Home Lotaya မောင်နှစ်မတွေအကြား မနာလိုမှုတွေ မဖြစ်အောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

မောင်နှစ်မတွေအကြား မနာလိုမှုတွေ မဖြစ်အောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

0
မောင်နှစ်မတွေအကြား မနာလိုမှုတွေ မဖြစ်အောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

မောင်နှစ်မတွေအကြားမနာလိုမှုတွေကို ရှောင်ရှားနိုင်ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ မိဘတွေအနေနဲ့ သိဖို့အလွန်အရေးကြီးပါတယ်။ ဒါမှလည်း အနာဂတ်မှာဖြစ်လာမယ့် ပဋိပက္ခတွေကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။
မနာလိုမှုဆိုတာ ချစ်ခင်ရင်းနှီးမှုနှောင်ကြိုးဆုံးရှုံးသွားမှာ ကြောက်တဲ့စိတ်ကြောင့်လူသားတွေဖော်ပြတတ်တဲ့ သဘာ၀စိတ်ခံစားမှုတစ်ခုပါ။ သူတို့အတွက်အရေးပါဆုံးလို့ခံယူထားတဲ့ လူတွေဆီက ချစ်ခြင်းမေတ္တာ (သို့) အာရုံစိုက်မှုပျောက်ဆုံးသွားလိမ့်မယ်ဆိုတဲ့ ယူဆချက်ကြောင့် မတူညီတဲ့စိတ်လှုပ်ရှားမှုတွေကို ဖြစ်ပေါ်စေတာပါ။

ဒါဟာ ပုံမှန်အခြေအနေဆိုပေမယ့်လည်း မိဘတွေအနေနဲ့ မောင်နှစ်မတွေအကြားမနာလိုမှုကို တတ်နိုင်သမျှတားဆီးသင့်ပါတယ်။ တကယ်လို့ ကလေးကပြင်းထန်တဲ့မနာလိုမှုကို ခံစားနေရတယ်ဆိုရင် ဒါဟာစိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း (သို့) မိမိကိုယ်ကိုလေးစားမှုတွေနိမ့်ကျစေနိုင်ပါတယ်။
ဒီလိုဖြစ်လာတယ်ဆိုရင်မိသားစုတစ်စုလုံးအတွက် အကျိုးသက်ရောက်စေနိုင်မယ့် အနုတ်လက္ခဏာတင်းမာမှုတွေကို ဖြစ်စေပါတယ်။

ဘာကြောင့် မနာလိုဖြစ်လာရတာလဲ

ကြောက်စိတ်ဟာ မနာလိုမှုရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ကလေးတွေဟာ မိဘရဲ့ချစ်ခြင်းမေတ္တာနှင့် ချစ်ခင်တွယ်တာမှုဆုံးရှုံးခြင်းရဲ့ လွှမ်းမိုးမှုတွေကို ခံရတာဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့လိုချင်တဲ့အရာတွေ မျှမျှတတမရဘူးလို့ခံစားလာရတဲ့အခါ မနာလိုမှုကိုဖြစ်စေပါတယ်။
နောက်အကြောင်းရင်းတစ်ခုက ကလေးနောက်တစ်ယောက်မမွေးခင်မှာ မိခင်ရဲ့ သဘောထားခြင်းပဲဖြစ်ပါတယ်။ ဒီပြောင်းလဲမှုက မိဘတွေရဲ့ တစ်စုံတစ်ရာသောဆက်ဆံမှုများအတွက် အသုံးပြုတဲ့အခါ ကလေးတစ်ယောက်အနေနဲ့သည်းခံဖို့ခက်ခဲပါတယ်။ ကလေးတွေက သူတို့နေရာကို အစားထိုးခံလိုက်ရပြီလို့ ယုံကြည်လာနိုင်ပါတယ်။

တစ်ခါတလေမှာ မိဘတွေဟာသူတို့ကလေးတွေကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ဆွဲဆောင်နိုင်နည်းကို သုံးကြတယ်။ ဥပမာ-”သားမစားရင် အမေလည်းသားနဲ့မကစားတော့ဘူး”ဆိုတာမျိုးပါ။ ဒီစကားစုဟာ အပျက်သဘောနဲ့အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။ သူတို့အမေက သူ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့ကလေးနှင့်သာ ကစားလိမ့်မယ်လို့ ယုံကြည်လာနိုင်ပါတယ်။
နှိုင်းယှဥ်မှုတွေက မနာလိုမှုတွေကိုဖြစ်စေနိုင်တာကြောင့် သူတို့ကိုရှောင်ရှားသင့်ပါတယ်။ ကလေးတိုင်းက ထူးခြားပြီးတော့ တန်ဖိုးတစ်ခုစီကို တန်ဖိုးထားသင့်ပါတယ်။

မနာလိုမှုရဲ့အကျိုးဆက်များ

မနာလိုမှုဟာ ကလေးရဲ့အပြုအမူတွေကို ဆိုးကျိုးများစွာသက်ရောက်စေပါတယ်။ ဥပမာ ရန်လိုတတ်တာမျိုးတွေ၊ အလွန်အကျွံ၀မ်းနည်းနေတာမျိုး၊ ဆိုးဆိုးရွားရွားဒေါသထွက်စေခြင်း၊ သူတို့ဆင့်ကဲဖြစ်စဥ်ဖွံ့ဖြိုးမှုအတွက်regressဖြစ်စေပါလိမ့်မယ်။ အဲ့ဒီ့အတွက်မိဘတွေအနေနဲ့ ကိုယ့်သားသမီးအတွက် မနာလိုမှုကိုဘယ်လိုရှောင်ရှားနိုင်မလဲ။ကလေးဟာ မိမိကိုယ်ကိုလေးစားမှုရှိဖို့အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် သူတို့ဟာမိသားစုထဲကိုကောင်းကောင်း၀င်ဆန့်နိုင်တယ်လို့ ခံစားရတယ်ဆိုရင် မွေးချင်းအသစ်အပေါ်မှာ မနာလိုဖြစ်တော့မှာမဟုတ်ပါဘူး။ သူတို့ရဲ့မိဘတွေရဲ့ ခံစားချက်တွေကမျှတပြီး ပွင့်လင်းမြင်သာရှိတယ်ဆိုရင် သူတို့သိသင့်ပါတယ်။

မိသားစု၀င်အသစ် မိသားစုထဲ၀င်လာတော့မယ်ဆိုရင် မိဘတွေအနေနဲ့မောင်နှမတွေနှင့် အဆက်အသွယ်များပြုလုပ်ထားသင့်ပါတယ်။ အပြောင်းအလဲတွေကို ရှင်းပြထားသင့်ပါတယ်။ ကလေးအသစ်မွေးဖွားလာမယ့်ကောင်းကျိုးတွေကို နည်းနည်းပါးပါးပြောပြထားပါ။ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ရဲ့လုပ်ရိုးလုပ်စဥ်တွေကို ထိန်းသိမ်းထားပါ။ သူတို့ရဲ့အစားအစာများ၊ အိပ်စက်ခြင်းနှင့် ရေချိုးခြင်းတွေအားလုံးဟာ မပြောင်လဲဘဲရှိနေပါစေ။

မောင်နှမများအကြားပဋိပက္ခတွေဖြစ်ပွားတဲ့အခါ ကလေးတစ်ဦး (သို့) အခြားတစ်ယောက်နှင့် မျက်နှာချင်းဆိုင်ဖို့အလွန်အန္တရာယ်ရှိပါတယ်။ မိဘတွေအနေနဲ့ မောင်နှမတွေသူတို့ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ ထိပ်တိုင်ရင်ဆိုင်မှုတွေ(ဖြစ်နိုင်တဲ့အတိုင်းအတာအထိ)ရှောင်ဖို့ ကြိုးစားသင့်ပါတယ်။ ဒီအချိန်မှာ နှစ်ဦးစလုံးက သူတို့မှန်တယ်လို့ပဲခံစားရနိုင်တယ်ဆိုတာ သဘောပေါက်သင့်ပါတယ်။
မိဘတွေဟာ နှစ်ဖက်စလုံးကို နားထောင်နိုင်စွမ်းရှိရပါမယ်။ မိဘတွေဟာ အငြင်းပွားမှုတွေကို နားလည်တယ်လို့ ကလေးတစ်ဦးချင်းစီကခံစားသင့်ပါတယ်။ ဒါမှသာ မောင်နှမများအကြားမနာလိုမှုကို ရှောင်ရှားဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

source-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here