသနအဖွဲ့က ကလေး၄၆%ဟာ အသီးအရွက်တွေစားဖို့ကို ငြင်းဆန်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ထို့အပြင် စစ်တမ်းကောက်ယူခဲ့တဲ့ မိဘ ၇၅% ဟာ သူတို့ကလေးတွေရဲ့ အာဟာရနှင့် ပတ်သတ်ပြီး စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

အသီးအရွက်တွေဟာ မေမေတို့ ကလေးတွေကို ကျန်းမာသန်စွမ်းစေဖို့ လိုအပ်တဲ့ ဗီတာမင်တွေ ပေးစွမ်းတာကြောင့် ကလေးတွေကို အသီးအရွက် နှစ်ခြိုက်စွာ စားသုံးတတ်တဲ့ အလေ့အကျင့်ကို ငယ်ငယ်ကတည်းက မွေးမြူပေးဖို့ လိုပါတယ်။ ဒီဆောင်းပါးလေးမှာ ဖော်ပြပေးထားတဲ့ အကြံဉာဏ်လေးတွေကတော့ မေမေတို့ မိသားစုအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

၁။ ကလေးကို ကုန်စုံဝယ်တဲ့အခါ ခေါ်သွားပါ

- Advertisement -

ဟင်းလျာချက်ပြုတ်ဖို့အတွက် အစားအစာတွေ ရွေးချယ်ခြင်းမှာ ကလေးကို ပါဝင်စေပါ။ ထိုအစားအစာတွေက ဘယ်နေရာကနေ လာသလဲဆိုတာ သူတို့ကိုပြပါ။ ပိုကောင်းတဲ့ အကြံဉာဏ်တစ်ခုက ဟင်းသီးဟင်းရွက်၊ အသီးအနှံစျေးတန်းထဲ ခေါ်သွားပြီး ပြသခြင်းဖြစ်ပါတယ်။ စျေးဝယ်တဲ့အခါ သူတို့ကြိုက်ရာ အသီးအနှံကို ရွေးယူစေပါ။

၂။ အသီးအရွက်တွေကို ပုံဖော်ပြီးကျွေးပါ

ဒါက မေမေတို့ရဲ့ တီထွင်ဖန်တီးမှု ထွန်းလင်းဖို့ အခွင့်အရေးပါပဲ။ အသီးအရွက်ကို ကလေးတွေကြိုက်နှစ်သက်မယ့် ပုံစံအမျိုးမျိုး၊ အရောင်စုံလေးတွေ ပုံဖော်ပြီးကျွေးတာက ကလေးအများစုစိတ်ဝင်စားတဲ့အရာဖြစ်ပါတယ်။ ကလေးရဲ့ ပန်းကန်ထဲမှာ ရယ်စရာမျက်နှာတွေနဲ့ ဖန်တီးပေးဖို့ ကြိုးစားပါ။ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေက အရောင်စိုစိုလေးတွေဖြစ်တဲ့အပြင် ဟင်းလျာတွေအတွက် ရယ်စရာကောင်းတဲ့ နာမည်လေးတွေပေးနိုင်ရင် ကလေးသဘောကျမှာ သေချာပါတယ်။

၃။ ခွံ့မကျွေးပါနဲ့၊ သူတို့ဘာသာ စားစေပါ

ကလေးအား သူတို့ပန်းကန်နဲ့ သူတို့ဘာသာ စားစေခြင်းဖြင့် လွတ်လပ်မှုကို ဖန်တီးပေးပါ။ သူတို့ဘာသာ သူတို့စားရရင် အသီးအရွက်ကို ပိုစားနိုင်ချေရှိပါတယ်။ ပရိုတိန်းနှင့် ကာဗိုဟိုက်ဒရိတ်တွေ အမြဲရရှိစေဖို့ အသား၊ ငါး၊ ထမင်းနှင့် အသီးအရွက်ကို ရောပြီးကျွေးပါ။

၄။ ချက်ပြုတ်ခြင်း လုပ်ငန်းစဉ်မှာ ပါဝင်စေပါ

ကလေးတွေက တီထွင်ဖန်တီးရတာကို နှစ်သက်ပါတယ်။ ဒါ့ကြောင့် ချက်ပြုတ်ခြင်းအနုပညာနဲ့ မိတ်ဆက်ပေးပါ။ ကလေးကို မီးဖိုချောင်မှာ ကူညီထွင့်ပေးပါ။ မိသားစု ထမင်းဝိုင်းအတွက် ချက်ပြုတ်ခြင်းနှင့် ပြင်ဆင်ခြင်းမှာ ပါဝင်ခွင့်ရရင် ကလေးပျော်ရွင်ပါလိမ့်မယ်။ တကယ်လို့ ကလေးက ငယ်လွန်းရင် အသီးအရွက် ခြွေခိုင်းတာမျိုးက မေမေတို့ကလေးကို အသီးအရွက်စားချင်စိတ် ပိုဖြစ်စေပါတယ်။

၅။ မေမေတို့ကလေးက အသီးအရွက်မစားရင်တောင် လတ်ဆက်တဲ့ အသီးအရွက်တွေ စားပွဲပေါ် တင်ထားပေးပါ

လတ်ဆက်တဲ့ အသီးအရွက်တွေကို ညစာစားပွဲမှာ အမြဲတမ်းတင်ထားဖို့ မိခင်တစ်ယောက်က အကြံပြုထားပါတယ်။ အသီးအရွက်ကို မစားချင်ပေမယ့် သူတို့ခေါင်းထဲမှာ ဒီအလေ့အကျင့်တစ်ခုကို ဖန်တီးပါလိမ့်မယ်။ အစားစားချိန်မှာ မြည်းစမ်းတဲ့အနေနဲ့ အနည်းငယ်ကျွေးကြည့်ပါ။ မေမေတို့ကလေးက နောက်ပိုင်းမှာ အသီးအရွက်နဲ့ ပတ်သတ်ပြီး စိတ်ပြောင်းလဲကောင်း ပြောင်းလဲသွားပါလိမ့်မယ်။

၆။ ကျန်းမာတဲ့ မိသားစုပုံစံ ဟင်းလျာကို ချက်ပြုတ်ပါ၊ လူတိုင်းကို စားစေပါ။

ကလေးအတွက်က တစ်မျိုး၊ လူကြီးအတွက်က တစ်မျိုးဆိုပြီး မတူညီတဲ့ ဟင်းပွဲတွေ မပြင်ဆင်ပါနဲ့။ စားသောက်ဆိုင်မဟုတ်ပါဘူး။ မိသားစုအနေနဲ့လည်း အတူတူပဲ စားရပါမယ်။ Family-style courses ကို သွားဖို့ နည်းလမ်းဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ တစ်ချက်အရ ကလေးငယ်တွေကို ကိုယ်ပိုင်ပန်းကန် စီစဉ်ပေးပါ။

Chit_MayMay

LM_Nandar

Source-brightside

Chit MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here