ရင့်ကျက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့ မိဘတွေ ခွင့်ပြုသင့်တဲ့ အရာ(၁၀)ခု

0
179
- Advertisement -

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု၊ ကိုယ်ကျင့်တရား၊ လူမှုရေး ရင့်ကျက်မှုနှင့် အသိဉာဏ် ရင့်ကျက်မှုဆိုပြီး ရင့်ကျက်မှု အမျိုးမျိုးရှိကြပါတယ်။ ဒါတွေဟာ တခြားသူတွေကို ကူညီဖို့ အဆင်သင့်ဖြစ်နေသော၊ ကိုယ်ပိုင်အမြင်ရှိပြီး တာဝန်ယူတတ်သော၊ လွတ်လပ်တဲ့သူတွေ ဖြစ်လာစေဖို့ ကလေးတွေရဲ့ ဘဝမှာ တကယ်အရေးပါ ပါတယ်။ မိဘတွေအနေနဲ့ ဒီအရည်အသွေးတွေ အားလုံးကို ကလေးဘဝကတည်းက ပြင်ဆင်ပေးပြီး ဖွံ့ဖြိုးလာအောင် ကူညီပေးနိုင်ပါတယ်။

၁၊ သင့်ကလေးအား ကိုယ့်အားကိုယ်ကိုးတတ်အောင် ကူညီနိုင်ပါတယ်

ကလေးအတွက် အရာရာတိုင်းကို လုပ်ပေးစရာမလိုပါဘူး။ ကလေးတွေဟာ သူတို့ဘာသာ အဝတ်အစား ဝတ်ဆင်ဖို့၊ ဖိနပ်ကြိုးချည်ဖို့၊ ကျောင်းကိုသွားတဲ့အခါ ကိုယ်ဘာသာ ကျောပိုးအိတ်ပြင်ဆင်ဖို့ သင်ယူရပါမယ်။ အဲ့ဒါကို မြန်မြန်ဆန်ဆန် လုပ်နိုင်ပြီး ကျွမ်းကျင်အောင် မေမေတို့ ပြုလုပ်ပေးနိုင်ပါတယ်။ မိဘတွေအနေနဲ့ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ အမြဲတမ်းကူညီပေးစရာ မလိုပါဘူး။ သူတို့ကိုယ်သူတို့ အားကိုးတတ်လာပါလိမ့်မယ်။

၂။ ကလေးအား သူတို့ကိုယ်တိုင် ရွေးချယ်ဖို့ အခွင့်အရေး ပေးနိုင်ပါတယ်

ကလေးကို ရွေးချယ်ခွင့်ပြုပါ။ မိဘတွေအနေနဲ့ သူတို့ဘာကြိုက်တယ်၊ မကြိုက်ဘူးဆိုတာကအစ ဆုံးဖြတ်ပေးတာ၊ သူတို့အတွက် အဝတ်အစားတွေ၊ ကစားစရာနှင့် ဝါသနာတွေ ရွေးချယ်ပေးတာကို မပြုလုပ်သင့်ပါဘူး။ သူတို့ရွေးချယ်မှုနှင့် ပတ်သတ်ပြီး ဆွေးနွေးတာ၊ အကြံပေးတာကိုသာ ကူညီနိုင်ပါတယ်။ မိဘအနေနဲ့ သူတို့ထက်ပိုသိတယ်လို့ မယူဆပါနဲ့။ သူတို့လိုချင်တဲ့ အရာကိုရယူဖို့ အခွင့်အရေးပေးဖို့ပဲ လိုပါတယ်။

၃။ ကလေးကို တစ်ယောက်တည်း သွားခွင့်ပြုနိုင်ပါတယ်

နေရာတိုင်းမှာ ကလေးနောက်ကို လိုက်ဖို့ မလိုအပ်ပါဘူး။ အသက်ကြီးလာတာနှင့်အမျှ သူတို့ဘာသာသူတို့ ကျောင်းကားစီးပြီး ကျောင်းကို တစ်ယောက်တည်းသွားနိုင်ပါတယ်။ မိဘက နေရာတစ်ကာလိုက်ပေးနေရရင် အရွယ်ရောက်လာရင်တောင်မှ တစ်ယောက်တည်း ဘယ်မှမသွားတတ်တာ ၊ ကိုယ့်အားကိုယ်မကိုးတတ်တာ ဖြစ်လာပါလိမ့်မယ်။ ကလေးတွေဟာ သိတတ်တဲ့အရွယ်ရောက်လာတာနှင့်အမျှ လမ်းသွားရင် ဘယ်လိုပြုမှုရမယ် ဆိုတာ နားလည်လာပြီး safety rules တွေလည်း သိပြီးသားဖြစ်လာပါတယ်။ ဒါ့အပြင် သူတို့မှာ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေရှိလာရင် အတူတူသွားခွင့်၊ အိမ်စာတွေကို အတူတူ ဆွေးနွေးခွင့်ပေးပါ။

၄။ ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်အောင် သင်ပေးနိုင်ပါတယ်

တကယ်တော့ ကလေးတွေဟာ အရမ်း စိတ်လှုပ်ရှားလွယ်ပါတယ်။ သူတို့ဟာ ခုန်ပေါက်ပြီး ပျော်နေနိုင်သလို လမ်းသွားရင်းလည်း အော်ငိုနိုင်ပါတယ်။ မိဘတွေက သူတို့အလိုကို နည်းနည်းလေးမလိုက်တာနဲ့ ကလေးတွေဟာ ဒေါသတကြီး အော်ဟစ်တာ၊ ဝုန်းဒိုင်းကြဲတာတွေ ပြုလုပ်နိုင်ပါတယ်။ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ပြောပြသင့်ပါတယ်။ သူတို့ အော်ဟစ်တိုင်း အလိုလိုက်မယ်ဆိုရင် ကလေးတွေဟာ ဒီနည်းလမ်းကိုပဲ သုံးလာနိုင်ပါတယ်။

၅။ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေဖို့ သင်ပေးနိုင်ပါတယ်

ကလေးတွေကို ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေတတ်ဖို့ သင်ပေးသင့်ပါတယ်။ အိပ်ရာမဝင်ခင် သွားတိုက်တာ၊ ကစားစရာတွေကို နေကျတကျထားတာ၊ အိမ်စာလုပ်တာက သူတို့ရဲ့ နေ့စဉ်လုပ်ရိုးထုံးစံတွေပဲ ဖြစ်ပါတယ်။ သူတို့ဘာလုပ်သလဲဆိုတာကို မထိန်းချုပ်ဘဲ သူတို့ဘာသာသူတို့ အိမ်စာလုပ်ဖို့ သွားသန့်ရှင်းရေးလုပ်ဖို့ သတိပေးရပါမယ်။

၆။ သင့်ကလေးကို ဖြေခွင့်ပေးပါ

ကလေးတွေကို သူတို့ကိုယ်တိုင် ပြောဆိုခွင့်ပေးဖို့ လိုအပ်ပါတယ်။ ဒီအချက်က သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနှင့် ပြောဆိုဆက်ဆံရေးစွမ်းရည်အတွက် အရေးပါပါတယ်။ တစ်ယောက်ယောက်က သူတို့ကို တစ်ခုခုမေးတဲ့အခါ ကလေးက မကြောက်နေသင့်ပါဘူး။ သူတို့ဟာ မေးခွန်းတွေကို ဘယ်လိုဖြေရမလဲ၊ ဘယ်လိုတုံ့ပြန်ပြောဆိုရမလဲ ဆိုတာ သင်ယူသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် သူတို့ရှက်တတ်လာပြီး တခြားသူတွေကို မပြောရဲ၊ မဆိုရဲတာ ဖြစ်လာနိုင်ပါတယ်။

၇။ ကလေးအား အကျိုးသက်ရောက်မှုနှင့် အကြောင်းရင်းကို ရှင်းပြနိုင်ပါတယ်

သင့်ရဲ့ လုပ်ဆောင်မှုတွေကို ကလေးအား ရှင်းပြပေးပါ။ သူတို့ကို ဆူပူရင် သူတို့မှာ ဘာအပြစ်ရှိတယ်ဆိုတာ ပြောပြီးမှ ဆူပါ။ ဒါမှသာ ကလေးက သူတို့ရဲ့ အမှားတွေကိုသိလာမှာပါ။ သူတို့ရဲ့ လုပ်ရပ်တွေက တချို့ရလဒ်တွေကို ဖြစ်စေနိုင်တယ်ဆိုတာ သူတို့နားလည်သွားပါလိမ့်မယ်။ သူတို့ကို ရှင်းပြတဲ့အခါ တည်တည်ငြိမ်ငြိမ်ဖြစ်နေစေဖို့ ကြိုးစားပါ။

၈။ သင့်ကလေးဟာ အမှားတွေ လုပ်မိစေနိုင်ပါတယ်

ကလေးကို အလွန်အမင်း အပြစ်တင်ဖို့ မကြိုးစားပါနဲ့။ သူတို့ဘဝအတွက် ဘယ်အရာတွေက အန္တရာယ်ရှိနိုင်သလဲဆိုတာ ရှင်းပြသင့်ပါတယ်။ အခြားအရာတွေနဲ့ ပတ်သတ်လာရင် သူတို့ရဲ့ လွတ်လပ်ခွင့်ကို ပေးနိုင်ပါတယ်။ သူတို့ရဲ့ အမှားတွေထဲကနေ သင်ခန်းစာယူပြီး ကိုယ်ပိုင်အတွေ့အကြုံ ရရှိခွင့်ပေးပါ။ ဒါတွေက နောက်ပိုင်းမှာ အသုံးဝင်လာပါလိမ့်မယ်။ အမှားတွေ၊ ကျရှုံးမှုတွေနဲ့ စိတ်ပျက်စရာတွေက ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သတိရပေးပါ။

၉။ ကလေးရဲ့ ထင်မြင်ချက်တွေကို ဖော်ထုတ်ဖို့ ကူညီပေးပါ

သူတို့ရဲ့ ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ကလည်း အရေးကြီးပါတယ်။ ၎င်းက သူတို့ရဲ့ နားလည်မှုနှင့် ခံစားချက်ပေါ်မှာ အခြေခံပြီး သူတို့ရဲ့ ယုံကြည်ချက်များကို ထုတ်ဖော်ဖို့နှင့် အခြေအနေကို ပြန်လည်စဉ်းစားပြီး ဝေဖန်နိုင်တဲ့ စွမ်းရည်ကို တိုးတတ်စေပါတယ်။ အနာဂတ်မှာ တစ်စုံတစ်ယောက်ရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ကျဆုံးလိမ့်မှာ မဟုတ်ပါဘူး၊

၁၀။ အချိန်တိုင်း ကလေးသေးသေးလေးလို မဆက်ဆံပါနဲ့

အသက် ၃နှစ်အရွယ်ရောက်တဲ့အခါ ကလေးတွေဟာ အချို့သောတာဝန်တွေကို တဖြည်းဖြည်း လုပ်နိုင်လာပါပြီ။ ဥပမာ- ကစားစရာတွေကို နေရာတကျ ထားနိုင်လာပါတယ်၊ ကြီးပြင်းလာတာနဲ့အမျှ သူတို့လုပ်နိုင်တဲ့ အိမ်မှုကိစ္စတွေကို လုပ်ခိုင်းပါ။ ဒါက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတတ်မှုအတွက် အထောက်အကူပြုပါတယ်။ ၎င်းက အခြားသူတွေကို ကူညီဖို့နှင့် အခြားသူတွေရဲ့ အလုပ်ကို လေးစားတတ်သူဖြစ်ဖို့ သင်ပေးနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

Zawgyi

ရင့္က်က္တဲ့ ကေလးတစ္ေယာက္အျဖစ္ ႀကီးျပင္းလာေစဖို႔ မိဘေတြ ခြင့္ျပဳသင့္တဲ့ အရာ(၁၀)ခု
စိတ္ပိုင္းဆိုင္ရာ ရင့္က်က္မႈ၊ ႐ုပ္ပိုင္းဆိုင္ရာ ရင့္က်က္မႈ၊ ကိုယ္က်င့္တရား၊ လူမႈေရး ရင့္က်က္မႈႏွင့္ အသိဉာဏ္ ရင့္က်က္မႈဆိုၿပီး ရင့္က်က္မႈ အမ်ိဳးမ်ိဳးရွိၾကပါတယ္။ ဒါေတြဟာ တျခားသူေတြကို ကူညီဖို႔ အဆင္သင့္ျဖစ္ေနေသာ၊ ကိုယ္ပိုင္အျမင္ရွိၿပီး တာဝန္ယူတတ္ေသာ၊ လြတ္လပ္တဲ့သူေတြ ျဖစ္လာေစဖို႔ ကေလးေတြရဲ႕ ဘဝမွာ တကယ္အေရးပါ ပါတယ္။ မိဘေတြအေနနဲ႔ ဒီအရည္အေသြးေတြ အားလုံးကို ကေလးဘဝကတည္းက ျပင္ဆင္ေပးၿပီး ဖြံ႕ၿဖိဳးလာေအာင္ ကူညီေပးႏိုင္ပါတယ္။

၁၊ သင့္ကေလးအား ကိုယ့္အားကိုယ္ကိုးတတ္ေအာင္ ကူညီႏိုင္ပါတယ္

ကေလးအတြက္ အရာရာတိုင္းကို လုပ္ေပးစရာမလိုပါဘူး။ ကေလးေတြဟာ သူတို႔ဘာသာ အဝတ္အစား ဝတ္ဆင္ဖို႔၊ ဖိနပ္ႀကိဳးခ်ည္ဖို႔၊ ေက်ာင္းကိုသြားတဲ့အခါ ကိုယ္ဘာသာ ေက်ာပိုးအိတ္ျပင္ဆင္ဖို႔ သင္ယူရပါမယ္။ အဲ့ဒါကို ျမန္ျမန္ဆန္ဆန္ လုပ္ႏိုင္ၿပီး ကြၽမ္းက်င္ေအာင္ ေမေမတို႔ ျပဳလုပ္ေပးႏိုင္ပါတယ္။ မိဘေတြအေနနဲ႔ စိတ္ရွည္ဖို႔ လိုအပ္ပါတယ္။ အၿမဲတမ္းကူညီေပးစရာ မလိုပါဘူး။ သူတို႔ကိုယ္သူတို႔ အားကိုးတတ္လာပါလိမ့္မယ္။

၂။ ကေလးအား သူတို႔ကိုယ္တိုင္ ေ႐ြးခ်ယ္ဖို႔ အခြင့္အေရး ေပးႏိုင္ပါတယ္

ကေလးကို ေ႐ြးခ်ယ္ခြင့္ျပဳပါ။ မိဘေတြအေနနဲ႔ သူတို႔ဘာႀကိဳက္တယ္၊ မႀကိဳက္ဘူးဆိုတာကအစ ဆုံးျဖတ္ေပးတာ၊ သူတို႔အတြက္ အဝတ္အစားေတြ၊ ကစားစရာႏွင့္ ဝါသနာေတြ ေ႐ြးခ်ယ္ေပးတာကို မျပဳလုပ္သင့္ပါဘူး။ သူတို႔ေ႐ြးခ်ယ္မႈႏွင့္ ပတ္သတ္ၿပီး ေဆြးေႏြးတာ၊ အႀကံေပးတာကိုသာ ကူညီႏိုင္ပါတယ္။ မိဘအေနနဲ႔ သူတို႔ထက္ပိုသိတယ္လို႔ မယူဆပါနဲ႔။ သူတို႔လိုခ်င္တဲ့ အရာကိုရယူဖို႔ အခြင့္အေရးေပးဖို႔ပဲ လိုပါတယ္။

၃။ ကေလးကို တစ္ေယာက္တည္း သြားခြင့္ျပဳႏိုင္ပါတယ္

ေနရာတိုင္းမွာ ကေလးေနာက္ကို လိုက္ဖို႔ မလိုအပ္ပါဘူး။ အသက္ႀကီးလာတာႏွင့္အမွ် သူတို႔ဘာသာသူတို႔ ေက်ာင္းကားစီးၿပီး ေက်ာင္းကို တစ္ေယာက္တည္းသြားႏိုင္ပါတယ္။ မိဘက ေနရာတစ္ကာလိုက္ေပးေနရရင္ အ႐ြယ္ေရာက္လာရင္ေတာင္မွ တစ္ေယာက္တည္း ဘယ္မွမသြားတတ္တာ ၊ ကိုယ့္အားကိုယ္မကိုးတတ္တာ ျဖစ္လာပါလိမ့္မယ္။ ကေလးေတြဟာ သိတတ္တဲ့အ႐ြယ္ေရာက္လာတာႏွင့္အမွ် လမ္းသြားရင္ ဘယ္လိုျပဳမႈရမယ္ ဆိုတာ နားလည္လာၿပီး safety rules ေတြလည္း သိၿပီးသားျဖစ္လာပါတယ္။ ဒါ့အျပင္ သူတို႔မွာ သူငယ္ခ်င္းေတြ၊ အေပါင္းအသင္းေတြရွိလာရင္ အတူတူသြားခြင့္၊ အိမ္စာေတြကို အတူတူ ေဆြးေႏြးခြင့္ေပးပါ။

၄။ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္တတ္ေအာင္ သင္ေပးႏိုင္ပါတယ္

တကယ္ေတာ့ ကေလးေတြဟာ အရမ္း စိတ္လႈပ္ရွားလြယ္ပါတယ္။ သူတို႔ဟာ ခုန္ေပါက္ၿပီး ေပ်ာ္ေနႏိုင္သလို လမ္းသြားရင္းလည္း ေအာ္ငိုႏိုင္ပါတယ္။ မိဘေတြက သူတို႔အလိုကို နည္းနည္းေလးမလိုက္တာနဲ႔ ကေလးေတြဟာ ေဒါသတႀကီး ေအာ္ဟစ္တာ၊ ဝုန္းဒိုင္းႀကဲတာေတြ ျပဳလုပ္ႏိုင္ပါတယ္။ သူတို႔ရဲ႕ စိတ္ခံစားမႈေတြကို ဘယ္လိုထိန္းခ်ဳပ္ရမလဲဆိုတာ ေျပာျပသင့္ပါတယ္။ သူတို႔ ေအာ္ဟစ္တိုင္း အလိုလိုက္မယ္ဆိုရင္ ကေလးေတြဟာ ဒီနည္းလမ္းကိုပဲ သုံးလာႏိုင္ပါတယ္။

၅။ ကိုယ့္စည္းကမ္းနဲ႔ ကိုယ္ေနဖို႔ သင္ေပးႏိုင္ပါတယ္

ကေလးေတြကို ကိုယ့္စည္းကမ္းနဲ႔ ကိုယ္ေနတတ္ဖို႔ သင္ေပးသင့္ပါတယ္။ အိပ္ရာမဝင္ခင္ သြားတိုက္တာ၊ ကစားစရာေတြကို ေနက်တက်ထားတာ၊ အိမ္စာလုပ္တာက သူတို႔ရဲ႕ ေန႔စဥ္လုပ္႐ိုးထုံးစံေတြပဲ ျဖစ္ပါတယ္။ သူတို႔ဘာလုပ္သလဲဆိုတာကို မထိန္းခ်ဳပ္ဘဲ သူတို႔ဘာသာသူတို႔ အိမ္စာလုပ္ဖို႔ သြားသန္႔ရွင္းေရးလုပ္ဖို႔ သတိေပးရပါမယ္။

၆။ သင့္ကေလးကို ေျဖခြင့္ေပးပါ

ကေလးေတြကို သူတို႔ကိုယ္တိုင္ ေျပာဆိုခြင့္ေပးဖို႔ လိုအပ္ပါတယ္။ ဒီအခ်က္က သူတို႔ရဲ႕ ဉာဏ္ရည္ဉာဏ္ေသြးႏွင့္ ေျပာဆိုဆက္ဆံေရးစြမ္းရည္အတြက္ အေရးပါပါတယ္။ တစ္ေယာက္ေယာက္က သူတို႔ကို တစ္ခုခုေမးတဲ့အခါ ကေလးက မေၾကာက္ေနသင့္ပါဘူး။ သူတို႔ဟာ ေမးခြန္းေတြကို ဘယ္လိုေျဖရမလဲ၊ ဘယ္လိုတုံ႔ျပန္ေျပာဆိုရမလဲ ဆိုတာ သင္ယူသင့္ပါတယ္။ ဒီလိုမွမဟုတ္ရင္ သူတို႔ရွက္တတ္လာၿပီး တျခားသူေတြကို မေျပာရဲ၊ မဆိုရဲတာ ျဖစ္လာႏိုင္ပါတယ္။

၇။ ကေလးအား အက်ိဳးသက္ေရာက္မႈႏွင့္ အေၾကာင္းရင္းကို ရွင္းျပႏိုင္ပါတယ္

သင့္ရဲ႕ လုပ္ေဆာင္မႈေတြကို ကေလးအား ရွင္းျပေပးပါ။ သူတို႔ကို ဆူပူရင္ သူတို႔မွာ ဘာအျပစ္ရွိတယ္ဆိုတာ ေျပာၿပီးမွ ဆူပါ။ ဒါမွသာ ကေလးက သူတို႔ရဲ႕ အမွားေတြကိုသိလာမွာပါ။ သူတို႔ရဲ႕ လုပ္ရပ္ေတြက တခ်ိဳ႕ရလဒ္ေတြကို ျဖစ္ေစႏိုင္တယ္ဆိုတာ သူတို႔နားလည္သြားပါလိမ့္မယ္။ သူတို႔ကို ရွင္းျပတဲ့အခါ တည္တည္ၿငိမ္ၿငိမ္ျဖစ္ေနေစဖို႔ ႀကိဳးစားပါ။

၈။ သင့္ကေလးဟာ အမွားေတြ လုပ္မိေစႏိုင္ပါတယ္

ကေလးကို အလြန္အမင္း အျပစ္တင္ဖို႔ မႀကိဳးစားပါနဲ႔။ သူတို႔ဘဝအတြက္ ဘယ္အရာေတြက အႏၲရာယ္ရွိႏိုင္သလဲဆိုတာ ရွင္းျပသင့္ပါတယ္။ အျခားအရာေတြနဲ႔ ပတ္သတ္လာရင္ သူတို႔ရဲ႕ လြတ္လပ္ခြင့္ကို ေပးႏိုင္ပါတယ္။ သူတို႔ရဲ႕ အမွားေတြထဲကေန သင္ခန္းစာယူၿပီး ကိုယ္ပိုင္အေတြ႕အႀကဳံ ရရွိခြင့္ေပးပါ။ ဒါေတြက ေနာက္ပိုင္းမွာ အသုံးဝင္လာပါလိမ့္မယ္။ အမွားေတြ၊ က်ရႈံးမႈေတြနဲ႔ စိတ္ပ်က္စရာေတြက ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ေၾကာင္း သတိရေပးပါ။

၉။ ကေလးရဲ႕ ထင္ျမင္ခ်က္ေတြကို ေဖာ္ထုတ္ဖို႔ ကူညီေပးပါ

သူတို႔ရဲ႕ ထင္ျမင္ခ်က္ေတြကို ထုတ္ေဖာ္ေျပာဆိုဖို႔ကလည္း အေရးႀကီးပါတယ္။ ၎က သူတို႔ရဲ႕ နားလည္မႈႏွင့္ ခံစားခ်က္ေပၚမွာ အေျခခံၿပီး သူတို႔ရဲ႕ ယုံၾကည္ခ်က္မ်ားကို ထုတ္ေဖာ္ဖို႔ႏွင့္ အေျခအေနကို ျပန္လည္စဥ္းစားၿပီး ေဝဖန္ႏိုင္တဲ့ စြမ္းရည္ကို တိုးတတ္ေစပါတယ္။ အနာဂတ္မွာ တစ္စုံတစ္ေယာက္ရဲ႕ ၾသဇာလႊမ္းမိုးမႈေအာက္မွာ က်ဆုံးလိမ့္မွာ မဟုတ္ပါဘူး၊

၁၀။ အခ်ိန္တိုင္း ကေလးေသးေသးေလးလို မဆက္ဆံပါနဲ႔

အသက္ ၃ႏွစ္အ႐ြယ္ေရာက္တဲ့အခါ ကေလးေတြဟာ အခ်ိဳ႕ေသာတာဝန္ေတြကို တျဖည္းျဖည္း လုပ္ႏိုင္လာပါၿပီ။ ဥပမာ- ကစားစရာေတြကို ေနရာတက် ထားႏိုင္လာပါတယ္၊ ႀကီးျပင္းလာတာနဲ႔အမွ် သူတို႔လုပ္ႏိုင္တဲ့ အိမ္မႈကိစၥေတြကို လုပ္ခိုင္းပါ။ ဒါက သူတို႔ရဲ႕ ဖြံ႕ၿဖိဳးတိုးတတ္မႈအတြက္ အေထာက္အကူျပဳပါတယ္။ ၎က အျခားသူေတြကို ကူညီဖို႔ႏွင့္ အျခားသူေတြရဲ႕ အလုပ္ကို ေလးစားတတ္သူျဖစ္ဖို႔ သင္ေပးႏိုင္ပါတယ္။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here