မေမေတို့ ဘေဘီလေး ညဘက်မှာ ဘာ့ကြောင့်မအိပ်တာလဲ?

0
197
- Advertisement -

မိခင်အသစ်တွေရဲ့ အဆိုးဝါးဆုံးသော အိမ်မက်ဆိုးတစ်ခုက မနက် ၂နာရီ ၃နာရီလောက်အချိန်မှာ ကလေးထငိုတာ ဖြစ်ပါတယ်။ တစ်ချို့ကလေးတွေကတော့ ဂျီမကျဘဲ အိပ်ပျော်သွားတတ်ကြပေမယ့် တစ်ချို့ကလေးတွေကတော့ တော်တော်နဲ့ မအိပ်ပဲ ဂဂျီဂဂျောင်ကျတတ်ကြပါတယ်။ မေမေတို့မှာ ပြန်သိပ်ရတာ၊ နို့တိုက်ရတာနဲ့ အိပ်ရေးအရမ်းပျက်ပါတယ်။ ညဘက် တစ်ရေးနိုးတတ်တာက ကလေးတိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝဆိုပေမယ့် မေမေတို့ ကလေး ညအချိန်မှာ ကောင်းကောင်း မအိပ်ရင် ဒီအကြံပြုချက်တွေကို ကြိုးစားကြည့်ပါ။

၁။ လုပ်ရိုးလုပ်စဉ်တစ်ခု ဖန်တီးပါ

နို့တိုက်ချိန်၊ အစာကျွေးချိန်၊ ကစားချိန် ၊ တရေးအိပ်ချိန်နဲ့ သင့်တော်တဲ့ အိပ်စက်ခြင်းတို့ ပါဝင်တဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု ဖန်တီးပါ။ နေ့တိုင်း တစ်ချိန်တည်းမှာ ဒီအမူအရာပဲ လုပ်နေခြင်းအားဖြင့် သင့်ကလေးရဲ့ စိတ်ထဲမှာ လုပ်ရိုးလုပ်စဉ်ကို install လုပ်နေပါလိမ့်မယ်။ ကလေးဟာ အချိန်နဲ့ အစာကျွေး၊ အချိန်နဲ့ သိပ်တာက အဲ့အချိန်ရောက်ပြီဆိုရင် ဗိုက်ဆာလာတယ်၊ အိပ်ချင်လာပါတယ်။ ဒါက သင်ရရှိမယ့် အကျိုးကျေးဇူးဖြစ်ပါတယ်။

- Advertisement -

၂။ နေ့အချိန် ခေတ္တမှိန်းခြင်း

တကယ်လို့ ကလေးက နေ့အချိန်မှာ အရမ်းအိပ်ပါက ညဘက် အိပ်ချင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကလေးကို တစ်နေ့လုံး နိုးနိုးကြားကြားရှိစေဖို့ ကြိုးစားပါ။ သို့သော် ကလေးအား ခဏတာ ပေးမှိန်းခြင်းမရှိဘဲ အတင်းနိုးနေရင်တော့ သူ့ကို စိတ်ရှုပ်ထွေးသွားစေပြီး ညဘက်မှာလည်း ငြိမ်းချမ်းစွာ အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ နေ့ခင်းဘက်မှာ ခဏတာပေးမှိန်းပြီး ညအချိန် အိပ်ချိန်ကြားမှာ balance ဖြစ်မှုကို ရှာဖွေဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကလေးကို တစ်နေ့တာအတွင်း ပိုမိုအိပ်စက်ခြင်းကနေ တားဆီးဖို့ နည်းလမ်းမရှိရင် ကလေးအိပ်ချိန်မှာ ကိုယ်ကလည်း လိုက်အိပ်ဖို့ လိုအပ်ပါတယ် ။ ညဘက်အိပ်ရေးပျက်ရလည်း မေမေတို့အတွက် ပင်ပန်းမှုနည်းသွားပါလိမ့်မယ်။

၃။ ပြင်ပဆူညံသံနှင့် အနှောက်အယှက်များ

ပတ်ဝန်းကျင်က အိပ်စက်အနားယူဖို့ လုံလောက်တဲ့ တိတ်ဆိတ်မှု မရှိရင် ညသန်းခေါင်ယံအချိန် သင့်ကလေး နိုးလာမှာ သေချာပါတယ်။ ကလေးကို သီးသန့်ခန်းနဲ့ သိပ်တာမဟုတ်ရင် အခန်းထဲမှာ ဆူညံမှုတွေ အများကြီး မလုပ်မိစေဖို့ ကြိုးစားပါ။ ပြတင်းပေါက်တွေကို ပိတ်ထားပါ။ ကလေးရဲံ အိပ်စက်မှု အနှောက်အယှက်မဖြစ်စေအောင် အခန်းထဲမှာ ဆူညံနေတဲ့ ပန်ကာဟောင်းတွေကို ပိတ်ထားပါ။ မိုးခြိမ်းတာတို့၊ ဆောက်လုပ်ရေးလုပ်ငန်းတွေလို ပြင်ပဆူညံသံတွေရှိရင် ကလေးနဲ့အတူရှိနေဖို့ ကြိုးစားပါ။ မေမေတို့အနားမှာရှိနေခြင်းက ကလေးကို စိတ်ချလက်ချ အိပ်ပျော်စေနိုင်ပါတယ်။

ကလေးမျက်နှာပေါ်ကို အလင်းရောင် တိုက်ရိုက်မကျအောင်လုပ်ပါ။ အလင်းရောင်များလွန်းတာက ကလေးရဲ့ အိပ်စက်မှုကို အနှောက်အယှက်ဖြစ်စေပါတယ်။ အိပ်ပျော်နေစဉ် ကလေးအနားမှာ မျက်နှာသုတ်ပုဝါတွေ၊ ကစားစရာတွေ မထားပါနဲ့။ ကလေးရဲ့မျက်နှာကို အုပ်မိပြီး မတော်တဆတွေ ဖြစ်စေနိုင်ပါတယ်။ အခန်းရဲ့ အပူချိန်က အရမ်းအေးတာမျိုး အရမ်းပူတာမျိုး မဖြစ်သင့်ပါဘူး။

အိပ်စက်ခြင်းပုံစံက ကလေးတစ်ယောက်နဲ့တစ်ယောက်တော့ တူမှာမဟုတ်ပါဘူး။ မေမေတို့ သိပ်တဲ့ပုံစံပေါ်မှာပဲ မူတည်ပါတယ်။ ကလေးရဲ့ အိပ်စက်မှုပုံစံနဲ့ ပတ်သတ်ပြီး ပုံမှန်မဟုတ်တဲ့အရာတစ်ခုခုတွေ့တာမျိုး၊ ကလေးက ကောင်းကောင်းမအိပ်တာမျိုးဆိုရင် ကလေးဆရာဝန်တွေနဲ့ ဆွေးနွေးပြီး အကြံဉာဏ်ရယူနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction.

Chit mayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here