ရင့်ကျက်မှုဆိုတာအမျိုးမျိုးရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်တွေးတောထင်မြင်ယူဆနိုင်မှု စသဖြင့်ပေါ့။ အဲ့ဒီအရာတွေအားလုံးက အမှီအခိုကင်းပြီး ကိုယ်ပိုင်ထင်မြင်ယူဆချက်ရှိတဲ့၊ တာ၀န်ယူမှုတာ၀န်ခံမှုရှိတဲ့၊ တခြားလူတွေကိုကူညီဖို့ အသင့်ဖြစ်နေတတ်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့အတွက် အရေးကြီးပါတယ်။
ဒါကြောင့် ခုပြောနေတဲ့အရည်အချင်းတွေအားလုံးတိုးတက်လာဖို့ နဲ့ အသက်ကြီးလာတဲ့အချိန်ကြုံလာနိုင်တဲ့အရာတွေကိုပြင် ဆင်တဲ့အနေနဲ့ မိဘတွေက ကူညီပေးဖို့လိုပါတယ်။ ကျွန်တော်တို့အနေနနဲ့ ကလေးတွေဘ၀ပိုမိုကောင်းမွန်လာစေဖို့နဲ့သူတို့ကိုလွတ်လပ်မှုပိုရလာစေဖို့ ရိုးရှင်းတဲ့နည်းလမ်းအချို့ကို ၀ေမျှလိုက်ပါတယ်။
ကိုယ့်အားကိုယ်ကိုးတတ်အောင်သင်ပေး

ကလေးအတွက်အရာရာတိုင်းကိုလိုက်မလုပ်ပေးတာပိုကောင်းပါတယ်။ အ၀တ်အစားကအစသူ့ဘာသာ၀တ်ဆင်တတ်အောင်၊ ဖိနပ်ကြိုးချည်တာကအစသူ့ဘာသာချည်တတ်အောင်၊ ကျောင်းသွားတဲ့အချိန်သူ့လွယ်အိတ်သူလွယ်တတ်အောင်လုပ်ပေးတာမျိုးပေါ့။
ဒါလေးတွေကိုစသင်ပြီးသူတို့အရည်အချင်းတွေတိုးတက်လာအောင်လုပ်တဲ့အချိန်မှာ သင့်အနေနဲ့စိတ်တော့ရှည်ရမှာပေါ့။ သင်ဟာသူတို့ကို အမြဲမကူညီနိုင်ဘူးဆိုတာ သူတို့ကို သဘောပေါက်လာအောင်လုပ်ပြီး သူတို့ကိုသူတို့ အားကိုးတတ်တဲ့အလေ့ အ ကျင့်ပေါ်ပေါက်လာအောင် လေ့ကျင့်ပေးပါ။
ကလေးကိုရွေးချယ်ခွင့်ပေးပါ

ကလေးကို ကိုယ်ပိုင်ရွေးချယ်ခွင့်ပေးပါ။ သင်က ဒါ၀တ်၊ ဟိုဟာစား၊ ဒီကစားစရာပဲဆော့၊ ဒါကို၀ါသနာပါ စသဖြင့် ဆုံးဖြတ် ချက်တွေထိုင်ချနေတဲ့ အာဏာရှင်မဖြစ်ပါစေနဲ့။
သူတို့ကိုဘာကြိုက် ဘာလုပ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေမချပေးပါနဲ့၊ သူတို့ရွေးချယ်လိုက်တဲ့အရာအတွက် သင်က သူတို့ကိုအကြံညဏ်ပေးတာတွေ ဆွေးနွေးတာတွေလုပ်ပေးနိုင်ပါတယ်။
တစ်ယောက်တည်းသွားခွင့်ပေးပါ

နေရာတိုင်းမှာကလေးနောက်ကိုလိုက်ဖို့မလိုအပ်ပါဘူး။ ကျောင်းသွားတာဖြစ်ဖြစ် ကျောင်းကားစီးတာဖြစ်ဖြစ် သူတို့ဘာသာ သွားခွင့်ပေးပါ။
စိတ်မချရသေးတဲ့အရွယ်မှာ သူတို့သွားလိုတဲ့နေရာကို သင်ကိုယ်တိုင်လိုက်ပို့လိုက်ရမှ စိတ်အေးတယ်ဆိုတာမှန်ပေမယ့် သတိရှိပီးသိတတ်လာတဲ့အရွယ်မှာကလေးတွေက လမ်းပေါ်မှာဘယ်လိူပြုမူနေထိုင်ရမလဲ ဘေးကင်းလုံခြုံအောင်ဘယ်လိုသွားရမလဲဆိုတာ သိလာပါပြီ။ ဒါကြောင့် သူတို့ကို တစ်ယောက်တည်းသွားခွင့်ပြုပါ။
တစ်ကယ်လို့ သူ့သူငယ်ချင်းတွေနဲ့ အတူသွားမယ်ဆိုရင်လည်း လွှတ်ပေးလိုက်ပါ၊ ကစားစရာအသစ်တွေနဲ့အိမ်စာ အသစ်တွေအကြောင်းကို လမ်းတစ်လျောက်မှာဆွေးနွေးကြပါစေ။
Self Controlလုပ်တတ်ဖို့သင်ကြားပေးပါ။

ကလေးတွေက အရမ်းကို စိတ်လှုပ်ရှားကြပါတယ်။ သူတို့က သည်းသည်းထန်ထန်ပျော်ရွှင်နေတတ်သလို ကျယ်ကျယ်လောင်လောင် ငိုကြွေးတတ်ကြပါတယ်။ လမ်းမပေါ်ထိုင်ချပြီး စိတ်ဆိုးချင်လည်းဆိုးနေဦးမှာပါပဲ။
ဒီလိုဆို သင့်အနေနဲ့ လုပ်ရမှာက သူတို့သဘောမတူတဲ့အရာအတွက် ကလေးကအော်ဖို့တာဆူနေပြီဆို အော်ဟစ်ပြီး၀ုန်းဒိုင်းကြဲပေါက်ကွဲပစ်လာပြီဆိုရင် သူတို့စိတ်ခံစားမှု (Self Control) ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ပြသင့်ပါတယ်။ ဖြစ်ပျက်နေတဲ့အရာကို နားလည်ဖို့ ချော့မော့ရှင်းပြပေးပါ။ သူကအော် သင်ကသောင်းကျန်းလုပ်နေတာ နှစ်ယောက်စလုံးအတွက် မကောင်းပါဘူး။
သူ့စည်းကမ်းနဲ့သူနေတတ်အောင်သင်ပေးပါ

ကလေးတွေက သူတို့လိုအပ်နေတဲ့အရာတွေကိုသူတို့ဘာသာမနားလည် သူတို့ဘာသာလုပ်တတ်တဲ့ သူတို့ကိုယ်ပိုင်စည်းကမ် းထားတတ်ဖို့ သင်ကြားပေးနိုင်ပါတယ်။
ညအိပ်ရာ၀င်ခါနီးရင် သွားတိုက်ဖို့ ကစားစရာတွေကိုနေရာတကျ ပြန်ထားဖို့ အိမ်စာတွေကိုသူ့အသိစိတ်နဲ့သူလုပ်ဖို့ ကစားချိန်တွေကိုသူ့ဘာသာသတ်မှတ်ဖို့ စတဲ့အရာတွေကို သင်ကမခိုင်းပဲ သူတို့ဘာသာလုပ်တတ်အောင် အလေ့အကျင့်လုပ်ပေးပါ။
ကလေးတွေကိုစကားပြောခွင့်ပေးပါ

တစ်ယောက်ယောက်က အသက်ဘယ်လောက်ရှိပြီလဲ သားကဘာ၀ါသနာပါလဲ စသဖြင့်မေးတဲ့မေးခွန်းတွေကို သင်က၀င်မဖြေပါနဲ့။ သူ့ဘာသာအဖြေပေးပါစေ။ ဒါကလူမှုဆက်ဆံရေးပိုင်းနဲ့ ကိုယ်ပိုင်အတွေးအမြင်တွေကို တိုးတက်စေပါတယ်။
မေးခွန်းတွေရဲ့အဖြေတွေကို သူတို့ဘာသာရှာဖွေတတ်စေပြီး ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို သင်ကြားပေးနိုင်ပါတယ်။ ဒီလိုမှမ ဟုတ်ရင် အသက်ကြီးလာတဲ့အချိန် အဲ့ဒီကလေးက လူတောမတိုးတာ ရှက်ကြောက်တာ မျိုးတွေဖြစ်လာနိုင်ပါတယ်။
ကလေးကိုရှင်းပြပေးပါ

.ကလေးတွေကိုဆူမယ့်အစား ဘာက ဘာကြောင့်ဖြစ်တယ် အဲ့ဒီလိုလုပ်လိုက်ရင် အကျိုးဆက်က ဘာတွေဖြစ်လာမယ် ကောင်း ကျိုးဆိုးကျိုးတွေကို ရှင်းပြပေးပါ၊ သူတို့အမှားတွေကိုခွင့်လွှတ်ပေးပြီး သူတို့ကိုယ်တိုင်တွေးတတ် ပြင်တတ်အောင်လေ့ကျင့်ပေးပါ။
ဒီလိုမှမဟုတ်ရင် အသက်ကြီးလာတဲ့အချိန်မှာ ကလေးက ယုံကြည်မှုမရှိတာ မှားမှာ ကြောက်တာ အမှားလုပ်ပြီးရင်တာ၀န်မယူပဲရှောင်ပြေးတတ်တာ စတဲ့အကျင့်တွေဖြစ်လာနိုင်ပါတယ်။
ကဲ အပေါ်က အချက်လေးတွေက သင်တို့ကလေးတွေကို ကိုယ်ပိုင်ယုံကြည်မှု ၊လွတ်လပ်မှု၊ ရဲရင့်မှုနဲ့ ပျော်ရွှင်မှုတွေပေးနိုင်ပြီး ရင့်ကျက်တဲ့ကလေးတစ်ယောက်ဖြစ်လာအောင်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
#Chit_May_May
#Mg_Htet
REF_Brightside