မြီးကောင်ပေါက်အရွယ် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ ရာဇ၀တ်မှုတွေဟာ ယနေ့ခေတ်မှာ အလွန်ကြီးမာသော ရာဇ၀တ်မှုတစ်ခုလို ဖြစ်နေပါတယ်။ ဒါတွေကို ဖော်ထုတ်နိုင်ဖို့ နှင့် အစီရင်ခံနိုင်ဖို့ အတွက် ဆိုက်ဘာကွန်ယက်ဆိုင်ရာ ရာဇ၀တ်မှုတွေကို သိဖို့ အရေးကြီးပါတယ်။ လူမှုကွန်ယက်မှာ အနိုင်ကျင့်ခြင်း (သို့) ဆိုက်ဘာအနိုင်ကျင့်ခြင်းလိုမျိုး ၀ေါဟာရများကို သင့်အနေနဲ့ကြားဖူးပြီးသားဖြစ်မှာပါ။ အဲ့သလို အင်တာနက်၊ ဟန်းဖုန်းနှင့် အခြားဒစ်ဂျစ်တယ်နည်းပညာများ အလွဲသုံးစားမှုနှင့် ဆက်နွယ်နေသော တစ်ခြား ရာဇ၀တ်မှု များစွာ ရှိနေပါတယ်။ ဒီကနေ့မှာတော့ ဆိုင်ဘာနက်ဆိုင်ရာ ရာဇ၀တ်များနှင့်ပတ်သက်ပြီး အားလုံးသိထားဖို့ လိုအပ်ပါတယ်။
မကြာသေးမီကာလတွေအတွင်းမှာ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာများ(ICT)ဟာ ကျွန်မတို့တွေရဲ့ နေ့စဥ်ဘ၀တွေမှာ မရှိမဖြစ်အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တယ်။ ဒါတွေကတော့ စမတ်တီဗီ၊ စမတ်ဖုန်း၊ တက်ပလက် (သို့) ကွန်ပျူတာ စတဲ့ ပစ္စည်းတွေဟာ ကျွန်မတို့တွေနဲ့ တစ်ခုမဟုတ် တစ်ခု ချိတ်ဆက်နေပါတယ်။
အထူးသဖြင့် ဆယ်ကျော်သက်တွေအပေါ်မှာ သက်ရောက်မှုရှိပြီးတော့ တစ်ခါတစ်ရံမှာ နည်းပညာအသစ်ကို အလွဲသုံးစားပြုကြခြင်းဖြစ်ပါတယ်။ တကယ်တော့ မြီးကောင်ပေါက်အရွယ်ကာလအတွင်း ဆိုက်ဘာနက်ရာဇ၀တ်မှုတွေဟာ နေ့စဥ်နှင့်အမျှ ပိုများလာနေပါတယ်။

ဆိုက်ဘာနက်အမျိုးအစားများ
ဆယ်ကျော်သက်တွေအများစု ကျူးလွန်ကြတဲ့ ဆိုက်ဘာအင်အားစုအများစုတွေကတော့ အရှက်ရစေခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိင်၊ ငွေညှစ်ခြင်း တွေက အများစုဖြစ်နေပါတယ်။
Sextortion-ဒါကတော့ သူမ (သို့) သူမရဲ့ လိင်ပိုင်းဆိုင်ရာ ပုံရိပ်ကို တစ်ခြားသူက မသင့်လျော်စွာ အသုံးပြုဖို့ ခြိမ်းခြောက်တဲ့ အခါမှာ လူတစ်ဦးခံစားနေရတဲ့ အနိုင်ကျင့်ခံရခြင်းကို ဆိုလိုပါတယ်။ ရာဇ၀တ်မှုကျူးလွန်တဲ့ သူဟာ ရုပ်ပုံအား တရား၀င်ဖြစ်စေ ၊ လူသိထင်ရှားဖြစ်စေ ပရိသတ်ဆီပေးပို့ရန် ခြိမ်းခြောက်ခြင်းဖြစ်ပါတယ်။
Cyberstalking-Cyberstalkingဆိုတာ တစ်ခြားသူတစ်ဦးဦးအား သူတို့ရဲ့ ဆန္ဒကို ဆက်လက်ဖိနှိပ်ချုပ်ချယ်ထားခြင်းဖြစ်ပါတယ်။တစ်နည်းအားဖြင့် နည်းပညာအသစ်များဖြင့် တစ်စုံတစ်ဦးကို နောက်ယောင်ခံခြင်းကို ရည်ညွှန်းပါတယ်။
Grooming-Groomingဆိုတာ အရွယ်မရောက်သေးသူများကို လိမ်လည်လှည့်ဖျားပြီး ယုံကြည်မှုနှင့် ခင်မင်ရင်းနှီးမှု ဆက်ဆံရေးကို တည်ဆောက်ဖို့ အရွယ်ရောက်ပြီးသားလူတစ်ယောက်က အင်တာနက်မှတစ်ဆင့် ပြုမူတဲ့ အပြုအမူတွေဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ဖို့ပါ။ နောက်ဆုံးမှာ အရွယ်ရောက်ပြီးသားသူက အသေးအဖွဲမှညစ်ညမ်းသော ရုပ်ပုံများနှင့် ဗီဒီယိုတွေကို စတင်တောင်းခံလာပါလိမ့်မယ်။

Cracking-Crackingဆိုတာ အခြားသူတစ်ဦးဦးရဲ့ အီလက်ထရောနစ်ပစ္စည်းများကို ထိန်းချုပ်ရန်အတွက် ဆော့၀ဲရဲ့ ပြုပြင်ခြင်းဖြစ်ပါတယ်။ ၎င်းဟာ ဘယ်သူနဲ့ စကားပြောနေတယ်၊ ဘယ်သူနဲ့ အဆက်အသွယ်ရှိနေတယ်၊ ဘယ်နေရာမှာ ရှိတယ်ဆိုတာ တွေကို ရှာဖွေသိနိုင်ပါတယ်။ ဒီနည်းလမ်းကိုတော့ ဆယ်ကျော်သက်စုံတွဲတွေကြားမှာ တွေ့ရလေ့ရှိပါတယ်။
Cyberbullying-Cyberbullingဆိုတာကတော့ အင်တာနက်၊ ဆဲလ်ဖုန်းနှင့် အခြားဒစ်ဂျစ်တယ်နည်းပညာတွေကနေတစ်ဆင့် တစ်စုံတစ်ယောက်အား စဥ်ဆက်မပြတ် အရှက်တကွဲအကျိုးနည်းစေခြင်းဖြင့် ခြိမ်းခြောက်ခြင်းဖြစ်ပါတယ်။ ဒီလိုနည်းတွေဟာ ကျောင်းချိန်အတွင်းသာမက မည်သည့်အချိန်မှာ မဆို ဖြစ်ပွားနိုင်ပါတယ်။ ဒီအနိုင်ကျင့်ခြင်းမှာ sectortion/ cyberstalking လို အခြားဆိုက်ဘာဆိုင်ရာ ရာဇ၀တ်မှုတွေလည်း ပါ၀င်ပါတယ်။

Cyberbullyingရဲ့ ကွဲပြားခြားနားသော အသုံးအနှုန်းများ
-ကျူးလွန်ခံရသူများရဲ့ ဓါတ်ပုံများ (သို့) ဗီဒီယိုများကို အလျှော့ပေးလိုက်လျောခြင်း( ဒီဓါတ်ပုံတွေဟာ အမှန်တကယ်ဖြစ်နိုင်သလို editလုပ်ထားတာလည်း ဖြစ်နိုင်ပါတယ်)။
သားကောင်ရဲ့ ဓါတ်ပုံကို ၀က်ဘ်ဆိုက်ကိုတင်ခြင်းက သူ/သူမ အား သူတစ်ပါးကဲ့ရဲ့ ၊ လှောင်ပြောင်ရန် ဖော်ထုတ်ခြင်းဖြစ်ပါတယ်။
-သူ/သူမရဲ့ privacyကို ချိုးဖောက်ရန် ၎င်းရဲ့ အီးမေးစကား၀ှက်၊ ဆိုရှယ်မီဒီယာစကား၀ှက်ကို ခိုးယူခြင်း။
-ဆိုရှယ်မီဒီယာမှာ ကောလဟလများ ပျံ့နှံ့စေခြင်း၊ တစ်စုံတစ်ဦးအား မုန်းတီးသော ဒါမှမဟုတ် သစ္စာမဲ့သောအပြုအမူဟု စွပ်စွဲခြင်း။
-လူမှုမီဒီယာတွေမှာ သားကောင်ရဲ့ အမည်ကို အသုံးပြုပြီး မှားယွင်းသော ကိုယ်ရေးကိုယ်တာအချက်အလက်များ ဖန်တီးခြင်း။
မိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးတွေကို ဒီအမှုတွေနဲ့ ပတ်သက်ပြီးတော့ ပြောဆိုဖို့နှင့် အင်တာနက် အသုံးပြုမှုကို တတ်နိုင်သမျှ စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ ဒါမှသာလျှင် သူတို့ကို သင့်အနေနဲ့ ဆိုရှယ်မီဒီယာရဲ့သားကောင်ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး ရန်လိုသူများ မဖြစ်အောင် တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။

Chit_May_May
Nyein_Thu
sources-Youaremom