မောင်နှမအချင်းချင်း ပြိုင်ဆိုင်မှုက မွေးချင်း ၂ယောက် (သို့) ဒီထက်ပိုများတဲ့ မိသားစုကြားမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ပုံမှန်အားဖြင့် မိသားစုထဲကို မွေးကင်းစ ကလေးတစ်ယောက် ဝင်လာတဲ့အခါမှာ စတင်နိုင်ပြီး ကလေးဘဝတစ်လျှောက်လုံးမှာ ဆက်တိုက်ဖြစ်နိုင်ပါတယ်။ မနာလိုမှု ၊ ပြိုင်ဆိုင်မှုခံစားရပြီး မောင်နှမတွေအကြားရန်ဖြစ်ခြင်းက တစ်ခါတစ်ရံမှာ မိဘတွေအတွက် စီမံဖို့ ခက်ခဲနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်မှာ ကလေးအချင်းချင်း သဟဇာတဖြစ်ခြင်းကို ထိန်းသိမ်းဖို့ သင့်ကလေးတွေ ပိုမိုကောင်းမွန်လာစေဖို့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
မောင်နှမအချင်းချင်း ပြိုင်ဆိုင်တွေမှာတွေ့ရတဲ့ သာမန်ဖြစ်ရပ်အချို့မှာ
အသက်မတိမ်းမယိမ်းမောင်နှမတွေအနေနဲ့ ကားထဲမှာ နေရာလုခြင်း၊ နောက်ဆုံးကျန်တဲ့ကိတ်မုန့်တစ်ပိုင်းကို အဝေမတဲ့ခြင်း ကဲ့သို့သော အငြင်းပွားမှုတွေဖြစ်နိုင်ပါတယ်။
- မွေးကင်းစ ညီလေး (သို့) ညီမလေးတစ်ယောက် ရောက်လာပါက မိခင်က ကလေးငယ်အတွက်ပဲ အချိန်ပေးထားတာမျိုး၊ ဖခင်ဖြစ်သူက မိသားစုဝင်အသစ်နှင့် အလုပ်များနေသဖြင့် အကြိုက်ဆုံးဂိမ်းတွေကို မကစားပေးတာမျိုးတွေကြောင့် အကြီးကလေးဟာ အပယ်ခံရတယ်လို့ ခံစားရစေနိုင်ပါတယ်။
- အသက်အရွယ်ကွာဟမှုရှိတဲ့ မောင်နှမတွေအနေနဲ့ စွမ်းရည်၊ အရည်အချင်းမှာ မတူကွဲပြားမှုတွေကြောင့် အငယ်ဆုံးကလေးတွေဟာ တစ်ခါတရံမျာ ရှက်ရွံ့ခြင်း (သို့) ခြိမ်းခြောက်ခြင်းကို ခံစားနိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း အကြီးဆုံးကလေးဟာ မွေးချင်းအငယ်တွေ ရရှိသော ဂရုစိုက်မှုအားလုံးကို မနာလိုဖြစ်လာနိုင်ပါတယ်၊

မောင်နှမအချင်းချင်း ပြိုင်ဆိုင်ရတဲ့အကြောင်းရင်းများ
သင့်ကလေးရဲ့အသက်အရွယ်ပေါ် မူတည်ပြီး အကြောင်းပြချက်အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ ဥပမာအားဖြင့် အသက် သုံးနှစ်မပြည့်ခင်( သုံးနှစ်မပြည့်သေးသော) ကလေးငယ်တွေဟာ မိဘများအပေါ် များစွာ မူတည်ပါတယ်။ ထို့ကြောင့် သူတို့ဟာ မိဘရဲ့ အာရုံစိုက်မှုအတွက် ယှဉ်ပြိုင်ဖို့ ခက်ခဲသောအချိန် ရှိနိုင်ပါတယ်။
ကလေးအကြီးတွေဟာ သူတို့အကျိုးစီးပွားကို မျှဝေရပါက ပြိုင်ဆိုင်မှုဘက်ကို ယိမ်းယိုင်လာပါလိမ့်မယ်။ သူတို့ဟာ မိဘရဲ့ခွင့်ပြုချက်နှင့် အိမ်မှာ (သို့) ကျောင်းမှာ ပြုလုပ်တဲ့အရာတွေအတွက် အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်တွေ ကိုရယူဖို့ ယှဉ်ပြိုင်နိုင်ပါတယ်။

မောင်နှမအချင်းချင်း ပြိုင်ဘက်ဖြစ်ရတဲ့ အကြောင်းရင်းအချို့ကတော့-
၁။ သီးခြားစီ(သို့) ကိုယ်ရည်ကိုယ်သွေး- ကလေးတွေဟာ ကြီးပြင်းလာနှင့်အမျှ သူတို့မှာ သတ်သတ်မှတ်မှတ် စိတ်ဝင်စားမှုတွေနဲ့ အရည်အချင်းတွေ ဖွံ့ဖြိုးလာပါတယ်။ သူတို့ဟာ မောင်နှမတွေထဲကနေ သူတို့ဘာသာသူတို့ ခွဲထွက်ပြီး သူတို့ရဲ့ individuality (သို့) personalitiesကို သတ်မှတ်ဖို့ ယှဉ်ပြိုင်လိုကြပါတယ်။
ဥပမာအားဖြင့် – သင့်ကလေးတစ်ယောက်က ပျော့ပြောင်း၍ သည်းခံသော သူတစ်ယောက်ဖြစ်ပြီး တခြားတစ်ယောက်က မဟုတ်ရင် သူတို့ဟာ ကတောက်ကဆတ်ဖြစ်နိုင်ပါတယ်။ သင့်ကလေးတစ်ယောက်က သင့်ပေါ်မှာ ပိုပြီးမှီခိုရင်လည်း အခြားတစ်ယောက်က သင့်ထံမှ ပိုဂရုစိုက်မှုရဖို့ ကြိုးစားကောင်း ကြိုးစားပါလိမ့်မယ်။
၂။ ဖော်ပြနိုင်စွမ်းမရှိခြင်း- တစ်ခါတရံမှာ ကလေးတွေ ပျင်းတဲ့အခါ၊ ဗိုက်ဆာနေတဲ့အခါ (သို့ ) ပင်ပန်းနေတဲ့အခါ ၎င်းတို့သည် မောင်နှမတွေနဲ့ ရန်ဖြစ်တတ်ပါတယ်။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် တွန်းခြင်း၊ ရိုက်ပုတ်ခြင်း(သို့) အော်ဟစ်ခြင်းတို့ဖြင့် အဆုံးသတ်ပါလိမ့်မယ်။ သူတို့ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ နည်းလမ်းကို မသိကြတာကြောင့် ဖြစ်ပါတယ်။
၃။ မိဘတွေရဲ့အပြုအမှု- ကလေးတွေဟာ မိဘတွေကို စံပြပုဂ္ဂိုလ်တွေအဖြစ် ရှုမြင်ကြပါတယ်၊ သဘောထားကွဲလွဲမှုတွေ(သို့) ထိပ်တိုက်ရင်ဆိုင်မှုများကို မိဘတွေ ကိုင်တွယ်ပုံက သူတို့မောင်နှမတွေ၊ သူငယ်ချင်းတွေနဲ့ ကလေးရဲ့အပြုအမှုအပေါ် အကျိုးသက်ရောက်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ အခြေအနေတွေကို ဒေါသမပါဘဲ၊ လေးလေးစားစား ကိုင်တွယ်ဖြေရှင်းပါက သင့်ကလေးတွေဟာလည်း အလားတူနည်းပရိယာယ်ကို သုံးလာနိုင်ပါတယ်။
၄။ စိတ်ဖိစီးမှု- ကျောင်းနေအရွယ်ကလေးတွေ (သို့) ဆယ်ကျော်သက်တွေဟာ အကြောင်းရင်းများစွာကြောင့် စိတ်ဖိစီးမှု ခံစားရနိုင်ပါတယ်၊ ဒီစိတ်ဖိစီးမှုက သူတို့ရဲ့ သည်းခံစိတ်အဆင့်ကို လျော့ကျစေပြီး မောင်နှမအချင်းချင်းအကြား ရန်ပွဲတွေ ဖြစ်ပွားစေပါတယ်။
၆။ အထူးလိုအပ်ချက်တွေရှိတဲ့ ကလေးများ- ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ အထူးလိုအပ်တဲ့ ကလေးတွေ (သို့) သင်ယူမှုဆိုင်ရာပြဿနာရှိတဲ့ကလေးတွေဟာ မိဘဆီကနေ ဂရုစိုက်မှုနှင့် အချိန်ပိုပြီး လိုအပ်ပါတယ်။
မောင်နှမအချင်းချင်း ပြိုင်ဆိုင်မှုရဲ့ ဆိုးကျိုးများ
ကလေးတွေ ကြီးပြင်းလာတာနှင့်အမျှ မောင်နှမအချင်းချင်းပြိုင်ဆိုင်မှုက နောက်ဆုံးမှာ ပြေလည်သွားပြီး ပိုမိုခိုင်မာသော နှောင်ကြိုးကို ဖြစ်လာစေပါတယ်။ ထို့အပြင် သူတို့ဟာ မျှဝေခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ သည်းခံခြင်းနှင့်အခြားသူတွေရဲ့အမြင်နှင့် ထင်မြင်ယူဆချက်တွေကို လေးစားခြင်းစတဲ့ မရှိမဖြစ်လိုအပ်သော ဘဝကျွမ်းကျင်မှုတွေကို သင်ယူကြပါတယ်။ သို့သော် အိမ်မှာ မောင်နှမအချင်းချင်းပြုင်ဆိုင်မှုများက ကျန်းမာရေးပြဿနာများကိုဖြစ်စေနိုင်ပါတယ်။
ပြင်းထန်တဲ့ ဖြစ်ရပ်တွေမှာ မောင်နှမအချင်းချင်း ပြိုင်ဆိုင်မှုက အိမ်ရဲ့ ပုံမှန်လည်ပတ်မှုကို ပျက်ပြားစေပြီး ကလေးတစ်ယောက်အား စိတ်ပိုင်းဆိုင်ရာ၊နှင့် ကာယပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်။
လေ့လာမှုတစ်ခုအရ အသက်၉နှစ်အတွင်းရှိ ကလေးတွေနှင့် အသက် ၁၀နှစ်မှ ၁၇နှစ်ရှိ လူငယ်တွေကို အကဲဖြတ်ခဲ့ပါတယ်။ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရတဲ့ ကလေးငယ်တွေဟာ စိတ်ကျရောဂါနှင့် စိတ်ပူပန်ခြင်းအပါအဝင်စိတ်ကျန်းမာရေးပြဿနာများကို ပိုမိုဖြစ်ပေါ်နိုင်ကြောင်း တွေ့ရှိရပါတယ်။
ကလေးတွေ ပိုမိုကောင်းမွန်စွာ နေနို်ငအောင် ဘယ်လိုကူညီပေးမလဲ?
မောင်နှမကြား နေ့စဉ်ပဋိပက္ခတွေကို ရှောင်းရှားဖို့ ဒီအကြံပြုချက်တွေကို လိုက်နာနိုင်ပါတယ်။
၁။ လက်ခံနိုင်သော အပြုအမှုတွေကို သတ်မှတ်ပါ- အော်ခြင်း၊ တွန်းခြင်း၊ ရိုက်ခြင်း၊ တံခါးကို ဆောင့်ပိတ်ခြင်း၊ ဆဲဆိုခြင်းတွေကို လက်မခံနိုင်ကြောငာ်း ကလေးအားနားလည်စေပါ။ သူတို့နှင့်အတူ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖောက်ဖျက်ရင် ရရှိမယ့် အကျိုးဆက်တွေကို ဆွေးနွေးပါ။ ဒါက ကလေးတွေအား သူတို့ရဲ့အပြုအမှုအတွက် တာဝန်ယူမှုရှိစေဖို့နှင့် မှန်ကန်သော၊ မှားယွင်းသော အပြုအမှုတွေနှင့် ပတ်သတ်ပြီး မလိုအပ်တဲ့ အငြင်းပွားမှုတွေကို ရှောင်ရှားဖို့ ကူညီပါလိမ့မယ်။
၂။ ဦးစားပေးတာ၊ တံဆိပ်ကပ်တာမျိုးကိုရှောင်ပါ- မိဘတွေအနေနဲ့ ဘယ့်သူကို အချစ်ဆုံးဆိုတာမျိုးကို ရှောင်ပါ။ ကလေးတွေကို မနှိုင်းယှဉ်ပါနဲ့။ အဲ့ဒီအစား သူတို့ရဲ့ အရည်အသွေးအမျိုးမျိုးကို ဂုဏ်ပြုပါ။ ကလေးတစ်ယောက်ချင်းစီကို သီးခြားစီ ဖွံ့ဖြိုးတိုးတတ်စေပါ။ သူတို့ကို အားနည်းစေတဲ့၊ စိတ်အားငယ်စေတဲ့ စကားပြောဆိုမှုကို အားမပေးပါနဲ့။
ဒါ့အပြင် ကလေးကို တံဆိပ်မကပ်ပါနဲ့။ “သူက ရိုင်းစိုင်းတဲ့ကလေး (သို့) သူက ပိုပြီး active ဖြစ်တဲ့ကလေး”၊ “သူကလိမ္မာတဲ့ကလေး” စသဖြင့် တံဆိပ်ကပ်တာက ကလေးတွေကို “သူတို့ အလုံအလောက်မကောင်းဘူး”ဟုယူဆစေပြီး၊ သူတို့ကြိုးစားနေတာတောင် ရပ်တန့်စေနိုင်ပါတယ်။ သင့်ကလေးတွေရဲ့ အရည်အချင်းနှင့် အောင်မြင်မှုကို တန်ဖိုးထားပါ။
၃။ ကလေးတွေကို နေရာပေးပါ- ကလေးတွေအား သူတို့ကြိုက်နှစ်သက်တာလုပ်ဖို့ အချိန်နှင့် နေရာပေးပါ။ ကလေးတစ်ယောက်က အပြင်မှာ ကစားချင်တယ်၊ နောက်တစ်ယောက်က ထိုင်ပြီး စာဖတ်ချင်တယ်ဆိုရင် သူတို့ကြိုက်နှစ်သတ်တာလုပ်ဖို့ နေရာနှင့် အချိန်သတ်မှတ်ပေးပါ။
၄။ ယှဉ်ပြိုင်မှုမဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုကို သင်ပေးပါ- တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ ပူးပေါင်းဆောင်ရွက်ခြင်းအစား မောင်နှမအချင်းချင်း ပြိုင်ဆိုင်မှုကို မသိဘဲ အားပေးတတ်ကြပါတယ်။ “ဘယ်သူက ကစားစရာကို အရင်ဆုံးသိမ်းသလဲ ကြည့်ရအောင်” လို့ပြောမယ့်အစား ကလေးတွေအား သူတို့အရုပ်တွေကို အတူတူစုဆောင်းပြီး သိမ်းဖို့ ပြောပါ။ အချင်းချင်း ဆန့်ကျင်တိုက်ခိုက်မယ့်အစား အတူတကွ လုပ်ဆောင်ဖို့ သင်ပေးပါ။
၅။ သူတို့ကိုယ်သူတို့ ဖော်ပြတတ်ဖို့ ကူညီပေးပါ- သင့်ကလေးတွေကို သူတို့ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ဖို့ အပြုသဘောဆောင်သော နည်းလမ်းတွေကို အသုံးပြုတတ်အောင် သင်ပေးပါ။
၆။ အချိန်သတ်မှတ်ပေးပါ။ တကယ်လို့ သင့်ကလေးတွေဟာ ကစားစရာတွေ၊ စာအုပ်တွေ မျှဝေသုံးခြင်းနှင့် ပတ်သတ်ပြီး အငြင်းပွားမှုနှင့် အဆုံးသတ်လျင် သူတို့အား ပစ္စည်းတွေကို အသုံးပြုနိုင်တဲ့ အချိန်ဇယားကို သတ်မှတ်ပေးပါ။ တကယ်လို့ စကားဆက်များနေရင် မိဘအနေနဲ့ ပစ္စည်းကို သိမ်းသွားနိုင်ပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို နားလည်စေပါ။
၇။ မျှတမှုနှင့် တန်းတူညီမျှမှုရှိခြင်းက အမြဲတမ်းအလုပ်မဖြစ်နိုင်ပါ- အရာအားလုံးက မျှတပြီး ဟန်ချက်ညီမယ်လို့ ကလေးအား မယူဆပါစေနဲ့။ တစ်ခါတစ်ရံမှာ ကလေးတစ်ယောက်တွင် လိုအပ်ချက် ပိုမိုရှိနိုင်တဲ့ အခြေအနေများ ရှိနိုင်ပါတယ်။ ထိုကဲ့သို့သော အခြေအနေတွေတမှာ သင့်ရွေးချယ်မှုကို သူတို့နားလည်အောင် ပြုလုပ်ပေးသင့်ပါတယ်။
၈။ မိသားစုအတွက် အချိန်ယူပါ- ပျော်စရာလှုပ်ရှားမှုတွေ၊ ဂိမ်းတွေ စီစဉ်ပြီး မိသားစု အပန်းဖြေခရီးထွက်ပါ။ ဒီပျော်ရွင်ဖွယ် အချိန်လေးတွေက လူတိုင်းကို ပိုမိုနီးကပ်စေပြီး မောင်နှမအကြား တင်းမာမှုကို လျော့နည်းစေပါတယ်။
Chit_MayMay
LM_Nandar
Source-momjunction