Home Parenting Child Teaching မွေးကင်းစ ကလေးရဲ့ နားလည်နိုင်မှု စွမ်းရည်ကို တိုးတတ်အောင် လေ့ကျင့်ပေးနည်းများ

မွေးကင်းစ ကလေးရဲ့ နားလည်နိုင်မှု စွမ်းရည်ကို တိုးတတ်အောင် လေ့ကျင့်ပေးနည်းများ

0
မွေးကင်းစ ကလေးရဲ့ နားလည်နိုင်မှု စွမ်းရည်ကို တိုးတတ်အောင် လေ့ကျင့်ပေးနည်းများ

ကလေးလေးနဲ့ စကားပြောရတာက ပျော်စရာကောင်းသလို သူတို့ရဲ့ ဖွံ့ဖြိုးတိုးတတ်မှု အတွက်လည်း အရေးကြီးပါတယ်။ သူတို့ရဲ့ ငယ်ရွယ်တဲ့ ဦးနှောက်က ပထမဆုံးစကားလုံးတွေနဲ့ အသုံးပြုတဲ့ အသံထွက်မှန်အောင် လေ့ကျင့်ပေးနေပါတယ်။ မိဘတွေနဲ့ မကြာခဏ စကားပြောတဲ့ ကလေးတွေက တခြားကလေးတွေထက် ပိုထက်မြတ်ကြပါတယ်။ ကလေးလေးက စကားမပြောတတ်သေးသည့်တိုင် သင်ယူနေပြီ ဖြစ်တဲ့အတွက် ကလေးနဲ့ မကြာခဏ စကားပြောပေးသင့်ပါတယ်။

ကလေးတွေရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုရဲ့ ၈၀% က သူတို့ရဲ့ ပထမ ၃ နှစ်အတွင်းမှာ ဖြစ်ပေါ်ပါတယ်။ သူတို့ရဲ့ ဦးနှောက် ပိုကြီးလာတာနဲ့အမျှ သူတို့ရဲ့ တွေးခေါ်မှု၊ သင်ယူမှုနှင့် စီမံဆောင်ရွက်မှုတွေကို ပိုချိတ်ဆက်နိုင်လာပါတယ်။ ဒါကြောင့် စကားလုံးတွေ များများကြားလေလေ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု ပိုအားကောင်းလာလေပါပဲ။ ဒီလိုအလေ့အကျင့်က အနာဂတ် ဘာသာစကားစွမ်းရည်နှင့် အလုံးစုံ သင်ယူနိုင်စွမ်းကို အားကောင်းစေပါတယ်။

သူတို့နဲ့မကြာခဏ စကားပြောပါ။ စကားပြောတတ်တဲ့ မိဘတွေက စကားပြောတတ်တဲ့ ကလေးတွေ ရှိပါတယ်။ ရင်သွေးငယ်နှင့် အတူ တစ်ယောက်တည်း သီးသန့် အချိန်ပေးပြီး စကားပြောပါ။ ကလေးရဲ့ စကားပြောဆိုခြင်းက မိဘနှင့်ကလေးကြားတွင် တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ပြောဆိုခြင်းက အကျိုးရှိဆုံး ဖြစ်ပါတယ်။ ကလေးရဲ့ စကားကို နားမလည်သည့်တိုင် သူတို့ပြောတာကို မိဘတွေအနေနဲ့ နားထောင်ပေးတာက ဂရုစိုက်တယ်ဆိုတာ သူတို့သိနိုင်ပါတယ်။

၁လမှ ၃လအတွင်း

ကလေးငယ်က အော်ဟစ်ခြင်းတွေ ပြုလုပ်ခြင်းဖြင့် သင်နှင့် ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။ သူတို့က မိဘတွေရဲ့ စကားကို နားထောင်နေကြပြီး စကားပြောတဲ့အခါတွေမှာ သူတို့နားလည်ကြောင်းပြဖို့ ပြုံးပြခြင်း၊ ခြေလက် လှုပ်ရှားခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ကလေးနဲ့ အတူ စကားပြောပါ၊ သီချင်းဆိုပါ၊ ကစားပါ၊ သင့်ရဲ့ လှုပ်ရှားမှုတွေ ကိုပြောပြပေးပါ။ ရေချိုးချိန်၊ အစာစားချိန်၊ ကစားနေစဉ်အတွင်း သူတို့ကြည့်နေတဲ့ အရာတွေကို ပြောပြပါ။ ဒါက သူတို့ကို စကားပြောနည်းကို သင်ပေးလိမ့်မယ်။

၄လမှ ၇လအတွင်း

သူတို့ကြားတဲ့ အသံတွေကို ကူးယူဖို့ ကြိုးစားပါတော့မယ်။ သူတို့ရဲ့ ကိုယ်ပိုင်အသံတွေနဲ့ စူးစမ်းလေ့လာနေတာကို သင်သတိပြုမိပါလိမ့်မယ်။ သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ ကြိုးစားရင်းနဲ့ သူတို့ရဲ့ အသံတွေက ဗလုံးဗထွေးတွေ ဖြစ်နေတတ်ပါတယ်။ ကလေးနဲ့အတူ သင့်ရဲ့ စကားဝိုင်းများကို ချဲ့ထွင်ပါ။ စကားပြောတဲ့အခါ ဖြည်းဖြည်းချင်းပြောပြီး တစ်ချို့စကားလုံးတွေကို စပြီး နားလည်အောင် သင်ပေးပါ။ ဥပမာ-ဘောလုံးကိုကိုင်ပြီး “မင်းဘောလုံးလိုချင်သလား၊ ဒါက မင်းဘောလုံးပဲ”လို့ ပြောပါ။ ကလေးကို မတူညီတဲ့ အရာတွေနဲ့ မိတ်ဆက်ပေးပါ။ ကလေးက တစ်ခုခုကိုကြည့် တဲ့အခါ အဲဒါကိုထောက်ပြပြီး အဲဒါဘာလဲဆိုတာ ပြောပြပါ။

၈လမှ ၁၂လအတွင်း

အချို့သော စကားလုံးတွေကို နားလည်လာကြပြီး အချို့က မေမေ သို့မဟုတ် ဖေဖေ လို့ စတင် ပြောနေကြပါပြီ။ သူတို့တစ်နှစ်သား အရွယ်ရောက်လာရင်တော့ စကားလုံးအများစုကို နားလည်နေပြီပဲ ဖြစ်ပါတယ်။ ရောင်စုံရုပ်ပုံစာအုပ်တွေနဲ့ မဂ္ဂဇင်းတွေကို ကလေးအား နေ့တိုင်းဖတ်ပြပါ။။ ဖတ်နေစဉ်မှာလည်း ကလေးနှင့်အတူ မြင်ရတဲ့ပုံတွေကို နာမည်ပေးပြီး ဆော့ကစားကြည့်ပါ။

Chit_May_May

Nadi

ref-youaremon

LEAVE A REPLY

Please enter your comment!
Please enter your name here