ရင်နှစ်သည်းခြာ သားသမီးတွေအတွက် မိခင်တိုင်းက ဖြစ်စေချင်တဲ့ အရာများ

0
210
- Advertisement -

မကြာသေးခင်ကပဲ ကမ္ဘာတစ်ဝှမ်းက ကလေးလေးတွေကို ပြုစုပျိုးထောင်နည်းတွေနဲ့ပတ်သက်လို့ ဖတ်ကြည့်ခဲ့ရပါသေးတယ်။ ဥပမာပြောရမယ်ဆိုပါက ဂျပန်နိုင်ငံမှာဆိုရင် နွေရာသီကျောင်းပိတ်ရက်ဆိုပြီး မရှိသလို နော်ဝေးမှာဆိုရင်လည်း မူကြိုကျောင်းနဲ့ ကျောင်းနေအရွယ် ကလေးတွေဟာ အပြင်ဖက်အပူချိန် ၁၄ ဒီဂရီအောက် မရှိသေးသရွေ့ အပြင်မှာထွက်ကစားလေ့ရှိကြပါတယ်။ Ireland မြောက်ပိုင်းမှာတော့ မွေးနေ့ပွဲတွေနဲ့ပတ်သက်လို့ သိပ်ပြီးထူးထူးခြားခြား လုပ်လေ့မရှိကြပါဘူး။

ကမ္ဘာတစ်ဝှမ်းမှာဆိုရင် နယ်မြေဒေသပေါ်မူတည်ပြီးတော့ သားသမီးတွေကို ထိန်းကျောင်းပြုစုနည်းတွေက တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ ဒါပေမယ့်လည်း မိခင်တိုင်းရဲ့ သားသမီးတွေအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာကတော့ အတူတူပဲဖြစ်ကြပြီး ကလေးတွေကို လုံလုံခြုံခြုံနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိစေချင်ကြတာချည်းပါပဲ။ ဒါကြောင့် သားသမီးတွေအတွက် မိခင်တိုင်းအလိုရှိတဲ့ အချက်တွေက ဘာတွေဖြစ်မလဲဆိုတာကို ပြောပြပေးမယ်နော်။

၁။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး

- Advertisement -

ကျွန်ုပ်တို့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာဟာ တည်တံ့ခိုင်မြဲပြီးတော့ သန်မာမယ်ဆိုရင်တော့ ဘဝမှာကြုံတွေ့လာရတဲ့ အနိမ့်အမြင့်အတက်အကျတွေအားလုံးကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

၂။ ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေး

ဒူပေနာပေခံပြီး ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်ဟာဆိုရင် ဘယ်လိုအခြေအနေ၊ ဘယ်လိုနာမကျန်းမှုတွေပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ ကျော်လွှားသွားနိုင်မှာဖြစ်ပါတယ်။

၃။ ယုံကြည်သက်ဝင်မှု

ဘာသာရေးပိုင်းဆိုင်ရာမှာ ယုံကြည်သက်ဝင်မှုရှိခြင်းက သူ့ကိုယ်သူနဲ့ တခြားသူတွေကိုလည်း ချစ်တတ်အောင်လို့ ကူညီပေးပါတယ်။ ဘဝမှာနေထိုင်ရတာလည်း လမ်းကြောင်းမှန်ကို ရောက်စေပါတယ်။

၄။ သင်ယူလိုစိတ်ပြင်းပြခြင်း

မိခင်တိုင်းဟာဆိုရင် သူ့ရဲ့သားသမီးတွေကို ကမ္ဘာကြီးနဲ့ပတ်သက်လို့ စူးစမ်းရှာဖွေစေချင်ကြပါတယ်။ ဒါကြောင့် စာအုပ်စာပေကောင်းတွေ၊ လှပတဲ့ တေးသွားတွေနဲ့ မိတ်ဆက်ပေးခြင်းဖြင့် အကူအညီဖြစ်စေနိုင်ပါတယ်။

၅။ သူငယ်ချင်းကောင်းတွေ

သူငယ်ချင်းကောင်းတစ်ယောက်လောက်ရှိရုံနဲ့တင် ဘဝမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာစေနိုင်ပါတယ်။

၆။ ပျော်ရွှင်မှု

လောကမှာ ဘယ်လောက်ပဲချမ်းသာချမ်းသာ ပျော်ရွှင်မှုကိုတော့ ငွေနဲ့ပေးဝယ်လို့ မရနိုင်ဘူးဆိုတဲ့အကြောင်း သားသမီးတွေကို မိခင်တိုင်းက သင်ပေးလေ့ရှိပါတယ်။

၇။ ရည်ရွယ်ချက်

ရည်ရွယ်ချက်တစ်ခုရှိတတ်အောင် ပြောပြပေးခြင်းက ကိုယ့်ရဲ့ကလေးငယ်ကို တန်ဖိုးအစစ်အမှန်နဲ့ပတ်သက်ပြီး သိအောင်လို့ ကူညီပေးရာရောက်ပါတယ်။

၈။ ဆင်ခြင်တုံတရား

ကိစ္စတစ်ခုကို လက်လွတ်စပယ်မပြုလုပ်ခင်မှာ မှန်ကန်သင့်တော်မှုရှိမရှိကို အရင်ဆုံး ဆင်ခြင်သုံးသပ်ကြည့်ဖို့အတွက် ဆင်ခြင်တုံတရားဆိုတာကို လိုကိုလိုအပ်ပါတယ်။

၉။ မျှော်လင့်ချက်

ကလေးတွေရဲ့ဘဝတွေထဲမှာ ကြုံလာရမယ့် အမှောင်နေ့ရက်တွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့အတွက် မျှော်လင့်ချက်ရောင်ခြည်လေးရှိသင့်ပါတယ်။

၁၀။ ချစ်ခြင်းမေတ္တာ

စစ်မှန်စွာ၊ တစ်ကိုယ်ကောင်းမဆန်စွာနဲ့ ရက်ရက်ရောရော ချစ်တတ်ဖို့၊ အချစ်ခံတတ်ဖို့အတွက် သင်ယူတတ်မယ်ဆိုရင် ဘဝဟာ နေရတာ အပျော်ဆုံးဖြစ်နေမှာပါ။

#Chit_May_May

#Thinzar

Ref – imom

LEAVE A REPLY

Please enter your comment!
Please enter your name here