ကလေးတစ်ဦးကို ပြုစုပျိုးထောင်ရတာ ကိုယ်ကျိုးစွန့်မှု၊ အဆက်မပြတ်အာရုံစိုက်မှုတွေနဲ့ စွမ်းအင်များစွာလိုအပ်ပါတယ်။ အထူးသဖြင့် သင်မွေးဖွားထားတဲ့ကလေးက သဘာဝကလက်ဆောင်ပေးလိုက်တဲ့ ထူးခြားတဲ့စွမ်းရည်တွေ မှော်ဆန်တဲ့အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့ကလေးတစ်ယောက်ဆို ပိုပြီး ပင်ပန်းပါလိမ့်မယ်။ အခုဆောင်းပါးမှာ ထူးခြားတဲ့ ဿမန်မဟုတ်တဲ့ လက္ခဏာတွေကို သင်မြင်တတ်အောင်ရေးသားထားပါတယ်။
အိပ်နေရင်းလမ်းလျောက်မယ်

သူတို့ကထူးဆန်းတယ်။ အိပ်မက်ထဲမှာတစ်စုံတစ်ခုကြောင့် သူတို့နိုးလာပီးတော့ လမ်းတွေလျောက်တတ်တယ်။
ဒါကသူတို့မှာ မှော်စွမ်းရည်ရှိတယ် ကျွန်တော်တို့ မမြင်နိုင်တဲ့တခုခုနဲ့ အဆက်အသွယ်ရှိနေတယ်ဆိုတာမျိုးပါ။
ကျိုးပဲ့ပျက်စီးဖျားနေတဲ့အရာတွေကိုကောင်းမွန်စေတယ်
ပစ္စည်းတွေ အရာဝတ္ထုတွေ ကျိုးပဲ့ပျက်စီးနေတာမျိုးတွေကို သူ့လက်ကလေးနဲ့တင်လိုက်တာမျိုး နေမကောင်းတဲ့လူတွေကို သူ့လက်ကလေးနဲ့ကိုင်ပီး အနာရောဂါပျောက်ကင်းအောင်ကြိုးစားပေးလိုက်တာမျိုးဟာ စွမ်းအင်တစ်ခုဖြစ်နိုင်ပါတယ်။ သူ့မှာမှော်ဆန်တဲ့စွမ်းအားတွေရှိနေနိုင်ပါတယ်။
စိတ်ကူးထဲက မိတ်ဆွေတွေရှိတယ်
သူတို့က ဘယ်သူမှမမြင်ရရင်တောင် သူတို့ဘေးမှာတစ်ယောက်ယောက်ရှိသလိုမျိုး သူ့စိတ်ကူးထဲက မိတ်ဆွေတွေရှိတတ်ပါတယ်။ ဒါက ရူးနေတာတော့မဟုတ်ပါဘူး။ သူတို့ကိုက စိတ်စွမ်းအား အရမ်းကောင်းတဲ့အတွက် ထူးခြားတဲ့အပြုအမူတွေလိုက်လုပ်နေတာပါ။
လူများရင်မကြိုက်ဘူး

လူအုပ်ကြီးတွေဆို သူတို့ရှောင်တတ်ပါတယ်။ ကြောက်လို့မဟုတ်ပါဘူး။ ရှောင်ကိုရှောင်တာပါ။ ခေါင်းကိုက်တာ မူးဝေတာ နာကျင်မှုတွေခံစားရတတ်ပါတယ်။ သူတို့ကတစ်ယောက်တည်းနေရတာကို ပိုကြိုက်တတ်ပါတယ်။
နက်ရှိုင်းတာတွေကြိုက်တယ်

သူတို့က အတွေးပိုင်းတွေမှာဆိုလည်း နက်ရှိုင်းတာတွေကို သဘောပေါက်လွယ်တယ်။ နားလည်လွယ်တယ်။ အဲ့ဒီလို အတွေးတွေကိုကြိုက်တတ်တယ်။
ကိုယ့်ထက်ကြီးမြတ်သူတွေနဲ့ပေါင်းတယ်
သူတို့က သက်တူတွေနဲ့ သိပ်မပေါင်းကြဘူး။ သူတို့က မှော်ဆန်တဲ့စွမ်းရည်တွေရှိလို့ သူတို့ထက်အသက်ကြီးသူတွေ ပညာကြီးသူတွေနဲ့ပေါင်းတတ်တယ်။ ကလေးကလားတွေနဲ့မပေါင်းတတ်ဘူး။ ကဲဒီလောက်ဆို မှော်ဆန်တဲ့ပင်ကိုယ်စွမ်းရည်ပါလာတဲ့ကလေးတစ်ယောက်ရဲ့ ထူးခြားတဲ့စရိုက်တွေကို သိလောက်ပီထင်ပါတယ်နော်.
#Chit_Maymay
#Mg_Htet
REF_The MInd