မောင်နှမအချင်းချင်း ရန်ဖြစ်တာကို ရပ်တန့်စေဖို့ မိဘတွေအတွက် သိကောင်းစရာ (၉)ခု

0
369
- Advertisement -

မောင်နှမအချင်းချင်း ရန်ဖြစ်တယ်ဆိုတာ ဖြစ်နေကျ သဘာဝတစ်ခုသာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်စွမ်းကလည်း သူတို့အတွက် အရေးကြီးပါတယ်။ မိဘတွေအနေနဲ့ ကြားထဲက ဝင်ဖျန်ဖြေပေးလို့ရပေမယ့် ကလေးတွေ ကိုယ်တိုင် ပြဿနာတွေကို ဖြေရှင်းတတ်အောင် သင်ပေးဖို့ လိုပါတယ်။ မိဘတွေအတွက် ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ခြင်းမှ ရပ်တန့်သွားအောင် ပြုလုပ်ပေးဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။ အထူးသဖြင့် ညီအစ်ကို မောင်နှမတွေအကြား ရန်ဖြစ်တာကို အဆုံးသတ်ပေးဖို့ မိဘတွေ အသုံးပြုနိုင်တဲ့ အကြံပေးချက်လေးတွေ ရှိတာကြောင့် မျှဝေပေးလိုက်ပါတယ်။

၁။ သူတို့အကြိုက်ဆုံး ဇာတ်ကောင်ကို နမူနာထားဖို့ သတိပေးပါ

ကလေးတွေမှာ ကာတွန်းနှင့် စာအုပ် တွေထဲက အကြိုက်ဆုံး ဇာတ်ကောင်ဆိုတာ ရှိကြပါတယ်။ အထူးသဖြင့် သူတို့ရဲ့ အစ်ကိုတွေ အစ်မတွေနဲ့ ရန်ဖြစ်တဲ့အခါမှာ သတိပေးရမှာ ဖြစ်ပါတယ်။ သမီးတွေ ရန်ဖြစ်နေရင် စင်ဒရဲလားက သူ့ရဲ့ ဖအေတူ မအေကွဲညီမကို ပုံပြင်ရဲ့ အဆုံးမှာ ဘယ်လို ခွင့်လွှတ်ပေးတယ်ဆိုတာ ဒါမှမဟုတ် ဟယ်ရီပေါ်တာက သူ့ရဲ့ ဝမ်းကွဲ Dudley နဲ့ ငြိမ်းချမ်းရေး ဘယ်လို ရယူသလဲဆိုတာ သူတို့ကို သတိပေးပါ။ ကလေးတွေကို မိသားစုရဲ့ အရေးပါမှုနှင့် ခွင့်လွတ်မှု၊ ပဋိပက္ခတွေကို ဖြေရှင်းခြင်းနှင့် ပတ်သတ်သော ပုံပြင်တွေနဲ့ ထိတွေ့ပေးပါ။

- Advertisement -

၂။ စုဘူးတစ်လုံး(သို့) အလုပ်အိုးတစ်လုံး ဖန်တီးပါ

မောင်နှမအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်နေရင် စုဘူးထဲမှာ ဒဏ်ငွေထည့်ဖို့ အလေ့အကျင့်လုပ်ပေးပါ။ ကလေးက ပေးစရာ ပိုက်ဆံမရှိဘူးဆိုရင် နောက်တစ်နည်းက သူတို့ လုပ်နိုင်မယ့် အိမ်အလုပ်လေးတွေကို မဲလိပ်လေးတွေပြုလုပ်ပေးပြီး ဘူးတစ်ခုထဲ ထည့်ထားပါ။ ရန်ဖြစ်တာနဲ့ မဲနှိုက်ခိုင်းပါ။ ဒီနည်းလမ်းလေးတွေက ရန်ခဏခဏဖြစ်တဲ့ အလေ့အထကို ဖျက်သိမ်းပေးနိုင်ပါတယ်။

၃။ ကလေးတွေကို စာတစ်စောင် ရေးခိုင်းပါ

ကလေးတွေ ရန်ဖြစ်ပြီးသွားရင် ထိုင်ခိုင်းပြီး သူတို့ခံစားချက်တွေကို ချရေးဖို့ ပြောပါ။ ကလေးတွေဟာ သူတို့ခံစားချက်တွေကို သိလာပြီး ဘာမှမဟုတ်တဲ့ ပြဿနာလေးတွေနဲ့ ရန်ဖြစ်မိနေတယ်ဆိုတာ နားလည်သဘောပေါက်လာပါလိမ့်မယ်။ ကလေးက ဒီလိုစာရေးရတာ မကြိုက်ဘူးဆိုရင် ရန်မဖြစ်အောင် သူ့ဘာသာ ရှောင်လာနိုင်တာကြောင့် ပိုတောင်ကောင်းပါသေးတယ်။

၄။ တစ်ယောက်အပေါ် တစ်ယောက် အချိန်ပေးပါ

ကလေးတစ်ယောက်ချင်းစီနှင့်အတူ သီးသန့် အရာလေးတွေ ပြုလုပ်ခြင်းက အချို့သော အကျိုးကျေးဇူးတွေ ရရှိပါလိမ့်မယ်။ ကလေးတွေဟာ တန်းတူဂရုစိုက်မှု ရနေသမျှ ကာလပတ်လုံး သူတို့ဟာ တန်ဖိုးရှိတဲ့ ကလေးတွေဖြစ်ကြောင်း သွန်သင်ပေးသလို ဖြစ်စေပါတယ်။ မိဘတွေနဲ့ အတူတူ ပူးပေါင်းယုံသာမဟုတ်ဘဲ ရန်ဖြစ်ဖို့ကို သတိပြုမိတော့မှာ မဟုတ်ပါဘူး။ ကလေးတစ်ယောက်စီကို မျှမျှတတ ဂရုစိုက်ပေးပါ။

၅။ သားသားမီးမီးတွေကို တစ်ယာက်နဲ့ တစ်ယောက် အချင်းချင်း ရပ်တည်ပေးဖို့ သင်ပေးပါ

မိဘတွေက သားသမီးတစ်ယောက်ကို ကာကွယ်ပေးတဲ့အခါ တခြားတစ်ယောက်က သားသမီးချင်းအတူတူ ဘက်လိုက်တယ်လို့ ခံစားရစေပါတယ်။ ၎င်းက တင်းမာမှုကို ပိုမိုဆိုးရွားစေပါတယ်။ အဲ့ဒီအစား ပြဿနာတွေကို သူတို့ဘာသာသူတို့ ဖြေရှင်းတတ်ဖို့ ၊ တစ်ယောက်နဲ့ တစ်ယောက် သူတို့ရဲ့ လိုအပ်ချက်တွေကို ဖော်ပြဖို့ ကလေးတွေကို လေ့ကျင့်ပေးပါ။

၆။ ပြဿနာတစ်ခုကို အတူတူဖြေရှင်းခိုင်းပါ

ကလေးတွေ ရန်ဖြစ်ရင် ပဟေဠိတစ်ခုအနေနဲ့ နှစ်ယောက်ပေါင်းပြီးလုပ်ဖို့ တစ်ခုခု ဖန်တီးပေးပါ။ သူတို့ဖြေရှင်းတဲ့အခါ သူတို့အတွက် ခက်ခဲတဲ့ ပဟေဠိတစ်ခု ပေးပါ။ ဒါက သူတို့ကို အချင်းချင်းကူညီတတ်စေဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် မှီခိုအားထားစေဖို့ သင်ပေးပါတယ်။

၇။ ရန်ဖြစ်ရင် အပြင်မှာ ထုတ်ထားပါ

အရာရာတိုင်းမှာ အချိန်နဲ့ နေရာဆိုတာ ရှိတာကြောင့် အိမ်ထဲမှာ ရန်ဖြစ်ခြင်း၊ အော်ဟစ်ခြင်းလုပ်ရမယ့် နေရာမဟုတ်ဘူးဆိုတာ ကလေးတွေကို အသိပေးပါ။ ဒီနည်းလမ်းက ကလေးတွေကို ဒေါသတချို့ ပြေစေဖို့ အခွင့်အရေးတစ်ခု လည်းပေးပါတယ်။ နောက်ဆုံးမှာ ရန်ဖြစ်တဲ့ အလေ့အထ ပျောက်သွားပါလိမ့်မယ်။

၈။ အားလပ်ရက်တွေ စီစဉ်ပါ

ကလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးကျွမ်းဝင်နေဖို့ အရေးကြီးပါတယ်။ ဒီအတွက် ဘာအသေးစိတ် စီစဉ်မှုမှ မလိုပါဘူး။ တနင်္ဂနွေ ပိတ်ရက်မှာ ကလေးတွေကို ခေါ်ပြီး တိရိစ္ဆာန်ရုံ သွားပါ။

၉။ သူတို့ကောင်းတာလုပ်ရင် ချီးကျူးပေးပါ

ကလေးတွေ ဆိုးဆိုးဝါးဝါး လုပ်ပြနေတဲ့အခါမှာ အသိအမှတ်မပြုပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ပူးပေါင်းနေတာကို တွေ့တဲ့အခါ သူတို့ကို မှတ်ချက်ပေးပြီး ဆုချပါ။ အပြုသဘောဆောင်တဲ့ အားပေးမှုက သူတို့အတွက် အရေးကြီးပါတယ်နော်။

မောင်နှမအချင်းချင်း ရန်ဖြစ်တာက ကောင်းသလား?

ကလေးအရွယ်မှာ မောင်နှမအချင်းချင်း ရန်ဖြစ်တာက ကောင်းတဲ့အရာတစ်ခုလား။ Parent’s Guide တွေကို ရေးသားသူ Marian Edelman Borden ကတော့ ရန်ဖြစ်ခြင်းက ကလေးတွေအတွက် ကျန်းမာသန်စွမ်းစေပြီး ရေရှည်မှာ ကလေးတွေကို အကူအညီဖြစ်စေတယ်လို့ ထင်မြင်ကြောင်း ဖော်ပြထားပါတယ်။ နောက်ဆုံးအနေနဲ့ ကလေးတွေကို ကိုယ်ထိလက်ရောက် ရန်ဖြစ်မယ့်အစား စကားလုံးတွေသုံးပြီး ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ၊ ကိုယ့်အမြင်ကို ဘယ်လိုဖော်ပြမလဲဆိုတဲ့ သင်ခန်းစာများကို သင်ပေးပြီး သူတို့မှာ မွေးချင်းမောင်နှမရှိခြင်းက ဘယ်လောက် ကံကောင်းကြောင်း တန်ဖိုးထားတတ်အောင် သင်ပေးဖို့ အရေးကြီးပါတယ်။

Chit_MayMay

LM_Nandar

ZawGyi

ေမာင္ႏွမအခ်င္းခ်င္း ရန္ျဖစ္တာကို ရပ္တန္႔ေစဖို႔ မိဘေတြအတြက္ သိေကာင္းစရာ (၉)ခု
ေမာင္ႏွမအခ်င္းခ်င္း ရန္ျဖစ္တယ္ဆိုတာ ျဖစ္ေနက် သဘာဝတစ္ခုသာျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ ပဋိပကၡေတြကို ေျဖရွင္းႏိုင္စြမ္းကလည္း သူတို႔အတြက္ အေရးႀကီးပါတယ္။ မိဘေတြအေနနဲ႔ ၾကားထဲက ဝင္ဖ်န္ေျဖေပးလို႔ရေပမယ့္ ကေလးေတြ ကိုယ္တိုင္ ျပႆနာေတြကို ေျဖရွင္းတတ္ေအာင္ သင္ေပးဖို႔ လိုပါတယ္။ မိဘေတြအတြက္ ကေလးေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ ရန္ျဖစ္ျခင္းမွ ရပ္တန္႔သြားေအာင္ ျပဳလုပ္ေပးဖို႔ နည္းလမ္းေလးေတြ ရွိပါတယ္။ အထူးသျဖင့္ ညီအစ္ကို ေမာင္ႏွမေတြအၾကား ရန္ျဖစ္တာကို အဆုံးသတ္ေပးဖို႔ မိဘေတြ အသုံးျပဳႏိုင္တဲ့ အႀကံေပးခ်က္ေလးေတြ ရွိတာေၾကာင့္ မွ်ေဝေပးလိုက္ပါတယ္။

၁။ သူတို႔အႀကိဳက္ဆုံး ဇာတ္ေကာင္ကို နမူနာထားဖို႔ သတိေပးပါ

ကေလးေတြမွာ ကာတြန္းႏွင့္ စာအုပ္ ေတြထဲက အႀကိဳက္ဆုံး ဇာတ္ေကာင္ဆိုတာ ရွိၾကပါတယ္။ အထူးသျဖင့္ သူတို႔ရဲ႕ အစ္ကိုေတြ အစ္မေတြနဲ႔ ရန္ျဖစ္တဲ့အခါမွာ သတိေပးရမွာ ျဖစ္ပါတယ္။ သမီးေတြ ရန္ျဖစ္ေနရင္ စင္ဒရဲလားက သူ႔ရဲ႕ ဖေအတူ မေအကြဲညီမကို ပုံျပင္ရဲ႕ အဆုံးမွာ ဘယ္လို ခြင့္လႊတ္ေပးတယ္ဆိုတာ ဒါမွမဟုတ္ ဟယ္ရီေပၚတာက သူ႔ရဲ႕ ဝမ္းကြဲ Dudley နဲ႔ ၿငိမ္းခ်မ္းေရး ဘယ္လို ရယူသလဲဆိုတာ သူတို႔ကို သတိေပးပါ။ ကေလးေတြကို မိသားစုရဲ႕ အေရးပါမႈႏွင့္ ခြင့္လြတ္မႈ၊ ပဋိပကၡေတြကို ေျဖရွင္းျခင္းႏွင့္ ပတ္သတ္ေသာ ပုံျပင္ေတြနဲ႔ ထိေတြ႕ေပးပါ။

၂။ စုဘူးတစ္လုံး(သို႔) အလုပ္အိုးတစ္လုံး ဖန္တီးပါ

ေမာင္ႏွမအခ်င္းခ်င္း တစ္ေယာက္နဲ႔ တစ္ေယာက္ ရန္ျဖစ္ေနရင္ စုဘူးထဲမွာ ဒဏ္ေငြထည့္ဖို႔ အေလ့အက်င့္လုပ္ေပးပါ။ ကေလးက ေပးစရာ ပိုက္ဆံမရွိဘူးဆိုရင္ ေနာက္တစ္နည္းက သူတို႔ လုပ္ႏိုင္မယ့္ အိမ္အလုပ္ေလးေတြကို မဲလိပ္ေလးေတြျပဳလုပ္ေပးၿပီး ဘူးတစ္ခုထဲ ထည့္ထားပါ။ ရန္ျဖစ္တာနဲ႔ မဲႏႈိက္ခိုင္းပါ။ ဒီနည္းလမ္းေလးေတြက ရန္ခဏခဏျဖစ္တဲ့ အေလ့အထကို ဖ်က္သိမ္းေပးႏိုင္ပါတယ္။

၃။ ကေလးေတြကို စာတစ္ေစာင္ ေရးခိုင္းပါ

ကေလးေတြ ရန္ျဖစ္ၿပီးသြားရင္ ထိုင္ခိုင္းၿပီး သူတို႔ခံစားခ်က္ေတြကို ခ်ေရးဖို႔ ေျပာပါ။ ကေလးေတြဟာ သူတို႔ခံစားခ်က္ေတြကို သိလာၿပီး ဘာမွမဟုတ္တဲ့ ျပႆနာေလးေတြနဲ႔ ရန္ျဖစ္မိေနတယ္ဆိုတာ နားလည္သေဘာေပါက္လာပါလိမ့္မယ္။ ကေလးက ဒီလိုစာေရးရတာ မႀကိဳက္ဘူးဆိုရင္ ရန္မျဖစ္ေအာင္ သူ႔ဘာသာ ေရွာင္လာႏိုင္တာေၾကာင့္ ပိုေတာင္ေကာင္းပါေသးတယ္။

၄။ တစ္ေယာက္အေပၚ တစ္ေယာက္ အခ်ိန္ေပးပါ

ကေလးတစ္ေယာက္ခ်င္းစီႏွင့္အတူ သီးသန္႔ အရာေလးေတြ ျပဳလုပ္ျခင္းက အခ်ိဳ႕ေသာ အက်ိဳးေက်းဇူးေတြ ရရွိပါလိမ့္မယ္။ ကေလးေတြဟာ တန္းတူဂ႐ုစိုက္မႈ ရေနသမွ် ကာလပတ္လုံး သူတို႔ဟာ တန္ဖိုးရွိတဲ့ ကေလးေတြျဖစ္ေၾကာင္း သြန္သင္ေပးသလို ျဖစ္ေစပါတယ္။ မိဘေတြနဲ႔ အတူတူ ပူးေပါင္းယုံသာမဟုတ္ဘဲ ရန္ျဖစ္ဖို႔ကို သတိျပဳမိေတာ့မွာ မဟုတ္ပါဘူး။ ကေလးတစ္ေယာက္စီကို မွ်မွ်တတ ဂ႐ုစိုက္ေပးပါ။

၅။ သားသားမီးမီးေတြကို တစ္ယာက္နဲ႔ တစ္ေယာက္ အခ်င္းခ်င္း ရပ္တည္ေပးဖို႔ သင္ေပးပါ

မိဘေတြက သားသမီးတစ္ေယာက္ကို ကာကြယ္ေပးတဲ့အခါ တျခားတစ္ေယာက္က သားသမီးခ်င္းအတူတူ ဘက္လိုက္တယ္လို႔ ခံစားရေစပါတယ္။ ၎က တင္းမာမႈကို ပိုမိုဆိုး႐ြားေစပါတယ္။ အဲ့ဒီအစား ျပႆနာေတြကို သူတို႔ဘာသာသူတို႔ ေျဖရွင္းတတ္ဖို႔ ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ သူတို႔ရဲ႕ လိုအပ္ခ်က္ေတြကို ေဖာ္ျပဖို႔ ကေလးေတြကို ေလ့က်င့္ေပးပါ။

၆။ ျပႆနာတစ္ခုကို အတူတူေျဖရွင္းခိုင္းပါ

ကေလးေတြ ရန္ျဖစ္ရင္ ပေဟဠိတစ္ခုအေနနဲ႔ ႏွစ္ေယာက္ေပါင္းၿပီးလုပ္ဖို႔ တစ္ခုခု ဖန္တီးေပးပါ။ သူတို႔ေျဖရွင္းတဲ့အခါ သူတို႔အတြက္ ခက္ခဲတဲ့ ပေဟဠိတစ္ခု ေပးပါ။ ဒါက သူတို႔ကို အခ်င္းခ်င္းကူညီတတ္ေစဖို႔နဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ မွီခိုအားထားေစဖို႔ သင္ေပးပါတယ္။

၇။ ရန္ျဖစ္ရင္ အျပင္မွာ ထုတ္ထားပါ

အရာရာတိုင္းမွာ အခ်ိန္နဲ႔ ေနရာဆိုတာ ရွိတာေၾကာင့္ အိမ္ထဲမွာ ရန္ျဖစ္ျခင္း၊ ေအာ္ဟစ္ျခင္းလုပ္ရမယ့္ ေနရာမဟုတ္ဘူးဆိုတာ ကေလးေတြကို အသိေပးပါ။ ဒီနည္းလမ္းက ကေလးေတြကို ေဒါသတခ်ိဳ႕ ေျပေစဖို႔ အခြင့္အေရးတစ္ခု လည္းေပးပါတယ္။ ေနာက္ဆုံးမွာ ရန္ျဖစ္တဲ့ အေလ့အထ ေပ်ာက္သြားပါလိမ့္မယ္။

၈။ အားလပ္ရက္ေတြ စီစဥ္ပါ

ကေလးေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ရင္းႏွီးကြၽမ္းဝင္ေနဖို႔ အေရးႀကီးပါတယ္။ ဒီအတြက္ ဘာအေသးစိတ္ စီစဥ္မႈမွ မလိုပါဘူး။ တနဂၤေႏြ ပိတ္ရက္မွာ ကေလးေတြကို ေခၚၿပီး တိရိစာၦန္႐ုံ သြားပါ။

၉။ သူတို႔ေကာင္းတာလုပ္ရင္ ခ်ီးက်ဴးေပးပါ

ကေလးေတြ ဆိုးဆိုးဝါးဝါး လုပ္ျပေနတဲ့အခါမွာ အသိအမွတ္မျပဳပါနဲ႔။ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ပူးေပါင္းေနတာကို ေတြ႕တဲ့အခါ သူတို႔ကို မွတ္ခ်က္ေပးၿပီး ဆုခ်ပါ။ အျပဳသေဘာေဆာင္တဲ့ အားေပးမႈက သူတို႔အတြက္ အေရးႀကီးပါတယ္ေနာ္။

ေမာင္ႏွမအခ်င္းခ်င္း ရန္ျဖစ္တာက ေကာင္းသလား?

ကေလးအ႐ြယ္မွာ ေမာင္ႏွမအခ်င္းခ်င္း ရန္ျဖစ္တာက ေကာင္းတဲ့အရာတစ္ခုလား။ Parent’s Guide ေတြကို ေရးသားသူ Marian Edelman Borden ကေတာ့ ရန္ျဖစ္ျခင္းက ကေလးေတြအတြက္ က်န္းမာသန္စြမ္းေစၿပီး ေရရွည္မွာ ကေလးေတြကို အကူအညီျဖစ္ေစတယ္လို႔ ထင္ျမင္ေၾကာင္း ေဖာ္ျပထားပါတယ္။ ေနာက္ဆုံးအေနနဲ႔ ကေလးေတြကို ကိုယ္ထိလက္ေရာက္ ရန္ျဖစ္မယ့္အစား စကားလုံးေတြသုံးၿပီး ျပႆနာကို ဘယ္လိုေျဖရွင္းမလဲ၊ ကိုယ့္အျမင္ကို ဘယ္လိုေဖာ္ျပမလဲဆိုတဲ့ သင္ခန္းစာမ်ားကို သင္ေပးၿပီး သူတို႔မွာ ေမြးခ်င္းေမာင္ႏွမရွိျခင္းက ဘယ္ေလာက္ ကံေကာင္းေၾကာင္း တန္ဖိုးထားတတ္ေအာင္ သင္ေပးဖို႔ အေရးႀကီးပါတယ္။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here