သင့်အတွက် သင့်မိဘတွေကို ဂုဏ်ယူစေချင်လား။ သူတို့ကို သင့်ကို ယုံကြည်စေချင်ပြီး အားထားယုံကြည်စေချင်ပါသလား။ ကောင်းတဲ့အပြုအမူအတွက် စံပြဖြစ်လိုပါသလား။ အဲဒီ့အခါ သင်က လမ်းပြဖြစ်ရမှာပါ။
၁။ သပ်သပ်ရပ်ရပ်စနစ်တကျနေပါ
မိဘတွေက သန့်ရှင်းစင်ကြယ်သော အခန်းများ၊ သပ်သပ်ရပ်ရပ်ဖွဲ့စည်းထားတဲ့ ဗီရိုတွေနှင့် အထပ်တွေမပါတဲ့ ကြမ်းပြင်တွေကို ကြည့်ချင်ကြတယ်။ နေ့တိုင်း သန့်ရှင်းရေးကို နည်းနည်းလုပ်ပေးပါ။ ညနေ(၅)နာရီကို သန့်ရှင်းရေးလုပ်ဖို့ အချိန်ကိုဖယ်ထားပါ။

၂။ ကောင်းကောင်းမွန်မွန်ဝတ်စားဆင်ယင်ပြီး သင့်ခန္ဓာကိုယ်ကို ကောင်းစွာ ဂရုစိုက်ပါ
သင့်ကိုယ်ပိုင်စတိုင်ကို ရှာပါ။ ချစ်ဖို့ကောင်းတဲ့ ပုံလား၊ preppy စတိုင်မျိုးလား၊ မိန်းမဆန်လား၊ ယောင်္ကျားဆိုဒ်ပေါက်နေလား၊ Sexyကျတဲ့ ပုံမျိုးလား၊ စိတ်ကူးယဥ်ဆန်သော (သို့) ကြွကြွရွရွပုံမျိုးလား။ သင့်စတိုင်လ်က ဘယ်လိုပဲဖြစ်နေပါစေ။ သင့်အဝတ်အစားက သပ်သပ်ရပ်ရပ်ဖြစ်သင့်ပါတယ်။ သင့်ဆံပင်ကို သန့်သန့်ရှင်းရှင်းထားပါ။
သန့်ရှင်းမှုရှိပါ။ မကြာခဏရေချိုးပါ။ မျက်နှာကို သန့်ရှင်းထားပါ။ ဒါက သင့်ကို ကောင်းကင်တမန်ကလေးတစ်ယောက်လို ခံစားရစေဖို့ကူညီပေးပါလိမ့်မယ်။ အရာရာတိုင်းကို သင်ကိုယ်တိုင်မပြုလုပ်နိုင်ဘူးဆိုရင် မိဘတစ်ဦးဦး၊ မွေးချင်းတစ်ယောက်ယောက်ကို အကူအညီတောင်းပါ

၃။ သင့်တာဝန်တွေကို ထိပ်ဆုံးမှာ ထားပါ
အိမ်စာကို အိမ်ပြန်ရောက်သည်နဲ့ တစ်ပြိုင်နက် လုပ်ဆောင်ပါ။ ၎င်းက သင့်မိဘတွေကို စိတ်ကျေနပ်စေပါလိမ့်မယ်။ သင့်ကျောင်းစာမှာ စိုက်ထုတ်ပြီး အကောင်းဆုံးရမှတ်တွေ ရယူပါ။ ရေရှည်ကြိုးစားအားထုတ်မှုက ပြီးပြည့်စုံတဲ့အလုပ်ကို လုပ်ခြင်းထက် ပိုအရေးကြီးကြောင်း သတိရပါ။ သင်က အဆင့်အမြင့်ဆုံးမရနိုင်ရင်တောင် လေးစားဖို့ကောင်းတဲ့ အလုပ်ကျင့်ဝတ်တစ်ခုက အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။ သင့်အကောင်းဆုံးလုပ်ဆောင်မှုတွေအတွက် သင့်မိဘတွေက သင့်ကိုဂုဏ်ယူပါလိမ့်မယ်။ သင်အကူအညီလိုလျှင် တောင်းခံပါ။ ၎င်းက သင့်မိဘတွေကို အနှောင့်အယှက်မဖြစ်စေပါဘူး။ အိပ်စက်အနားယူပါ။ ကောင်းမွန်စွာစားပါ။ အပြင်မှာနေပါ။ သင့်မိဘများက သင့်ကိုကောင်းကောင်းသင်ပေးကြောင်း ပြသရာရောက်ပါတယ်။

၄။ သင့်အမှားတွေကို အသိအမှတ်ပြုပါ
သင့်အမှားအတွက် အခြားသူတွေကို အပြစ်တင်ခြင်းက ရင့်ကျက်ခြင်းမရှိသေးတာဖြစ်ပါတယ်။ သင့်မိဘတွေဆီကို သွားပြီး ”ဒါဟာ သမီးအမှားပဲ၊ အဲ့ဒီ့အတွက် စိတ်မကောင်းပါဘူး”လို့ ပြောပါ။ သူတို့က စိတ်ဆိုးဒေါသထွက်ပြီးတော့ နောက်တစ်ကြိမ်မှာ သင့်အမှားတွေကို အမြဲတမ်းထောက်ပြလိမ့်မယ်(မိဘများ မလုပ်သင့်)။ ဒါ့ကြောင့် အဆိုးဆုံးအခြေအနေတွေမှာတောင် စိတ်တည်ငြိမ်အောင်နေပါ။

၅။ ကတိတွေကို ထိန်းသိမ်းပါ
သင်ကိုယ်တိုင်ကူညီဖို့ ကမ်းလှမ်းထားတယ်ဆိုရင် သင်ပြောခဲ့တဲ့အတိုင်းလုပ်ပါ။ မိဘတွေက ယုံကြည်စိတ်ချရမှုကို တန်ဖိုးထားလေးမြတ်ပြီး အရေးကြီးတဲ့အရာတွေနှင့် ပတ်သက်လာရင် သင့်ကို သူတို့ယုံကြည်စိတ်ချသွားပါလိမ့်မယ်။ သင်တစ်ခုခုလုပ်ဖို့ မသေချာဘူးဆိုရင် အဲဒါတွေကို လုပ်ဖို့ ကတိမပေးပါနှင့်။ အဲဒီ့အစား” ငါလုပ်နိုင်တယ် ထင်တယ်” (သို့) ”ငါကြိုးစားမယ်”လို့ ပြောပါ။ အကြောင်းတစ်ခုခုကြောင့် သင်ကတိမတည်နိုင်ဘူးဆိုရင် ချက်ချင်းပြောပါ။ ဘာတွေဖြစ်နေတယ်ဆိုတာ ရှင်းပြပါ။ တောင်းပန်ပါ။ ပြီးတော့ ဘာလုပ်ရမယ်ဆိုတာ သူနှင့် စကားပြောပါ။

၆။ သင့်မိသားစုနဲ့ ပတ်သက်ပြီး သင်ချစ်တဲ့အရာကို အာရုံစိုက်ပါ
သင့်မိသားစုကို ဘာတွေထူးခြားအောင် ပြုလုပ်ပေးနိုင်သလဲ။ မိသားစုဝင်တစ်ဦးချင်စီအပေါ်မှာ သင်ဘာကို နှစ်သက်ပါသလဲ။ ဒါတွေကို စဥ်းစားပြီးတော့ တစ်နည်းနည်းဖြင့် ဒါတွေကို နေ့စဥ်ပြသဖို့ကြိုးစာပါ။

၇။ မွေးချင်းတွေကို ကြင်နာပါ
သင့်ရဲ့ အငယ်မောင်နှမတွေနှင့် ကစားပါ။ မိဘတွေအလုပ်များနေချိန်မှာ သင့်မိဘတွေကို မနှောင့်ယှက်အောင် ထိန်းပါ။ သင့်အစ်ကို၊ အစ်မတွေနှင့် စကားပြောပါ။ သူတို့အလုပ်များနေတယ်ဆိုရင် သတိထားပါ။ သင့်မွေးချင်းတွေနှင် ရန်မဖြစ်ပါနှင့်။ သူတို့ကို လျစ်လျူရှုပါ။ သူတို့လမ်းပေါ်ရောက်နေရင် တားပါ။

၈။ သင့်မိဘတွေကို သင့်ဂရုစိုက်ကြောင်းပြသပါ
သင့်ကျေးဇူးတင်မှုကို ပွေ့ဖက်ခြင်းအားဖြင့် ဖော်ပြပါ။ သူတို့ပြောတာကို အတတ်နိုင်ဆုံးမခုခံပါနှင့် အရေးကြီးတယ်လို့ သင်ယူဆရင်တော့ သူတို့ကို ဆန့်ကျင်ပါ။

၉။ မိသားစုဝင်တွေ အငြင်းပွားမှုထဲ ဝင်မပါပါနှင့်
ကိုယ့်ကိုယ်ကို ဒေါသထွက်နေတယ်လို့ ခံစားရရင် အော်ဟစ်ပြောဆိုတဲ့စကားတွေကို ပြောခြင်းထက် ခဏနားပါ။ ”သမီးတကယ်စိတ်မကောင်းဖြစ်နေလို့ အေးအေးဆေးဆေးနေဖို့လိုတယ်”လို့ ပြောဖို့ အဆင်ပြေပါတယ်။ သင်စိတ်ငြိမ်လာတဲ့အခါ အငြင်းအခုံကို ပြန်သွားပါ။
Chit_May_May
Nyein_Thu
Ref-wikihow