ကလေးတွေဟာ အသက် ၆နှစ်အရွယ်လောက်မှာ (သို့) ဒီထက်စောပြီး စာဖတ်စွမ်းရည် ဖွံဖြိုးလာပါတယ်။ သို့သော် မိဘများစွာက ကလေးတွေကို ဘယ်အချိန်မှာ ပုံပြင်တွေ စဖတ်ပြရမလဲလို့ မေးကြပါတယ်။
ကလေးတွေကို ဘယ်အသက်အရွယ်မှာ စာဖတ်ခြင်းမိတ်ဆက်ဖို့ ကျွမ်းကျင်သူများက အကြံပြုထားသလဲ? ကလေးဘဝကတည်းက စာဖတ်ခြင်း အလေ့အထကို မြှင့်တင်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာလဲ? မေမေတို့အတွက် ဒီဆောင်းပါးကနေ ဒီမေးခွန်းအားလုံးကို မျှဝေပေးချင်ပါတယ်။
အသိပညာနှင့် သင်ယူမှုအသစ်ကို ရရှိဖို့ ပထမခြေလှမ်းက စာဖတ်ခြင်းပါ။ လူတစ်ယောက်ရဲ့ သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုကို မြှင့်တင်ဖို့အတွက် အခြေခံကျွမ်းကျင်မှု တစ်ခုဖြစ်ပါတယ်။
ဘယ်အချိန်မှာ ကလေးတွေကို ပုံပြင်စဖတ်ပြသင့်သလဲ?
စာဖတ်တဲ့နေရာမှာ အခြေခံအဆင့် ၃ဆင့်ရှိပါတယ်။
ပထမအဆင့်က ကလေးတွေ မွေးဖွားပြီး သိပ်မကြာခင်ကစလို့ သူတို့ရဲ့ စာဖတ်စွမ်းရည် မဖွံ့ဖြိုးသေးတဲ့အထိ ဖြစ်ပါတယ်။ မိဘတွေ (သို့) တစ်ယောက်ယောက်က ဖတ်ပြပေးဖို့ လိုအပ်ပါတယ်။

ဒုတိယအဆင့်မှာ ကလေးတွေဟာ စာဖတ်နိုင်စွမ်း ရှိလာကြပါပြီ။ ဒီအချက်မှာ ကလေးငယ်တွေကို သူတို့ဖတ်နေတဲ့အရာကို ပိုမိုနားလည်ဖို့ ကူညီနိုင်တဲ့ သူပေးရမှာဖြစ်ပါတယ်။ ဒီလိုကူညီပေးမယ့်သူရှေ့မှာ ဖတ်ရှုခြင်းဖြစ်ပါတယ်။

တတိယအဆင့်မှာ ကလေးတွေဟာ အခြားသူတွေရဲ့ အကူအညီမပါပဲ ကိုယ့်ဘာသာ စာဖတ်နိုင်ကြပါတယ်။

မိခင်၊ ဖခင်တွေအနေနဲ့ ဒီလုပ်ငန်းစဉ်ကို သေချာလုပ်ဖို့ အရေးကြီးပါတယ်။ မိသားစုတစ်စုအနေဖြင့် စာဖတ်ဖို့ အခိုက်အတန့်ကို ဖန်တီးပေးရပါမယ်။ ဥပမာ- ညစဉ်ညတိုင်း ကလေးတွေကို အိပ်ရာဝင်ပုံပြင်မှား ဖတ်ပြနိုင်ပါတယ်။

ကလေးလက်စွဲစာအုပ်နှင့် ပုံပြင်စာအုပ်တွေ များများဝယ်ထားတာက အိုင်ဒီယာကောင်းဖြစ်ပါတယ်။ ကလေးတွေ အလွယ်တကူမြင်တွေ့နိုင်တဲ့ နေရာမှာ သိမ်းထားသင့်ပါတယ်။ ဒါက သူတို့ရဲ့ သိလိုစိတ်ကို နှိုးဆွပေးပါလိမ့်မယ်။
ကလေးစာအုပ်ကောင်းတစ်အုပ်မှာ ရှာဖွေရမယ့် ဝိသေသလက္ခဏာများ
ပုံပြင်ကောင်းတွေ၊ ကလေးစာအုပ်တွေ ရွေးချယ်တဲ့အခါမှာ စာအုပ်တွေဟာ အောက်ပါ characteristic အများစု ရှိနေသင့်ပါတယ်။
စကားလုံးနည်းပြီး စာပိုဒ်တိုရပါမယ်။
ဝေါဟာရ ရိုးရှင်းရပါမယ်။
ဆွဲဆောင်မှုရှိတဲ့ ရုပ်ပုံနှင့် သရုပ်ဖော်ပုံတွေ များရပါမယ်။
ဖွဲ့စည်းတည်ဆောက်ပုံ မတူရပါဘူး။
စာမျက်နှာနည်းရပါမယ်။
ကလေးတွေနှင့် ဆက်စပ်နေတဲ့ ပုံပြင်တွေ ဖြစ်ရပါမယ်။
ကလေးဘဝမှာ စာဖတ်ခြင်းအလေ့အထကို မြှင့်တင်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ?
ကလေးဘဝကတည်းက စာဖတ်ခြင်းအလေ့အထကို မြှင့်တင်ခြင်းရဲ့ အကျိုးကျေးဇူးတွေ များပြားပါတယ်။ စာဖတ်ခြင်းဟာ ကလေးတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို တိုးတတ်စေပါတယ်။

ကလေးတွေဟာ ကိုယ့်ဘာသာ ဘယ်လိုလေ့လာရမယ်ဆိုတာ သိလာပါတယ်။
ဘာသာစကားရဲ့ ဖွံ့ဖြိုးတိုးတတ်မှုနှင့် ပြည့်စုံမှုမှာ အမြင့်ဆုံးဖြစ်လာပါတယ်။
ကလေးတစ်ယောက်ရဲ့ ဝေါဟာရတွေကို တိုးပွားစေပါတယ်။
အရေးအသားနှင့် စာလုံးပေါင်း တိုးတတ်ကောင်းမွန်လာပါတယ်။
အာရုံစူးစိုက်မှုစွမ်းရည် တတ်လာပါတယ်။
ကလေးတွေရဲ့ မှတ်ဉာဏ်ကို တိုးတတ်လာစေပါတယ်။
ဒါ့ကြောင့် စာဖတ်ခြင်းဟာ နေ့စဉ်ပုံမှန်အလုပ်တစ်ခု ဖြစ်စေဖို့အတွက် မိဘတွေမှာ တာဝန်ရှိပါတယ်။ အထက်ပါအကျိုးကျေးဇူးတွေကို အမှန်တကယ် ရောက်ရှိဖို့ ကလေးတွေကို ငယ်စဉ်ကတည်းက စာဖတ်ခြင်းအလေ့အထ မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။ မိဘတွေကိုယ်တိုင်ကလည်း စာဖတ်ပြရပါမယ်။ ကလေးတွေဟာ မိဘတွေရဲ့ အပြုအမှု၊ အလေ့အထတွေကို အတုယူတာကြောင့် ဖြစ်ပါတယ်။ စာဖတ်ခြင်းကို တာဝန်တစ်ခုလို အတင်းအကျပ် မလုပ်ရပါဘူး။ စာဖတ်ခြင်းဟာ သူသူတို့ရဲ့ အားလပ်ချိန်တွေကို ပျော်စရာကောင်းနေပြီး ဆွဲဆောင်မှုရှိတဲ့ နည်းလမ်းဖြစ်သင့်ပါတယ်။
Chit_MayMay
LM_Nandar
Source-youaremom