“အပင်လေးတွေက အဆုတ်နဲ့ စိတ်ဝိဉာဉ်အတွက် အောက်စီဂျင် ပေးပါတယ်”-Linda Solegato
အပင်လေးတွေက လူသားတွေလိုပဲ တိကျတဲ့ ဘဝသံသရာရှိသော သက်ရှိသတ္တဝါလေးတွေပါ။ ကျွန်မတို့ရဲ့ကမ္ဘာဂြိုဟ်မှာ အပင်အမျိုးအစားပေါင်း ၈.၇သန်းနီးပါး နေထိုင်ပါတယ်။ ဘယ်အသက်အရွယ်ဖြစ်ဖြစ် ကလေးတွေဟာ အပင်လေးတွေကို စိတ်ဝင်တစား ရှာတတ်ကြပြီး ကမ္ဘာမြေပေါ်က သူတို့ရဲ့ ခရီးအကြောင်းကို သိဖို့ စိတ်ဝင်စားတတ်ကြပါတယ်။ မိဘတစ်ယောက်အနေနဲ့ သူတို့ရဲ့ စပ်စုလိုစိတ်ကို မွေးမြူပေးပါ။ အပင်လေးတွေအကြောင်းကို sharing လုပ်ပေးပါ။
ဒါတွေကတော့ သင့်ကလေးတွေကို မျှဝေပေးနိုင်တဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အပင်နှင့်ပတ်သက်သော အချက်အလက်လေးတွေပါ။
၁။ ဒါက အံ့သြစရာကောင်းပုံရပေမယ့် သမုဒ္ဒရာတွေဟာ အပင်သက်တမ်းရဲ့ ၈၅% ခန့်ကို ထိန်းသိမ်းပေးပါတယ်။
၂။ သစ်ပင်တွေ မတည်ရှိခင်တုန်းက ကမ္ဘာမြေဟာ ၂၆ပေမြင့်တဲ့ (ဧရာမမှိုကြီးများ)မှိုကြီးတွေရဲ့ နေအိမ်ဖြစ်ပါတယ်။
၃။ အပင်တွေက နားပင်းပုံရသော်လည်း သူတို့ခံစားနိုင်တယ်၊ မြင်နိုင်တယ်၊ အနံ့တွေကို မှတ်မိနိုင်ပါတယ်။ တနေ့လောက် စကားပြောကြည့်ပြီး သူတို့တုံ့ပြန်လားဆိုတာ ကြည့်ပါ။

၄။ သက်ရှိသတ္တဝါအားလုံးကို သက်ရှိဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာလား? မဟုတ်ပါဘူး။ ပုံမှန်သစ်ပင်မှာ ၉၉%ဆဲလ်သေတွေ ပါဝင်ပါတယ်။ ၎င်းက အရွဥ်တွေ၊ အမြစ်ထိပ်တွေ၊ အရည်သယ်ဆောင်တဲ့ တစ်ရှူးတွေဟာ သက်ရှိဆဲလ်အစိတ်အပိုင်းတွေသာဖြစ်ပါတယ်။
၅။ သစ်ပင်တွေက ကမ္ဘာပေါ်မှာ သက််တမ်းအရင့်ဆုံး သက်ရှိတွေထဲမှာပါဝင်ပါတယ်။ သို့သော် မြို့ပြရှိ လမ်းဘေးအပင်တစ်ပင်ရဲ့ ပျမ်းမျှသက်တမ်းဟာ ခုနစ်နှစ်မှ ဆယ်နှစ်အထိပဲ ရှိပါတယ်။
၆။ နဂါးငွေ့တန်းရှိ ကြယ်တွေထက် ကမ္ဘာမြေပေါ်က သစ်ပင်တွေ ပိုများတယ်လို့ ယုံကြည်ရပါတယ်။
၇။ အပူပိုင်းမိုးသစ်တောရှိ သစ်ပင်တွေရဲ့ပေါင်းမိုးပေါ်က မိုးရေကျဆင်းခြင်းဟာ မြေပြင်ပေါ်ရောက်ဖို့ ၁၀ မိနစ်ခန့်ကြာပါတယ်။
၈။ ၁၆ရာစု မတိုင်ခင်က မုန်လာဥနီဟာ ခရမ်းရောင်၊ အဖြူရောင်၊ အဝါရောင်တွေ ဖြစ်ကြပါတယ်။ လိမ္မော်ရောင် မုန်လာဥနိဟာ ၁၇ရာစုမှာ တည်ရှိခဲ့ပါတယ်။
၉။ ကြက်သွန်နီဟာ အစားအစာကို အရသာနှင့် အရောင်အဆင်းထည့်သွင်းပေးပေမယ့် ကြက်သွန်နီ အမြောက်အများစားခြင်းက သင့်အား အိပ်ချင်လာစေပါတယ်။ ကြက်သွန်နီမှာ L-tryptophan အမိုင်နိုအက်ဆစ် ပမာဏများစွာ ပါဝင်ပါတယ်။ ၎င်းက သဘာဝစိတ်ငြိမ်ဆေးအဖြစ် လုပ်ဆောင်ပါတယ်။

၁၀။ နောက်တစ်ခါ အသုတ်စားတဲ့အခါ လူသားတွေစားတဲ့ အစားအစာ ၉၀% က အပင်မျိုးစိတ် ၃၀မှ လာတယ်ဆိုတာကို သတိရပါ။
၁၁။ လူသိများသော အပင်မျိုးစိတ်ပေါင်း လေးသိန်းကျော်မှာ အပင်မျိုးစိတ် ၂၀၀ခန့်လောက်သာ ကျွန်မတို့စားကြပါတယ်။
၁၂။ “Bird of Paradise”ကလှပပြီး ထူးခြားဆန်းပြားတဲ့ အရောင်အသွေးစုံ အပူပိုင်းငှက်တစ်ကောင်နဲ့ တူပါတယ်။

၁၃။ ကဖိန်းဓါတ်က လူတွေရဲ့ ဦးနှောက်ကို လှုံ့ဆော်ပေးပေမယ့် အံသြစရာကောင်းတာက ၎င်းဟာ ကော်ဖီအတွက် ပိုးသတ်ဆေးတစ်မျိုး အဖြစ်လုပ်ဆောင်ပါတယ်။
၁၄။ ၁၇ရာစုအတွင်းမှာ ခတ္တာပန်းတွေက ရွှေထက် ပိုစျေးကြီးပါတယ်။ သူတို့ရဲ့ တန်ဖိုးရှိမှုက တစ်ချိန်က ဒတ်ချ်စီးပွားရေးကို ပျက်ပြားစေသော “tulip mania”သို့ဦးတည်စေပါတယ်။
၁၅။ အာဖရိကမှာ တွေ့ရတဲ့ Baobab သစ်ပင်ဟာ ၎င်းရဲ့ ပင်စည်ကြီးထဲမှာ ရေ ၁၂၀,၀၀၀ လီတာအထိ သိုလှောင်နိုင်ပါတယ်။
၁၆။ သစ်ပင်အကြီးကြီး တစ်ပင်ဟာ မြေကြီးကနေ ရေဂါလံ၁၀၀ကို စုပ်ယူနိုင်ပြီး တစန်ေ့တည်းမှာ အောက်ဆီဂျင်နှင့် ရေငွေ့တွေအဖြစ် လေထဲသို့ ထုတ််လွှတ်နိုင်ပါတယ်။
၁၇။ အင်ဒိုနီးရှား မိုးသစ်တောတွေမှာ တွေ့ရတဲ့ Rafflesia arnoldii ဟာ ကမ္ဘာ့အကြီးဆုံးပန်းဖြစ်ပြီး သုံးပေကျော်ထက်ပိုပြီး ကြီးထွားနိုင်ပါတယ်။
၁၈။ Salix Herbacea လို့ လူသိများတဲ့ မိုးမခပင်ပုဟာ အမြင့် ၂လက်မသာ ကြီးထွားသဖြင့် ကမ္ဘာ့အသေးငယ်ဆုံးအပင်အဖြစ် လူသိများပါတယ်။
၁၉။ ကမ္ဘာ့အရေးကြီးဆုံး အသက်ကယ်ဆေးတွေကို မိုးသစ်တောအပင်တွေကနေ ရရှိပါတယ်။
၂၀။ ယီမင်အနီးက Socotra ကျွန်းပေါ်ရှိ အပင်သုံးပုံတစ်ပုံကို ကမ္ဘာပေါ်ရှိ ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ပါဘူး။ ၎င်းကို ‘ကမ္ဘာပေါ်က ဂြိုလ်သားအဆန်ဆုံး နေရာ’လို့ သိကြပါတယ်။
Chit_MayMay
LM_Nandar
Source-momjunction