ရောဂါပိုးတွေအလွယ်တကူ မဝင်ရောက်ဖို့ သင့်မိသားစုရဲ့ ကိုယ်ခံအားကို မြှင့်တင်ကြပါစို့

0
416
- Advertisement -

အပြင်လောကရှိ ရောဂါပိုးတွေ၊ ဖျားနာမှုတွေမှန်သမျှကို သင့်မိသားစုဆီ ဝင်ရောက်လာခြင်းမရှိဖို့အတွက် ကာကွယ်နိုင်မယ့်အကောင်းဆုံးနည်းလမ်းကတော့ လူကြီးတွေနဲ့ ကလေးတွေအားလုံးရဲ့ ကိုယ်ခံအားကိုမြှင့်တင်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုဖျားနာမှု၊ ရောဂါမျိုးမှ မကူးစက် မခံစားရဘဲ တစ်နှစ်တာလုံးကျန်းမာအောင် လိုက်နာရမယ့်နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ အာဟာရသင့်တင့်မျှတစွာ စားသုံးပါ

Antioxidants တွေ မြောက်မြားစွာပါဝင်တဲ့ အစားအစာတွေကို အာဟာရမျှတစွာစားသုံးခြင်းက ကိုယ်ခံအားကောင်းအောင် ထိန်းသိမ်းရာမှာ အင်မတန်အရေးကြီးပါတယ်။ ကိုယ်ခံအားကိုမြှင့်တင်ပေးတဲ့ အစားအစာတွေက ရောဂါပိုးကူးစက်ခြင်းကို တိုက်ဖျက်နိုင်မယ့် သွေးဖြူဥဆဲလ်တွေ၊ ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြန်လည်ပြင်ဆင်ပေးခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။

၂။ အိပ်ရေးဝအောင်အိပ်ပါ

သုတေသနပြုလုပ်ချက်များအရ အရွယ်ရောက်ပြီးသား လူကြီးတွေနဲ့ ကလေးတွေရဲ့ ကိုယ်ခံအားကောင်းမွန်ဖို့အတွက် အိပ်စက်ခြင်းကလည်း လိုအပ်ပါတယ်။ အိပ်ရေးမဝဘူးဆိုပါက အာရုံကြောနှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများအပြင် အဝလွန်ခြင်း၊ ဆီးချိုနှင့် နှလုံးရောဂါတွေဖြစ်နိုင်ခြေပါ မြင့်တက်လာနိုင်ပါတယ်။

၃။ လေ့ကျင့်ခန်းလုပ်ပါ

သင့်တင့်လျှောက်ပတ်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးခြင်းက ကိုယ်ခံအားကိုမြှင့်တင်နိုင်တယ်လို့ သုတေသီတွေကဆိုပါတယ်။ သွေးဖြူဥဆဲလ်တွေထုတ်လုပ်ခြင်းကို မြင့်တက်နိုင်ကာ ခန္ဓာကိုယ်တစ်လျှောက် ဆဲလ်တွေလည်ပတ်ခြင်းကို တိုးတက်စေမှာဖြစ်ပါတယ်။ သို့သော်လည်း အလွန်အကျွံမလုပ်ဖို့တော့ အကြံပြုချင်ပါတယ်။

၄။ ပိုးမွှားတွေပျံ့နှံနိုင်တဲ့ နေရာတွေကို သတိထားပါ

မျက်လုံးနဲ့မမြင်နိုင်တဲ့ သေးငယ်လွန်းလှတဲ့ ပိုးမွှားတွေကို လူသွားများတဲ့ နေရာတွေမှာ တွေ့ရှိနိုင်တယ်ဆိုရင် ယုံမှာတောင်မဟုတ်ပါဘူး။ စားသောက်ဆိုင်မီနူးတွေနဲ့ ရှော့ပင်းစင်တာဈေးဝယ်လှည်းတွေရဲ့ လက်ကိုင်တွေမှာဆိုရင် ပိုပြီးတော့တောင်များပါသေးတယ်။ ဒါကြောင့် ဘယ်ကိုပဲသွားသွား လက်ကိုသေချာပြောင်အောင်ပြန်ဆေးဖို့ မမေ့ပါနဲ့။

#Chit_May_May

#Thinzar

Ref- verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here