မွေးကင်းစကလေးတွေနဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ အချက်(၁၁) ချက်

0
158
- Advertisement -

မွေးကင်းစကလေးတွေနဲ့ ပတ်သတ်ပြီး ထူးခြားချက်လေးတွေနဲ့ ဖြစ်တတ်တာတွေ ရှိပါတယ်။ တချိန်မှာ မိဘဖြစ်လာမယ့်သူတွေ ဗဟုသုတရရှိစေဖို့ ဖော်ပြလိုက်ရပါတယ်။

မွေးကင်းစကလေးတွေ ပထမဆုံးစွန့်တဲ့ မစင်ဟာ မနံပါဘူး
မိခင်ဝမ်းထဲမှာ ရှိနေစဉ်အချိန်မှာပဲ သူတို့ရဲ့အစာအိမ်ထဲမှာ အချွဲတွေနဲ့ ဝမ်းထဲကအရည်တွေ ရှိနေပါတယ်။ ဒါပေမယ့် ဘက်တီးရီးယားမရှိသေးတဲ့အတွက် မွေးခါစကလေးတွေ ပထမဆုံးစွန့်တဲ့မစင်ဟာ ကတ္တရာလိုအရောင်ရှိနေပေမယ့် မနံပါဘူး။ သင့်ရဲ့ကလေးကို နို့တိုက်ခြင်းအစာကျွေးခြင်းတို့ စတင်ပြုလုပ်တဲ့အချိန်မှာတော့ ဘက်တီးရီးယားတွေ စတင်ဝင်ရောက်လာတဲ့အတွက် သူတို့ရဲ့မစင်ဟာ အစိမ်းရောင်၊ အဝါရောင်၊ အညိုရောင်အဖြစ် ပြောင်းလဲလာပြီး အနံ့ထွက်လာပါတယ်။

မွေးကင်းစကလေးတွေ တခါတလေအသက်ရှုရပ်ခြင်း
မွေးကင်းစကလေးတွေ အိပ်နေတဲ့အချိန်မျိုးမှာ ၅ စက္ကန့်ကနေ ၁၀ စက္ကန့်လောက်ထိ အသက်မရှုတော့ပဲ ရပ်တန့်နေတတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ မိဘတွေထိတ်လန့်တတ်ပေမယ့် ဒါဟာသာမာန်အခြေအနေ တစ်ခုသာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ငိုတဲ့အချိန်၊ စိတ်လှုပ်ရှားတဲ့အချိန်မှာ အသက်ရှုရပ်ခြင်း ပြာနှမ်းလာခြင်းတို့ဖြစ်ပါက အရေးပေါ်ကုသဖို့အတွက် လိုအပ်ပြီး ဆေးရုံသို့အမြန်ဆုံးသွားရောက်သင့်ပါတယ်။ ကလေးတွေ ငိုတဲ့အချိန်တွေမှာ ၁မိနစ်ကို အကြိမ်၆၀လောက် အသက်ရှုတတ်ပါတယ်။

- Advertisement -

ကလေးတွေရဲ့ အရသာခံနိုင်မှု
မွေးကင်းစကလေးငယ်တွေရဲ့ အရသာအာရုံခံမှုဟာ ကလေးအကြီးတွေနဲ့ အရွယ်ရောက်သူတွေရဲ့ အာရုံခံဆင်ဆာနဲ့ အတူတူလောက်ပဲဖြစ်ပါတယ်။ မွေးခါစကလေးငယ်ဟာ အချို၊ အခါးနဲ့အချဉ်ကို အရသာခံနိုင်ပေမယ့် အငန်ကိုတော့ ငါးလမရောက်ခင်ထိ အရသာမခံတတ်ပါဘူး။ မိခင်နို့ဟာ ချိုတဲ့အရသာရှိပြီး အခါးနဲ့အချဉ်ကတော့ သူတို့အတွက် အလွန်ဆိုးဝါးစေပါတယ်။ သူတို့တွေ အစိုင်အခဲစားစရာကို စတင်စားတဲ့အချိန်မှာ အမေဖြစ်သူကိုယ်ဝန်ဆောင်စဉ်မှာ စားခဲ့တာတွေနဲ့ နို့တိုက်တဲ့အချိန်မှာ စားခဲ့တဲ့စားစရာတွေကို သူတို့တွေပိုနှစ်သက်ကြပါတယ်။

ပထမဆုံးငိုတဲ့ အချိန်တွေမှာ မျက်ရည်မကျဘူး
ကလေးငယ်လေးတွေရဲ့ ပထမဆုံး နှစ်ပတ်နဲ့ သုံးပတ်လောက်အတွင်း သူတို့ငိုတဲ့အခါ မျက်ရည်ကိုသင်မြင်ရမှာ မဟုတ်ပါဘူး။ ဒီအတွက် အကြောင်းပြချက်မရှိသလို သင်ကူညီပေးနိုင်တာလည်း မရှိပါဘူး။ ၄-၆ ပတ် သို့မဟုတ် ၆-၈ ပတ်တွေမှာတော့ သူတို့တွေအရမ်းငိုတတ်ကြပြီး မျက်ရည်ကျတာကို သင်မြင်တွေ့ရပါလိမ့်မယ်။

မွေးကင်းစကလေးငယ်တွေမှာ ရင်သားရှိတယ်
သူတို့တွေ စတင်မွေးတဲ့အချိန်မှာတင် ယောကျ်ားလေးရော မိန်းကလေးမှာပါ သေးငယ်တဲ့ရင်သားရှိပြီး နို့ရည်တွေတောင် စိမ့်ထွက်လာတတ်ပါတယ်။ လက်နဲ့သွားညှစ်ခြင်းမျိုးကို မပြုလုပ်ပါနဲ့၊ ဘာကြောင့်လဲဆိုတော့ ကလေးငယ်တွေဟာ မိခင်ဆီကနေ အက်စထရိုဂျင်ကို စုပ်ယူနေပါတယ်။ ရက်သတ္တပတ်အနည်းငယ်လောက်မှာ ပျောက်ကင်းသွားမှာဖြစ်ပြီး မိန်းကလေးတွေလည်းထို့အတူပါပဲ။

သူတို့ရဲ့ခေါင်းကို ညာဖက်လှည့်ရတာပိုကြိုက်တယ်
ကလေးတွေအိပ်တဲ့အခါ ခေါင်းဘယ်စောင်းပြီးအိပ်တဲ့သူဟာ ၁၅% လောက်ပဲရှိပါတယ်။ ဒါဟာသူတို့ရဲ့ဗီဇနဲ့ပတ်သတ်ပြီးတော့ ဘာကြောင့် ညာသန်တဲ့လူတွေများရတာလည်း ဆိုတဲ့ အဖြေပါပဲ။

ကလေးငယ်တွေဟာ ရှုပ်ထွေးတဲ့တွက်ချက်မှုတွေ လုပ်နေတတ်တယ်
မွေးကင်းစကလေးငယ်တွေမှာ အချို့သောဦးနှောက်ဆဲလ်တွေ ပိုရှိပါတယ်။ သူတို့တွေရဲ့ ပထမဆုံးတစ်နှစ်အရွယ်အတွင်းမှာတင် အာရုံကြောတွေကနေ လျှပ်စစ်အချက်အလက်တွေ ပေးပို့နေတတ်ပါပြီ။ ကလေးငယ်တွေရဲ့ဦးနှောက် အရွယ်အစားဟာ ပိုကြီးပြီးတော့ အရွယ်ရောက်သူတွေရဲ့ဦးနှောက်ဆဲလ်တွေက သူတို့ထက်ပိုနည်းပါးပါတယ်။

မွေးကင်းစယောကျ်ားလေးတွေဟာ လိင်တံမာတတ်တယ်
သူတို့တွေ သေးပေါက်ချင်တဲ့ အချိန်မျိုးတွေမှာ လိင်တံဟာ မာပြီးထောင်လာတတ်ပါတယ်။ ဒီအတွက် ဘာကြောင့်လဲဆိုတာ စိုးရိမ်စရာနဲ့ ရှက်စရာလည်းမလိုပါဘူး။ သူမမွေးခင် အက်ထရာဆောင်း ရိုက်ကြည့်ရင်တောင်မှ တစ်ခါတစ်လေ သင်မြင်နိုင်ပါလိမ့်မယ်။ သူ့ကိုမွေးပြီးတဲ့အချိန်မှာ လိင်တံဟာပိုကြီးလာပြီး ဒါဟာလည်းသာမာန်အခြေအနေတစ်ခုပါ။

မွေးကင်းစကလေးတွေ အော်ဟစ်ခြင်း
သူတို့တွေဟာ သူတို့ကိုယ်သူတို့တောင်မှ ပြန်လန့်တတ်ကြပါတယ်။ ကျယ်လောင်တဲ့အသံတွေ၊ အနံ့စူးစူးတွေ၊ အလင်တောက်တောက်တွေ၊ ရုတ်တရက်လှုပ်ရှားမှုတွေနဲ့ သူတို့ရဲ့ ငိုသံကိုတောင်မှ ပြန်လန့်တတ်ကြပါတယ်။ ဒီလိုအချိန်မှာ သူတို့ကိုပွေ့ဖက်ခြင်း နောက်ကျောကိုပွတ်သပ်ခြင်းဖြင့် အကြောက်ပြေစေပါတယ်။

တချို့ အမှတ်တွေဟာ ပျောက်သွားတတ်တယ်
သူတို့မွေးခါစမှာ ပါလာတတ်တဲ့ အစိမ်းရောင်၊ အနီရောင် အမှတ်တွေနဲ့ အစက်အပျောက်တွေဟာ သွေးကြောတွေ ဖွံ့ဖြိုးမှု မြန်ဆန်ခြင်းကြောင့် ဖြစ်လာတတ်ပြီး ရက်သတ္တပတ်အတော်ကြာကြာ သို့ဟုတ် နှစ်အနည်းငယ်အတွင်း တဖြည်းဖြည်းမှိန်သွားပြီး ပျောက်ကွယ်သွားတတ်ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

Source-WebMD

Zawgyi Font

ေမြးကင္းစကေလးေတြနဲ႔ ပတ္သတ္ၿပီး သင္မသိေသးတဲ့ အခ်က္(၁၁) ခ်က္

ေမြးကင္းစကေလးေတြနဲ႔ ပတ္သတ္ၿပီး ထူးျခားခ်က္ေလးေတြနဲ႔ ျဖစ္တတ္တာေတြ ရွိပါတယ္။ တခ်ိန္မွာ မိဘျဖစ္လာမယ့္သူေတြ ဗဟုသုတရရွိေစဖို႔ ေဖာ္ျပလိုက္ရပါတယ္။

ေမြးကင္းစကေလးေတြ ပထမဆံုးစြန္႔တဲ့ မစင္ဟာ မနံပါဘူး
မိခင္၀မ္းထဲမွာ ရွိေနစဥ္အခ်ိန္မွာပဲ သူတို႔ရဲ႕အစာအိမ္ထဲမွာ အခၽြဲေတြနဲ႔ ၀မ္းထဲကအရည္ေတြ ရွိေနပါတယ္။ ဒါေပမယ့္ ဘက္တီးရီးယားမရွိေသးတဲ့အတြက္ ေမြးခါစကေလးေတြ ပထမဆံုးစြန္႔တဲ့မစင္ဟာ ကတၱရာလိုအေရာင္ရွိေနေပမယ့္ မနံပါဘူး။ သင့္ရဲ႕ကေလးကို ႏို႔တိုက္ျခင္းအစာေကၽြးျခင္းတို႔ စတင္ျပဳလုပ္တဲ့အခ်ိန္မွာေတာ့ ဘက္တီးရီးယားေတြ စတင္၀င္ေရာက္လာတဲ့အတြက္ သူတို႔ရဲ႕မစင္ဟာ အစိမ္းေရာင္၊ အ၀ါေရာင္၊ အညိဳေရာင္အျဖစ္ ေျပာင္းလဲလာၿပီး အနံ႕ထြက္လာပါတယ္။

ေမြးကင္းစကေလးေတြ တခါတေလအသက္႐ႈရပ္ျခင္း
ေမြးကင္းစကေလးေတြ အိပ္ေနတဲ့အခ်ိန္မ်ိဳးမွာ ၅ စကၠန္႔ကေန ၁၀ စကၠန္႔ေလာက္ထိ အသက္မ႐ႈေတာ့ပဲ ရပ္တန္႔ေနတတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးေတြမွာ မိဘေတြထိတ္လန္႔တတ္ေပမယ့္ ဒါဟာသာမာန္အေျခအေန တစ္ခုသာျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ငိုတဲ့အခ်ိန္၊ စိတ္လႈပ္ရွားတဲ့အခ်ိန္မွာ အသက္႐ႈရပ္ျခင္း ျပာႏွမ္းလာျခင္းတို႔ျဖစ္ပါက အေရးေပၚကုသဖို႔အတြက္ လိုအပ္ၿပီး ေဆး႐ံုသို႔အျမန္ဆံုးသြားေရာက္သင့္ပါတယ္။ ကေလးေတြ ငိုတဲ့အခ်ိန္ေတြမွာ ၁မိနစ္ကို အႀကိမ္၆၀ေလာက္ အသက္႐ႈတတ္ပါတယ္။

ကေလးေတြရဲ႕ အရသာခံႏိုင္မႈ
ေမြးကင္းစကေလးငယ္ေတြရဲ႕ အရသာအာ႐ံုခံမႈဟာ ကေလးအႀကီးေတြနဲ႔ အရြယ္ေရာက္သူေတြရဲ႕ အာ႐ံုခံဆင္ဆာနဲ႔ အတူတူေလာက္ပဲျဖစ္ပါတယ္။ ေမြးခါစကေလးငယ္ဟာ အခ်ိဳ၊ အခါးနဲ႔အခ်ဥ္ကို အရသာခံႏိုင္ေပမယ့္ အငန္ကိုေတာ့ ငါးလမေရာက္ခင္ထိ အရသာမခံတတ္ပါဘူး။ မိခင္ႏို႔ဟာ ခ်ိဳတဲ့အရသာရွိၿပီး အခါးနဲ႔အခ်ဥ္ကေတာ့ သူတို႔အတြက္ အလြန္ဆိုး၀ါးေစပါတယ္။ သူတို႔ေတြ အစိုင္အခဲစားစရာကို စတင္စားတဲ့အခ်ိန္မွာ အေမျဖစ္သူကိုယ္၀န္ေဆာင္စဥ္မွာ စားခဲ့တာေတြနဲ႔ ႏို႔တိုက္တဲ့အခ်ိန္မွာ စားခဲ့တဲ့စားစရာေတြကို သူတို႔ေတြပိုႏွစ္သက္ၾကပါတယ္။

ပထမဆံုးငိုတဲ့ အခ်ိန္ေတြမွာ မ်က္ရည္မက်ဘူး
ကေလးငယ္ေလးေတြရဲ႕ ပထမဆံုး ႏွစ္ပတ္နဲ႔ သံုးပတ္ေလာက္အတြင္း သူတို႔ငိုတဲ့အခါ မ်က္ရည္ကိုသင္ျမင္ရမွာ မဟုတ္ပါဘူး။ ဒီအတြက္ အေၾကာင္းျပခ်က္မရွိသလို သင္ကူညီေပးႏိုင္တာလည္း မရွိပါဘူး။ ၄-၆ ပတ္ သို႔မဟုတ္ ၆-၈ ပတ္ေတြမွာေတာ့ သူတို႔ေတြအရမ္းငိုတတ္ၾကၿပီး မ်က္ရည္က်တာကို သင္ျမင္ေတြ႕ရပါလိမ့္မယ္။

ေမြးကင္းစကေလးငယ္ေတြမွာ ရင္သားရွိတယ္
သူတို႔ေတြ စတင္ေမြးတဲ့အခ်ိန္မွာတင္ ေယာက်္ားေလးေရာ မိန္းကေလးမွာပါ ေသးငယ္တဲ့ရင္သားရွိၿပီး ႏို႔ရည္ေတြေတာင္ စိမ့္ထြက္လာတတ္ပါတယ္။ လက္နဲ႔သြားညွစ္ျခင္းမ်ိဳးကို မျပဳလုပ္ပါနဲ႔၊ ဘာေၾကာင့္လဲဆိုေတာ့ ကေလးငယ္ေတြဟာ မိခင္ဆီကေန အက္စထ႐ိုဂ်င္ကို စုပ္ယူေနပါတယ္။ ရက္သတၱပတ္အနည္းငယ္ေလာက္မွာ ေပ်ာက္ကင္းသြားမွာျဖစ္ၿပီး မိန္းကေလးေတြလည္းထို႔အတူပါပဲ။

သူတို႔ရဲ႕ေခါင္းကို ညာဖက္လွည္႔ရတာပိုႀကိဳက္တယ္
ကေလးေတြအိပ္တဲ့အခါ ေခါင္းဘယ္ေစာင္းၿပီးအိပ္တဲ့သူဟာ ၁၅% ေလာက္ပဲရွိပါတယ္။ ဒါဟာသူတို႔ရဲ႕ဗီဇနဲ႔ပတ္သတ္ၿပီးေတာ့ ဘာေၾကာင့္ ညာသန္တဲ့လူေတြမ်ားရတာလည္း ဆိုတဲ့ အေျဖပါပဲ။

ကေလးငယ္ေတြဟာ ႐ႈပ္ေထြးတဲ့တြက္ခ်က္မႈေတြ လုပ္ေနတတ္တယ္
ေမြးကင္းစကေလးငယ္ေတြမွာ အခ်ိဳ႕ေသာဦးေႏွာက္ဆဲလ္ေတြ ပိုရွိပါတယ္။ သူတို႔ေတြရဲ႕ ပထမဆံုးတစ္ႏွစ္အရြယ္အတြင္းမွာတင္ အာ႐ံုေၾကာေတြကေန လွ်ပ္စစ္အခ်က္အလက္ေတြ ေပးပို႔ေနတတ္ပါၿပီ။ ကေလးငယ္ေတြရဲ႕ဦးေႏွာက္ အရြယ္အစားဟာ ပိုႀကီးၿပီးေတာ့ အရြယ္ေရာက္သူေတြရဲ႕ဦးေႏွာက္ဆဲလ္ေတြက သူတို႔ထက္ပိုနည္းပါးပါတယ္။

ေမြးကင္းစေယာက်္ားေလးေတြဟာ လိင္တံမာတတ္တယ္
သူတို႔ေတြ ေသးေပါက္ခ်င္တဲ့ အခ်ိန္မ်ိဳးေတြမွာ လိင္တံဟာ မာၿပီးေထာင္လာတတ္ပါတယ္။ ဒီအတြက္ ဘာေၾကာင့္လဲဆိုတာ စိုးရိမ္စရာနဲ႔ ရွက္စရာလည္းမလိုပါဘူး။ သူမေမြးခင္ အက္ထရာေဆာင္း ႐ိုက္ၾကည့္ရင္ေတာင္မွ တစ္ခါတစ္ေလ သင္ျမင္ႏိုင္ပါလိမ့္မယ္။ သူ႕ကိုေမြးၿပီးတဲ့အခ်ိန္မွာ လိင္တံဟာပိုႀကီးလာၿပီး ဒါဟာလည္းသာမာန္အေျခအေနတစ္ခုပါ။

ေမြးကင္းစကေလးေတြ ေအာ္ဟစ္ျခင္း
သူတို႔ေတြဟာ သူတို႔ကိုယ္သူတို႔ေတာင္မွ ျပန္လန္႔တတ္ၾကပါတယ္။ က်ယ္ေလာင္တဲ့အသံေတြ၊ အနံ႕စူးစူးေတြ၊ အလင္ေတာက္ေတာက္ေတြ၊ ႐ုတ္တရက္လႈပ္ရွားမႈေတြနဲ႔ သူတို႔ရဲ႕ ငိုသံကိုေတာင္မွ ျပန္လန္႔တတ္ၾကပါတယ္။ ဒီလိုအခ်ိန္မွာ သူတို႔ကိုေပြ႕ဖက္ျခင္း ေနာက္ေက်ာကိုပြတ္သပ္ျခင္းျဖင့္ အေၾကာက္ေျပေစပါတယ္။

တခ်ိဳ႕ အမွတ္ေတြဟာ ေပ်ာက္သြားတတ္တယ္
သူတို႔ေမြးခါစမွာ ပါလာတတ္တဲ့ အစိမ္းေရာင္၊ အနီေရာင္ အမွတ္ေတြနဲ႔ အစက္အေပ်ာက္ေတြဟာ ေသြးေၾကာေတြ ဖြံ႕ၿဖိဳးမႈ ျမန္ဆန္ျခင္းေၾကာင့္ ျဖစ္လာတတ္ၿပီး ရက္သတၱပတ္အေတာ္ၾကာၾကာ သို႔ဟုတ္ ႏွစ္အနည္းငယ္အတြင္း တျဖည္းျဖည္းမွိန္သြားၿပီး ေပ်ာက္ကြယ္သြားတတ္ပါတယ္။

LM_Naung_Naung

Lifestyle_Myanmar

Source-WebMD

LEAVE A REPLY

Please enter your comment!
Please enter your name here