မေမေတို့ ကလေးလေး ဘာ့ကြောင့်စကားမပြောသေးတာလဲ? စကားအမြန်ပြောတတ်လာအောင် အားပေးဖို့ အကြံပြုချက် (၆)ချက်

0
5571
- Advertisement -

ကလေးတွေ စကားစပြောတဲ့အချိန်ဟာ မိဘနဲ့ ကလေးအတွက် ချစ်စရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ မိဘတိုင်းက ကလေးရဲ့ ပထမဆုံးစကားသံလေးတွေ၊ စကားလုံးလေးကို စိတ်အားထက်သန်စွာ နားထောင်ချင်ကြပါတယ်။ ဒါပေမယ့်သက်တူရွယ်တူ ကလေးတွေက စကားပြောနေပြီး မေမေတို့ကလေးက စကားမပြောသေးဘူးဆိုရင် မေမေတို့အနေနဲ့ စိတ်ပူရမှာပါ။ ကလေးက စကားစမပြောသေးလို့ စိတ်မပူပါနဲ့နော်။ ကလေးတွေက တစ်ယောက်နဲ့ တစ်ယောက်ဖွံ့ဖြိုးပုံချင်း မတူကြပါဘူး။ တစ်ချို့ကလေးတွေက စောစောစီးစီးပြောသလို တချို့ကလေးတွေက စကားပြောနောက်ကျတတ်တာကြောင့်ပါ။ American Speech-Language and Hearing Association ရဲ့အဆိုအရ ကလေးတွေမှာ အသက်အရွယ်အားဖြင့် ပုံမှန်ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေ ရှိတယ်လို့ ဆိုပါတယ်။

Communication (ဆက်သွယ်ပြောဆို)ရာတွင် ဘာသာစကားကို အသုံးပြုတဲ့အခါ Receptive Language နှင့် Expressive Language ဆိုပြီး (၂) မျိုး ရှိပါတယ်။

၁။ မွေးကင်းစမှ ၃လအထိ ဘာသာစကားစွမ်းရည်

Receptive language- ကလေးတွေဟာ ရင်းနှီးတဲ့ လူတစ်ယောက်ရဲ့ အသံကို အသိအမှတ်ပြုခြင်း၊ အသံကျယ်ကျယ်နဲ့ တုံ့ပြန်ခြင်း ကဲ့သို့သော ကြားတဲ့လက္ခဏာကို ပြသနိုင်ပါတယ်။

Expressive language – ကလေးငယ်တွေဟာ သူတို့အသံကို ငိုခြင်း၊ အော်ဟစ်ခြင်းဖြင့် စမ်းသပ်ပါတယ်။ ကလေးဟာ ကြီးလာတာနဲ့အမျှ အသံအမျိုးမျိုးကို တုန့်ပြန်တတ်လာပြီး အသံအမျိုးမျိုး လုပ်တတ်လာပါလိမ့်မယ်။

၂။ ၃လမှ ၁၂လအထိ ဘာသာစကားကျွမ်းကျင်မှု

Receptive language – တစ်နှစ်သားမှာ ကလေးတွေဟာ နေ့စဉ်သုံးပစ္စည်းတွေရဲ့ ရိုးရှင်းသော စကားလုံးတွေကို အသိအမှတ်ပြုခြင်း အပါအဝင် သူတို့နာမည်ကို ခေါ်ရင် တုံ့ပြန်ခြင်း၊ သင်ညွှန်ပြတဲ့နေရာကို ကြည့်ခြင်းစတဲ့ receptive language ကျွမ်းကျင်မှု လက္ခဏာတွေကို ပြသပါလိမ့်မယ်။

Expressive language – တစ်နှစ်သားကလေးတွေဟာ မေမေ၊ ဖေဖေ ကဲ့သို့သော ထပ်ခါတလဲလဲပြောရတဲ့ စကားလုံးတွေကို မကြာခဏ ပြောလေ့ရှိပြီး သူတို့လိုချင်တဲ့အရာကို ဖော်ပြဖို့ အမူအရာတွေကို အသုံးပြုလေ့ရှိပါတယ်၊ သူတို့ဟာ ပုံမှန်အားဖြင့် တစ်နှစ်ပြည့်ပြီးတာနဲ့ သူတို့ရဲ့ ဝေါဟာရမှာ စကားလုံးနှစ်လုံး ပါလာပါတယ်။

၃။ ၁၂လမှ ၂၄လအထိ ဘာသာစကား ကျွမ်းကျင်မှု

Receptive language – အသက် ၁နှစ်မှ ၂နှစ်အကြား ကလေးတွေဟာ မေးတဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ညွှန်ပြတတ်လာပါတယ်။ မေးခွန်းတွေ မေးတဲ့အခါ သူတို့ရင်းနှီးတဲ့ ရုပ်ပုံများနဲ့ အရာဝတ္တုများကိုသာ ညွှန်ပြပါတယ်။

Expressive language – ဒါက အထူးသဖြင့် ၁၈လမှ ၂နှစ်ဝန်းကျင် ကလေးတွေအတွက် စကားလုံးအသစ်တွေနဲ့ ဖူးပွင့်စပြုလာတဲ့ အသက်အရွယ်ဖြစ်ပါတယ်။ ကလေးတွေဟာ ၂နှစ်သားအရွယ်မှာ စကားလုံး ၅၀ (သို့) ဒီထက်မက ပြောလေ့ရှိပါတယ်။ သူတို့ဟာ စကားလုံး ၂လုံးပါတဲ့ စကားစုနဲ့ မေးခွန်းတွေကို စတင်အသုံးပြုပါလိမ့်မယ်။

တကယ်လို့ မေမေတို့ကလေးဟာ စကားမပြောရင် (သို့) ပြောသင့်တဲ့အချိန်မှာ မပြောလျှင် ဘာလုပ်မလဲ?

ကလေးတစ်ယောက်အနေနဲ့ ဒီစကားပြောချိန် မိုင်တိုင်တွေကို အချိန်မီ မရောက်ရှိနိုင်တဲ့ အချက်များစွာရှိနိုင်ပါတယ်။ တကယ်လို့ ကလေးက စကားပြော အရမ်းနောက်ကျပါက၊ သင့်ကလေး နားမကြားဘူးလို့ သံသယရှိပါက ကလေးအထူးကုနှင့်ပြသဖို့ လိုအပ်ပါတယ်။ ငယ်ရွယ်စဉ် အကြားအာရုံခက်ခဲခြင်းက ကလေးရဲ့ ဖွံ့ဖြိုးမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ထိခိုက်စေနိုင်ပါတယ်။

ကလေးကို စကားပြောလာအောင် ဘယ်လို လှုံ့ဆော်ပေးမလဲ?ကလေးရဲ့ အပြောဘာသာစကား ဖွံ့ဖြိုးတိုးတတ်မှုကို မိဘတွေ ကူညီနိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။

  • စကားပြောနေတဲ့အချိန်မှာ ကလေးကို ကြည့်ပြီး ပြောပေးပါ။ ကလေးတွေဟာ လေ့လာခြင်းနှင့် တုပခြင်းမှတစ်ဆင့် သင်ယူကြပါတယ်။
  • မေမေတို့ကလေးက မျက်နှာအမူအရာနှင့် အသံတွေပြုလုပ်တဲ့အခါ ရိုးရိုးစကားပြောဆိုခြင်း (သို့) သူတို့လုပ်သမျှကို အတုခိုးလုပ်ပြခြင်းဖြင့် သူတို့လုပ်ရပ်တွေကို တုံ့ပြန်ပေးပါ။ အစောပိုင်း ပြောဆိုဆက်သွယ်မှု skill အတွက် အရေးပါသော အယူအဆတစ်ခုဖြစ်တဲ့ ကိုယ်ဟန်အမူအရာနှင့် စကားလုံးတွေမှာ တုံ့ပြန်မှု ရကြောင်း မေမေတို့ကလေးက သင်ယူပါလိမ့်မယ်။
  • မေမေတို့အနေနဲ့ ကလေးကို အချိန်ပေးပြီး စကားပြောဆိုဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ စိတ်မပူပါနဲ့။ နေ့စဉ်ပုံမှန်လုပ်နေကျ အလုပ်တွေလုပ်ရင်း စကားပြောပေးနိုင်ပါတယ်။ ဒိုင်ဘာလဲတဲ့အချိန်၊အစားအသောက် ကျွေးတဲ့အချိန်၊ ရေချိုးပေးတဲ့အချိန်တွေမှာ စကားပြောပေးပြီး ဘာသာစကားကျွမ်းကျင်မှုတွေကို လေ့ကျင့်ပေးပါ။
  • ကလေးတွေဟာ အများအားဖြင့် စကားလုံးများရှေ့မှာ ကိုယ်ဟန်အမူအရာနှင့် ပြောဆိုဆက်သွယ်လေ့ရှိပါတယ်။ သူတို့ရေသောက်လိုတဲ့အခါ ခွက်တစ်ခွက်ကို ညွှန်ပြတာ(သို့) စင်ပေါ်က အရုပ်ကို လက်ညှိုးထိုးပြတာ ပြုလုပ်တတ်ပါတယ်။ ဒါက အစောပိုင်းဖော်ပြသော ဘာသာစကားကျွမ်းကျင်မှုဖြစ်ပါတယ်။ ဒါက ကလေးနှင့် ပြောဆိုဆက်သွယ်ဖို့၊ အသံမသုံးဘဲ လိုအပ်ချက်တွေကို ကြိုတန်မှန်းဆဖို့ မိဘတွေအတွက် ပိုလွယ်လာနိုင်ပါတယ်။ သူတို့ တောင်းတဲ့ပစ္စည်း နာမည်ကိုပြောဖို့ ကလေးကို အားပေးပါ။ ဥပမာ- အရုပ်ကို လက်ညှိုးထိုးပြတဲ့အခါ “အရုပ်”လို့ ပြောဆိုခိုင်းတာမျိုး ဖြစ်ပါတယ်။
  • ချဲ့ပြောတဲ့ စနစ်ကို သုံးပါ။ ကလေးက ရိုးရှင်းတဲ့ စကားလုံးတွေ စပြောတဲ့အခါ ကလေးပြောတာကို မေမေတို့ ကြားလိုက်တယ်ဆိုတာ အသိအမှတ်ပြုပါ။ သူတို့စကားလုံးတွေကို အနည်းငယ်ပိုရှည်တဲ့ စာပိုဒ်တိုတွေနဲ့အသုံးပြုပေးပါ။ ဥပမာ- ကလေးက” ကား”လို့ဆိုပါက “အင်း..သားကားအပြာလေး လိုချင်လို့လား”ဟု တုံ့ပြန်ပါ။ အဓိပ္ပာယ်ပြည့်ဝသော စကားစုများမှာ ရိုးရှင်းသော စကားလုံးကို ဘယ်လိုသုံးရမယ်ဆိုတာ သူတို့သင်ယူပါလိမ့်မယ်။
  • ကလေးကို စာဖတ်ပြပါ။ စာဖတ်ပြခြင်းက အစောပိုင်းဆက်သွယ်ပြောဆိုခြင်းနှင့် အပြောစွမ်းရည်တွေကို အားပေးရုံသာမက မေမေနဲ့ ကလေးအတွက် နှောင်ကြိုးရစ်ပတ်မှု activity တစ်ခုဖြစ်စေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

Chit_MayMay

LM_Nandar

Source-mother.ly

LEAVE A REPLY

Please enter your comment!
Please enter your name here