မွေးကင်းစမှ ၅နှစ်ကလေးတွေရဲ့ Gross Motor Skills ကိုအားပေးဖို့ လှုပ်ရှားမှုများ

0
37
- Advertisement -

Gross motor skills ဆိုတာက မတ်တပ်ရပ်ခြင်း၊ ပြေးခြင်း၊ ထိုင်ခြင်း၊ ပစ်ခြင်း၊ ဖမ်းခြင်းနှင့် ရေကူးခြင်းစတဲ့ လုပ်ဆောင်မှုအမျိုးမျိုးကို လုပ်ဆောင်ဖို့ ကျွန်မတို့ကို ထောက်ကူပေးတဲ့ လက်မောင်း၊ ခြေထောက်နှင့် ကိုယ်ထည်ပိုင်းကြွက်သားကြီးတွေ ပါဝင်တဲ့ စွမ်းရည်ကို ရည်ညွှန်းပါတယ်။ မွေးဖွားစဉ်ကတည်းက ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအစက gross motor skills ရဲ့ဖွံ့ဖြိုးတိုးတတ်မှုအစမှတ် ဖြစ်ပါတယ်။ ဒီအရည်အချင်းတွေက ကလေးအား ဘက်စုံဖွံ့ဖြိုးတိုးတတ်စေဖို့ ကူညီပါတယ်။

ဒီဆောင်းပါးလေးမှာ gross motor skills အမျိုးအစားတွေနဲ့ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းကို ဖြစ်စေနိုင်တဲ့ အချက်တွေအကြောင်းကို ဖော်ပြပေးထားပါတယ်။ မေမေတို့ကလေးရဲ့ gross motor skills ကိုတိုးတတ်အောင် ကူညီနိုင်မယ့် လှုပ်ရှားမှုအနည်းငယ်ကိုလည်း ဖော်ပြပေးထားပါတယ်။

Motor Skills အမျိုးအစားများ

- Advertisement -

မော်တာကျွမ်းကျင်မှုကို gross motor skills နဲ့ fine motor skills လို့ခွဲခြားထားပါတယ်။ စွမ်းရည်နှစ်ခုလုံးဖွံ့ဖြိုးတိုးတတ်ရေးက နေ့စဉ်လှုပ်ရှားမှုတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ gross motor skills မှာ ကြွက်သားအကြီးတွေပါဝင်ပြီး fine motor skills မှာ မေမေတို့ကလေးကို ရေးသားခြင်း၊ ဆုပ်ကိုင်ခြင်းနှင့် လီဂိုတုံးလေးတွေ တည်ဆောက်ခြင်းကဲ့သို့သော လှုပ်ရှားမှုတွေကို ကူညီပေးတဲ့ လက်၊ လက်ချောင်း၊ လက်ကောက်ဝတ် ကြွက်သားငယ်လေးတွေပါဝင်ပါတယ်။

ဒါ့အပြင် Gross motor skills ကို ထပ်မံခွဲခြားထားပါသေးတယ်-

Locomotor skills- ဒီအရာက ခန္ဓာကိုယ်ကို တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားဖို့ ကူညီပေးပါတယ်။ ဥပမာအားဖြင့် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်း၊ လျှောဆင်းခြင်းနှင့် ခန္ဓာကိုယ်ဟန်ချက်ညီခြင်းကဲ့သို့သော လုပ်ဆောင်မှုတွေ ပါဝင်ပါတယ်။

Object control skills – ဒီစွမ်းရည်တွေက အရာဝတ္တုတွေကို ကိုင်တွယ်၊ ထိန်းချုပ်ခွင့်ပေးပါတယ်။ ဥပမာ- ပစ်ခြင်း၊ ကန်ခြင်းနှင့် ဖမ်းခြင်းကဲ့သို့သော လုပ်ဆောင်မှုတွေ ပါဝင်ပါတယ်။

ကလေးတွေမှာ Gross Motor Skills ဖွံ့ဖြိုးမှု

ကလေးတစ်ဦးချင်းစီအနေနဲ့ Gross Motor Skills ကို ဖြစ်ပေါ်စေတဲ့ အရှိန်က ကွဲပြားနိုင်ပါတယ်။ တစ်ချို့စွမ်းရည်တွေက အချို့သော အသက်အရွယ်တွေမှာ ဖွံ့ဖြိုးလေ့ရှိပါတယ်။ အောက်ဖော်ပြပါအချက်တွေက ပထမငါးနှစ်တာကာလအတွင်းမှာ ကလေးတွေရဲ့ Gross Motor Skills ဖွံ့ဖြိုးမှုမှတ်တိုင်တွေ ဖြစ်ပါတယ်။

မွေးစကနေ ငါးနှစ်

  • ရက်သားမှ ၃လ ကလေးအများစုက မှောက်တဲ့အခါ ရင်ဘတ်နဲ့ ခေါင်းထောင်နိုင်စွမ်း တိုးတတ်လာပါပြီ။ လက်တွေကို ဆုပ်လိုက်ဖြန့်လိုက်လုပ်တတ်လာပါပြီ။ သူတို့လက်တွေကို ပါးစပ်ထဲထည့်တတ်နေပါပြီ။
  • ၄လ ကလေးငယ်တွေဟာ ပက်လက်ကနေ ဘေးသို့ စလှိမ့်နေပါပြီ။
  • ၅လ ကလေးငယ်တွေဟာ အရှေ့မှ အနောက်သို့ စလှိမ့်နေပါပြီ။
  • ၆လမှ ၈လ ကလေးငယ်တွေဟာ မှောက်ခုံ မှောက်ပေးထားတဲ့အချိန်မှာ ဝမ်းဗိုက်အပေါ်ပိုင်းနဲ့ ရင်ဘတ်ကို မြှောက်ပြီး ကုန်းထဖို့ စတင်ပါတယ်။ သူတို့ဘာသာ ထိုင်ဖို့ သူတို့လက်တွေနဲ့ အရာဝတ္တုတွေကို စူးစမ်းဖို့ စတင်ကြပါတယ်။
  • ၈လမှ ၁၁လ ကလေးငယ်တွေဟာ အိမ်အနှံ့ တွားသွားတတ်နေပါပြီ။
  • ၉လမှ ၁၂လ ကလေးငယ်တွေဟာ ထိုင်လျက်အနေအထားနဲ့ အရုပ်တွေကို လက်လှမ်းယူနေပါပြီ။
  • ၁၁လမှ ၁၂လအရွယ် ကလေးငယ်တွေဟာ မတ်တပ်စမ်းနေပြီး ပထမဆုံးခြေလှမ်းကို စလှမ်းနေပါပြီ။
  • ၁၅လအရွယ် ကလေးတွေဟာ အထောက်အပံ့မပါဘဲ လမ်းလျှောက်ပြီး အမြင့်ကိုတွယ်တတ်နိုင်စွမ်းဖွံ့ဖြိုးလာပါပြီ။
  • ၁၈လအရွယ် ကလေးငယ်တွေဟာ မကြာခဏ လဲကျသော်လည်း ပြေးဖို့ သင်ယူလာကြပါပြီ။
  • ၂နှစ်အရွယ် ကလေးငယ်တွေဟာ ကန်ခြင်းနှင့် ခုန်ခြင်းစတဲ့ ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးလာကြပါပြီ။
  • ၃နှစ်အရွယ် ကလေးငယ်တွေဟာ ခန္ဓာကိုယ်ကို ခြေထောက်တစ်ချောင်းတည်းနဲ့ စက္ကန့်အနည်းငယ်လောက် ထိန်းညှိနိုင်စွမ်းရှိလာပါပြီ။ ဘောလုံးတွေကို ဖမ်းဖို့ လေ့လာနေပါပြီ။
  • ၄နှစ်အရွယ် ကလေးငယ်တွေဟာ သုံးဘီးဆိုင်ကယ်လေးတွေစီးဖို့ ၊ ခြေတစ်ပေါင်ကျိုးခုန်ဖို့ ၊ ကောင်းစွာ တွယ်တတ်ဖို့၊ ကျွမ်းထိုးဖို့ သင်ယူနေပါပြီ။
  • ၅နှစ်အရွယ်ကလေးငယ်တွေဟာ ခုန်ကျော်ခြင်း၊ စကိတ်စီးခြင်း၊ ရေကူးခြင်းစတဲ့ လှုပ်ရှားမှုများ ပြုလုပ်လာနိုင်ပါပြီ။

” Gross Motor Skills ဖွံ့ဖြိုးမှုကို အားပေးဖို့ လှုပ်ရှားမှုများ”

အောက်ပါလုပ်ဆောင်မှုများ ပြုလုပ်ဖို့ အားပေးခြင်းဖြင့် သင့်ကလေးကို သူတို့ရဲ့ မော်တာကျွမ်းကျင်မှု လွယ်ကူစွာ တိုးတတ်စေဖို့ ကူညီနိုင်ပါတယ်။

“ဘေဘီလေးတွေ”

၁။ ခေါင်းအနေအထားပြောင်းပေးခြင်း

ကလေးငယ်တွေ အိပ်စက်တဲ့အခါ တစ်ခါတစ်ရံမှာ ဘေးတိုက်အိပ်လေ့ရှိကြပါတယ်။ ကလေးငယ်ကို အမြဲတမ်းပက်လက်အိပ်စေမယ့်အစား ဘေးဘက်သို့ နေ့စဉ်ပြောင်းလဲပေးပါ။ ဒါက ခေါင်းပြားတာကို တားဆီးပေးပြီး လည်ပင်းကြွက်သားတွေကို အားကောင်းစေပါတယ်။ သူတို့ခေါင်းတွေကို ထောင်ဖို့ ကူညီပေးပါတယ်။

၂။ မှောက်ချိန်ကို အားပေးခြင်း

မှောက်ပေးတာက ကလေးငယ်ကို ဝမ်းဗိုက်အထက်ပိုင်းပေါ်မှာ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ထိန်းဖို့ အားပေးပြီး ကလေးငယ်ရဲ့ နောက်ကျောနဲ့ လည်ပင်းကြွက်သားတွေကို သန်မာစေဖို့ ကူညီပေးပါတယ်။ ဒါက ဘေဘီလေးတွေကို တွားသွားဖို့၊ ထိုင်ဖို့နှင့် လှိမ့်နိုင်ဖို့ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို တည်ဆောက်ပေးပါတယ်။

၃။ ထိုင်စေခြင်း

ကလေးကို ထိုင်ခိုင်းတဲ့အချိန်မှာ Support လုပ်ပေးထားပါ။ ထိုင်တဲ့အခါ သူတို့စိတ်ဝင်စားမယ့် အရုပ်လေးတွေ ထားပေးထားပါ။ ပြီးတော့ သူတို့ပတ်ဝန်းကျင်မှာ ကစားစရာတွေနဲ့ အရာဝတ္တုတွေကို စူးစမ်းဖို့ သူတို့ကို အားပေးပါ။

၄။ ဂျောက်ဂျက်တွေနဲ့ ကစားစေခြင်း

ဂျောက်ဂျက်လေးတွေက ကလေးငယ်တွေအတွက် ပျော်စရာကောင်းပြီး လက်၊ မျက်စိညှိနှိုင်းခြင်းနှင့် သိနားလည်နိုင်စွမ်းကို ဖွံ့ဖြိုးတိုးတတ်စေနိုင်ပါတယ်။

“လမ်းလျှောက်တတ်ခါစကလေး”

၅။ ကခြင်း

ကိုယ်ခန္ဓာကို သီချင်းရဲ့ စည်းချက်နဲ့ လှုပ်ခါခြင်းက gross motor လှုပ်ရှားမှုကောင်းဖြစ်ပါတယ်။ ၎င်းက အားစိုက်မထုတ်ရဘဲ ညှိနှိုင်းဆောင်ရွက်မှုနှင့် ခန္ဓာကိုယ် ဟန်ချက်ညီမှုကို ဖွံ့ဖြိုးစေပါတယ်။

၆။ ပူဖေါင်းလေးတွေနဲ့ ကစားခြင်း

ပူဖေါင်းလေးတွေကို လိုက်ဖမ်းခြင်း၊ ပုတ်ခြင်းက ကလေးငယ်တိုင်းနှစ်သက်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ဒါက ကလေးငယ်တွေကို လက်မျက်စိ ညှိနှိုင်းမှုကို ဖွံ့ဖြိုးစေပြီး ခုန်ခြင်းနှင့် ပြေးခြင်းကို အားပေးပါတယ်။

“Gross Motor Skills ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း”

အချို့ကလေးတွေက သက်တူရွယ်တူ အခြားကလေးတွေထက် အနည်းငယ်ကြာမှ Gross Motor Skills ဖွံ့ဖြိုးနိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ သင့်ကလေးမှာ အောက်ပါတို့ကို တွေ့ပါက ချက်ချင်းရမ်းသမ်းပြီး ကောက်ချက်မချပါနဲ့။ ကလေးအထူးကုဆရာဝန်နဲ့ တွေ့ဆုံပါ။

“သုံးလမှာ”

  • ခေါင်းထောင်ဖို့ အခက်အခဲရှိခြင်း
  • ခြေထောက်တွေ တောင့်နေခြင်း
  • လက်သီးဆုပ်ထားခြင်းနှင့် လက်မောင်းလှုပ်ရှားမှု မရှိခြင်း

“ခြောက်လမှာ”

  • ခေါင်းထိန်းချုပ်မှု ညံ့ဖျင်းခြင်း
  • ခြေထောက်တွေ တောင့်တင်းနေခြင်း
  • လက်မောင်း အရှေ့သို့လှမ်းဖို့ ခက်ခဲခြင်း

“ကိုးလမှာ”

  • နောက်ကျောမတ်နိုင်စွမ်းမရှိခြင်း
  • ထိုင်နေစဉ် လက်မောင်းအသုံးပြုမှု ညံ့ဖျင်းခြင်း

“၁၂လမှာ”

  • ခြေထောက်တွေနှင့် ခြေချောင်းတွေ တောင့်တင်းနေခြင်း
  • တစ်ဖက်တည်းကိုပဲ အလေးပေးပြီး ထိုင်ခြင်း

“၁၅လမှာ”

  • မတ်တပ်ရပ်တဲ့အခါ ဟန်ချက်မညီခြင်း
  • အမှီခိုကင်းစွာ ခြေလှမ်းလှမ်းနိုင်စွမ်းမရှိခြင်း
  • ခြေဖျားထောက်လမ်းလျှောက်ခြင်း

“Gross Motor Skills ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းကို ဖြစ်စေနိုင်တဲ့အချက်များ”

  • လမစေ့ခင် မွေးဖွားခြင်း
  • ဒေါင်းရောဂါကဲ့သို့သော မျိုးဗီဇမူမမှန်ခြင်း
  • အာရုံကြောကြွက်သားရောဂါများ
  • Autism ရောဂါ
  • သိုင်းရွိုက်ဟော်မုန်းအားနည်းခြင်းကြောင့်ဖြစ်တဲ့ Hypothyroidism

ဒီအခြေအနေတွေအားလုံးက ချက်ချင်းဂရုစိုက်ဖို့ လိုတယ်ဆိုတာကို သတိရပါ။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here