မေမေ့တို့ရဲ့ ကလေးက ခြေဆွံ့နေတဲ့အခါ ဘာလုပ်ရမလဲ

မေမေ့တို့ရဲ့ ကလေးက ခြေဆွံ့နေတဲ့အခါ ဘာလုပ်ရမလဲ

0
42
- Advertisement -

ကလေးငယ်များအနေနဲ့ အလွန်အမင်းရှုပ်ထွေးမှုကနေပြီး အသေးအဖွဲကိစ္စများအထိ အခြေအနေအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ချို့ကလေးတွဟာ ပုံမှန်မဟုတ်ပါဘူး။ လမ်းလျှောက်တဲ့ အခါ မြေကြီးပေါ်မှာ သူတို့ခြေထောက်တွေကို အပြ ည့်အ၀ မချဘဲ ရှောင်ရှားဖို့ ကြိုးစားကြတယ်။ ဒါမှမဟုတ် သူတို့ရဲ့ ဒူးကို ကွေးထားပြီး သူတို့ရဲ့ ခြေထောက် အစွန်အဖျားကိုသာ အသုံးပြုကြတယ်။ ကလေးတွေကို အမြဲတမ်း ဂရုစိုက် မကြည့်ရှုနိုင်တဲ့အတွက် အနီးကပ်အာရုံစိုက်ရန်နှင့် သူတို့ရဲ့ ကလေး အားနည်းချက်ကို သိဖို့ အရေးကြီးပါတယ်။

ဖိနပ်

သင်ရဲ့ ကလေးက ခြေလှမ်းမမှန်ဖြစ်သွားတဲ့အခါ သင့်အနေနဲ့ သူ့ဖိနပ်ကို စစ်ဆေးသင့်ပါတယ်။ သူတို့ရဲ့ ဖိနပ်ထဲမှာ တစ်ခုခုခံနေခြင်း ၊ ကျောက်တုံးလေးများ တစ်ခုခုခံနေခြင်း ၊ ဖိနပ်အဆင်မပြေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ နောက်ဆုံးမှာ ခြေဖနောင့်နှင့် နောက်ဘက်အစိတ်အပိုင်းတွေအတွက် အရည်ကြည်ဖုများ ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်ရဲ့ ခြေထောက်အရွယ်အစားကို ပြောင်းလဲလာခြင်းကို သတိမပြုမိဘဲဖြစ်တတ်ပါတယ်။ သင့်ကလေးရဲ့ ဖိနပ်အရွယ်အစားကို စဥ်ဆက်မပြတ်စောင့်ကြည့်ပေးပါ။ ခြေထောက်အရွယ်အစားထက် ဖိနပ်ဆိုဒ်က သေးငယ်လွန်းနေတဲ့ အခါမှာ လမ်းလျှောက်တဲ့အခါမှာ စိတ်မသက်မသာ ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီ့အခါမှာ ကလေးက အဆင်ပြေစေသောနည်းလမ်းနှင့် ဖြစ်သလို ထော့နဲ့ ထော့နဲ့ လမ်းလျှောက်ပါလိမ့်မယ်။ သင့်ကလေးအတွက် ဖိနပ်၀ယ်တ့အခါ တင်းကျပ်လွန်းခြင်းမရှိသော သူတို့ရဲ့ စွမ်းရည်ကို တိုးမြှင့်ပေးနိုင်သော ဖိနပ်မျိုးကို ရွေးချယ်ပေးပါ။ တစ်နည်းအားဖြင့် သူတို့ရဲ့ ခန္ဓာကိုယ်နှင့် သင့်လျော်ပြီး လမ်းလျှောက်ရန် အဆင်ပြေသင့်ပါတယ်။ ဖိနပ်ရွေးချယ်တဲ့နေရာမှာ သက်သာဖို့ နှင့် သင့်လျော်ဖို့ က မရှိမဖြစ်လိုအပ်သော အချက်တွေဖြစ်ပါတယ်။ ကလေးငယ်တွေမှာ ဖက်ရှင်ကို ဦးစားမပေးသင့်သေးပါဘူး။

အရိုးကျိုးခြင်း

ကလေးတွေဟာ အမြဲတမ်းလို စူးစမ်းရှာဖွေနေတတ်ကြပါတယ်။ သူတို့ဟာ သူတိုရဲ့ ပတ်၀န်းကျင်မှာရှိတဲ့ အရာအားလုံးကို ရှာဖွေတွေ့ရှိချင်နေကြပါတယ်။ အကျိုးဆက်အနေနဲ့ သူတို့ဟာ ဘယ်လို အန္တရာယ်ကိုမဆို တွေးတောသံသယ၀င်လေ့မရှိဘူး။ များသောအားဖြင့် သူတို့ဟာ တစ်နေကုန်လုံး ပြေးရင်း လွှားရင်း ရှိနေတတ်ကြပါတယ်။ သူတို့အတွက် နေရာတစ်ခုက ပို၍ခက်ခဲလေ၊ သူတို့စိတ်ကူးထားတဲ့ စွန့်စားခန်းတွေအတွက် ပျော်နေတတ်ကြပါတယ်။ ပျော်စရာတွေဟာ မနှစ်မြို့ဖွယ်အတွေ့အကြုံတွေ ဖြစ်လာနိုင်ပါတယ်။ သူတို့ဟာ အစဥ်အမြဲ ပြတ်ကျခြင်း၊ ထိခိုက်ခြင်း နှင့် ခန္ဓာကိုယ်ရိုက်နှက်ခံရခြင်းတို့ ကြောင့် အရိုးကျိုးခြင်းများ ဖြစ်စေနိုင်ပါတယ်။ ဒဏ်ရာက ဆိုးဆိုးရွားရွားမဖြစ်သည့်တိုင်အောင် အဆင်မပြေမှု နှင့် နာကျင်မှုတွေကြောင့် ကလေးငယ်အား အားလျော့စေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများနှင့် ဆက်စပ်သော အဖြစ်များဆုံးမတော်တဆမှုကတော့ ခြေသလုံးရိုးကျိုးခြင်း ဖြစ်ပါတယ်။ ပုံမှန်ကလေးတွေမှာ သူတို့ဘာဖြစ်ခဲ့တယ်ဆိုတာ မသိကြပါဘူး။ အဲ့သလို ဖြစ်ရတာကတော့ ရုတ်တရက်ခုန်ခြင်း၊ ဗြုန်းခနဲ လှုပ်ရှားပြေးလွှားခြင်းတွေကြောင့် ဖြစ်စေနိုင်ပါတယ်။ ဒီဒဏ်ရာရှိနေတဲ့ ကလေးဟာ အားနည်းနေကြောင်း သင့်ကိုသတိပြုမိစေပါတယ်။

ပင်ကိုယ်အားနည်းခြင်း

သင်လမ်းလျှောက်သင်နေတဲ့ အခါ သင့်ကလေးက ထော့နဲ့ ထော့နဲ့ ဖြစ်နေတယ်လို့ သင်ခံစားမိတယ်ဆိုရင် ဒါဟာ အာရုံကြောဆိုင်ရာပြဿနာကို ခံစားနေရလို့ပါ။ သင့်ကလေးဟာ ငယ်ငယ်ကတည်းက ဒီအခက်အခဲကို ကြုံနေရပြီဆိုရင် လိုအပ်သောဆန်းစစ်လေ့လာမှု ပြုလုပ်ရန်နှင့် အကြောင်းရင်းများကို ရှာဖွေဖို့ အထူးကျွမ်းကျင်သူတွေဆီ အမြန်ဆုံးခေါ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြာလေ ပြဿနာဖြေရှင်းရန် ခက်ခဲလေ ဖြစ်လာမှာ မို့ပါ။

အခြားအကြောင်းအရာများ

အဖြေမှာ ရှာဖွေတွေ့ရှိဖို့ မလွယ်ကူသော အောက်ပါအခြေအနေတွေထဲက တစ်ခုခုကို ခံစားနေရပြီးဖြစ်ပါတယ်။
-တင်ပါးဒဏ်ရာ (သို့) ရောင်ရမ်းခြင်း
-ပုံမှန်မဟုတ်သော တင်ပါးဆုံရိုးဖွံ့ဖြိုးတိုးတက်မှု
-ငယ်စဥ်ကလေးဘ၀က ဖြစ်ပွားခဲ့သော အရိုးကျိုးခြင်း
-ပူးတွဲရောဂါကူးစက်
-ခြေထောက်အတိုအရှည် ကွာဟမှု
အကယ်၍ သင့်ကလေးက ဒီလို ရောဂါများနှင့် အတူ မွေးဖွားလာမယ်ဆိုရင် တင်ပါး ဒါမှမဟုတ် ခြေထောက်အရှည်ကွာဟမှုတွေလိုမျိုး အခြေအနေတွေမှာ လမ်းလျှောက်လာသောအခါ သူတို့ သတိမပြုမိနိုင်သေးပါဘူး။ ဒါပေမယ့် သူတို့ ကြီးထွားဖွံ့ဖြိုးလာတာနှင့်အမျှ သူတို့ရဲ့ ခြေဆွံ့ခြင်းကပိုသိသာထင်ရှားလာပါလိမ့်မယ်။

ခြေဆွံ့နေရင် ဘာလုပ်ရမလဲ

သင့်အနေနဲ့ သင့်ကလေးကို စစ်ဆေးပြီး သူတို့ရဲ့ ခြေဆွံ့ရခြင်းရဲ့ အကြောင်းရင်းက အသေးစားဒဏ်ရာဖြစ်တယ်လို့ သင်ဆုံးဖြတ်ပြီးပြီဆိုရင် အလွယ်တကူ ဖြေရှင်းလို့ရတဲ့ ပြဿနာဖြစ်တဲ့အတွက် သင်စိတ်အေးအေးထားနိုင်ပါတယ်။ အကြောင်းရင်းကို မဆုံးဖြတ်နိုင်ဘူးဆိုရင် ၂၄နာရီထက်ပို၍ ကြာလျှင် သင့်ကလေးကို ဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။ လိုအပ်ပါက ဓာတ်မှန်ရိုက်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသခြင်းတွေအတွက် သင့်တော်တယ်လို့ ယူဆရတဲ့ တစ်ခြားစစ်ဆေးမှုတွေကို လုပ်သင့်ပါတယ်။ သူတို့ရဲ့ ကလေးအထူးကုဆရာ၀န်သာ သူတို့ကို စစ်ဆေးပြီး ဒါဟာ အဓိက ပြဿနာ မဟုတ်တာ သေချာစေနိုင်ကြောင်း ပြောတဲ့အခါ လက်ခံပါ။ အဲ့သလိုမဟုတ်ဘူးဆိုရင် သူတို့ရဲ့ အခြေအနေကို ပိုမိုဆိုးရွားလာစေဖို့နှင့် ရှုပ်ထွေးမှုမှ ကာကွယ်ရန် လိုအပ်သောဆောင်ရွက်မှုများကို တာ၀န်ယူလိမ့်မည်။ မြန်မြန်ကုသလေလေ၊ သင့်ကလေးအတွက် ဒီပြဿနာတွေကို ပိုမိုလွယ်ကူစွာ ကိုင်တွယ်နိုင်လေဆိုတာ သတိရပေးပါ။

Chit_May_May

Nyein_Thu

sources- Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here