မေမေတို့ရေ- မေမေတို့ဘေဘီလေးဟာ မမွေးခင်ကာလပတ်လုံး အမိဝမ်းထဲမှကနေ အသံတွေကို တုံ့ပြန်နိုင်သလို ခွဲခြားသိရှိနိုင်ကြပါတယ်။ ဘေဘီလေးတွေဟာ မေ့မေ့ရဲ့ နှလုံးခုန်သံ၊ မေမေ့ရဲ့ အသံကို ကြားနိုင်ပါတယ်။ သူတို့ဟာ ဂီတသံစဉ်တွေကိုလည်း သိရှိနိုင်ပါတယ်။

ဘေဘီလေးတွေဟာ နားအပြည့်အဝဖွံ့ဖြိုးမှု(ကိုယ်ဝန်ပထမသုံးလပြည့်ပြီးရင် ဝမ်းဗိုက်ထဲမှာ ဖွဲ့စည်း)နှင့်အတူ မွေးဖွားလာကြပြီး သူတို့ဘေးနားက အရာအားလုံးကို စတင်နားထောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သို့သော် သူတို့ဦးနှောက်ဟာ အသံတွေ၊ စကားလုံးတွေရဲ့ အနက်အဓိပ္ပာယ်ကို ပိုင်းခြားနိုင်စွမ်း မရှိသေးပါဘူး။
ဘေဘီလေး ကြီးထွားလာတာနှင့်အမျှ ပတ်ဝန်းကျင်နှင့်အတူ သူတို့ရဲ့ တုံ့ပြန်မှုတွက ပိုပြီးရုပ်လုံးပေါ်လာပါတယ်။ သူတို့ဟာ မကြာခဏဆိုသလို သိသာထင်ရှားတဲ့ ဘာအသံပဲဖြစ်ဖြစ် သူတို့ရဲ့ အာရုံကပြောင်းသွားပါတယ်။ သူတို့စကားမပြောနိုင်သေးပေမယ့် အစ်ကိုတွေ အစ်မတွေ ဘာပြောသလဲဆိုတာ စိတ်ဝင်တစား နားထောင် စောင့်ကြည့်တတ်ပါတယ်။

ဒါတွေက ဘေဘီလေးရဲ့ အကြားအာရုံဟာ ဖွံ့ဖြိုးဆဲဖြစ်ကြောင်း ရှင်းလင်းတဲ့ လက္ခဏာများ ဖြစ်ပါတယ်။ ဘေဘီလေးတွေဟာ သူတို့ပတ်ဝန်းကျင် နှင့်ပတ်သတ်ပြီး သတင်းအချက်အလက်တွေကို စုဆောင်းတာကြောင့် အကြားအာရုံဟာ ဦးနှောက်ကို လှုံ့ဆော်ပေးရေးနှင့် ဘာသာစကားဖွံ့ဖြိုးရေးမှာ အခြေခံကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဘေဘီလေးမှာ အကြားအာရုံပြဿနာကို ခံစားနေရလျှင် ဆရာဝန်နှင့် ချက်ချင်းပြသရပါမယ်။
ဘေဘီလေးတွေးမှာ အကြားအာရုံ ဖွံ့ဖြိုးမှုဖြစ်စဉ်

မိဘတစ်ယောက်ဖြစ်လာပြီဆိုရင့် သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအဆင့်ဆင့်ကို ဂရုစိုက်သင့်ပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုအဆင့်တစ်ခုတိုင်းမှာ ဘေဘီလေးရဲ့ အကြားအာရုံဖွံ့ဖြိုးမှု တိုးတတ်လား/ မတိုးတတ်ဘူးလားဆိုတာ အောက်ပါအချက်များဖြင့် သိရှိနိုင်ပါတယ်။
သာယာငြိမ့်ညောင်းသောအသံတွေ၊ ချော့မြူသံတွေ ကြားရင် ငြိမ်သွားခြင်း၊ အိပ်သွားခြင်း
အော်ဟစ်သံ၊ ကျယ်လောင်တဲ့ ဆူညံသံတွေကြားရင် အိပ်ရာမှ နိုးလာခြင်း
သူတို့အသိအမှတ်ပြုထားတဲ့ မိခင်ရဲ့ အသံကိုကြားတဲ့အခါ ပျော်ရွင်ခြင်း
ပြင်းအားမြင့်တဲ့ အသံများကို ကြောက်ခြင်း
သူတို့လက်မောင်းတွေကို ချီလွှဲတဲ့အခါ၊ သာယာတဲ့ အသံကြားတဲ့အခါ စိတ်လှုပ်ရှားခြင်း။
အသက် ၃လနှင့် ၆လအကြားမှာ မကြားဘူးသေးတဲ့ အသံတွေ၊ လူတွေရဲ့ စကားပြောသံတွေနောက်ကို လိုက်ကြည့်တတ်ပါတယ်။ စကားပြောပေးတဲ့အခါ လူတွေရဲ့ နှုတ်ခမ်းကို စတင်ကြည့်တတ်ပါပြီ၊ ဆူပူတာ သို့ စည်းကမ်းတွေကို တုံ့ပြန်မှု ပြုလုပ်လာပါပြီ၊ အင်း၊ အဲ့ စတဲ့ အသံလေးတွေနှင့်အတူ သူတို့ဘာသာသူတို့ အသံထွက်အောင် ကြိုးစားပါတယ်။ လူကြီးတွေရဲ့ အသံကို တုပတတ်လာပါတယ်။

၆လကနေ ၁၀လအရွယ်မှာ သူတို့နာမည်ကြားရင် တုံ့ပြန်တတ်လာပါပြီ။ သူတို့ကို ပြထားတဲ့ ရုပ်ပုံတွေ၊ စာအုပ်တွေကို မှတ်ထားပြီး လိုက်နာတတ်လာပါတယ်။ ဗလုံးဗထွေးစကားသံတွေ စပြောလာပါတယ်။ အသုံးအများဆုံး အရာဝတ္တုတွေရဲ့ နာမည်တွေကို အသိအမှတ်ပြုလာပြီး မေမေ ကဲ့သို့သော စကားလုံးတွေကို နားလည်လာပါတယ်။
အသက် ၁၀လနှင့် ၁၅လအကြားမှာ- ဗလုံးဗထွေးစကားတွေအစား စကားလုံးအသံထွက်ကို စတင်ပြောလာပါတယ်။ လူတွေကို လိုက်ကြည့်တတ်လာပြီး သူတို့သွားချင်တဲ့ နေရာတွေကို ညွှန်ပြတတ်လာပါပြီ။ သူတို့ရဲ့ နားလည်မှုကို အမူအယာလေးတွေဖြင့် ပြသပါတယ်။
မိဘတွေ လိုက်နာဖို့

ကလေးတစ်ယောက်စီမှာ ထူးခြားမှုတစ်ခုစီ ရှိတာကြောင့် ကလေးရဲ့ အကြားအာရုံ ဖွံ့ဖြိုးမှုကို အတိအကျ သတ်မှတ်လို့ မရဘူးဆိုရင်တောင် ဖြစ်စဉ်တွေကို သတိထားသင့်ပါတယ်။ သူတို့ရဲ့ ဘာသာစကားဖွံ့ဖြိုးမှုက အကြားအာရုံပေါ်မှာ မူတည်ပါတယ်။
အချိန်ကြာလာတာနှင့်အမျှ သင့်ကလေးက စကားလုံးအသစ်တွေ သို့ မပီကလာ ပီကလာ စကားလုံးတွေကို မသင်ယူဘူးဆိုရင် အကြားအာရုံ ပြဿနာ ဖြစ်နေလား/မဖြစ်ဘူးလားဆိုတာကို ခွဲခြားသိမြင်ဖို့ ဆရာဝန်နှင့် စမ်းသပ်မှုပြုလုပ်သင့်ပါတယ်။

အကြားအာရုံဝေဒနာတွေကို ရှောင်ရှားဖို့ အချိန်အကြာကြီး ဖွင့်ထားတဲ့ သီချင်းသံတွေ၊ ကျယ်လောင်တဲ့ အသံတွေမှ ကာကွယ်ရပါမယ်။ ကလေးရဲ့ ပတ်ဝန်းကျင်က တီဗီသံတွေကို လျော့ထားပါ။ ဒါ့အပြင် သင့်ကလေးဟာ သူ့နားကို မကြာခဏ ကုတ်နေမယ်ဆိုရင်လည်း ဆိုးရွားတဲ့ နားရောဂါပိုးကူးစက်မှု လက္ခဏာ ဖြစ်နိုင်ပါတယ်။ ကလေးရဲ့ နားစည်ကို ထိခိုက်စေတာကြောင့် နားပြွန်အတွင်းကို တခြားအရာဝတ္တုတွေ၊ ဝါဂွမ်းတံတွေဖြင့် နားကျပ်ပေးတာ ဘယ်တော့မှ မပြုလုပ်သင့်ပါဘူး။
ထိုနည်းတူစွာ စာအုပ်တွေ ဖတ်ပြခြင်း၊ စကားပြောပေးခြင်း၊ သီချင်းနားထောင်ခြင်းမှတဆင့် အသံအသစ်တွေကို ထိတွေ့ခြင်းနှင့်အတူ သင့်ကလေးရဲ့ အကြားအာရုံခံစားမှုကို ဖွံ့ဖြိုးဖို့ ကူညီပေးနိုင်ပါတယ်။ ဒီလှုပ်ရှားမှုများက ကလးရဲ့ အကြားအာရုံကို လှုံ့ဆော်ပေးယုံသာမက သူတို့စကားစပြောတဲ့အခါ အလွန်အသုံးဝင်တဲ့ စကားလုံးအသစ်တွေကိုလည်း သင်ပြီးသားဖြစ်စေမှာပါ။
အခြားတစ်ဖက်မှာ အရာဝတ္တုများနှင့် နေ့စဉ်လုပ်ရပ်များကို ဖော်ပြခြင်း ၊ ကလေးရဲ့ နာမည်နှင့် အရောင်တွေကို ပီပီသသ ရွတ်ပြခြင်း၊ ဆူညံသံ၏ မူလအစကို ရှင်းပြခြင်းက သူတို့ကို ဝန်းရံနေသော ပတ်ဝန်းကျင်ကို နားလည်စေဖို့ ကူညီပေးပါတယ်။
နိဂုံးချုပ်အနေဖြင့် ကလေးရဲ့ အကြားအာရုံ ဖွံ့ဖြိုးမှု မှန်ကန်ခြင်းက သူတို့ရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကလေးရဲ့ အကြားအာရုံ ဖွံ့ဖြိုးမှုကို စောင့်ကြည့်ပြီး တတ်နိုင်သလောက် ရောဂါမဖြစ်အောင် ရှောင်သင့်တာကို ရှောင်စေချင်ပါတယ်။
Chit_MayMay
LM_Nandar
Source- youaremom
ZawGyi
ေမေမတို႔ သိထားသင့္တဲ့ ေဘဘီေလးတို႔ရဲ႕ အၾကားအာ႐ုံ ဖြံ႕ၿဖိဳးမႈအေၾကာင္း
ေမေမတို႔ေရ- ေမေမတို႔ေဘဘီေလးဟာ မေမြးခင္ကာလပတ္လုံး အမိဝမ္းထဲမွကေန အသံေတြကို တုံ႔ျပန္ႏိုင္သလို ခြဲျခားသိရွိႏိုင္ၾကပါတယ္။ ေဘဘီေလးေတြဟာ ေမ့ေမ့ရဲ႕ ႏွလုံးခုန္သံ၊ ေမေမ့ရဲ႕ အသံကို ၾကားႏိုင္ပါတယ္။ သူတို႔ဟာ ဂီတသံစဥ္ေတြကိုလည္း သိရွိႏိုင္ပါတယ္။
ေဘဘီေလးေတြဟာ နားအျပည့္အဝဖြံ႕ၿဖိဳးမႈ(ကိုယ္ဝန္ပထမသုံးလျပည့္ၿပီးရင္ ဝမ္းဗိုက္ထဲမွာ ဖြဲ႕စည္း)ႏွင့္အတူ ေမြးဖြားလာၾကၿပီး သူတို႔ေဘးနားက အရာအားလုံးကို စတင္နားေထာင္ဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ သို႔ေသာ္ သူတို႔ဦးေႏွာက္ဟာ အသံေတြ၊ စကားလုံးေတြရဲ႕ အနက္အဓိပၸာယ္ကို ပိုင္းျခားႏိုင္စြမ္း မရွိေသးပါဘူး။
ေဘဘီေလး ႀကီးထြားလာတာႏွင့္အမွ် ပတ္ဝန္းက်င္ႏွင့္အတူ သူတို႔ရဲ႕ တုံ႔ျပန္မႈတြက ပိုၿပီး႐ုပ္လုံးေပၚလာပါတယ္။ သူတို႔ဟာ မၾကာခဏဆိုသလို သိသာထင္ရွားတဲ့ ဘာအသံပဲျဖစ္ျဖစ္ သူတို႔ရဲ႕ အာ႐ုံကေျပာင္းသြားပါတယ္။ သူတို႔စကားမေျပာႏိုင္ေသးေပမယ့္ အစ္ကိုေတြ အစ္မေတြ ဘာေျပာသလဲဆိုတာ စိတ္ဝင္တစား နားေထာင္ ေစာင့္ၾကည့္တတ္ပါတယ္။
ဒါေတြက ေဘဘီေလးရဲ႕ အၾကားအာ႐ုံဟာ ဖြံ႕ၿဖိဳးဆဲျဖစ္ေၾကာင္း ရွင္းလင္းတဲ့ လကၡဏာမ်ား ျဖစ္ပါတယ္။ ေဘဘီေလးေတြဟာ သူတို႔ပတ္ဝန္းက်င္ ႏွင့္ပတ္သတ္ၿပီး သတင္းအခ်က္အလက္ေတြကို စုေဆာင္းတာေၾကာင့္ အၾကားအာ႐ုံဟာ ဦးေႏွာက္ကို လႈံ႕ေဆာ္ေပးေရးႏွင့္ ဘာသာစကားဖြံ႕ၿဖိဳးေရးမွာ အေျခခံက်တဲ့ အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ ေဘဘီေလးမွာ အၾကားအာ႐ုံျပႆနာကို ခံစားေနရလွ်င္ ဆရာဝန္ႏွင့္ ခ်က္ခ်င္းျပသရပါမယ္။
ေဘဘီေလးေတြးမွာ အၾကားအာ႐ုံ ဖြံ႕ၿဖိဳးမႈျဖစ္စဥ္
မိဘတစ္ေယာက္ျဖစ္လာၿပီဆိုရင့္ သင့္ကေလးရဲ႕ ႀကီးထြားဖြံ႕ၿဖိဳးမႈအဆင့္ဆင့္ကို ဂ႐ုစိုက္သင့္ပါတယ္။ ႀကီးထြားဖြံ႕ၿဖိဳးမႈအဆင့္တစ္ခုတိုင္းမွာ ေဘဘီေလးရဲ႕ အၾကားအာ႐ုံဖြံ႕ၿဖိဳးမႈ တိုးတတ္လား/ မတိုးတတ္ဘူးလားဆိုတာ ေအာက္ပါအခ်က္မ်ားျဖင့္ သိရွိႏိုင္ပါတယ္။
သာယာၿငိမ့္ေညာင္းေသာအသံေတြ၊ ေခ်ာ့ျမဴသံေတြ ၾကားရင္ ၿငိမ္သြားျခင္း၊ အိပ္သြားျခင္း
ေအာ္ဟစ္သံ၊ က်ယ္ေလာင္တဲ့ ဆူညံသံေတြၾကားရင္ အိပ္ရာမွ ႏိုးလာျခင္း
သူတို႔အသိအမွတ္ျပဳထားတဲ့ မိခင္ရဲ႕ အသံကိုၾကားတဲ့အခါ ေပ်ာ္႐ြင္ျခင္း
ျပင္းအားျမင့္တဲ့ အသံမ်ားကို ေၾကာက္ျခင္း
သူတို႔လက္ေမာင္းေတြကို ခ်ီလႊဲတဲ့အခါ၊ သာယာတဲ့ အသံၾကားတဲ့အခါ စိတ္လႈပ္ရွားျခင္း။
အသက္ ၃လႏွင့္ ၆လအၾကားမွာ မၾကားဘူးေသးတဲ့ အသံေတြ၊ လူေတြရဲ႕ စကားေျပာသံေတြေနာက္ကို လိုက္ၾကည့္တတ္ပါတယ္။ စကားေျပာေပးတဲ့အခါ လူေတြရဲ႕ ႏႈတ္ခမ္းကို စတင္ၾကည့္တတ္ပါၿပီ၊ ဆူပူတာ သို႔ စည္းကမ္းေတြကို တုံ႔ျပန္မႈ ျပဳလုပ္လာပါၿပီ၊ အင္း၊ အဲ့ စတဲ့ အသံေလးေတြႏွင့္အတူ သူတို႔ဘာသာသူတို႔ အသံထြက္ေအာင္ ႀကိဳးစားပါတယ္။ လူႀကီးေတြရဲ႕ အသံကို တုပတတ္လာပါတယ္။
၆လကေန ၁၀လအ႐ြယ္မွာ သူတို႔နာမည္ၾကားရင္ တုံ႔ျပန္တတ္လာပါၿပီ။ သူတို႔ကို ျပထားတဲ့ ႐ုပ္ပုံေတြ၊ စာအုပ္ေတြကို မွတ္ထားၿပီး လိုက္နာတတ္လာပါတယ္။ ဗလုံးဗေထြးစကားသံေတြ စေျပာလာပါတယ္။ အသုံးအမ်ားဆုံး အရာဝတၱဳေတြရဲ႕ နာမည္ေတြကို အသိအမွတ္ျပဳလာၿပီး ေမေမ ကဲ့သို႔ေသာ စကားလုံးေတြကို နားလည္လာပါတယ္။
အသက္ ၁၀လႏွင့္ ၁၅လအၾကားမွာ- ဗလုံးဗေထြးစကားေတြအစား စကားလုံးအသံထြက္ကို စတင္ေျပာလာပါတယ္။ လူေတြကို လိုက္ၾကည့္တတ္လာၿပီး သူတို႔သြားခ်င္တဲ့ ေနရာေတြကို ၫႊန္ျပတတ္လာပါၿပီ။ သူတို႔ရဲ႕ နားလည္မႈကို အမူအယာေလးေတြျဖင့္ ျပသပါတယ္။
မိဘေတြ လိုက္နာဖို႔
ကေလးတစ္ေယာက္စီမွာ ထူးျခားမႈတစ္ခုစီ ရွိတာေၾကာင့္ ကေလးရဲ႕ အၾကားအာ႐ုံ ဖြံ႕ၿဖိဳးမႈကို အတိအက် သတ္မွတ္လို႔ မရဘူးဆိုရင္ေတာင္ ျဖစ္စဥ္ေတြကို သတိထားသင့္ပါတယ္။ သူတို႔ရဲ႕ ဘာသာစကားဖြံ႕ၿဖိဳးမႈက အၾကားအာ႐ုံေပၚမွာ မူတည္ပါတယ္။
အခ်ိန္ၾကာလာတာႏွင့္အမွ် သင့္ကေလးက စကားလုံးအသစ္ေတြ သို႔ မပီကလာ ပီကလာ စကားလုံးေတြကို မသင္ယူဘူးဆိုရင္ အၾကားအာ႐ုံ ျပႆနာ ျဖစ္ေနလား/မျဖစ္ဘူးလားဆိုတာကို ခြဲျခားသိျမင္ဖို႔ ဆရာဝန္ႏွင့္ စမ္းသပ္မႈျပဳလုပ္သင့္ပါတယ္။
အၾကားအာ႐ုံေဝဒနာေတြကို ေရွာင္ရွားဖို႔ အခ်ိန္အၾကာႀကီး ဖြင့္ထားတဲ့ သီခ်င္းသံေတြ၊ က်ယ္ေလာင္တဲ့ အသံေတြမွ ကာကြယ္ရပါမယ္။ ကေလးရဲ႕ ပတ္ဝန္းက်င္က တီဗီသံေတြကို ေလ်ာ့ထားပါ။ ဒါ့အျပင္ သင့္ကေလးဟာ သူ႔နားကို မၾကာခဏ ကုတ္ေနမယ္ဆိုရင္လည္း ဆိုး႐ြားတဲ့ နားေရာဂါပိုးကူးစက္မႈ လကၡဏာ ျဖစ္ႏိုင္ပါတယ္။ ကေလးရဲ႕ နားစည္ကို ထိခိုက္ေစတာေၾကာင့္ နားႁပြန္အတြင္းကို တျခားအရာဝတၱဳေတြ၊ ဝါဂြမ္းတံေတြျဖင့္ နားက်ပ္ေပးတာ ဘယ္ေတာ့မွ မျပဳလုပ္သင့္ပါဘူး။
ထိုနည္းတူစြာ စာအုပ္ေတြ ဖတ္ျပျခင္း၊ စကားေျပာေပးျခင္း၊ သီခ်င္းနားေထာင္ျခင္းမွတဆင့္ အသံအသစ္ေတြကို ထိေတြ႕ျခင္းႏွင့္အတူ သင့္ကေလးရဲ႕ အၾကားအာ႐ုံခံစားမႈကို ဖြံ႕ၿဖိဳးဖို႔ ကူညီေပးႏိုင္ပါတယ္။ ဒီလႈပ္ရွားမႈမ်ားက ကလးရဲ႕ အၾကားအာ႐ုံကို လႈံ႕ေဆာ္ေပးယုံသာမက သူတို႔စကားစေျပာတဲ့အခါ အလြန္အသုံးဝင္တဲ့ စကားလုံးအသစ္ေတြကိုလည္း သင္ၿပီးသားျဖစ္ေစမွာပါ။
အျခားတစ္ဖက္မွာ အရာဝတၱဳမ်ားႏွင့္ ေန႔စဥ္လုပ္ရပ္မ်ားကို ေဖာ္ျပျခင္း ၊ ကေလးရဲ႕ နာမည္ႏွင့္ အေရာင္ေတြကို ပီပီသသ ႐ြတ္ျပျခင္း၊ ဆူညံသံ၏ မူလအစကို ရွင္းျပျခင္းက သူတို႔ကို ဝန္းရံေနေသာ ပတ္ဝန္းက်င္ကို နားလည္ေစဖို႔ ကူညီေပးပါတယ္။
နိဂုံးခ်ဳပ္အေနျဖင့္ ကေလးရဲ႕ အၾကားအာ႐ုံ ဖြံ႕ၿဖိဳးမႈ မွန္ကန္ျခင္းက သူတို႔ရဲ႕ ေန႔စဥ္ဘဝမွာ အေရးပါတဲ့ အခန္းက႑တစ္ခုမွ ပါဝင္ပါတယ္။ ဒါ့ေၾကာင့္ ကေလးရဲ႕ အၾကားအာ႐ုံ ဖြံ႕ၿဖိဳးမႈကို ေစာင့္ၾကည့္ၿပီး တတ္ႏိုင္သေလာက္ ေရာဂါမျဖစ္ေအာင္ ေရွာင္သင့္တာကို ေရွာင္ေစခ်င္ပါတယ္။
Chit_MayMay
LM_Nandar
Source- youaremom