မှော်စကားလုံးများ( Please, Thank You, Sorry)

မှော်စကားလုံးများ( Please, Thank You, Sorry)

0
183
- Advertisement -

အိမ်မှာ သင့်ကလေးများနှင့် မှော်စကားလုံးများကို အသုံးပြုခြင်းက တင်းမာမှုကို လျော့နည်းစေပြီး အကူအညီဖြစ်စေတဲ့ ကျေးဇူးတင်တတ်သော လူကြီးများကို ပြုစုပျိုးထောင်နိုင်ပါတယ်။ ကလေးတွေကို ငယ်ငယ်ကတည်းက အမူအကျင့်ကောင်းတွေ သင်ပေးပါ။ သင်ပြုလုပ်မယ်ဆိုရင် သူတို့က အမြဲလေးစားမှုဖြစ်နေပါလိမ့်မယ်။ မှော်စကားလုံးတွေဆိုတာ ကောင်းသော အမူအကျင့်များလို့ လူသိများသော အရာတွေဖြစ်ပါတယ်။ ဒါပေမယ့် ရင်းနှီးမှုတော့လိုအပ်ပါလိမ့်မယ်။ သင်ရဲ့ အိမ်အသုံးအနှုန်းမှာ ကျေးဇူးတင်ပါတယ် ၊ ကျေးဇူးပြု၍ ၊ ခွင့်လွှတ်ပါ နှင့် စိတ်မကောင်းပါဘူး စသော အသုံးအနှုန်းတွေကို မည်သို့သင်ယူရမည်ကို လေ့လာပါ။

မှော်စကားလုံးတွေရဲ့ အရေးပါမှု

တစ်စုံတစ်ဦးက ”ကောင်းသောနံနက်၊ ကျေးဇူးတင်ပါတယ်၊ စိတ်မကောင်းပါဘူး၊ ကျေးဇူးပြု၍ ” သူတို့ပြောလာတဲ့အခါ ပြောင်းလဲမှုတွေကို သင်သတိထားမိပါလိမ့်မယ်။ ဒါဟာ ကလေးတွေအတွက် ပိုပြီးတော့ အရေးကြီးပါတယ်။ ၎င်းက သူတို့ရဲ့ လူမှုရေး အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ပြီး သူတို့ရဲ့ ပတ်၀န်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ကူညီပါလိမ့်မယ်။ ဒီစကားလုံးတွေက သူတို့ရဲ့ သက်တူရွယ်တူတွေနဲ့ ထိထိရောက်ရောက်ဆက်သွယ်ပြောဆိုခွင့်ပေးပါတယ်။ သူတို့က အပြုသဘောဆောင် တုန့်ပြန်မှုနှင့် လူမှုရေးဆိုင်ရာ ပါ၀င်မှုတို့ကို လှုံ့ဆော်ပေးပါတယ်။

သင်ယူရန် နည်းလမ်းများ

သင့်ကလေးတွေအတွက် မှော်စကားလုံးတွေကို သင်ပေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ မိသားစု၊ သူငယ်ချင်း၊ အိမ်နီးချင်းများ ၊ သင့်ကလေးများနှင့် သင့်ရဲ့ နေ့စဥ်စကားစမြည်၀ိုင်းများမှာ သူတို့လေးတွေကို ထည့်သွင်းပေးခြင်းပါပဲ။ သင့်ကလေးတွေကို မှော်စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ပြောပြထားပါ။ သူတို့အရွယ်ရောက်လာတဲ့အခါ အမူအကျင့်တွေက ဘာကြောင့်အရေးကြီးတယ်ဆိုတာ သင်ရှင်းပြနိုင်ပါလိမ့်မယ်။
အဓိပ္ပာယ်တွေကို ယခုပြောပြပေးပါ့မယ်။
ကျေးဇူးတင်ပါတယ်-ဒါဟာ ရက်ရောမှုဆီသို့ ကျေးဇူးတင်ကြောင်းပြသထားခြင်းဖြစ်ပါတယ်။ ဤရိုးရှင်းသောစကားလုံးကို ပြောဖို့ သင်ကြားပေးခြင်းက သူတို့ကို သူတစ်ပါးရဲ့ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားလေးစားတတ်သော ကလေးများ ဖြစ်လာစေပါလိမ့်မယ်။

ကျေးဇူးပြု၍-ဤစကားလုံးက ကလေးများအား မလေးစားစွာ တောင်းခံပါက ဘယ်လိုအရာမျိုးကို မဆို မရတတ်ကြောင်းသင်ပေးပါ။ အခြားသူများက မျှ၀ေဖို့ (သို့) မ၀ေဖို့ ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း သူတို့ကို အသိအမှတ်ပြုရန် ကူညီပါ။
တောင်းပန်ပါတယ်-၀မ်းနည်းစွာဖြင့် ပြောဆိုခြင်းက ကလေးအား သူတို့ရဲ့ အမှားကို သိရှိပြီး သူတို့ရ့ လုပ်ရပ်များကို ပြုပြင်ဖို့ ကြိုးစားပါတယ်။
ကောင်းသောနံနက်ခင်းပါ-လူတိုင်းက မျှတကြင်နာစွာ ဆက်ဆံထိုက်ကြောင်း ပြသနေသော နှုတ်ခွန်းဆက်စကားလုံးဖြစ်ပါတယ်။

သင်ယူမှုကို အတင်းအကျပ်မပြုလုပ်ပါနဲ့

ကလေးအား အရှက်မခွဲပါနှင့် ဒါမှမဟုတ် သူတို့ကရှက်ရွံ့နေလျှင် အတင်းအကျပ်မပြုလုပ်ပါနဲ့ ။ ရှက်တတ်တဲ့ ကလေးများအတွက် မှော်စကားလုံးများ အသုံးပြုမှုလုပ်ငန်းစဥ်ဟာ အနည်းငယ်နှေးနိုင်ပါတယ်။ ကလေးနှင့် အပေးအယူတွေ မလုပ်ပါနဲ့။ သူတို့ဟာ ဘာမှမမျှော်လင့်ဘဲ ယဥ်ကျေးတတ်ဖို့ သင်ယူရပါမယ်။ သင့်ကလေးရဲ့ လုပ်ဆောင်နေမှုနဲ့ ပတ်သက်ပြီးတော့ အခြားသူတွေကို မပြောပါနှင့် ။ ယဥ်ကျေးခြင်းရဲ့ ကောင်းကျိုးများကို ရှင်းပြပါ။ သူတို့ရဲ့ လုပ်ရပ်နှင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်များအကြား ဆက်နွယ်မှုကို နားလည်ဖို့ သူတို့ကို သင်ပေးပါ။ နိဂုံးချုပ်အနေနဲ့ အမူအကျင့်ကောင်းသော ကလေးများရှိခြင်းက မိဘများထံမှ အကြိမ်ကြိမ်ပေးဆပ်မှု၊ ရင်းနှီးမြှပ်နှံမှု နှင့် အမြဲတမ်းကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်။

မကောင်းတာတွေကို သတိထားပြီး အပြုသဘောဆောင်တဲ့ သင်ယူမှုကို အားကောင်းစေမယ်ဆိုရင် သူတို့ကို ချီးမွမ်းသင့်ပါတယ်။ ဒီမှော်ဆန်သော စကားလုံးတွေဟာ နောက်ဆုံးရောက်တဲ့အခါ သူတို့ရဲ့ ဘ၀မှာ ကြီးမားသော အခွင့်အလမ်းတွေ အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

Chit_May_May

Nyein_Thu
sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here