ရွယ်တူချင်းဖိအားကို ရင်ဆိုင်နိုင်အောင် ကလေးတွေအား ဘယ်လိုကူညီပေးနိုင်မလဲ?

0
87
- Advertisement -

ကြီးကောင်ဝင်လာတဲ့အရွယ်မှာ ကျွန်မတို့ကလေးတွေရဲ့ စံပြပုဂ္ဂိုလ်တွေက သူတို့သူငယ်ချင်းတွေ ဖြစ်လာကြပါတယ်။ ဆယ်ကျော်သက်တွေဟာ များသောအားဖြင့် မိဘတွေကို စောင့်ကြည့်ခြင်းအား ရပ်တန့်ပြီး ဝတ်စားဆင်ယင်ပုံ၊ ပြောဆိုပုံ၊ ပြုမှုပုံတွေကို ဆုံးဖြတ်ဖို့ သူငယ်ချင်းတွေကို ကြည့်တတ်ကြပါတယ်။ အုပ်စုတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ခံစားရခြင်းက ခန့်မှန်းခြေအားဖြင့် အသက် ၁၂နှစ်မှ ၂၀နှစ်အကြား တစ်ဦးချင်းစီအတွက် မဖြစ်မနေ လိုအပ်ပါတယ်။ ထို့ကြောင့် ရွယ်တူချင်းဖိအားက အရမ်းအရေးကြီးလာပြီး ကျွန်မတို့ကလေးတွေရဲ့ ကောင်းကျိုးနှင့် ဆိုးကျိုးကိုပါ သက်ရောက်လာနိုင်ပါတယ်။

ရွယ်တူချင်းဖိအားကို ဘယ်လိုကျော်လွှားနိုင်မလဲ?

ဘဝရဲ့ဒီအဆင့်မှာ သူငယ်ချင်းအုပ်စုတစ်စုရဲ့ တန်ဖိုးတွေနဲ့ ဆန္ဒတွေကို ဆန့်ကျင့်ဖို့ဆိုတာ အလွန်ခက်ခဲနိုင်ပါတယ်။

ရွယ်တူချင်းဖိအားဆိုတာ ဘာလဲ?

ဆိုရှယ်အုပ်စုတစ်ခုကို ပိုင်ဆိုင်ခြင်းက ဆယ်ကျော်သက်တွေရဲ့ ဂုဏ်သိက္ခာအတွက် အလွန်အရေးကြီးပါတယ်။ ကျွန်မတို့ပတ်ဝန်းကျင်ရှိသူတွေဟာ ကျွန်မတို့ ဘဝကို တစ်နည်းနည်းဖြင့် မလွှဲမရှောင်သာ လွှမ်းမိုးနိုင်ပါတယ်။ မြီးကောင်ပေါက်အရွယ်မှာ သူငယ်ချင်းတွေက အခြားဘဝအဆင့်တွေထက်ပိုပြီး သြဇာလွှမ်းမိုးပါတယ်။

အထူးသဖြင့် ဆန့်ကျင်ဘက် ထင်မြင်ချက်တွေ ကြုံတွေ့လာရတဲ့အခါ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲတာက လူငယ်တွေ ဖြစ်ပျက်လေ့ရှိတဲ့အရာပါပဲ၊ ဆယ်ကျော်သက်တွေဟာ မကောင်းတာကို ဆန့်ကျင်သင့်တယ်လို့ ယုံကြည်ကြသော်လည်း ရွယ်တူသူငယ်ချင်းတွေရဲ့ ဆွဲဆောင်မှုကို တွန်းလှန်ဖို့ ခက်ခဲပါတယ်။ ဆယ်ကျော်သက်တွေဟာ ရွယ်တူချင်းဖိအားကို ရင်ဆိုင်ဖို့ အရမ်းခက်ခဲပါတယ်။

ရွယ်တူချင်းဖိအားက အမြဲတမ်း မကောင်းတာလား?

ယေဘုယျအားဖြင့် ရွယ်တူချင်းဖိအားအကြောင်း ပြောတဲ့အခါ မကောင်းတဲ့ရှု့ထောင့်တွေပေါ်သာ focus ထားလေ့ရှိပါတယ်။ ရွယ်တူချင်း ဖိအားလွှမ်းမိုးမှုက မကောင်းတာချည်းပဲ မဟုတ်ပါဘူး။ အဲဒီလွှမ်းမိုးမှုမှာ ကောင်းတာရော၊ မကောင်းတာပါ ရှိနိုင်ပါတယ်။

ဥပမာ- စာအုပ်ဖတ်တဲ့ သူငယ်ချင်းတစ်ယောက်က သင့်ကလေးကို စာအုပ်တစ်အုပ်ဖတ်ဖို့ အကြံပေးရင် သင့်ကလေးဟာ စာဖတ်ခြင်းဖြင့်သာ အဆုံးသတ်ပါလိမ့်မယ်။ ဒါ့ကြောင့် ဒီဖြစ်ရပ်မှာ ရွယ်တူချင်းဖိအားကို ကောင်းတဲ့အရာတစ်ခုအဖြစ် ကျွန်မတို့ မှတ်ယူနိုင်ပါတယ်။

သို့သော် ရွယ်တူချင်းဖိအားမှာ မကောင်းတာတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ- သူငယ်ချင်းက အရက်သောက်ဖို့၊ မူးယစ်ဆေးသုံးဖို့၊ အတန်းပျက်ဖို့၊ အခြားကလေးကို လှောင်ပြောင်၊ ဟာသလုပ်ဖို့ ဆွယ်တဲ့အခါ ဖြစ်ပါတယ်။

ရွယ်တူချင်းဖိအားကို ရင်ဆိုင်နိုင်အောင် ကလေးတွေအား ဘယ်လိုကူညီပေးနိုင်မလဲ?

မိဘအနေဖြင့် ကလေးတွေအား ကောင်းမွန်သော ဖွံ့ဖြိုးတိုးတတ်မှုဆီသို့ ဦးတည်သွားစေမယ့် လမ်းကြောင်းကို လမ်းညွှန်ပေးရမယ့် တာဝန်ရှိပါတယ်။ ဆိုလိုတာက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ ရိုးသားဖြောင့်မတ်ခြင်းကို အန္တရာယ်ဖြစ်စေသော လှုပ်ရှားမှုများ (သို့) လုပ်ဆောင်မှုတွေေမှာ မပါဝင်အောင် တားဆီးခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ရွယ်တူချင်းဖိအားကို ရင်ဆိုင်နိုင်အောင် ကလေးတွေအား ကူညီပေးနိုင်မယ့် အကြံဉာဏ်လေးတွေကို မျှဝေလိုပါတယ်။

၁။ ကလေးတွေကို ငြင်းတတ်အောင် သင်ပေးပါ

လိုအပ်လျှင် “no” လို့ပြောခြင်းက သင့်ကလေးတွေအား မကောင်းတဲ့လွှမ်းမိုးမှုများကနေ ကင်းဝေးစေနိုင်ပါတယ်။ ကလေးတွေ ပြောလေ့ရှိတဲ့ ပထမဆုံးစကားလုံးမှာ “no” ဆိုတဲ့အငြင်းစကားလုံးပဲ ဖြစ်ပါတယ်။ ပြီးမှ သူတို့ကို “ဟုတ်ကဲ့”လို့ ဘယ်လိုပြောရမယ်ဆိုတာ သင်ပေးရပါတယ်။ သို့သော် မိဘတွေအနေနဲ့ မိမိတို့ကလေးတွေကို အခြေအနေတွေအား အကဲဖြတ်တတ်ဖို့နှင့် လိုအပ်တဲ့အချိန်မှာ ငြင်းဆိုတတ်ဖို့ သင်ကြားပေးတာက အခြေခံကျပါတယ်။

၂။ ကလေးတွေကို ကိုယ့်ဘာသာ စဉ်းစားတတ်အောင် သင်ပေးပါ

ရေလိုက်ငါးလိုက်နေရင် သင့်ကလေးရဲ့ ကျန်းမာရေးနှင့် ရိုးသားဖြောင့်မတ်မှုအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ သူတို့ကိုယ်တိုင် စဉ်းစားတတ်ဖို့ ၊ ဖြစ်နိုင်တဲ့ရလဒ်တွေကို စဉ်းစားဖို့နှင့် အကောင်းအဆိုးအခြေအနေတွေကို အကဲဖြတ်တတ်ဖို့ သင်ပေးပါ။

၃။ သင့်ကလေးနှင့် ဆွေးနွေးပါ

ကလေးနှင့် အလာပ သလာပပြောဆိုပြီး သင့်ဆယ်ကျော်သက်အရွယ်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြခြင်းဖြင့် ယုံကြည်မှု တည်ဆောက်ဖို့ ကူညီနိုင်ပါတယ်။ ဒါ့အပြင် အသက်ကွာဟချက်ကို ပေါင်းကူးပေးပြီး သင်လည်း သူတို့ရဲ့အသက်အရွယ်မှာ အမှားတွေကျူးလွန်မိကြောင်း သူတို့ကို မြင်ခွင့်ပေးပါ။

၄။ အပြုသဘောဆောင်သော self-esteem ကိုအားပေးပါ

self-esteem ကောင်းတဲ့ကလေးတွေဟာ စိတ်တိမ်းညွှတ်စရာ နည်းပါတယ်။ ရွယ်တူချင်းဖိအားကို တွန်းလှန်နိုင်အောင် သင့်ကလေးရဲ့ self-esteem ကောင်းစေဖို့ ကြိုးစားအားထုတ်ပါ။

၅။ သင့်ကလေးအား အမှားနှင့် အမှန်ကြားခွဲခြားတတ်အောင် tools တွေ ပံ့ပိုးပေးပါ

ဆုံးဖြတ်ချက်တွေချဖို့ ကလေးနှင့် ဆယ်ကျော်သက်တိုင်းဟာ မှန်ကန်သော သဘောထားများနှင့် အမှန်၊ အမှားလုပ်ရပ်တွေကို ခွဲခြားသိမြင်ဖို့ သင်ယူရန် လိုအပ်ပါတယ်။ ခြားနားချက်ကို သိအောင် သင့်ကလေးတွေကို သင်ပေးဖို့ အချိန်ယူပါ။ ကလေးတွေအား အခက်အခဲရှိသော အခြေအနေတွေမှ ရုန်းထွက်နိုင်ဖို့ ခိုင်မာသော တန်ဖိုးတွေကို သင်ကြားပေးခြင်းက မရှိမဖြစ်လိုအပ်ပါတယ်။

၆၊ ကလေးရဲ့ သူငယ်ချင်းအုပ်စုက ကောင်းတယ်ဆိုတာ သေချာပါစေ

2010 ခုနှစ်လေ့လာမှုတစ်ခုအရ ဆေးလိပ်သောက်၊ မကောင်းတာလုပ်တဲ့သူငယ်ချင်းတွေနဲ့ ပေါင်းသင်းတဲ့ ဆယ်ကျော်သက်တွေဟာ အလားတူ ပြုလုပ်နိုင်ခြေများတယ်လို့ ဖော်ပြထားပါတယ်။ သင့်ကလေးရဲ့ သူငယ်ချင်းတွေကို သင်ရွေးချယ်ပေးလို့ မရပါဘူး။ ဒါပေမယ့် သူတို့ကို ကောင်းတာရွေးလုပ်တဲ့ သူငယ်ချင်းအုပ်စုတွေကို ရွေးချယ်အောင် လမ်းညွှန်ပေးနိုင်ပါတယ်။

ဒါက ရွယ်တူချင်းဖိအားကို ရင်ဆိုင်နိုင်အောင် သင့်ကလေးတွေကို ကူညီဖို့ အသုံးပြုနိုင်တဲ့ နည်းဗျူဟာ အချို့ဖြစ်ပါတယ်။ ထို့အပြင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေနဲ့ စကားပြောဆိုမှုရှိဖို့၊ သူတို့ရဲ့ စိတ်ဝင်စားမှုတွေကို ရှာဖွေဖို့နှင့် သူတို့သူငယ်ချင်းတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိအောင်နေဖို့ တိုက်တွန်းလိုပါတယ်။ ထိုနည်းအားဖြင့် သူတို့ ဖိအားပေးခံရခြင်း (သို့) အထီးကျန်သလို ခံစားရနိုင်ဖွယ် နည်းပါးပါတယ်။ ပြဿနာတွေ ကြုံလာတဲ့အခါ သင့်ကို ရင်ဖွင့်နိုင်ခြေများပါတယ်။

Chit_MayMay

LM_Nandar

Source-steptohealth

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here