
မွေးကင်းစကလေးငယ်တွေဟာ လူကြီးတွေဆီကနေ အမြဲတမ်း အကူအညီလိုအပ်နေတဲ့ နုနယ်သူလေးတွေနဲ့ တူပေမယ့် တကယ်တော့ ဘေဘီလေးတွေက ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီးသန်မာကြပါတယ်။ သူတို့က ဓါတုဗေဒဆိုင်ရာ လှုံ့ဆော်မှုတွေအကူအညီနဲ့ မိခင်တွေကို ခြယ်လှယ်နိုင်စွမ်းရှိကြပါတယ်။ သူတို့ဟာ မျက်စိဖွင့်လျက်နဲ့လည်း အိပ်တတ်ပြီး အမြင့်ကိုလည်း မကြောက်ကြပါဘူး။ ယနေ့မှာတော့ မွေးကင်းစကလေးတွေနှင့် လောကကြီးထဲကို ဝင်ရောက်လာမယ့် ကလေးတွေအကြောင်း ထူးခြားချက်လေးတွေကို မျှဝေပေးချင်ပါတယ်။ သူတို့ဟာ တကယ့်စူပါဟီးရိုးလေးတွေ ဖြစ်ကြပါတယ်။
၁။ မွေးကင်းစကလေးငယ်တွေဟာ လူကြီးတွေထက် အရသာခံစားမှု ပိုကောင်းပါတယ်
ကလေးရဲ့ လျှာ၊ ချွဲအမြှေးပါးနင့်အာခေါင်ဟာ အရွယ်ရောက်ပြီးသူများထက် အရသာခံစားမှု ပိုကောင်းပါတယ်။ သိပ္ပံပညာရှင်အချို့က ဒီအရသာဘုလေးတွေဟာ ၎င်းတို့ရဲ့ ပတ်ဝန်းကျင်ကမ္ဘာကို စူးစမ်းဖို့အတွက် လိုအပ်တယ်လို့ ယုံကြည်ကြပါတယ်။ အရာဝတ္တုများကို လျှာဖြင့် လျက်တဲ့အခါ ကလေးတွေဟာ အရသာထက်ကို ပိုခံစားမိနိုင်ပါတယ်။ synesthesia ရဲ့သီအိုရီအရ အာရုံခံစနစ်တစ်ခုမှ အချက်ပြမှုဟာ အခြားစနစ်တစ်ခုမှာ အဆုံးသတ်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် လူတစ်ယောက်ဟာ ဂီတရဲ့အရောင်ကို မြင်နိုင်တာ(သို့) စကားလုံးရဲ့အနံ့ကိုခံစားမမိနိုင်တဲ့အခါ ဖြစ်ပါတယ်။ မွေးကင်းစကလေးငယ်တွေမှာလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပါတယ်။
- အာရုံခံဆဲလ်များစွာနှင့် အရသာဖုသီးလေးများ ရှိတာကြောင့် ကလေးတွေဟာ လက်တွေ၊ အရုပ်တွေနှင့် သူတို့နားမှာ ဝန်းရံနေတဲ့ အခြားအရာတွေကို လျက်ခြင်းဖြင့် လူကြီးတွေထက် အရာဝတ္တုများအကြောင်း သတင်းအချက်အလက်ပိုရရှိပါတယ်။ ကျွန်တော်တို့ အသက်ကြီးလာတဲ့အခါ မလိုအပ်တဲ့ အာရုံကြောဆက်သွယ်မှုတွေကို ဖြတ်တောက်လိုက်ပြီး လောကကို သာမန်နည်းလမ်းဖြင့် မြင်ပါတယ်။

၂။ ကလေးတစ်ယောက်ဟာ သူတို့မိခင်ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို restore လုပ်နိုင်ပါတယ်
သိပ္ပံပညာရှင်တွေက နှလုံးကြွက်သားအားနည်းမှုရှိတဲ့ အမျိုးသမီးတစ်ချို့ဟာ ကလေးမွေးပြီးရင် သက်သာလာတာကို သတိပြုမိကြပါတယ်။ ဒီအရာကို ကျေးဇူးတင်သင့်တဲ့သူက အမိဝမ်းထဲက သန္ဓေသားဖြစ်ပါတယ်။ မိခင်ရဲ့ နှလုံးရောဂါလှုပ်ရှားမှုဟာ ကလေးရဲ့ ချက်ကြိုးကနေ ပင်မဆဲလ်များကြောင့် တိုးတတ်ကောင်းမွန်စေနိုင်ပါတယ်။
- တခြားကိုယ်တွင်းအင်္ဂါတွေလည်း အတူတူပါပဲ။ သန္ဓေသားဆဲလ်တွေကို ပျက်စီးသွားတဲ့ အဆုတ်များ၊ နှလုံးများ (သို့) ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ဦးနှောက်တွေမှာ တွေ့ရှိရပါတယ်၊ ဆိုလိုတာက သန္ဓေသားဟာ ဆက်လက််ရှင်သန်နိုင်ဖို့အတွက် မိခင်ရဲ့ ခန္ဓာကိုယ်ကို ပြုပြင်ဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်။

၃။ တစ်ချို့ကလေးတွေဟာ မျက်လုံးတစ်ဝက် ဖွင့်အိပ်တတ်ကြပါတယ်
ကြောက်စရာမဟုတ်ပါလို့ ဆရာဝန်များက ပြောကြားထားပါတယ်။ မျက်လုံးတစ်ဝက်ဖွင့်အိပ်တာက ကလေးငယ်တွေရဲ့ အိပ်စက်မှုက Rapid Eye Movement (REM) အဆင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဆင့်က အိမ်မက်တွေကို မြင်တဲ့အဆင့်ဖြစ်ပြီး တစ်နေ့လုံး ကျွန်တော်တို့ရရှိတဲ့ သတင်းအချက်အလက်တွေကို လုပ်ဆောင်တဲ့ အဆင့်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အရွယ်ရောက်သူတွေဟာ ဒီအဆင့်တွင် တစ်ညလျှင် ၂၅ရာခိုင်နှုန်းနှင့် ကလေးငယ်တွေမှာ ၅၀ရာခိုင်နှုန်း အသုံးပြုကြပါတယ်။ ဒါက ကလေးတွေရဲ့ မှတ််ဉာဏ်ကို လေ့ကျင့်ပေးပြီး အာရုံကြောစနစ်ကို တိုးတတ်စေပါတယ်။
- ကလေးတွေမှာ REM အိပ်စက်မှုက ကြီးစိုးတာကြောင့် ငယ်ရွယ်တဲ့ မိဘတွေအတွက် ကလေးကို အိပ်ပျော်အောင် သိပ်ရတာ ခက်ခဲနိုင်ပါတယ်။

၄။ မွေးကင်းစကလေးတွေဟာ ချွေးမထွက်တတ်သလို မျက်ရည်မကျဘဲ ငိုတတ်ပါတယ်
တစ်ပတ်သား ကလေးတွေဟာ မျက်ရည်မကျဘဲ ငိုတတ်ပြီး ချွေးမထွက်တတ်ကြပါဘူး။ ဒီအရာက lacrimal ပြွန်တွေနဲ့ ချွေးဂလင်းတွေ ဖွံ့ဖြိုးမှု အားနည်းခြင်းကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ချွေးထွက်သော ဂလင်း ၂မျိုးရှိပါတယ်။ လူပျို/အပျိုပေါက်မတိုင်ခင် activated မဖြစ်တဲ့ apocrine ဂလင်းနှင့် မွေးပြီးနောက် ရက်သတ္တပတ်အနည်းငယ်မှာ activated ဖြစ်တဲ့ eccrine ဂလင်းတို့ဖြစ်ပါတယ်။
- ထို့ကြောင့် မိဘတွေအနေနဲ့ ကလေးကို အလွန်အကျွံပူအောင်မထားဖို့ အရေးကြီးပါတယ်။ မွေးကင်းစကလေးတွေဟာ သူတို့ဘာသာသူတို့ အအေးမပတ်နိုင်တာကြောင် မွေးကင်းစကလေးတွေကို အထပ်ထပ်ထုပ်ထားတာက အန္တရာယ်ရှိပါတယ်။

၅။ မွေးကင်းစကလေးငယ်တွေဟာ မိခင်တွေရဲ့ အပူအချက်ပြမှုကို သိရှိနိုင်ပါတယ်
သဘာဝက မွေးကင်းစကလေးငယ်တွေကို ထူးခြားတဲ့ အပူချိန် အာရုံခံကိရိယာတွေဖြင့် ထောက်ပံ့ပေးထားပါတယ်။ မွေးပြီးပြီးချင်းကလေးကို မိခင််ရဲ့ ရင်သားပေါ်မှာ တင်ထားပါက နို့သီးခေါင်းကို သွားစို့ပါလိမ့်မယ်။ အီတလီဆရာဝန်များက လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပြီး ကလေးရဲ့ နှုတ်ခမ်းအပူချိန်ဟာ မိခင်ရဲ့ ရင်သားအပူချိန်ထက် နိမ့်ကျကြောင်း တွေ့ရှိခဲ့ပါတယ်၊ ဒီခြားနားချက်ကြောင့် ကလေးဟာ သူတို့ရဲ့ အစားအစာအရင်းအမြစ်ကို ရှာတွေ့နိုင်ပါတယ်။
- သိပ္ပံပညာရှင်များက အမျိုးသမီးတွေဟာ ကလေးငယ်တွေကို အပူအချက်ပြပေးနိုင်ပြီး ကလေးငယ်တွေဟာ ၎င်းတို့အား ခံစားနိုင်စွမ်းရှိတယ်လို့ ထင်မြင်ကြပါတယ်။

၆။ မွေးကင်းစကလေးမှာ လူကြီးထက် အာရုံကြောဆက်သွယ်မှု ပိုရှိပါတယ်
ကလေးငယ်တွေဟာ ဦးနှောက်မှာ အာရုံကြော ဆက်သွယ်မှုပေါင်း ဘီလီယံ ၁၀၀ ဖြင့်မွေးဖွားလာပါတယ်။ ဒါက လူကြီးတွေထက် ၂ဆပိုပါတယ်။ ထို့အပြင် ကလေးရဲ့ ဦးနှောက် ပမာဏဟာ အရမ်းသေးငယ်ပါတယ်။ ဆိုလိုတာက ကလေးတွေဟာ မိဘတွေထက် ပိုတွေးတောကြပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ တစ်နှစ်သားအရွယ်အတွင်းမှာ သတင်းအချက်အလက်များစွာကို နားလည်ဖို့ လိုအပ်ပါတယ်။ သို့သော် ဦးနှောက်က ၎င်းရဲ့ လုပ်ငန်းကို ပိုမိုကောင်းမွန်စေဖို့ အသက် ၃နှစ်အရွယ်မှာ synaptic ဆက်သွယ်မှု အပိုတွေကို ဖြတ်တောက်လိုက်ပါတယ်။
- အစီအစဉ်အရ synapses (နာဗ်ကြောဆက်)တွေကို မဖြတ်တောက်ဘူးဆိုရင် လူတစ်ယောက်ဟာ ပါရမီရှင်၊ အထီးကျန်စိတ်ဝေဒနာရှင် (သို့) စိတ်ကစဉ့်ကလျားရောဂါသည်တောင် ဖြစ်လာနိုင်ပါတယ်။
၇။ လူကြီးတစ်ယောက်ဟာ အအေးခံစားရတဲ့အခါ တုန်သွားတတ်သော်လည်း ကလေးတွေမှာ မခံစားရပါဘူး
မွေးကင်းစကလေးတွေဟာ အအေးခံစားရရင် မတုန်သွားပါဘူး။ သူတို့မှာ အပူထိန်းညှိမှုပြီးမြောက်ဖို့ အထူးနည်းလမ်းတစ်ခု ရှိပါတယ်။ ဒီသေးငယ်တဲ့ လူလေးရဲ့ ကိုယ်ခန္ဓာ ၅%ဟာ အညိုရောင် adipose တစ်ရှူးများဖြင့် နေရာယူထားပါတယ်။ ဒီတစ်ရှူးတွေက ကလေးငယ်ကို အလွန်အမင်း အေးစက်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ကလေးငယ်တွေဟာ လူကြီးတွေထက် အအေးပတ်တာ ပိုနည်းပါတယ်။ လူကြီးတွေမှာ ဒီ အပူထိန်းညှိမှု အမျိုးအစား မရှိပါဘူး။
- ကလေးငယ်တွေ တုန်နေတာကို သင်သတိပြုမိရင် ဒါဟာ အာရုံကြောဆိုင်ရာ ပြဿနာ (သို့) ကလေးငယ်ဟာ ဗိုက်ဆာနေကြောင်း ညွန်ပြနိုင်ပါတယ်။

၈။ ကလေးတွေရဲ့ မျက်လုံးအရောင်ဟာ ပြောင်းလဲနိုင်တယ်၊ သို့သော် ကလေးတွေ အားလုံးမှာ မတွေ့ကြုံရပါဘူး
ကလေးငယ်တွေရဲ့ မျက်လုံးအရောင်ဟာ ပြောင်းလဲနိုင်ပါတယ်။ အနောက်တိုင်းသား ကလေးတွေဟာ အပြာရောင် (သို့) အပြာရင့်ရောင် မျက်လုံးဖြင့် မွေးဖွားလာကြပေမယ့် ကြာရှည်မဟုတ်ပါဘူး။ ဒီအရာက ကိုယ်ခန္ဓာရှိ အရောင်ခြယ်ပစ္စည်း မယ်လနင်ကို ချက်ချင်း မထုတ်လုပ်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ မိဘဟာ ကလေးတွေ မျက်လုံးအရောင် ဘာရောင်ရှိလိမ့်မယ်ဆိုတာသာ မှန်းဆနိုင်ပါတယ်။
- အညိုရောင်မျက်ဝန်းရှိတဲ့ ကလေးငယ်တွေကတော့ မျက်လုံးအရောင်ပြောင်းလဲမှာ မဟုတ်ပါဘူး။ သူတို့ခန္ဓာကိုယ်မှာ မယ်လနင်အလုံအလောက်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ မျက်ဝန်းပြာပြာကလေးတွေဟာ cases ၅ခုအနက် ၄ခုမှာ အစိမ်းရောင်မျက်ဝန်း (သို့) အညိုရောင် မျက်ဝန်းများ ဖြစ်လာပါလိမ့်မယ်။

၉။ ကလေးငယ်တွေဟာ ဓါတုဗေဒဆိုင်ရာ လှုံ့ဆော်မှုများဖြင့် မိခင်ကို ခြယ်လှယ်နိုင်ပါတယ်
ကလေးငယ်တွေသည် မိခင်ရဲ့ ဦးနှောက်ထဲမှ သာယာပျော်ရွင်မှုနေရာတွေကို တိုက်ရိုက်သက်ရောက်နိုင်အောင် သဘာဝဖြင့် စီစဉ်ပေးထားပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူမကလေးရဲ့ အနံ့ကို ရှူရှိုက်မိတဲ့အခါ complex chemical တစ်ခု ဓါတ်ပြုမှု စတင်ပါတယ်။ သာယာပျော်ရွင်မှုအတွက် တာဝန်ရှိသော အရာဝတ္တုဖြစ်တဲ့ dopamine က သွေးကြောထဲသို့ စီးဝင်ပါတယ်။ ကျွန်တော်တို့ ဗိုက်အရမ်းဆာနေတုန်း အစာစားလိုက်ရတဲ့အချိန် (သို့) ရေငတ်နေတုန်း ရေသောက်လိုက်ရတဲ့အချိန်မှာ ထိုကဲ့သို့သော သာယာမှုအမျိုးအစားကို ခံစားရပါတယ်။
- ကလေးတွေ ချယ်လှယ်နိုင်စွမ်းရှိတာ သူတို့မိခင်တွေကိုသာ မဟုတ်ပါဘူး။ ကလေးရဲ့ အနံ့က ကလေး တခါမှ မမွေးဖူးခဲ့သူ အမျိုးသမီးတွေကိုတောင် အကျိုးသက်ရောက်ပါတယ်၊ သို့သော ဒီသက်ရောက်မှုက strong ဖြစ်မှာ မဟုတ်ပါဘူး။

၁၀။ ကလေးငယ်တွေဟာ တချို့အသက်အရွယ်အထိ အမြင့်မကြောက်ကြပါဘူး
သိပ္ပံပညာရှင်တွေက ကလေးငယ်တွေဟာ ၉လအထိ အမြင့်မကြောက်ကြဘူးလို့ ဆိုပါတယ်။ သူတို့ ဘယ်လိုတွားသွားရမယ်ဆိုတာကို လေ့လာမှသာလျှင် ကြောက်စိတ်ရရှိပါတယ်။ ငယ်ရွယ်တဲ့ ကလေးတွေအတွက်တော့ သူတို့ရဲ့ သတင်းအချက်ကင်းမဲ့ခြင်းက ထိုသတ္တိမျိုးကို ဖြစ်စေပါတယ်။ ကလေးငယ်တစ်ယောက်ကို လေထဲမှာ လွတ်လပ်စွာ လှုပ်ရှားတဲ့အခါ ဦးနှောက်က သူတို့ရဲ့ peripheral vision ကနေ အချက်အလက်များကို လက်ခံရရှိပြီး ၎င်းရဲ့ ဟန်ချက်ညီမှုကို ချိန်ညှိဖို့ လေ့လာကြပါတယ်။
- ကလေးတစ်ယောက်ကို အစွန်းတစ်ခုပေါ်မှာ လဲလျောင်းထားပေးတဲ့အခါ သူတို့ရဲ့ လောကကြီးကို သတိထားပြီး ကြိုတင်ခန့်မှန်းပါတယ်။ ဒါ့ကြောင့် သူတို့အကြောက်တရားမရှိတာဖြစ်ပါတယ်။

၁၁။ မွေးကင်းစကလေး ထက်ဝက်လောက်မှာ အမှတ်တွေ ပါရှိပါတယ်။
များသောအားဖြင့် မျက်စိ၊ ဦးခေါင်းအနောက်ဖက်၊ နှာခေါင်းရိုးတို့မှာ အနီရောင် အစက်အပြောက်တွေကို မွေးကင်းစကလေး ထက်ဝက်နီးပါးမှာ တွေ့ရပါတယ်။ ကလေးငိုနေတဲ့အချိန် အော်ဟစ်တဲ့အခါ ဒီအစက်အပြောက်တွေ ပိုထင်းလာပါတယ်၊ ဒီအရာက ကျန်းမာရေးကို အန္တရာယ်မဖြစ်စေသော သွေးကြောတိုးချဲ့မှုတွေ ဖြစ်ပါတယ်။ အများအားဖြင့် နောက်ပိုင်းမှာ သူ့ဘာသာသူ ပျောက်သွားပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-brightside