Home Parenting Parent Guide မွေးချင်းမောင်နှမတွေကို ပိုမိုရင်နှီးလာစေဖို့ မိဘတွေလုပ်သင့်သော အရာ (၅) ခု

မွေးချင်းမောင်နှမတွေကို ပိုမိုရင်နှီးလာစေဖို့ မိဘတွေလုပ်သင့်သော အရာ (၅) ခု

0
မွေးချင်းမောင်နှမတွေကို ပိုမိုရင်နှီးလာစေဖို့ မိဘတွေလုပ်သင့်သော အရာ (၅) ခု

မေမေတို့အနေနဲ့ မေမေတို့ရဲ့ကလေးတွေကို အချင်းချင်းချစ်ခင်ကြသော မောင်နှမတွေဖြစ်စေချင်ကြမှာပါပဲ။ မောင်နှမတွေ ချစ်ချစ်ခင်ခင်နေထိုင်နိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေမှာ အပြန်အလှန်နားလည်ပြီး ပူးပေါင်းလုပ်ဆောင်တတ်ခြင်း၊ ပန်းတိုင်ဆီကို ဦးတည်လုပ်ဆောင်နိုင်ခြင်းနှင့် အဆင်မပြေမှုတွေကို ရင်ဆိုင်ရတဲ့အခါ စိန်ခေါ်မှုတွေကို အတူတကွကျော်လွှားနိုင်ခြင်းစတဲ့ စွမ်းရည်တွေလိုအပ်ပါတယ်။ မေမေတို့အနေနဲ့ မောင်နှစ်မတွေအကြားမှာ ချစ်ခင်သော ဆက်ဆံရေးတွေရလာစေဖို့ ဘယ်လိုနည်းလမ်းတွေကို အသုံးချကြမလဲ?

၁။ မိသားစုတွေ့ဆုံပွဲတွေကို ဦးစားပေးနေရာမှာ ထားပါ၊ တန်ဖိုးထားပါ

ကောင်းမွန်မှန်ကန်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် မိသားစုဝင်တွေအကြားမှာ ခိုင်မြဲသော ချစ်ခြင်းမေတ္တာပြည့်ဝနေသော ဆက်ဆံရေးတွေရှိဖို့ လိုအပ်ပါတယ်။ တကယ်တော့ ဆယ်ကျော်သက်တွေဟာ မိဘတွေနဲ့ အချိန်ပိုပေးတဲ့အခါ ကျောင်းမှာ ဒါမှမဟုတ် တရားဥပဒေဘက်မှာလည်း ဒုက္ခရောက်နိုင်ခြေနည်းတယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။

မိသားစုအတွက် အရည်အသွေးရှိတဲ့အချိန်တွေ၊ အစီအစဉ်တွေကို တကူးတကဆွဲပါ။ တိရစ္ဆာန်ဥယျာဉ်တွေကို ခရီးထွက်ခြင်း၊ ပန်းခြံတွေထဲကို ပျော်ပွဲစားထွက်ခြင်း၊ မိသားစုကစားပွဲများ လုပ်ခြင်းစသဖြင့် လှုပ်ရှားမှုမျိုးစုံကို စမ်းသပ်နိုင်ပါတယ်။

၂။ စိတ်ခံစားချက်အခြေအနေတွေကို ပွင့်ပွင့်လင်းလင်းဖွင့်ထုတ်တတ်ဖို့ သင်ပေးပါ

ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ရဖို့ ပွင့်လင်းသော ရင်ဖွင့်မှုတွေ၊ ထုတ်ဖော်ပြောဆိုမှုတွေ လိုအပ်ပါတယ်။ အခြေအနေတွေဟာ ရှင်းရှင်းလင်းလင်းဖြစ်နေဖို့ လိုအပ်ပြီး အပြန်အလှန်နားလည်ဖို့ စကားပြောဆိုမှုတွေ အမှန်တကယ်လိုအပ်ပါတယ်။ ငါ ပင်ပန်းနေတယ်၊ မင်းက ငါ့စကားကိုဆို နားမထောင်ဘူး၊ ငါက အဲ့လိုမျိုးတွေ လုပ်တာမကြိုက်ဘူးစသဖြင့် ကလေးတွေအချင်းချင်းကြားထဲမှာ စိတ်ခံစားချက်တွေကို ဒီလိုစကားလုံးတွေနဲ့ ထုတ်ဖော်ပြောစေနိုင်ပါတယ်။

၃။ လူတိုင်းမှာ မတူညီသော လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေရှိနိုင်ကြောင်း နားလည်နေပါစေ

တစ်ချို့ကလေးတွေဟာ အချိန်အကြာကြီး လှုပ်ရှားကစားရတာကို နှစ်သက်ကြပြီး တစ်ချို့ကတော့ ခပ်ငြိမ်ငြိမ်လေးကစားရတာကို ကြိုက်ကြပါတယ်။ တစ်ချို့ကလေးတွေက သူတို့ကို ပွေ့ဖက်တာကို သဘောကျကြပေမယ့် သူတို့ကလေးတွေက သူတို့ကို ထိတာမျိုးကို မကြိုက်ပါဘူး။

ဆိုလိုချင်တာက လူတိုင်း၊ မိသားစုဝင်တိုင်းဟာ မတူညီတဲ့လိုအပ်ချက်တွေရှိနေတာဟာ သဘာဝပဲဆိုတာပါပဲ။ ဒီအရာကို မိဘတွေကိုယ်တိုင်သဘောပေါက်ဖို့ လိုအပ်ပြီး မိသားစုဝင်တစ်ဦးချင်းစီရဲ့ လိုအပ်တဲ့ပုံစံအတိုင်း ပံ့ပိုးပေးရပါမယ်။

၄။ အမှားတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲစေပါ

ခံနိုင်ရည်ရှိခြင်းဟာ စိတ်ဓာတ်ကြံ့ခိုင်သော မိသားစုဝင်တွေ ပိုင်ဆိုင်ကြသော အရေးကြီးတဲ့အရည်အသွေးတစ်ခုဖြစ်ပါတယ်။ အပြစ်တင်ခြင်းကို ရှောင်ရှားရင်း ပြဿနာတွေကတစ်ဆင့် မိသားစုတွေ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မှုကို ခိုင်ခံ့စေနိုင်ပါတယ်။ ရင်းနှီးသော ညီအစ်ကိုမောင်နှမတွေဟာ ဘဝမှာ စိန်ခေါ်မှုတွေကို အချင်းချင်း ကူညီကြရမယ်ဆိုတာ နားလည်ကြပါလိမ့်မယ်။

မိသားစုစကားဝိုင်းတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ အမှားတွေကို ဆွေးနွေးပါစေ။ ပွင့်လင်းသော အတွေးအခေါ်တွေနဲ့ အပြုသဘောဆောင်သော ဖြေရှင်းနည်းတွေကို ကြိုးစားဖြေရှင်းပါ။

၅။ ကိုယ့်ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းမှာ စံပြဖြစ်နေပါစေ

မိမိကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်စေခြင်းဆိုတာ စိတ်ဓာတ်ခွန်အားပန်းပွင့်ကို ရေလောင်းခြင်းဖြစ်ပါတယ်။ ကျွန်မတို့အားလုံးက စဉ်ဆက်မပြတ်သင်ယူနေကြရပြီး ကိုယ်တိုင်သင်ယူနေသောအရာတွေကို အသုံးမပြုဘူးဆိုရင် တိုးတက်မှုတွေဟာ နှောင့်နှေးသွားတတ်ပါတယ်။

ကလေးတွေကို အချင်းချင်းအတူတကွ ကြီးပြင်းလာစေဖို့ အားပေးပါ။ မေမေတို့အတွက် အချိန်အများကြီးယူဖို့ ခက်ခဲနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ သန်မာသော ကလေးတွေဖြစ်လာအောင် လေ့ကျင့်ပေးခြင်း၊ စာအုပ်ဖတ်ခြင်း၊ ဘယ်လိုအလုပ်တွေမှာမဆို ပြီးမြောက်အောင် လုပ်ဖို့နှင့် အလုပ်ပြီးမြောက်ခြင်းရဲ့ အရေးပါမှုကို ကလေးတွေကို ကိုယ်တိုင်ပြသပါ။

Chit_May_May

Nyein_Thu

ref-simplyrootedfamily

LEAVE A REPLY

Please enter your comment!
Please enter your name here