မေမေတို့ ကလေးအတွက် အရေးပါသော ကလေးဘဝအမှတ်တရ (၅)ခု

0
132
- Advertisement -

လူတိုင်းမှာ ငယ်ဘဝ အမှတ်တရလေးတွေ ရှိကြပါတယ်။ သိနားလည်တဲ့ အရွယ်ကစတဲ့ အမှတ်တရတွေက တန်ဖိုးမဖြတ်နိုင်၊ မမေ့နိုင်စရာတွေပါ။ ပြန်တွေးလိုက်တိုင်း ကြည်နူးစရာ ပျော်ရွင်စရာပါပဲ။ ကလေးအရွယ်ဆိုတာ တကယ့်ကို ဖြူစင် အပြစ်ကင်းတဲ့ အရွယ်ပါ။ ဒါ့ကြောင့် ကလေးဘဝအချိန်က ပျော်ရွင်ဖွယ်အကောင်းဆုံးနဲ့ အမှတ်တရဖြစ်စရာအကောင်းဆုံးလို့ ထင်မိပါတယ်။ ကျွန်မတို့ကလေးဘဝက အမှတ်တရတွေဟာ ကျွန်မတို့ကို အရေးကြီးသော ဘဝအတွေ့အကြုံများရဲ့ mental photo album တစ်ခုကို ဖန်တီးပေးပါတယ်။ ကျွန်မတို့အားလုံးမှာ ငယ်စဉ်ကလေးဘဝထဲက တန်ဖိုးထားရတဲ့ အခိုက်အတန့်လေးတွေ ရှိပါတယ်။ ဒီအမှတ်တရစုဆောင်းမှုမှာ ကောင်းတဲ့အချိန်တွေ၊ ဆိုးတဲ့ အချိန်တွေ၊ စိတ်လှုပ်ရှားဖွယ် အချိန်လေးတွေနဲ့ ကြောက်စရာကောင်းတဲ့ အချိန်တွေလည်း ပါဝင်ပါတယ်။

၁။ ကစားခြင်း

ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတတ်မှုမှာ ကစားခြင်းက အရေးပါပါတယ်။ ကစားခြင်းက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတတ်မှုမှာ အရေးပါတဲ့ tool တစ်ခုသာ မဟုတ်ပါဘူး။ မေမေနဲ့ ကလေးလေးအတူတူ ပျော်ရွင်ဖို့၊ အပန်းဖြေဖို့ အခွင့်အရေးတစ်ခုပါပဲ။ မေမေတို့ရဲ့ ကလေးကို နို့စို့အရွယ်တည်းက ကစားနည်းတွေ ဘယ်လိုကစားရမလဲဆိုတာ သင်ပေးခြင်းက မိဘနဲ့ကလေးရဲ့ ခြားနားတဲ့ အခန်းကဏ္ဍကို သိလာပါလိမ့်မယ်။ ဒါက ပြဿနာ ဖြေရှင်းခြင်း မဟာဗျူဟာများ နှင့် values တွေကို သူတို့သင်ယူခြင်းမှာ၊ လူမှုရေးစံချိန်စံညွှန်းများကို လိုက်နာခြင်းမှာ အကူအညီဖြစ်ပါလိမ့်မယ်။ ကလေးတွေဟာ ကလေးဘဝတုန်းက သူတို့ ဘယ်သူတွေနဲ့ ကစားတယ်။ ဘာတွေနဲ့ ကစားခဲ့တယ်ဆိုတဲ့ အမှတ်တရတွေကို သိမ်းဆည်းပါတယ်။

- Advertisement -

၂။ စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်

ကလေးတွေကို သူတို့ရဲ့စိတ်ခံစားမှုကို manage လုပ်တတ်ဖို့ သင်ပေးပါ။ မိဘတွေက သူတို့ရဲ့ စိတ်ခံစားမှုတွေကို သူတို့ချိုးနှိမ်မယ့်အစား သူတို့ဘာသာ manage လုပ်စေဖို့ ကူညီပေးရပါမယ်။ သူတို့ရဲ့ခံစားမှုတွေကို ရှောင်ပြေးမယ့်အစား ရင်ဆိုင်ရပါမယ်။

လူကြီးတွေအဖြစ် ကျွန်တော်တို့ပြန်ကြည့်ရင် ကျွန်တော်တို့ဝမ်းနည်းနေချိန်မှာ ကျွန်တော်တို့နဲ့အတူ ရှိနေတဲ့သူကို ကြည့်ပါတယ်။ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ပြုလုပ်နေအချိန်မှာ ကျွန်တော်တို့ကို ဂုဏ်ယူနေတဲ့သူကို သတိရပါတယ်။

ဒါတွေက ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်တွေကတဆင့် ကျွန်တော်တို့သင်ယူတဲ့ စိတ်ခံစားမှု စီမံခန့်ခွဲမှုပေါ်က သင်ခန်းစာအားလုံး ဖြစ်ပါတယ်။ ဒါတွေက ကျွန်တော်တို့ ကလေးနှင့်အတူ ဖွဲ့စည်းတဲ့ စိတ်ခံစားမှု နှောင်ကြိုးဖြစ်ပါတယ်။ သတိရှိရှိ ကာကွယ်စောင့်ရှောက်ပြီး ပြုစုပျိုးထောင်ရမယ့် နှောင်ကြိုးဖြစ်ပါတယ်။

၃။ လူမှုရေး ကျွမ်းကျင်မှု

မိသားစုဆိုတာ ကလေးရဲ့ ပထမဆုံးလူမှုရေးအတွေ့အကြုံဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အိမ်မှာ မိသားစုက သင်ကြားပေးတဲ့ လူမှုရေးစွမ်းရည်တွေနဲ့ ကမ္ဘာကြီးကို ရင်ဆိုင်ကြပါတယ်။ ခွင့်ပြုချက်တောင်းခံခြင်း (သို့) ခွင့်လွှတ်ဖို့ တောင်းဆိုခြင်း၊ ချစ်တယ်လို့ ပြောတာတွေ၊ အခြားသူတွေကို နားထောင်ပေးတာစတဲ့ အရာတွေဖြစ်ပါတယ်။ ဥပမာအားဖြင့် မိသားစုနှင့်အတူ စုဝေးခြင်း၊ စူပါမားကတ်သို့ သွားခြင်း။ ပန်းခြံတွင် ကစားခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီအတွေ့အကြုံများက ကလေးတွေရဲ့ လှုမှုရေးဖွံ့ဖြိုးမှုမှာ အဓိပ္ပာယ်ရှိသော အခန်းကဏ္ဍမှ အမှတ်တရာတွေအဖြစ်သို့ ပြောင်းလဲသွားပါတယ်။

၄။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်

ကိုယ့်ဘာသာ ကိုယ်လုပ်နိုင်စွမ်းရှိခြင်း၊ ကျွန်တော်တို့လဲကျတဲ့အခါ ပြန်ထဖို့ ဘယ်သူက ဘယ်လိုသင်ပေးသလဲဆိုတာကို မှတ်မိခြင်းဟာ Autonomy ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စဉ်းစားဆုံးဖြတ်ခွင့်ရတဲ့အချိန်နှင့် အမှတ်တရတွေဟာ လူကြီးဘဝသို့ ပါသွားစေပါတယ်။ ကျွန်တော်တို့လိုချင်တာကို ရဖို့ ထူးကဲတဲ့ စွမ်းရည်ရှိသူတွေ ဖြစ်လာပါတယ်။ ဒီမှတ်ဉာဏ်တွေဟာ လျှို့ဝှက်ထားဆဲဖြစ်သော်လည်း သူတို့ရဲ့ အကျိုးဆက်များက ရေရှည်မှာ ကျွန်တော်တို့ရဲ့ လူကြီးဘဝအတွက် အရမ်းအရေးပါ ပါတယ်။

၅။ အချစ်

ကျွန်တော်တို့ ရရှိခဲ့တဲ့ အရေးအကြီးဆုံးနဲ့ အစွမ်းထက်ဆုံး အမှတ်တရတွေက ကျွန်တော်တို့ ကလေးဘဝမှာ ခံစားခဲ့ရတဲ့ ချစ်ခြင်းမေတ္တာဖြစ်ပါတဘ်။ ချစ်ခြင်းမေတ္တာကို ဖော်ပြခြင်းနှင့် လက်ခံခြင်းက ကျွန်မတို့ရဲ့ မိသားစုမှာ ပထမဆုံးနဲ့ အရေးအကြီးဆုံး အရာဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ချစ်ခြင်းမေတ္တာအဓိပ္ပာယ်နှင့် ပတ်သတ်ပြီး ဂရုစိုက်သင့်၊ ကလေးတွေကို သတိပေးသင့်ပါတယ်။

ကျွန်မတို့ဟာ သူတို့ချစ်ခြင်းမေတ္တာရဲ့ စံနမူနာများဖြစ်ပါတယ်။ ကလေးတွေ သူတို့အိမ်မှာ တွေ့မြင်ရတဲ့ ချစ်ခြင်းမေတ္တာရဲ့ သရုပ်သကန်ကို မှတ်မိကြပါလိမ့်မယ်။ အပြန်အလှန်အားဖြင့် သူတို့ဟာ ကလေးဘဝတုန်းက သွန်သင်ခဲ့တဲ့နည်းဖြင့် ချစ်ခြင်းမေတ္တာကို ပြသပြီး လက်ခံရရှိပါလိမ့်မယ်။

အမှားတွေ၊ ကြောက်ရွံ့မှုတွေနဲ့ မအောင်မြင်မှုတွေဟာ ကျွန်တော်တို့ကလေးဘဝရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးတွေ ဒါတွေကို ရင်ဆိုင်ဖို့နှင့် စီမံဖို့ အဆင်သင့်ဖြစ်အောင် ဒီမဏ္ဏိုင်ငါးရပ်ရဲ့ အားသာချက်တွေကို ယူဖို့ အရေးကြီးပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here