မွေးကင်းစကလေးတွေအတွက် အသိဉာဏ်ဖွံ့ဖြိုးစေမယ့် လုပ်ဆောင်ချက် (၄) ခု

0
594
- Advertisement -

မွေးကင်းစတွေကလေးတွေအတွက် သိမြင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေဆိုတာ သူတို့ရဲ့ တွေးခေါ်နိုင်မှု၊ ဆက်သွယ်မှုနှင့် ခွဲခြားစိတ်ဖြာနိုင်စွမ်းတွေကို အားကောင်းစေနိုင်ပါတယ်။ ကလေးတစ်ဦးက သူတို့ရဲ့ ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံသောအခါမှာ ဉာဏ်ရည်ဖွံ့ဖြိုးမှုဖြစ်ပေါ်လာစေပါတယ်။ အပြန်အလှန်ဆက်သွယ်မှုတစ်ခုစီက ဦးနှောက်အတွင်းက အာရုံကြောချိတ်ဆက်မှုအသစ်တွေကိုဖြစ်ပေါ်စေပါတယ်။

အသိဉာဏ်ဆိုင်ရာ လှုပ်ရှားမှုတွေက သူတို့ရဲ့ တွေးခေါ်နိုင်မှု၊ ဆက်သွယ်မှုနှင့် ခွဲခြားစိတ်ဖြာနိုင်စွမ်းတွေကို အားကောင်းစေနိုင်ပါတယ်။ ကလေးတစ်ဦးက သူတို့ရဲ့ ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံရတဲ့အခါ ဉာဏ်ရည်ဖွံ့ဖြိုးလာပါတယ်။ အပြန်အလှန်ဆက်သွယ်မှုတစ်ခုစီက ဦးနှောက်အတွင်းက အာရုံကြောချိတ်ဆက်မှုအသစ်တွေကို ဖြစ်ပေါ်လာစေပါတယ်။

ဒီကနေ့မှာတော့ ကလေးတွေရဲ့ သိမြင်နိုင်စွမ်းကို ဖွံ့ဖြိုးလာစေမယ့် စိတ်လှုပ်ရှားဖွယ်ရာ လုပ်ဆောင်ချက်တစ်ချို့ကို ထည့်သွင်းဖော်ပြပေးထားမှာဖြစ်ပါတယ်။

၁။ ကလေးကို စာဖတ်ပြပါ

ကလေးကို စာဖတ်ပြခြင်းမှာ အကျိုးကျေးဇူးများစွာရှိပါတယ်။ ကလေးကို စာဖတ်ပြခြင်းအတွက် စောလွန်းတယ် (သို့) နောက်ကျတယ်ဆိုတာမရှိပါဘူး။ ကလေးငယ်တွေကို အသက် (၄) နှစ်အရွယ်အထိ စာဖတ်ပြခြင်းက အကျိုးများစွာရှိပြီး မွေးကင်းစကလေးငယ်တွေအတွက် စာဖတ်ခြင်းက အသံတွေကို မှတ်မိစေပြီး ရုပ်ပုံစာအုပ်တွေကို ပြသခြင်းက သူတို့ရဲ့ မှတ်ဉာဏ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။

၂။ ဘေဘီလေးနှင့် စကားပြောပါ

သန္ဓေသားဘဝကနေ ၃ လသားအရွယ်အထိ ကလေးက သင်နှင့် စကားစမြည်ပြောဖို့ ငယ်ရွယ်နေပါသေးတယ်။ သို့ပေမယ့် သူတို့ကို ကြည့်ပြီး ပြုံးပြဖို့ ပုံမှန်စကားပြောဆိုဖို့ ကြိုးစားပေးသင့်ပါတယ်။ သင့်ကလေးက သင့်စကားကို နားထောင်နိုင်တယ်ဆိုတာ သတိပြုပါ။

သင့်ကလေးနှင့် စကားစမြည်ပြောဆိုခြင်းက သူတို့အတွက် ဘာသာစကားနှင့် ဆက်သွယ်ပြောဆိုမှုစွမ်းရည်တွေ တိုးတက်လာစေနိုင်ပါတယ်။

၃။ သင့်ရဲ့ ဘေဘီလေးကို သီချင်းဆိုပြပါ

သင့်ကလေးကို သီချင်းဆိုပြခြင်းက ကလေးအတွက် အကျိုးများစွာရှိနိုင်ပါတယ်။ ကလေးနဲ့ သင့်အကြား သံယောဇဉ်ပိုတွယ်လာစေဖို့ ကူညီပေးပြီး သူတို့အတွက် စကားလုံးအသစ်တွေနှင့် စည်းချက်တွေအကြောင်း သင်ကြားပေးပြီး သူတို့ရဲ့ နားထောင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဤအရာအားလုံး မှတ်ဉာဏ်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုတာချည်းပဲဖြစ်ပါတယ်။

၄။ ကစားဖို့ တွန်းအားပေးပါ

ကစားတတ်တဲ့အရွယ်ရောက်တဲ့အခါ ကစားခြင်းနဲ့ပတ်သက်ပြီး အကြောင်းနဲ့အကျိုးကို နားလည်လာကြပါပြီ။ သူတို့က အရာတွေကို ရည်ရွယ်ချက်ရှိရှိပစ်ချတတ်ဖို့ သင်ယူကြပြီး သင့်ရဲ့ တုံ့ပြန်မှုကို အကဲခတ်တတ်လာပြီဖြစ်ပါတယ်။ သူတို့ကစားဖို့ အန္တရာယ်ကင်းစေမယ့် အရာဝတ္တုတွေကို ပေးထားပါ။

Chit_May_May

Nyein_Thu

ref-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here