မောင်နှမတွေကြားထဲမှာ ပေါက်ဖွားလာတဲ့ မနာလိုအူတိုစိတ်တွေကို ဘယ်လိုဖြေလျှော့ပေးကြမလဲ

0
1068
- Advertisement -

ညီအစ်ကို၊ မောင်နှမ၊ ညီအစ်မတွေကြားထဲမှာ ဖြစ်ပေါ်လာတဲ့ မနာလိုစိတ်တွေဟာ ပုံစံမျိုးစုံအနေနဲ့ ပေါ်ပေါ်လာတတ်ပါတယ်။ အခုမှအငယ်လေးထပ်မွေးထားလို့ လူကြီးအားလုံးရဲ့အာရုံစိုက်မှုတွေက ကလေးစီကိုပဲပြုံရောက်နေလို့ မနာလိုတာမျိုး သို့မဟုတ် အစ်ကို၊ အစ်မတွေလုပ်သလိုမျိုး ဘာမှလိုက်မလုပ်နိုင်လို့ မနာလိုဒေါသဖြစ်တာမျိုးတို့နဲ့ ကြုံတွေ့ကောင်းကြုံတွေ့နေနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့သားသမီးတွေကြားမှာ ဒီလိုမနာလိုသဝန်တိုမှုတွေမရှိဘဲ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်အောင်လို့ ဘယ်လိုပုံစံနဲ့ကူညီရမလဲဆိုတာကို အခုပဲကြည့်လိုက်ရအောင်ပါ။

အခန်းကဏ္ဍတွေကို ညီတူညီမျှခွဲခြားပါ

အခုချိန်မှာ တစ်ယောက်က အနိုင်ကျင့်တဲ့လူအဖြစ်နေပြီး နောက်တစ်ယောက်က အနိုင်ကျင့်ခံရတဲ့သူအဖြစ် သရုပ်ဆောင်နေတယ်ဆိုရင် (အကယ်လို့ နောက်တစ်ခေါက်ကျတော့ ပုံစံပြောင်းတယ်ဆိုရင်တောင်မှ) ကလေးတစ်ယောက်တည်းကိုပဲ ရွေးပြီးအပြစ်မတင်ပါနဲ့။ ဘယ်သူကစခဲ့တယ်ဖြစ်ဖြစ် “ခံရသူ” က လုပ်ခိုင်းတိုင်း လုပ်ဖို့မလိုဘူးဆိုတာကို သေချာရှင်းရှင်းလင်းလင်းပြောပြပါ။

မနာလိုတဲ့ခံစားချက်ကို မသိချင်ယောင်ဆောင်ပါ

သူ့ရဲ့အစ်ကို၊ အစ်မ သို့မဟုတ် ညီမ၊ မောင်ပေါ်မှာ မနာလိုတဲ့ပုံစံမျိုး ပြသနေတယ်ဆိုရင် လွန်လွန်ကဲကဲ ပြန်ပြီးမတုံ့ပြန်ပါနဲ့။ “တစ်ခါတစ်လေ မနာလိုတာ ဖြစ်တတ်တာပဲ” ဆိုပြီးတော့ ရိုးရိုးတန်းတန်းအသိအမှတ်ပြုပါ၊ ပြီးရင် “သမီး/သားလည်း အများကြီးလိမ်မာတယ်၊ မေမေ/ဖေဖေနဲ့အပြင်အတူသွားမလားဆိုပြီး” စကားလမ်းကြောင်းလွှဲလိုက်ပါ။

နှိုင်းယှဥ်ပြောခြင်းကို ရှောင်ပါ

တစ်ယောက်က သင်္ချာမှာ တခြားတစ်ယောက်ထက် ပိုတော်ကောင်းတော်နိုင်သလို နောက်တစ်ယောက်ကလည်း ပြေးတဲ့နေရာမှာ ပိုမြန်ကောင်းမြန်နိုင်ပါတယ်။ သူတို့ရဲ့စွမ်းရည်၊ အမူအကျင့်နဲ့ပတ်သက်လို့ နှိုင်းပြီးပြောခြင်းကိုရှောင်ကြဥ်ပါ။ တခြားသူနဲ့နှိုင်းမယ့်အစား သူတို့ရဲ့အရင်တုန်းကပုံစံနဲ့ ပြန်ပြောပြပြီး တိုးတက်ချင်စိတ်လေးကို နှိုးဆွပေးပါ။

သူတို့ကိုလည်း အချိန်သပ်သပ်ပေးပါ

မိဘတွေအပေါ်မှာ ကလေးတွေနာကျည်းပြီး မောင်နှမတွေအပေါ် မနာလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ တစ်ခြားတစ်ယောက်ပေါ်မှာ ကိုယ့်ထက်ပိုချစ်တယ်ဆိုပြီး တွေးခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အချိန်လေးတွေကို နည်းနည်းမျှဝေပြီးတော့ သူတို့အားလုံးအတွက် ညီတူညီမျှ အချိန်ပေးပါ။ တကူးတက တခြားဟာတွေလုပ်ရမယ်လို့မဆိုလိုဘဲ တစ်ယောက်အိပ်နေချိန်မှာ စာအုပ်အတူတူဖတ်ပေးတာ ဒါမှမဟုတ် နောက်တစ်ယောက်ကျောင်းသွားနေချိန်မှာ ရုပ်ရှင်ဇာတ်လမ်းအတူကြည့်တာမျိုးလေးတွေကို အတူတူလုပ်ပေးခြင်းဖြင့် မိဘတွေရဲ့ရင်ထဲမှာလည်း သူတို့အတွက် နေရာတစ်ခုရှိတယ်ဆိုတာကို သိပြီးသားဖြစ်သွားပါလိမ့်မယ်။

#Chit_May_May

#Thinzar

Ref-verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here