မှော်စကားလုံးတွေနှင့်အတူ မေမေတို့ရဲ့ ဆယ်ကျော်သက်လေးကို ဘယ်လိုပြောဆိုဆက်ဆံမလဲ?

0
131
- Advertisement -

ဆယ်ကျော်သက်တွေနဲ့ စကားပြောဆိုရတာဟာ ခက်ခဲနိုင်ပါတယ်။ သူတို့နဲ့ စကားပြောတဲ့အခါ ‘သူတို့ ဘာလုပ်သင့်တယ်’ ဆိုတာကို မပြောပဲ ‘သူတို့ဘာလုပ်ဖို့ အစီအစဉ်ရှိသလဲ’ဆိုတာ မေးပါ။ ဒါက လေးစားမှုနဲ့ ပြောဆိုဆက်ဆံမှု ကမ္ဘာသစ်ကြီးတစ်ခုလုံးကို ဖွင့်နိုင်ပါတယ်။ မေမေတို့ ဆယ်ကျော်သက်လေးနဲ့ စကားပြောဆိုရတာ ခက်ခဲနိုင်ပါတယ်။ သို့သော် “သားဘာလုပ်ချင်သလဲ?” ဆိုတဲ့ မှော်ဆန်တဲ့ စကားလုံးတစ်ချို့က တံခါးများစွာကို ဖွင့်နိုင်ပါတယ်။

မေမေတို့ရဲ့ ဆယ်ကျော်သက်လေးကို မှော်စကားလုံးတွေနဲ့ ပြောဆိုဆက်ဆံပါ ” သားဘာလုပ်ချင်သလဲ?”

ဒီစကားလုံးတွေက မေမေတို့ရဲ့ဆက်ဆံရေးကို ထာဝရပြောင်းလဲစေနိုင်ပါတယ်။ ဆယ်ကျော်သက်တွေဟာ ဘာလုပ်ရမှန်းမသိရင်း အရွယ်ရောက်လာပေမယ့် အခြေအနေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သိဖို့ မေမေတို့ရဲ့ အကူအညီလိုပါလိမ့်မယ်။ သူတို့ဟာ ထိန်းချုပ်မှုအောက်မှာ ရှိနေချင်ကြသလို ရွေးပိုင်ခွင့်အမျိုးမျိုးအကြားမှာ ရွေးချယ်နိုင်စွမ်းရှိလိုကြပါတယ်။

- Advertisement -

သင့်ကလေးကို တာဝန်လွှဲပြောင်းပေးခြင်းနှင့် သူတို့ကို ကောင်းမွန်သော စီမံကိန်းရေးဆွဲခြင်းစွမ်းရည်တွေ ဖွံ့ဖြိုးလာစေမယ့် နည်းလမ်းတစ်ခုဖြစ်တာကြောင့် လေးစားမှုနဲ့အတူ “သား/သမီးဘာလုပ်ချင်တာလဲ?” ဆိုတဲ့ မှော်စကားလုံးတွေ ပြောပေးသင့်ပါတယ်။ သင်ထင်ထားတာထက် ပိုပြီးအစွမ်းထက်တဲ့ စကားလုံးတွေဖြစ်ပါတယ်။ ဒီစကားလုံးကိုအသုံးပြုရင် မေမေနဲ့ ဆယ်ကျော်သက်လေးအကြားမှာ အရာအားလုံးပြောင်းလဲသွားပါလိမ့်မယ်။

ပထမတော့ သင်တွန့်ဆုတ်နေနိုင်တယ်။ ဥပမာ- သင့်ကလေးကို စနစ်တကျမရှိဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သင်ဟာ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို အဆက်မပြတ်သတိပေးနေပါလိမ့်မယ်။ သို့သော် သူတို့ရဲ့အမှားတွေကနေ သူတို့ကို သင်ခန်းစာယူခွင့်ပြုရပါမယ်။ ပုံမှန်အားဖြင့် ဆယ်ကျော်သက်တွေဟာ သင်လုပ်စေချင်တဲ့အချိန်မှာမဟုတ်ဘဲ သူတို့လုပ်ချင်တဲ့အချိန်မှာပဲ လုပ်ချင်ကြပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ငြင်းခုန်ဖို့ မလိုပါဘူး။

မှော်စကားလုံးတွေ အသုံးပြုခြင်းအပြင် အခြားပြောဆိုဆက်ဆံရေးနည်းဗျူဟာတွေလည်း ရှိပါတယ်။ ဒီနည်းဖြင့် သင့်ကလေးနဲ့ သင့်ဆက်ဆံရေးဟာ ပွင့်လင်းမြင်သာပြီး သင်ပြောချင်တဲ့ မက်ဆေ့ချ်တွေကို ထိထိရောက်ရောက် ဖော်ပြနိုင်ပါတယ်။

၁။ စာနာမှုက ပထမ၊ အကျိုးဆက်က နောက်

ကလေးရဲ့ရှု့ထောင့်ကနေ အခြေအနေကို ကြည့်ခြင်းက အနာဂတ်မှာ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေချဖို့ သူတို့ကို လမ်းပြပေးပါလိမ့်မယ်။ ဥပမာ- နောက်တစ်ကြိမ် အဆင့်ကျပြီး အိမ်ပြန်လာတဲ့အခါ ” မေမေဘာကူညီရမလဲ? ဒီရလဒ်တွေ တိုးတတ်လာအောင် လုပ်နိုင်မလား?” စသဖြင့် တစ်ခုခုပြောဖို့ ကြိုးစားပါ။

၂။ သင့်ဆယ်ကျော်သက်ကလေးနဲ့ စကားပြောဖို့ အချိန်ပေးပါ

သင် စိတ်ဆိုးလာရင်၊ ဒေါသထွက်လာရင် ချက်ချင်းတုံ့ပြန်ဖို့ မလိုပါဘူး။ အဲဒီအစား ကိုယ့်ကိုယ်ကို တည်ငြိမ်စေဖို့ အချိန်ပေးပါ။ ” သားတာဝန်ဆိုတာ သားသိပေမယ့် သားမလုပ်ခဲ့ဘူးနော်”, ” ငါတို့စိတ်ငြိမ်အောင် အချိန်ယူပြီးရင် ဒါကို ဆွေးနွေးရလိမ့်မယ်” လို့ပြောတာက အဆင်ပြေပါတယ်။

၃။ မအော်ပါနဲ့၊ ဆယ်ကျော်သက်လေးနဲ့ ပြောဆိုဆက်ဆံဖို့ မှော်စကားလုံးတွေသုံးပါ

အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုခင်မှာ ပထမဆုံးစာနာမှုနဲ့ တုံ့ပြန်ပါ။ အချို့အခြေအနေတွေမှာ သင့်ရဲ့ အလိုအလျောက် တုံ့ပြန်မှုက ဒေါသထွက်တာဖြစ်နုိင်ပါတယ်။ သို့သော် အမျက်ဒေါသက သင့်ခံစားချက်တွေကိုသာ ထုတ်လွှတ်ပေးပါတယ်။ သင်ဟာ ဘာအကျိုးရှိတဲ့ ပြောဆိုဆက်ဆံမှုမှ မလုပ်မိပါဘူး။ အဲဒီအစား ခြေတစ်လှမ်းပြန်ဆုတ်ပြီး ကလေးရဲ့အမြင်ကို စဉ်းစားပေးသင့်ပါတယ်။ မှော်စကားလုံးတွေ ပြောပါ။

၄။ မဆူပါနဲ့

ဆူပူကြိမ်းမောင်းတာက သင့်ကလေးကိုအမှားမလုပ်ဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ သို့သော် ကလေးဘဝနဲ့ ဆယ်ကျော်သက်အရွယ်တွေဟာ အသစ်သောအရာတွေကို ကြိုးစားခြင်း၊ အမှားတွေပြုလုပ်ခြင်းဖြင့် သင်ယူကြတာပါ။ ဥပမာ- ရှုပ်ထွေးနေတဲ့ အခန်းတစ်ခုရှိခြင်း၊ စာမေးပွဲအတွက် စာမလေ့လာခြင်း၊ အိမ်မှုကိစ္စတွေ လုပ်ဖို့မေ့နေခြင်းတွေဟာ ကေးတွေလုပ်တတ်တဲ့ အန္တရာယ်ကင်းသော အမှားတွေ ဖြစ်ပါတယ်။ သို့သော် စိတ်အနှောက်အယှက်ဖြစ်ခြင်းက နှစ်ယောက်စလုံးကို စိတ်ဖိစီးစေပါတယ်။ သင့်ဆယ်ကျော်သက်လေးကို ပိုပြီးတာဝန်ယူခြင်းရဲ့ တန်ဖိုးကို မသင်ပေးပါဘူး။

မကြာခဏ သတိပေးမှုတစ်ခုနဲ့တင် လုံလောက်ပါတယ်။ သင့်ကလေးကို ထိုအရာတွေနဲ့ပတ်သတ်ပြီး အမြဲတမ်းဆူပူနေရင် သူတို့က သင့်ကိုအမြဲမျှော်လင့်ထားလိမ့့်မယ်ဆိုတာ သတိရပါ။ တစ်ကြိမ်သတိပေးပါ။ တကယ်လို့ သူတို့နားမထောင်ပါက အကျိုးဆက်တွေ ချမှတ်ပေးပါ။

၅။ ပြဿနာရှာသူ မဖြစ်ပါစေနဲ့

မိဘတစ်ယောက်အနေနဲ့ သင့်ရဲ့အလုပ်က ကလေးတွေကို ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့နင့် လွတ်လွတ်လပ်လပ် တွေးခေါ်တတ်ဖို့ သင်ကြားပေးတာဖြစ်ပါတယ်။ အဖြေအားလုံး ချက်ချင်းပေးဖို့ မလိုပါဘူး။ အဲဒီအစား စကားလက်ဆုံပြောဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ” ဒီအကြောင်း ငါစဉ်းစားပါရစေဦး၊ ပြီးရင် ငါတို့အတူတူလုပ်နိုင်တာကို ငါတို့မြင်ရလိမ့်မယ်” လို့ပြောနိုင်ပါတယ်။ ဒါ့အပြင် ဆယ်ကျော်သက်ကလေးနဲ့ သဘောထားကွဲလွဲမယ့်အစား တုံ့ပြန်မှုတွေမလုပ်ခင်မှာ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို အချိန်ယူပြီး စဉ်းစားပါ။

များသောအားဖြင့် အဖြေက ရိုးရိုးလေးပါ။ “သူတို့ ဘယ်လိုဆက်ဆံခံရတာကို ကြိုက်လဲ”ဆိုတာ စဉ်းစားပါ။ သင့်ဆယ်ကျော်သက်လေးကို ထိုနည်းအတိုင်းဆက်ဆံပါ။ ထို့အပြင် ” ဘာလုပ်ချင်စိတ်ရှိသလဲ” ” ဒါကို ဘယ်လိုလုပ်ချင်သလဲ” ဆိုတဲ့ မှော်စကားလုံးကို သုံးပါ။

Chit_MayMay

LM_Nandar

Source-youaremom

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here