သင်ကိုယ်တိုင်က အမေတစ်ယောက်အနေနဲ့ အရမ်းပင်ပန်းနေပြီဆိုရင် အပြောင်းအလဲတစ်ချို့လုပ်ဖို့အတွက်အချိန်ကျရောက်လာပါပြီ။ အမေတစ်ယောက်ဖြစ်ရတာဟာ တန်ဖိုးရှိတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ မိခင်တွေဟာ သူတို့ရဲ့ ကလေးသေးသေးလေးတွေကို သူတို့ကိုယ်တိုင်အပ်နှံဖို့ အထူးအခွင့်အရေးရရှိထားတဲ့ သူတွေဖြစ်ပါတယ်။ အဲ့ဒီ့အတွက်လိုအပ်တဲ့ စွမ်းအင်နှင့် အားထုတ်မှုတွေအားလုံးကို တည်ဆောက်နိုင်ပါတယ်။ မိခင်အများစုဟာ မိသားစုဘ၀နှင့် ကိုယ်ရေးကိုယ်တာဘ၀ ညီမျှမှုရှိရပါမယ်။ မိခင်ဖြစ်လာခြင်းနှင့်အတူ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေအားလုံးကို လက်ခံဖို့ အချိန်ကာလတစ်ခု လိုအပ်ပါတယ်။ သင့်ရဲ့ အလုပ်စာရင်းတွေက အလွန်များပြားနေပေမယ့်လည်း သင့်ခန္ဓာကိုယ်က အနားယူပေးဖို့ တောင်းပန်နေပါတယ်။ ဒါကြောင့်မို့လို့ ဒီကနေ့မှာ ခြေကုန်လက်ပန်းကျနေမေမေတွေအတွက် အနားယူနိုင်စေဖို့ လက်တွေ့ကျတဲ့ အကြံညဏ်တွေကို မျှ၀ေပေးလိုက်ပါတယ်။
အသက်ရှူလေ့ကျင့်ခန်း လုပ်ကြည့်ပါ
အလွန်အကျိုးရှိတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့ အသက်ပြင်းပြင်းရှူခြင်းကိုအနည်းငယ်ပြုလုပ်ပေးဖို့ အကြုံပြုချင်ပါတယ်။ သင့်အနေနဲ့ စိတ်ဖိစီးမှုတွေကြုံလာတိုင်း အသက်ကို ခပ်ပြင်းပြင်းရှူလိုက်တဲ့အခါ သင့်ခံစားမှုတွေကို မေ့သွားဖို့ လွယ်ကူပါတယ်။ ပုံမှန်လေ့ကျင့်ခန်းအနေနဲ့ လုပ်ဖို့ လိုအပ်ပါတယ်။ ဒါဟာ သင့်ရဲ့ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကို လျှော့ချနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ အကျိုးရလဒ်အနေနဲ့ သင်ဟာ ပိုပြီးတော့ စိတ်အေးလက်အေးရှိလာပါလိမ့်မယ်။
တတ်နိုင်ရင် အိပ်ပါ
အိပ်စက်ခြင်းက ဇိမ်ခံပစ္စည်းတော့မဟုတ်ပေမယ့် မိခင်တွေအတွက်တော့ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ သင့်ကလေးအိပ်နေတဲ့အချိန်မှာ အိပ်စက်နိုင်ပါတယ်။ နာရီအနည်းငယ်မျှအိပ်စက်ရုံဖြင့် သင့်ရဲ့ serotoninပမာဏကို မြင့်တက်စေနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချနိုင်ဖို့နှင့် သင့်ရဲ့ စွမ်းအင်တွေ ပြန်ပေးဖို့ ကြီးမားတဲ့ ခြားနားချက်ကို ဖြစ်စေပါလိမ့်မယ်။ တစ်နေ့ကို မိနစ်၂၀လောက်အိပ်စက်ပေးမယ်ဆိုရင်များစွာ အထောက်အကူဖြစ်နေပါပြီ။ ညအချိန်မှာ သင့်ရဲ့ စွမ်းရည်ကို ထိခိုက်ခြင်းမရှိဘဲ ပိုမိုနိုးကြားပြီးတော့ အကျိုးရှိစေပါတယ်။

ပင်ပန်းနေတဲ့ မိခင်တစ်ယောက်အနေနဲ့ ဦးစားပေးအရာတွေကို သတိရဖို့လိုပါတယ်
ပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားရတဲ့အချိန်မှာ သင့်အတွက်အရေးကြီးဆုံးအရာကို သတိရပါ။ သင်ဦးစားပေးစာရင်းတစ်ခု ပြုစုပြီးတာနဲ့ သင်ဟာ ပိုပြီး စိတ်သက်သာရာရပြီး
ဘယ်လုပ်ဆောင်ချက်မဆို အမှားအယွင်းနည်းနည်းနှင့် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒါအပြင် သင်အမှန်တကယ်လုပ်ဖို့လိုအပ်တဲ့ အရာတွေကို အာရုံစိုက်နိုင်ပြီး အရေးမကြီးတဲ့ အလုပ်တွေကို ချန်ထားခဲ့နိုင်ပါတယ်။

သင့်ရဲ့ စွမ်းအင်ပမာဏကို သတိပြုပါ
နောက်ဆုံးအနေနဲ့ သင်ရဲ့ စွမ်းအင်ပမာဏကို သတိပြုမိဖို့ လိုအပ်ပါလိမ့်မယ်။ ကျွန်မတို့ပြောချင်တာက သင့်ရဲ့ ခန္ဓာကိုယ်ဟာ ခံစားချက်တွေနဲ့ တစ်နေ့ တာ အတွင်း သင်ဘယ်လောက်အထိလှုပ်ရှားဆောင်ရွက်နေသလဲဆိုတာကို သတိပြုမိဖို့ လိုပါတယ်။ နောက်ကြောင်းပြန် လှည့်ပြီး သင့်ကို စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ အကျိုးသက်ရောက်စေမယ့် အရာတွေကို ဖော်ထုတ်ပေးခြင်းကို ဆိုလိုတာပါ။ ကျွန်မတို့တွေရဲ့ စိတ်ခံစားမှုတွေဟာ ကျွန်မတို့ရဲ့ စွမ်းအင်ပမာဏအပေါ် အကျိုးသက်ရောက်မှုများစွာရှိနေတယ်ဆိုတာ သတိရပေးပါ။ သင်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေဟာ သင်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာစွမ်းအင်ကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ အဲ့သလိုပါပဲ သင့်အနေနဲ့ သင့်ရဲ့ စွမ်းအင်ပမာဏကို သတိပြုမိမယ်ဆိုရင် သင့်ကိုတွန်းအားပေးနိုင်တယ်ဆို သံသယ၀င်စရာ အကြောင်းမရှိတော့ပါဘူး။
ဒီအချက်အလက်တွေကို သင့်အနေနဲ့ နားလည်သဘောပေါက်သွားပြီဆိုရင်
ဘာကိုများ စောင့်နေဦးမှာလဲ။ ဒီအကြံညဏ်တွေကို လက်တွေ့အသုံးချပါ။ သင့်ရဲ့ ခန္ဓာကိုယ်က သင့်ကို ကျေးဇူးတင်နေမှာ သေချာပါတယ်။