ရိုသေလေးစားမှုမရှိတဲ့ ဆယ်ကျော်သက်လေးတွေကို ဘယ်လိုကိုင်တွယ်မလဲ?

0
223
- Advertisement -

ရိုသေလေးစားမှုမရှိသော ဆယ်ကျော်သက်တွေကို ကိုင်တွယ်ရတာက အရမ်းခက်ခဲပါတယ်။ သင့်ရဲ့ဆယ်ကျော်သက်အရွယ်သားငယ်ဟာ သူ့ရဲ့ကျောင်း၊ ခန္ဓာကိုယ် ပုံပန်းသဏ္ဍန်၊ သူငယ်ချင်းအပေါင်းအသင်း (သို့) စာလေ့လာမှုနှင့် ပတ်သတ်သော ပြဿနာတွေကြောင့် ရိုင်းပျတဲ့ အပြုအမှုကို ရွေးချယ်လာနိုင်ပါတယ်။ ဒီအခြေအနေနှင့်အတူ မေမေတို့ ရုန်းကန်နေရရင် မစိုးရိမ်ပါနဲ့။ ဒီဆောင်းပါးကနေ မေမေတို့ရဲ့ ဆယ်ကျော်သက်ကလေးအား သူ့ရဲ့အမူအကျင့်ကို ပြုပြင်ဖို့ လမ်းညွှန်မှုလေးတွေ မျှဝေပေးပါမယ်။

ဘယ်အရာက ဆယ်ကျော်သက်တစ်ယောက်ကို မလေးမစား ဖြစ်စေတာလဲ?

မေမေတို့ရဲ့ ဆယ်ကျော်သက်ကလေးနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာ မလေ့လာခင်မှာ နောက်ခံအကြောင်းရင်းတွေကို လေ့လာကြည့်ကြပါစို့။

စိတ်ထဲမှာ မှတ်ထားပါ- သင်ဟာ ကန့်သတ်ချက်များစွာ ချထားရင် သင့်ဆယ်ကျော်သက်လေးရဲ့ ရိုင်းပျသောအပြုအမှုကို သွယ်ဝိုက်တဲ့နည်းနဲ့ အားပေးနိုင်ပါတယ်။ သူ့ရဲ့ကြီးထွားလာသော လွတ်လပ်ချင်တဲ့ စိတ်ဓါတ်က စည်းမျဉ်းတွေများစွာကို သည်းမခံနိုင်ပါဘူး။ သူ့ရဲ့မကျေနပ်မှုက လေးစားမှုကို ဖျက်ဆီးပါလိမ့်မယ်။

မေမေတို့ရေ … ကျေးဇူးပြုပြိး မေမေတို့ကလေးဟာ မိဘတွေကို ကြည့်ခြင်းအားဖြင့် အခြားသူတွေကို လေးစားဖို့ သင်ယူကြောင်း နားလည်ပေးပါ။ မေမေတို့ရဲ့ သားလေးဟာ ‘မေမေက တစ်ခြားသူတစ်ယောက်ကို မလေးမစား ဆက်ဆံတယ်လို့’ မြင်ရင် ဒီအကျင့်ဆိုးတွေကို ကောက်ယူပြီး ထပ်တူလုပ်ပါလိမ့်မယ်။ သင့်ကလေးကိုလည်း လေးစားမှုမရှိရင် ပြန်လည်လေးစားမှုကို မျှော်လင့်လို့မရပါဘူး။

ရိုသေလေးစားမှုမရှိတဲ့ ဆယ်ကျော်သက်လေးတွေနဲ့ ဘယ်လိုဆက်ဆံမလဲ?

မေမေတို့ကလေးဟာ ယခုအရွယ်ရောက်ခါနီးပြီဆိုတဲ့ အချက်ကို မေမေတို့ဝန်ခံဖို့ လိုအပ်ပါတယ်။ ယခုအချိန်တွင် သူ့မှာ တစ်ခါမျှ မခံစားဖူးတဲ့ ခံစားချက်တွေနဲ့ အတွေးတွေ ရှိနေပါပြီ။ ဒါက သူတို့မှာ များသောအားဖြင့် အရာအားလုံးကို ဆန့်ကျင်ဘက်မြင်ပြီး တော်လှန်လိုစိတ်ရှိနေတဲ့ အချိန်ဖြစ်ပါတယ်။

ယခုသူဟာ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို စတင်စဉ်းစား၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် မေးခွန်းထုတ်ခြင်းတွေ စတင်နေပြီ ဖြစ်တာကြောင့် သူ့ရဲ့အပြုအမှုနှင့် မိသားစုအပေါ် ချဉ်းကပ်မှု ပြောင်းလဲခြင်းကို ကြီးပြင်းလာခြင်းရဲ့ ပုံမှန်အစိတ်အပိုင်းအဖြစ် သတ်မှတ်သင့်ပါတယ်။

၁။ ဒီအရာက ဆယ်ကျော်သက်အရွယ်သို့ ဝင်လာတဲ့ ကလေးတိုင်းမှာ ဖြစ်ပျက်နေတာလို့ နားလည်ပေးပါ-ဒါက မိဘတွေအတွက်သာမက သူအတွက်လည်း ခက်ခဲတဲ့ အချိန်တစ်ခုဖြစ်ပါတယ်။ အခြေအနေကို အေးဆေးတည်ငြိမ်စွာ ကိုင်တွယ်ခြင်းအားဖြင့် နှစ်ယောက်စလုံးအတွက် အကူအညီဖြစ်ပါလိမ့်မယ်။

၂။ မေမေတို့ ဆယ်ကျော်သက်လေးရဲ့ သဘောထားကို မေမေတို့ ဘယ်လိုတုံ့ပြန်သလဲဆိုတာက အရမ်းအရေးကြီးပါတယ်။ ကလေးက အရမ်းရိုင်းပျနေရင်တောင် အေးဆေးတည်ငြိမ်စွာနေလိုက်ပါ။

၃။ သားဖြစ်သူက မေမေတို့ကို အကဲစမ်းဖို့ ကြိုးစားပါလိမ့်မယ်။ ငါးစာကို မယူပါနဲ့- မေမေတို့ဟာ သားရဲ့စံပြတစ်ယောက်ဖြစ်ကြောင်း သတိရပါက အခြေအနေအမျိုးမျိုးမှာ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို မေမေတို့ဆီကနေ သင်ယူပါလိမ့်မယ်။

၄။ သူ့အပေါ်မှာမဟုတ်ဘဲ၊ မလေးစားတဲ့ အပြုအမှုပေါ်မှာ အာရုံစိုက်ပါ- သူ့ရဲ့အပြုအမှုနှင့် ပတ်သတ်ပြီး သင်ဘယ်လိုခံစားရကြောင်း သူတို့ကိုပြောပြပါ။ “မင်းဘယ်လိုပြောရဲတာလဲ” လို့လက်ညှိုးထိုးပြီး ပြောမယ့်အစား မင်းရဲ့ အမူအကျင့်ကြောင့် အမေတကယ် စိတ်ထိခိုက်ခဲ့ရတယ်လို့ သင်ကိုယ်သင် ဖော်ပြပေးပါ။

၅။ အပြုအမှုနှင့် ပြောဆိုဆက်ဆံမှုအတွက် ရှင်းလင်းတဲ့ စည်းမျဉ်းတွေကို သတ်မှတ်ပေးရပါမယ်- မေမေတို့ဆယ်ကျော်သက်လေးကို စည်းကမ်းချမှတ်တဲ့ လုပ်ငန်းစဉ်မှာ သူကိုယ်တိုင်ပါဝင်ခိုင်းပါ။ သူသည်လည်း လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ သတိပေးပါလိမ့်မယ်။

၆။ ဟာသနဲ့ အကျပ်အတည်းကို ချိုးဖျက်နိုင်ပါတယ်- ရွှင်ရွှင်ပျပျနေခြင်းက အခြေအနေပြင်းထန်မှုကို ထုတ်ပစ်နိုင်ပါတယ်။ ကဲ့ရဲ့တာ၊ လှောင်ပြောင်တာ၊ ထေ့ငေါ့ပြီး မပြောတာက ပိုကောင်းပါတယ်။

ဘယ်အရာတွေကို သင်ရှောင်ရမလဲ?

ဆယ်ကျော်သက်တွေဟာ တစ်ခါတစ်ရံမှာ ရိုင်းစိုင်းဖို့ ရည်ရွယ်ခြင်းမရှိဘဲ ဆိုးသွမ်းစွာ ပြုမှုတတ်ပါတယ်။ ရိုင်းပျနေတဲ့ ဆယ်ကျော်သက်တစ်ယောက်နဲ့ ဆက်ဆံရတာက မလွယ်ကူသော်လည်း သင်မကျူးလွန်သင့်တဲ့အမှားတစ်ချို့ကို ဒီနေရာမှာ ဖော်ပြထားပါတယ်။

ငြင်းခုံတာက အလုပ်ဖြစ်တယ်ဆိုတာ မရှိသလောက်ပါပဲ။ သင့်ဆယ်ကျော်သက်အရွယ်သားလေးဟာ ဒေါသထွက်နေရင် သူ မပြောလိုတဲ့ အရာတွေကို ပြောဆိုဖို့ လွယ်ကူပါတယ်။ ဒီအခြေအနေမှာ အကောင်းဆုံးချဉ်းကပ်မှုက အေးအေးဆေးဆေးနေဖို့ဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ ခက်ခဲသော အကြောင်းအရာတစ်ခုကို ယူဆောင်လာဖို့ ကြိုးစားနေပါက အချိန်ကာလနှင့်ပတ်သတ်ပြီး အလွန်သတိထားဖို့ လိုအပ်ပါတယ်။ မကောင်းသောအချိန်က အခွင့်အလမ်းအားလုံးကို လုံးဝပျက်စီးစေပါလိမ့်မယ်။

ပိုကောင်းတဲ့ ချဉ်းကပ်နည်းက သင့်ဆယ်ကျော်သက်ကလေးကို စကားပြောပေးဖို့ လိုအပ်ပါတယ်။ သူတို့ မှာဆွေးနွေးချင်စိတ်ရှိတဲ့အခါ ဆွေးနွေးဖို့အတွက် မေမေတို့ဆီကို ပြန်လာလို့ရနိုင်ပါတယ်။

နောက်ဆုံးအကြံပြုချက်

သိပ်စိတ်မပူပါနဲ့။ ဒီအချိန်တွေကို နောက်ဆုံးမှာ ကျော်ဖြတ်သွားရမှာပါ။ မေမေတို့ရဲ့ ဆယ်ကျော်သက်ကလေးက မေမေတို့ရဲ့ ကလေးဖြစ်နေဆဲဖြစ်ပြီး ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှု အမြဲလိုအပ်ပါတယ်။ ယခု သူဟာ လွတ်လပ်မှုအတွက် မျှော်လင့်နေဆဲလည်းဖြစ်ပါတယ်။

  • ဒီအချိန်တိုလေးအတွင်းမှာ သူ့ကိုမမွန်းကျပ်ပါစေနဲ့ ၊ သင့်အပေါ်မှာ သူတို့ အမြဲတမ်းအားကိုးနိုင်တယ်ဆိုတာကို နားလည်စေပါ။
  • မိဘနဲ့ သားသမီးကြားက တင်းမာမှုကို သက်သာစေဖို့ အဒေါ်(သို့) သူငယ်ချင်းမိသားစုကဲ့သို့သော အခြားမိသားစုဝင်များထံမှလည်း အကူအညီရယူနိုင်ပါတယ်။

အထက်ပါနည်းဗျူဟာတွေမှ အလုပ်မဖြစ်ရင် သူဟာ လေးစားမှုကင်းမဲ့နေရင်၊ ဒါက ပြင်ပပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့သော ကိစ္စရပ်တွေမှာ မိသားစုဝင်တွေက ဝင်ဖြေရှင်းပေးခြင်းကဲ့သို့သော အထောက်အပံ့များ လိုအပ်ပါလိမ့်မယ်။ သင့်ကလေးကို နှောင့်နှေးခြင်းမရှိဘဲ မှန်ကန်သော လမ်းကြောင်းသို့ ပြန်လည်တည့်မတ်ပေးဖို့ အချိန်မဆွဲသင့်ပါဘူး။

Chit_MayMay

LM_Nandar

Chit MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here