ရာသီခွင်ပေါ် အခြေခံပြီး မေမေတို့ ကလေးတွေ လိုအပ်မယ့် မိဘအုပ်ထိန်းမှု ပုံစံလေးတွေအကြောင်း

0
491
- Advertisement -

မိဘအုပ်ထိန်းမှုက ခက်ခဲပါတယ်။ မိဘအုပ်ထိန်းမှုနှင့် ပတ်သတ်ပြီး ချဉ်းကပ်နည်း မှန်တယ်(သို့) မှားတယ်လို့ မရှိသော်လည်း ကလေးတစ်ယောက်စီမှာ မတူညီတဲ့ မိဘအုပ်ထိန်းမှုပုံစံ လိုအပ်ချက်တွေရှိကြပါတယ်။

ဒီနေ့မှာတော့ မေမေတို့ ကလေးတွေရဲ့ ရာသီခွင်ပေါ်အခြေခံပြီး သူတို့ရဲ့ စရိုက်လေးတွေ၊ အပြုအမှုလေးတွေ၊ သူတို့လိုအပ်မယ့် မိဘအုပ်ထိန်းမှု ပုံစံလေးတွေအကြောင်းကို မျှဝေပေးသွားပါမယ်။

မီးသင်္ကေတ ကလေးတွေ – Aries, Leo, Sagittarius

- Advertisement -

ဒီမီးသင်္ကတထဲမှာပါတဲ့ ကလေးတွေဟာ မိသားစုဝင်ထဲမှာ ရိုင်းစိုင်းတဲ့ ကလေးလို့ သူတို့ကိုယ်သူတို့ သတ်မှတ်ကြပါတယ်။ သူတို့ဟာ စိတ်အားထက်သန်မှုနှင့် စွမ်းအင်ကို ပြသပါတယ်။ သူတို့ကို ယဉ်ကျေးအောင်လုပ်မယ့်အစား သူတို့ကို လွတ်လွတ်လပ်လပ် လွှတ်ပေးထားပြီး ကစားစရာနေရာ၊ ပျော်စရာနေရာ ပေးထားတာက အကောင်းဆုံးဖြစ်ပါတယ်။

၁။ Aries ကလေး- ကိုယ့်ကိုယ်ကို အားကောင်းတဲ့ ခံစားမှုရှိပါတယ်

မိဿရာသီဖွား ကလေးတွေဟာ မောင်နှမတွေနဲ့ သူငယ်ချင်းတွေကို သူတို့ရဲ့အကြောင်းအရာတွေ မျှဝေဖို့ တွန့်ဆုတ်နေနိုင်ပါတယ်။ သူတို့ဟာ အမှီအခိုကင်းစွာ လွတ်လပ်ပြီး သူတို့ကိုယ်သူတို့ ယုံကြည်ကြပါတယ်။ အရာရာတိုင်းမှာ အကောင်းဆုံးဖြစ်ခြင်းကို နှစ်သက်ပြီး သူတို့ရဲ့ယှဉ်ပြိုင်နိုင်စွမ်းကို ထုတ်ဖော်ပြသတဲ့ ဘယ်လုပ်ဆောင်မှုကိုမဆို နှစ်သက်ကြပါတယ်။ တကယ်လို့ သင့်မှာ မိဿရာသီဖွား ကလေးရှိပါက သူတို့ရဲ့ ယုံကြည်စိတ်ချမှုကို သူတို့ဘယ်တော့မှ မဆုံးရှုံးဘူးဆိုတာ သေချာပါတယ်။

၂။ Leo – သဘောကျခြင်းကို နှစ်သက်ပါတယ်

သိလ်ရာသီဖွားကလေးတွေဟာ အထူးခံစားမှုမျိုးကို နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် သင့်မှာ သိဟ်ရာသီဖွားကလေးရှိမယ်ဆိုရင် သူတို့ကို သင်ဘယ်လောက်ချစ်တယ်၊ ဘယ်လောက်မြတ်နိုးတယ်ဆိုတာ သူတို့ကို သေချာပြောပြပါ။ သူတို့ကို ချစ်ခြင်းမေတ္တာတွေနဲ့ ကြဲချပေးဖို့ အရေးကြီးသော်လည်း သူတို့ကို အတ္တမဆန်စေဖို့နှင့် ချစ်ခင်ကြင်နာတတ်ဖို့ သင်ပေးရပါမယ်။

၃။ Sagittarius ကလေး- စွန့်စားခန်းရှာတတ်ကြပါတယ်

သူတို့ဟာ စိတ်လှုပ်ရှားစရာတွေနဲ့ စွန့်စားမှုတွေကို ရှာတတ်ကြပြီး ငြီးငွေ့ဖွယ်ကောင်းတဲ့ဘဝမှာ ရှင်သန်လိုစိတ်မရှိကြပါဘူး။ သူတို့ရဲ့အတွေ့အကြုံသစ်လေးတွေကို ပြောပြပါလိမ့်မယ်၊ တစ်ခါတရံမှာ ရယ်စရာဖြစ်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ အလုပ်ကြောင့် နေရာခဏခဏပြောင်းရတဲ့ မိဘဖြစ်ရင် သူတို့လေးတွေကို ပတ်ဝန်းကျင်အသစ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ ယုံကြည်စိတ်ချနိုင်ပါတယ်။

မြေကြီး သင်္ကတ ကလေး- Taurus, Virgo, Capricorn

ဒီရာသီခွင်ကလေးတွေဟာ သူတို့ရဲ့အသက်အရွယ်အတွက် တာဝန်ယူမှုရှိကြပြီး အခြေခံပြုစုစောင့်ရှောက်ရသူအဖြစ် ကြီးပြင်းပါလိမ့်မယ်။ ကျန်းမာရေးနဲ့ မညီညွတ်အောင် တစ်နေကုန် အလုပ်ထိုင်လုပ်နေတဲ့အချိန်မှာ ကလေးက သင့်ကို အပြင်ထွက်ဖို့ ခေါ်လာရင် မအံ့သြပါနဲ့။

၄။ Taurus ကလေး- ခေါင်းမာသူ ဖြစ်နိုင်ပါတယ်

ပြိဿရာသီဖွားကလေးတွေဟာ စိတ်ရှည်ပြီး ချိုသာသော်လည်း အရမ်းခေါင်းမာသူတွေ ဖြစ်နိုင်ပါတယ်။ သူတို့မလုပ်ချင်တဲ့ အရာတစ်ခုခုကို လုပ်ဖို့ ဆွဲဆောင်ရတာ အရမ်းခဲယဉ်းပါတယ်။ အပြောင်းအလဲများလွန်းတာကို မုန်းကြပြီး သူတို့ဘဝမှာ တည်ငြိမ်မှုကို နှစ်သက်ကြပါတယ်။

၅။ Virgo ကလေး- မေမေ့ရဲ့အကူအညီပေးသူလေး

ကန်ရာသီဖွားကလေးတွေက အိမ်မှုကိစ္စအသစ်တွေ သင်ယူရတာ၊ သန့်ရှင်းရေးလုပ်ရတာ၊ ပစ္စည်းတွေကို သူ့နေရာနဲ့သူထားရတာကို နှစ်သက်ကြပါတယ်။ သူတို့က မေမေတို့ လိုချင်တဲ့ perfect ကလေးတွေ ဖြစ်နိုင်ပါတယ်။ သို့သော် သူတို့ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာရင်တော့ ဇီဇာကြောင်နိုင်ပါတယ်။

၆။ Capricorn ကလေး- ရင့်ကျက်သူလေးတွေ ဖြစ်ပါတယ်

မကရရာသီဖွားကလေးတွေဟာ ရွယ်တူ တခြားကလေးတွေထက် ရင့်ကျက်ပါတယ်။ မကရတွေဟာ ခေါင်းဆောင်တွေ၊ Plan ချကျွမ်းကျင်သူတွေအဖြစ် မွေးဖွားလာကြပါတယ်။ သို့သော် သူတို့ဟာ အကျွမ်းတဝင်မရှိသော လူအုပ်ကြီးထက် လူနည်းစု အုပ်စုလေးကို ပိုနှစ်သက်ပါတယ်။

လေသင်္ကေတ ကလေးတွေ -Gemini, Libra, Aquarius

သူတို့ဟာ စပ်စုလိုစိတ်ဖြင့် မွေးဖွားလာကြပြီး စူးစမ်းရတာ၊ အပေါင်းအသင်းလုပ်ရတာကို နှစ်သက်ကြပါတယ်။ အတွေးသမားကြီးတွေ ဖြစ်တာကြောင့် သူတို့ကို ရုပ်ရှင်တွေ၊ ဂိမ်းတွေ၊ စာအုပ်တွေမှတဆင့် စိတ်လှုံ့ဆော်ရတာကို တပ်မက်ပါတယ်။

၇။ Gemini ကလေး- တော်တယ်၊ ထက်မြက်တယ်

သူတို့ဟာ ဉာဏ်ကြီးရှင်လေးတွေဖြစ်ပြီး လျင်မြန်သော အတွေးအခေါ်ရှိသူတွေဖြစ်ပါတယ်။ သူတို့က စကားအများကြီးပြောရတာကို နှစ်သက်ကြပေမယ့် ဒီလေအိုးလေးတွေဟာ သူစိမ်းတွေအကြောင်းနှင့်ပတ်သတ်ပြီး သတိပေးမယ့် ပညာရှိလေးတွေဖြစ်ပါလိမ့်မယ်။

သူတို့ကို ငယ်ရွယ်စဉ်ကတည်းက ပုန်ကန်တဲ့ ဆယ်ကျော်သက်တွေ ဖြစ်မလာအောင် ထိန်းချုပ်မှုအဖြစ် သူတို့အရွယ်ကလေးတွေနဲ့သာ ပေါင်းသင်းခွင့်ပြုပါ။

၈။ Libra ကလေး -မပြတ်သားသူလေးတွေပါ

တူရာသီလေးတွေဟာ ချောကလက်ရေခဲမုန့်စားရမလား? စတော်ဘယ်ရီအရသာ ရေခဲမုန့်စားရမလားဆိုတာကို တစ်နေ့လုံး ဆုံးဖြတ်နေရလိမ့်မယ့် မပြတ်သားသူလေးတွေ ဖြစ်နိုင်ပါတယ်။

၉။ Aquarius ကလေး- သူတို့ရဲ့ ထူးဆန်းမှုကို လက်ခံယုံကြည်ပါ

သူတို့ကို လူမှုရေးအရ လက်ခံနိုင်ဖွယ်ဖြစ်အောင် တစ်စုံတစ်ယောက်အဖြစ် ပုံသွင်းဖို့ မကြိုးစားပါနဲ့။ အဲဒီအစား သူတို့ရဲ့အများနဲ့မတူတဲ့ သဘာဝကို လက်ခံဖို့ confidence ပေးပါ။ ကုံရာသီဖွားတစ်ယောက်ရဲ့ မိဘတစ်ယောက် ဖြစ်ရတာဟာ စိန်ခေါ်မှု ဖြစ်နိုင်ပေမယ့် စိတ်ရှည်ရှည်နဲ့ ကြိုးစားအားထုတ်ခြင်းဖြင့် သူတို့ပိုင်ဆိုင်ထားတဲ့ ထူးဆန်းသော စရိုက်တွေကို သင်သဘောကျလာပါလိမ့်မယ်။

ရေအမှတ်အသား ကလေး- Cancer, Scorpio, Pisces

ဒီရာသီခွင်လက္ခဏာတွေက လူ့စိတ်ခံစားမှုနဲ့ အကျွမ်းတဝင်ဖြစ်ကြပြီး သူတို့နားက တစ်ယောက်ယောက် ဒေါသထွက်တာမျိုး၊ စိတ်ဆိုးတာမျိုးဆိုရင် အလွယ်တကူ သိနိုင်ပါတယ်။ သူတို့က သူတို့ရဲ့ စိတ်ခံစားမှုကို ပုန်းလျှိုးကွယ်လျှိုးနေပြီး မကောင်းတဲ့နေ့တစ်နေ့ ဖြစ်နေရင် ငိုနေပါလိမ့်မယ်။ မိဘတွေအနေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို အကင်းပါးပါးထားပါ။

၁၀။ Cancer ကလေး- စိတ်ပြောင်းလွယ်ပါတယ်

ကရကဋ်ရာသီဖွားလေးတွေဟာ မိသားစုကြီးကို ချစ်မြတ်နိုးပြီး သူတို့ရဲ့အဘိုးအဘွားတွေ၊ ဝမ်းကွဲတွေ၊ မောင်နှမတွေနဲ့ ပေါင်းရသင်းရတာကို နှစ်သက်ပါတယ် ကရကဋ်ရာသီဖွားကလေးတွေဟာ စိတ်အပြောင်းအလဲလွယ်ပြီး သူတို့ စိတ်ဆိုး၊ ဒေါသထွက်တဲ့အခါ သူတို့ကို Space ပေးထားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ငယ်ရွယ်သော မောင်နှမတွေကို အရမ်းချစ်ခင်နိုင်ပါတယ်။

၁၁။ Scorpio ကလေး- ကတိမတည်တာကို မုန်းကြပါတယ်

ဗြိစ္ဆာရာသီဖွား ကလေးတွေကို မကောင်းသော(သို့) စိတ်ပျက်စရာကောင်းသော သတင်းတွေ ဖုံးကွယ်ခြင်းက ကောင်းတဲ့ အကြံမဟုတ်ပါဘူး။ သူတို့ကို တစ်စုံတစ်ယောက်က လိမ်နေတယ်ဆိုရင် ချက်ချင်းသိပြီး မုန်းကြပါတယ်။ မေမေတို့ ပြောထားတဲ့ စကားကို မေမေတို့ မလိုက်နာနိုင်တဲ့အခါမှာလည်း သူတို့ မုန်းပါလိမ့်မယ်။ တကယ်လို့ သမီးလေးကို ကစားကွင်းပို့ပေးမယ်လို့ ကတိပေးထားရင် မေမေတို့ ကတိတည်ရပါလိမ့်မယ်။

၁၂။ Pisces ကလေး – ဖန်တီးမှု စိတ်စွမ်းရည်ရှိကြပါတယ်

မိန်ရာသီကလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာထဲမှာ နေရတာကို နှစ်သက်ကြပါတယ်၊ သူတို့မှာ အားကြီးသော စိတ်ကူးစိတ်သန်းတွေရှိကြပါတယ်၊ မေမေတို့ကလေးဟာ မိန်ရာသီဖွားဆိုရင် သူတို့ကို တီထွင်ဖန်တီးမှု ထွက်ပေါက်တစ်ခု ပေးတာက မကောင်းတဲ့ စိတ်ကူး မဟုတ်ပါဘူး။

ကလေးတစ်ယောက်စီဟာ သူတို့ရဲ့ ဝိသေသလက္ခဏာတွေပေါ် မူတည်ပြီး မတူညီသော မိဘအုပ်ထိန်းမှု နည်းလမ်းတွေ လိုအပ်ပါတယ်။ ထို့ကြောင့် “one size fits all” ဆိုတဲ့ စည်းမျဉ်းကို လိုက်လျှောက်မယ့်အစား သင့်ကလေးနဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကို နားလည်ဖို့ ကြိုးစားခြင်းက မိဘအုပ်ထိန်းမှုကို ပိုလွယ်ကူစေပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction

Chit Maymay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here