မောင်နှမတွေကြားက ကောင်းသောဆက်ဆံရေးကို တည်ဆောက်ပေးခြင်း

0
148
- Advertisement -

မိဘတွေအနေနဲ့ ကလေးတွေအကြားဆက်နွယ်မှုကို ကောင်းတဲ့ဘက်သို့ ဘယ်လိုပို့ဆောင်ရမယ်ဆိုတာ သိထားသင့်ပါတယ်။ မိသားစုထဲမှာ သူတို့လေးတွေရှိနေတဲ့ အရေးပါမှု၊ မိသားစုတစ်ခုကို ကိုယ်စားပြုတဲ့ စိတ်သဘောထားညီညွတ်မှု၊ မျှတမှုတွေကို သူတို့အား ပြသပေးဖို့ အရေးကြီးပါတယ်။ အောက်ပါအကြံဉာဏ်တွေကလည်း အသုံးဝင်နိုင်ပါတယ်။

၁။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်းကို မြှင့်တင်ပါ

ကလေးတစ်ယောက်ကိုပဲ ဦးစားပေးကြောင်း ပြသတဲ့လုပ်ရပ်တွေ၊ စကားလုံးတွေနဲ့ ပြိုင်ဆိုင်မှု ဖန်တီးခြင်းကို ရှောင်ပါ။ ကလေးတွေအကြားမှာ ကျန်းမာသော ဆက်သွယ်မှုကို တည်ဆောက်ခြင်းအားဖြင့် အနာဂတ်မှာ ကောင်းမွန်သော ဆက်ဆံရေးကို ရရှိပါလိမ့်မယ်။

- Advertisement -

၂။ တစ်ဦးချင်းစီကို တန်ဖိုးထားပါ

ကလေးတစ်ယောက်စီတိုင်းမှာ ထူးခြားချက်လေးတွေရှိပြီး မိဘနှင့် ဆွေမျိုးသားချင်းတွေရဲ့ အာရုံစိုက်မှုကို ညီတူမျှတူရရှိသင့်ပါတယ်။ တစ်ခုတစ်ယောက်ချင်းစီရဲ့ ကဏ္ဍကောင်းတွေကို တန်ဖိုးထားတတ်ဖို့ သင်ယူပါ။ သူတို့ရဲ့ အောင်မြင်မှုတွေကို ချီးကျူးပေးပါ။

၃။ အချိန်ကောင်းကို အတူတူကုန်ဆုံးပါ

မိသားစုတစ်ခုမှာ အချိန်ကို မျှဝေခြင်းကလည်း အရေးကြီးပါတယ်။ မိသားစုဆုံတဲ့အချိန်မှာ တစ်ယောက်တစ်နေရာစီ ဖုန်းသုံးနေတာမျိုးမလုပ်ဘဲ အာလာပသလာပ စကားတွေ ထိုင်ပြောတာ၊ ရယ်မောတာ၊ ဂိမ်းဆော့ကြတာမျိုးက မိသားစုအတွင်း စည်းရုံးမှုရှိစေသလို ပျော်စရာလည်း ကောင်းပါတယ်။ တိုင်ပင်စရာရှိရင်လည်း အတူတူတိုင်ပင်ပြီး ဆုံးဖြတ်ချက်ချခွင့်ပေးတာမျိုး ကြိုးစားပါ။

၄။ သူတို့ကို မနှိုင်းယှဉ်ပါနဲ့

ကလေးတွေကြား နှိုင်းယှဉ်တာတို့ ၊ ပြိုင်ဆိုင်ခိုင်းတာတို့ကို ရှောင်ပါ။ မောင်နှမအကြား တစ်ယောက်ချင်းစီကို ပိုမိုကြံ့ခိုင်စေဖို့ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ စိတ်ဝင်စားမှု၊ ကျွမ်းကျင်မှုတွေကို အသိအမှတ်ပြုပါ။

ကလေးတွေရဲ့ စွမ်းရည်တွေကို ဖွံ့ဖြိုးတိုးတတ်စေခြင်း၊ လှုံ့ဆော်ခြင်းနှင့် သူတို့ရဲ့ အကျင့်ကောင်းကို အသိအမှတ်ပြုခြင်းက တခြားတစ်ယောက်နဲ့ အပြုသဘောဆောင်သော ပြောဆိုဆက်ဆံမှုကို တည်ဆောက်စေနိုင်တာကြောင့် ဥပမာကောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။

၅။ တန်းတူတာဝန်ပေးပါ

ကျွန်မတို့ဟာ အိမ်မှုကိစ္စတာဝန်တွေကို မျှတစွာ ပေးထားသင့်ပါတယ်။ ဒါက မောင်နှမတွေအကြား အချင်းချင်းအပြန်အလှန်ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖွံ့ဖြိုးစေပါတယ်။ ကိုယ်နိုင်တဲ့ တာဝန်တွေကို မျှဝေခြင်းဖြင့် ပဋိပက္ခတွေကို ရှောင်နိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက်ကူညီဖို့ အားပေးပါလိမ့်မယ်။

၆။ စံနမူနာဖြစ်ပါစေ

မိခင်တစ်ယောက်အနေနဲ့ စံနမူနာရှင်ဖြစ်ရပါမယ်။ သဟဇာတဖြစ်တဲ့အိမ်လေးဖြစ်စေဖို့ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ abuse လုပ်တာရှောင်ရှားသင့်ပါတယ်။ ကျွန်မတို့ကလေးတွေကို ကျွန်မတို့ပြုမှုတဲ့အရာက သူတို့မောင်နှမဆက်ဆံရေးမှာ ကူးယူပါလိမ့်မယ်။

မိသားစုနဲ့ ပတ်ဝန်းကျင်ကိုပေးတဲ့ မိဘတွေရဲ့ ဥပမာဟာ သက်တောင့်သက်သာရှိပြီး ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ရာမှာ အခြေခံကျပါတယ်။

မောင်နှမဆိုတာ ဘယ်သူမဆိုရရှိနိုင်တဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်ပါလိမ့်မယ်။ မောင်နှမတွေဟာ ဘဝအတွက် ထာဝရတည်မြဲသော အထူးမဟာမိတ်တွေလည်းဖြစ်ပါတယ်။ မောင်နှမတွေကြားက ဆက်ဆံရေးကို တန်ဖိုးထားပါ။ သင့်ကလေးတွေကို ခိုင်မာသော ချစ်ခြင်းမေတ္တာနှင့်် ရင်းနှီးသော နှောင်ကြိုးကို တည်ဆောက်ဖို့ ကူညီပေးပါ။ ဒီနည်းအားဖြင့် သူတို့ဟာ သူတို့ကျန်ရှိနေသေးတဲ့နေ့တွေအတွက် ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာအရင်းအမြစ်ကို အမြဲတမ်းရရှိမှာဖြစ်ပါတယ်။

Chit_MayMay

LM_Nandar

Source-yourmom

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here