Home Parenting Child Care မေမေရဲ့ ကလေးကို သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဖွဲ့ဖို့ ဘယ်လိုသင်ပေးရမလဲ?

မေမေရဲ့ ကလေးကို သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဖွဲ့ဖို့ ဘယ်လိုသင်ပေးရမလဲ?

0
မေမေရဲ့ ကလေးကို သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဖွဲ့ဖို့ ဘယ်လိုသင်ပေးရမလဲ?

သူငယ်ချင်းအဖွဲ့တွေရှိခြင်းဟာ ကမ္ဘာပေါ်မှာ ကျေနပ်စရာအကောင်းဆုံးတန်ဖိုးတစ်ခုကို ပိုင်ဆိုင်ထားခြင်းဖြစ်ပါတယ်။ သူငယ်ချင်းကောင်းတစ်ဦးဆိုတာ လူတစ်ယောက်အတွက် အင်မတန်အရေးကြီးပါတယ်။ တကယ်တော့ မေမေတို့ရဲ့ကလေးကို ပျော်ရွှင်စေချင်တယ်ဆိုရင် သူမမှာ ခိုင်မာပျော်ရွှင်သောမိသားစုရှိပြီး ပျော်ရွှင်သော သူငယ်ချင်းတွေရှိဖို့ သေချာစေပါ။ အဓိကခက်ခဲသောအပိုင်းက မိတ်ဆွေဘယ်လိုဖွဲ့မလဲဆိုတာ သင်ယူခြင်းပါပဲ။ လူတစ်ချို့အတွက် မိတ်ဆွေဖွဲ့ခြင်းဆိုတာ ဒုတိယသဘာဝတရားနှင့် ထိတွေ့ခြင်းကို ဆိုလိုပါတယ်။ မေမေတို့မှာ ရှက်တတ်တဲ့ကလေးတစ်ယောက်ရှိမယ်ဆိုရင် ဝမ်းနည်းကြေကွဲစရာအချိန်များစွာ တွေ့ရပါလိမ့်မယ်။ မေမေတို့ရဲ့ကလေးကို မိတ်ဆွေဖွဲ့ဖို့ ဘယ်လိုကူညီရမယ်ဆိုတာနဲ့ ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်။

၁။ စာနာခြင်းတွေကို သင်ပေးပါ

ဒီနေ့ကမ္ဘာကြီးမှာ အကြီးမားဆုံးပြဿနာတွေတစ်ခုက လူတွေဟာ စာနာမှုကင်းမဲ့လာခြင်းဖြစ်ပါတယ်။ မေမေတို့မှာ မေမေတို့ရဲ့ စေတနာဝန်ထမ်းလုပ်တဲ့အချိန်မျိုးတွေ၊ ပရဟိတလုပ်ချိန်မျိုးတွေမှာ ကလေးလေးတွေကို ခေါ်ဆောင်သွားပေးပါ။ သူမရဲ့ အဘိုးအဘွားတွေကို ကူညီပေးတတ်ဖို့လည်း သင်ပေးနိုင်ပါတယ်။

၂။ မေမေတို့ကလေးကို နားလည်ပါ

မိဘအုပ်ထိန်းမှုရဲ့ အရေးကြီးဆုံးပထမခြေလှမ်းက သင့်ရဲ့ကလေးဟာ သင်မဟုတ်ကြောင်းနားလည်ဖို့ဖြစ်ပါတယ်။ သူမဟာ သူမရဲ့ ကိုယ်ပိုင်သာဖြစ်ကြောင်း၊ ထူးခြားသောကိုယ်ရည်ကိုယ်သွေးရှိကြောင်း နားလည်ထားပါ။ သူမရဲ့ သူငယ်ချင်းအုပ်စုဟာ သူမစိတ်ကြိုက်ရွေးချယ်ပေါင်းသင်းတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။ သူမရဲ့ ကိုယ်ရည်ကိုယ်သွေးကို နားလည်ဖို့နှင့် သင့်ရဲ့ စိတ်ကူးတွေကသာ အကောင်းဆုံးလို့ ကလေးကိုတွန်းအားမပေးပါနဲ့။ ကလေးပျော်ရွှင်တယ်ဆိုရင် သူမရဲ့သူငယ်ချင်းနဲ့ပဲ အချိန်ပေးပါစေ။ ၎င်းက ကလေးတွေ ဘယ်လိုမိတ်ဆွေဖွဲ့ရမလဲဆိုတာကို သင်ကြားဖို့ ထိရောက်သောနည်းလမ်းတစ်ခုဖြစ်ပါတယ်။

၃။ သင့်ရဲ့ နှလုံးသားနှင့် အိမ်ကို ဖွင့်ထားပါ

သင့်ရဲ့ ကလေးကို သူငယ်ချင်းတွေနဲ့ ဝေးဝေးထားတာမျိုး မလုပ်ပါနဲ့။ တကယ်လို့ သင့်ကလေးသူငယ်ချင်းရဲ့ မိဘတွေကို မကြိုက်ဘူးဆိုရင်တောင် အပျက်သဘောဆောင်တဲ့လွှမ်းမိုးမှုမရှိကြောင်း သက်သေပြနိုင်တယ်ဆိုရင် ၎င်းတို့နှင့် သူငယ်ချင်းဖြစ်ခွင့်ပြုပါ။ ဒါ့အပြင် သင့်ကလေးက သူမရဲ့ သူငယ်ချင်းနဲ့ သင်အိမ်ကို ရှုပ်ပွအောင် ကစားမယ်ဆိုရင်တောင် ကစားခွင့်ပြုပါ။ ကလေးတွေဟာ သူတို့ရဲ့မိတ်ဆွေသူငယ်ချင်းတွေကို ကျွေးမွေးဖို့ လုံခြုံသောနေရာတစ်ခု လိုအပ်ပါတယ်။ ဒါ့ကြောင့် မေမေတို့ကလေးလေးရဲ့သူငယ်ချင်းတွေအလည်လာတဲ့အခါ ဂရုတစိုက်ကျွေးမွေးပေးပြီး သူတို့နဲ့အတူ ရှိနေပေးပါ။

၄။ သူငယ်ချင်း ကိစ္စတွေမှာ ကလေးလေးတွေကို ကူညီပေးပါ

သင့်အနေနဲ့ ကလေးတွေကို မိတ်ဆွေဖွဲ့ရာမှာ ကူညီပေးချင်တယ်ဆိုရင် သူတို့ရဲ့ ပြဿနာတွေကို ပထမဆုံးသိထားပါ။ ဆက်ဆံရေးတွေမှာ နားလည်မှုလွဲတာဟာ ပုံမှန်ဖြစ်ကြောင်းနားလည်စေပါ။ သူမသူငယ်ချင်းနဲ့ ပတ်သက်ပြီး ဘယ်လိုစိတ်ထားမျိုးရှိရမယ်ဆိုတာလည်း မျှဝေထားပါ။ သို့ပေမယ့် အမှန်တကယ်ပြဿနာဖြစ်လာတဲ့အချိန်မျိုးမှာ မေမေတို့ကလေးဘက်က ရပ်တည်ပြီး ဝင်ရောက်စွက်ဖက်တာမျိုးမလုပ်ပါနဲ့။ မေမေတို့ကလေးလေးတွေရဲ့ relationship တွေကို အတင်းအဓမ္မပိတ်ပင်တာမျိုးတွေ မလုပ်ပါနဲ့။

၅။ Bully လုပ်ခြင်းကို စောင့်ကြည့်ပါ

ဟုတ်ပါတယ်။ ကလေးတွေရဲ့ friendships မှာ ဝင်ရောက်မနှောင့်ယှက်သင့်ပါဘူး။ ဒါပေမယ့် ၎င်းက အနိုင်ကျင့်တာတွေဖြစ်လာတဲ့အခါမှာတော့ သင်ပါဝင်သင့်ပါပြီ။ သင့်ကလေးတွေဟာ သူငယ်ချင်းတစ်ယောက်အတွက် အနိုင်ကျင့်တာတွေဖြစ်လာမယ်ဆိုရင် တစ်ခြားကလေးရဲ့ မိဘတွေနဲ့ ပထမဆုံးစကားပြောဖို့ ကြိုးစားပါ။ အဲဒီ့မိဘတွေဟာ စိတ်ဝင်စားပုံမပေါ်ဘူးဆိုရင် မေမေတို့ရဲ ကလေးကို အဆိပ်အတောက်ဖြစ်စေတဲ့ အခြေအနေကနေ ခေါ်ထုတ်ပါ။ ဒါ့အပြင် အနိုင်ကျင့်ခြင်းဟာ သင့်ကလေးရဲ့ အကျင့်စရိုက်မဟုတ်ကြောင်း သေချာအောင်ပျိုးထောင်ပါ။

၆။ ပထမဆုံးနားထောင်ပါ

မေမေတို့ကလေးအိမ်ကို ပြန်လာတဲ့အခါ သူမရဲ့ ယုံကြည်မှုတွေကို ချိုးဖောက်သွားတဲ့ သူငယ်ချင်းတွေအကြောင်း ပြောပြပြီး ငိုကြွေးတဲ့အခါ အရင်ဆုံးနားထောင်ပေးပါ။ ပြီးရင် နှစ်သိမ့်ပေးပါ။ တစ်ခြားကလေးတွေနဲ့ ပတ်သက်ပြီး မကောင်းတဲ့မှတ်ချက်တွေမပေးပါနဲ့။ ဒီအချိန်မှာ ကလေးတွေဟာ စိတ်သောကရောက်နေကြပါတယ်။ ဒီကနေ့မှာ သူတို့ဟာ ကြောင်တွေနဲ့ ခွေးတွေကို တိုက်ခိုက်ကြပေမယ့် နောက်တစ်နေ့မှာ အကောင်းဆုံးသူငယ်ချင်းတွေဖြစ်လာနိုင်ပါတယ်။

၇။ ဒါဟာ လူကြိုက်များတဲ့ ဂိမ်းတစ်ခုမဟုတ်ပါ

မေမေတို့ရဲ့ ကလေးကို ခင်မင်မှုဆိုတာ လူကြိုက်များတဲ့ ပြိုင်ပွဲတစ်ခုမဟုတ်ကြောင်းသင်ပေးပါ။ အပေါင်းအသင်းတွေအမြောက်အများပိုင်ဆိုင်ထားတာထက် စစ်မှန်သောသူငယ်ချင်းတစ်ယောက်/ နှစ်ယောက်လောက်ရှိခြင်းက ပိုကောင်းပါတယ်။ ၎င်းက သူမကို သူငယ်ချင်းရဲ့ တန်ဖိုးတွေကို နားလည်စေနိုင်ပြီး စစ်မှန်သော ခင်မင်မှုရဲ့ တန်ဖိုးတွေကိုသင်ပေးပါလိမ့်မယ်။

Chit_May_May

Nyein_Thu

Ref-yam

LEAVE A REPLY

Please enter your comment!
Please enter your name here