Home Parenting Child Care ရည်းစားထားချင်နေတဲ့ ကလေးကို အလိမ္မာသုံးပြီး ထိန်းသိမ်း စောင့်ရှောက်နည်း ၅ ခု

ရည်းစားထားချင်နေတဲ့ ကလေးကို အလိမ္မာသုံးပြီး ထိန်းသိမ်း စောင့်ရှောက်နည်း ၅ ခု

0
ရည်းစားထားချင်နေတဲ့ ကလေးကို အလိမ္မာသုံးပြီး ထိန်းသိမ်း စောင့်ရှောက်နည်း ၅ ခု

မျက်စိတစ်မှိတ်အတွင်းမှာပဲ ကလေးရဲ့ ကြီးပြင်းလာမှု အပေါ် မိဘတွေအနေနဲ့ စိုးရိမ်ပူပန်မှု အသစ်တွေ ရှိလာပါတယ်။ ကိုယ်က ကိုယ်ကလေးကို ငယ်သေးတယ်လို့ ထင်နေပေမယ့် ကလေးတွေကတော့ အတွေ့အကြုံအသစ်တွေကို ရှာဖွေနေကြပါပြီ။ အတွေ့အကြုံ အသစ်တွေထဲမှာ မိဘတွေ လက်မခံနိုင်တာကတော့ ရည်းစားထားတာပဲ ဖြစ်ပါတယ်။ ကိုယ်ရဲ့ ကလေး တစ်စုံတစ်ယောက်နဲ့ တွဲနေပြီဆိုတဲ့ သတင်းသဲ့သဲ့လေးကတောင် မိဘရဲ့ ရင်အစုံကို ကြေကွဲစေပါတယ်။ ဒီလိုကိစ္စတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ မဖြစ်သင့်တာ မဖြစ်ရလေအောင် မိဘတွေ အနေနဲ့ ဒေါသကို ရှေ့တန်းတင်ပြီး ဆုံးဖြတ်ချက် ချလေ့ရှိပါတယ်။ ဒါက ဆယ်ကျော်သက် ကလေးတွေကြားမှာ ဖြစ်နေကြ ပုံစံပါပဲ။

ဒေါသရှေ့ထားပြီး ချလိုက်တဲ့ ဆုံးဖြတ်ချက်က ကလေးရဲ့ တစ်သက်လုံးစာအတွက် မလုံလောက်ပါဘူး။ ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုတုံ့ပြန်ရမှန်း တောင်မသိတော့ဘဲ စိတ်တွေပူထူတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် ကလေးတွေကလည်း ဒီခံစားချက်အသစ်တွေကို ခံစားရတာနဲ့ပတ်သတ်ပြီး စိတ်မသက်မသာ ဖြစ်နေတတ်ပါတယ်။ ဒီလို မိဘရော သားသမီးပါ အဆင်မပြေတဲ့ အခြေအနေမှာ စိတ်အေးအေးထားပြီး အပြုသဘောနဲ့ လမ်းညွှန်ပေးဖို့လိုပါတယ်။ ကိုယ်တိုင်လည်း ငယ်ဘဝကို ဖြတ်သန်းပြီးမှ မိဘဖြစ်လာရတဲ့ အတွက် ဒီခံစားချက်ကို ကောင်းကောင်းသိမှာပါ။ တစ်နေ့မှာ ဒီလိုမျိုး ကြုံတွေ့ လာရမယ်လို့လဲ ဆင်ခြင်ပြီး ကြိုတင် ပြင်ဆင်ထားတာက မိဘတွေအနေနဲ့ အကောင်းဆုံးပဲ ဖြစ်မှာပါ။

၁။ ကောင်းမွန်တဲ့ အကြံဉာဏ် များပေးနိုင်ကြောင်း ပြသပါ

ငယ်ငယ်ရွယ်ရွယ်နဲ့ ချိန်းတွေ့တဲ့ ဆက်ဆံရေး တစ်ခုမှာ သိထားရမယ့် အရာအားလုံးကို ပွင့်ပွင့်လင်းလင်းပြောပါ။ မြီးကောင်ပေါက်အရွယ်ရဲ့ လှပတဲ့ အတွေ့အကြုံတွေနဲ့ နေထိုင်ရခြင်းရဲ့ အရေးပါမှုအပေါ် သိမ်မွေ့စွာ အလေးပေးဖော်ပြရန် အရေးကြီးပါတယ်။ ရည်းစားထားဖို့ စောလွန်းနေသေးကြောင်း ရှင်းရှင်းလင်းလင်း သိစေရန်နှင့် အဓိက နဲ့သာမညကို ဆွေးနွေး ကြည့်နိုင်ပါတယ်။

၂။ သဘာဝတရား ဖြစ်ကြောင်းကို မသိမသာပြောပြပေးပါ

မိခင်များတွေအနေနဲ့ ဆယ်ကျော်သက်တွေရဲ့ ရည်ရွယ်ချက်တွေကို ခေါင်းကိုက်စေသည် အထိ စိုးရိမ်ပူပန် တတ်ကြပါတယ်။ အခြေအနေကို တွေးကြည့်ပြီး ကလေးရဲ့ အနာဂတ် ဂုဏ်သိက္ခာအတွက် ကြောက်ရွံ့နေတတ်ကြပါတယ်။ ဒါပေမယ့် မိဘတွေအနေနဲ့ ကြောက်ရွံမနေပဲ ဆယ်ကျော်သက် သဘာဝ အကြောင်းကို နားလည်အောင် ရှင်းပြပေးတာက ကလေးရဲ့ ဆုံးဖြတ်ချက် ချမှုအပေါ် လုံခြုံမှု ပေးစွမ်းနိုင်ပါတယ်။

၃။ မိဘနဲ့ သားသမီးကြား ယုံကြည်မှု တည်ဆောက်ပါ

မိဘနဲ့ သားသမီးကြား ဆက်ဆံရေးမှာ အရေးပါဆုံးက ယုံကြည်မှုနဲ့ လေးစားခြင်းပဲ ဖြစ်ပါတယ်။ ကလေးအပေါ် လေးစားပြီး ယုံကြည်ပေးတဲ့ မိဘတွေက ဘယ်တော့မှ ဒီလိုကိစ္စတွေအတွက် မပူပင်ရပါဘူး။ ကလေးတွေအနေနဲ့လည်း ကိုယ့်ကိုယုံကြည်ပေးတဲ့ မိဘအပေါ် ဘယ်တောမှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတာ့ ကလေးတွေရဲ့ နှလုံးသားမှာ ယုံကြည်မှုက စွဲထင်နေလို့ပဲ ဖြစ်ပါတယ်။

၄။ ဒေါသတကြီး အော်ဟစ်၊ရိုက်နှက်တာ၊ အရှက်ခွဲတာမျိုး မလုပ်မိပါစေနဲ့

မိဘတွေ မလုပ်သင့်တဲ့ အရေးကြီးဆုံး အချက်အချက်က ဘယ်တော့မှ ကလေးကို သူများတွေရှေ့ အရှက်တကွဲ အော်ဟစ် ကျိန်းမောင်းတာမျိုးတွေ မလုပ်မိပါစေနဲ့။ ကလေးရဲ့ နူးညံတဲ့ နှလုံးသားမှာ အမဲစက်စွန်းနိုင်ပြီး ကလေးရဲ့ လေးစားမှုကိုလည်း ဆုံးရှုံးနိုင်ပါတယ်။ ကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုးတွေ ရှိလာရင်တော့ စိတ်ဒဏ်ရာပါ ရလာနိုင်ပါတယ်။ ကလေးနဲ့ မိဘကြားက တင်းမာမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အတွက် ရှောင်ရှားသင့်ပါတယ်။

၅။ လိင်ကျန်းမာရေး အသိပညာကို ငယ်စဉ်ကတည်းက ရင်းနှီးအောင် သင်ကြားပေးပါ

ကလေးသူငယ် လိင်ကျန်းမာရေး အသိပညာကို မျှဝေတာက ငယ်လွန်းသည် ဆိုတာ မရှိပါဘူး။ ကိုယ့် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ချို့က privacy ဖြစ်ပြီး ဘာကြောင့် ဒီလိုမျိုး သတ်မှတ်ရလဲ ဆိုတာကိုပါ ပြောပြပေးပါ။ ဒါက ကလေးရဲ့ အသိပညာနယ်ပယ်နဲ့ ဆုံးဖြတ်ချက် ချမှုအပေါ် ယုံကြည်ချက် ရှိစေပါတယ်။ ဆယ်ကျော်သက် တွေရဲ့ ဟော်မုန်း ပြောင်းလဲလာမှု အပေါ်လည်း လေးစားမှုရှိစေပါတယ်။

Chit_MayMay

Nadi

ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here