ရှေ့ဆက်ပြီးတော့ မိဘတိုင်း မပြုလုပ်သင့်တော့တဲ့ ထိန်းကျောင်းနည်းအလွဲအမှားများ

0
96
- Advertisement -

ကိုယ့်သားသမီးလေးတွေဆီမှာ ကြင်နာသနားတတ်စိတ်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့စိတ် စတဲ့ ဒီလိုစိတ်ထားလေးတွေကို မိဘတိုင်းက ရှိစေချင်ကြတာချည်းပါပဲ။ ဒါပေမယ့်လည်း အခြေအနေအမျိုးမျိုးကြောင့် ကိုယ့်စိတ်တိုင်းကျ အရာရာတိုင်းကို သွန်သင်ဆုံးမပေးဖို့ဆိုတာဟာ ခက်ခဲလှပါတယ်။ သူတို့လေးတွေ ဘဝအတွက် အင်မတန်မှအရေးကြီးတဲ့ အချက်အလက်တွေကို သင်ပေးရမယ့်အချိန်မှာ ဘယ်လိုအခြေအနေတွေကို လုပ်မိနေလဲဆိုတာကို အခုပဲပြောပြပေးချင်ပါတယ်။

တချိန်လုံးနီးပါး အပြစ်ရှာဝေဖန်နေခြင်း

စိတ်ထဲကမရည်ရွယ်ပေမယ့်လည်း မိဘပီပီ မကြာမကြာ အပြစ်ပြောမိခြင်းက အာခံခြင်း၊ ဖီဆန်ခြင်းနှင့် သိုသိုသိပ်သိပ်နေတတ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မိဘတွေရဲ့အပြစ်ပြောဆိုမှုကြောင့် အချိန်ကြာလာတဲ့အခါ စိတ်ဓာတ်ကျဆင်းလာပြီး ကူညီရာမဲ့ဖြစ်သလို ခံစားလာရာကနေ တဖြည်းဖြည်းနဲ့ မိဘတွေနဲ့ရင်းရင်းနှီးနှီးဆက်ဆံခြင်းရှိမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် သူတို့ရဲ့အမှားတွေပေါ်မှာ ရမယ်ရှာမယ့်အစား သူတို့လေးတွေရဲ့ ကြိုးစားမှု၊ အောင်မြင်မှု၊ ရယူမှုတွေအပေါ်မှာသာ အာရုံစိုက်ပေးလိုက်ပါ။

- Advertisement -

ညည်းတွားခြင်း

သားသမီးတွေကို ထိန်းကျောင်းပြုစုရတယ်ဆိုတာဟာ လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဘယ်လောင်တောင်မှပင်ပန်းနေပြီ၊ ကိုယ့်အတွက်ကို အချိန်မပေးနိုင်ဘူး၊ ကလေးတွေကျွေးမွေးစရိတ် ဘယ်လောက်ဈေးကြီးတာ စတဲ့ အရာမျိုးစုံကို ခိုညည်းသလို ညည်းတွားနေမယ်ဆိုရင်တော့ ကလေးအတွက် ပျော်စရာမကောင်း၊ နေချင်စရာမကောင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးမိနေသလိုဖြစ်နေပါလိမ့်မယ်။ သူတို့ကြောင့် မိဘတွေပင်ပန်းခက်ခဲနေတာလား၊ သူတို့သာမရှိရင် မိဘတွေသက်သာသွားမလား စတဲ့ အတွေးတွေတွေးလာနိုင်လို့ ညည်းချင်တယ်ဆိုရင်တောင် ကလေးတွေမရှိတဲ့အချိန် ညည်းပါ။

ကတိမတည်ခြင်း

မိဘနဲ့သားသမီးကြားက ဆက်ဆံရေးကိုတည်ဆောက်တဲ့အခါ ယုံကြည်မှုအပေါ်မှာ အများကြီးမှီခိုထားရပါတယ်။ ဒါကြောင့် ကိုယ်မတည်နိုင်တဲ့ ကတိကို အစောကြီးကတည်းကမပေးပါနဲ့။ ပေးပြီးကာမှ မတည်ဘူးဆိုရင် လျစ်လျူရှုခံရသလို အဖိုးမတန်သလိုမျိုး ခံစားသွားရစေနိုင်ပြီး သူတို့အသက်ကြီးတဲ့အခါမှာလည်း ကတိမတည်တတ်သူတွေအဖြစ် ကြီးပြင်းသွားနိုင်ပါတယ်။

သူများမကောင်းကြောင်းပြောခြင်း

ကိုယ့်ရဲ့ခင်ပွန်း ဇနီးမယား၊ လုပ်ဖော်ကိုင်ဖက် သို့မဟုတ် အမျိုးတွေမကောင်းကြောင်းကို ကလေးတွေရှေ့မှာ ပြောဆိုခြင်းက မကောင်းတဲ့အကျင့်တစ်ခုပါ။ ကိုယ့်ရဲ့စကားတွေကြောင့် ထိုလူအပေါ်မှာ ကလေးတွေရဲ့ အမြင်က ချက်ချင်းပြောင်းလဲသွားနိုင်ကာ ရလဒ်အနေနဲ့ သူတို့နဲ့ကြားက ဆက်ဆံရေးကို ပျက်စီးသွားစေနိုင်ပါတယ်။

အလွန်အကျူးလုပ်ခြင်း

ချက်စ်ထိုးအဖွဲ့၊ ပန်းချီသင်တန်း၊ ဂီတသင်တန်း၊ ဘာသာစကားသင်တန်း စသဖြင့် အတန်းတွေကို ကလေးတွေအတွက် အပ်နှံထားခြင်းက ကလေးဖြစ်ထွန်းစေဖို့အတွက် မိဘတစ်ယောက်ရဲ့ စေတနာတွေဆိုပေမယ့်လည်း အလွန်အကျူးပြုလုပ်ခြင်းကတော့ ကလေးအတွက် ကောင်းကျိုးဖြစ်စေမှာမဟုတ်ပါဘူး။ တတ်မြောက်ရမယ့်အစား ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာပြီးတော့ အရမ်းကိုပင်ပန်းလာပါလိမ့်မယ်။

နေရာတကာဝင်ရောက်စွက်ဖက်ခြင်း

ဘယ်သူနဲ့သူငယ်ချင်းဖြစ်ရမယ်၊ ဘယ်သူနဲ့တော့ မပေါင်းသင်းရဘူးဆိုပြီး ကလေးရဲ့ ဘဝမှာ ဝင်ရောက်စွက်ဖွက်တတ်ပါသလား။ ကလေးတွေအိမ်စာလုပ်မလုပ် အမြဲတမ်းစစ်ဆေးတတ်ပါသလား။ ကလေးက လမ်းမှားရောက်မသွားစေဖို့ တည့်မတ်ပေးရမှာက မိဘတွေအလုပ်ဆိုတာမှန်ပေမယ့်လည်း သူတို့ရဲ့သူငယ်ချင်းတွေကို ရွေးချယ်ပေးခြင်းကတော့ အတန်ငယ်လွန်သွားပါပြီ။ သူတို့ဘာသာ ဆုံးဖြတ်ချက်ချတတ်အောင် ပြောပြပေးပြီး ဘေးနားကနေ လိုအပ်မယ့်အကြံဥာဏ်လေးတွေ ပေးအပ်ပါ။

အတောမသတ်တဲ့ နှိုင်းယှဥ်မှုတွေ

လူကြားထဲမှာအော်ငေါက်တာ၊ ဆူဆဲတာတွေက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို သက်ရောက်သွားစေနိုင်ပါတယ်။ စိတ်ဓာတ်ကျခြင်း၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့ခြင်း စတဲ့ အခြေအနေတွေကို ဖြစ်လာစေနိုင်လို့ ကလေးရဲ့အသားသာချက်တွေကိုလည်း ကလေးတွေသိအောင်ဖော်ထုတ်ပြီး အသိအမှတ်ပြုတတ်အောင် သတိထားပါ။

#Chit_May_May

#Thinzar

Ref-aptparenting

Zawgyi

ေရွ႕ဆက္ၿပီးေတာ့ မိဘတိုင္း မျပဳလုပ္သင့္ေတာ့တဲ့ ထိန္းေက်ာင္းနည္းအလြဲအမွားမ်ား

ကိုယ့္သားသမီးေလးေတြဆီမွာ ၾကင္နာသနားတတ္စိတ္၊ ကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိတဲ့စိတ္ စတဲ့ ဒီလိုစိတ္ထားေလးေတြကို မိဘတိုင္းက ရွိေစခ်င္ၾကတာခ်ည္းပါပဲ။ ဒါေပမယ့္လည္း အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ကိုယ့္စိတ္တိုင္းက် အရာရာတိုင္းကို သြန္သင္ဆုံးမေပးဖို႔ဆိုတာဟာ ခက္ခဲလွပါတယ္။ သူတို႔ေလးေတြ ဘဝအတြက္ အင္မတန္မွအေရးႀကီးတဲ့ အခ်က္အလက္ေတြကို သင္ေပးရမယ့္အခ်ိန္မွာ ဘယ္လိုအေျခအေနေတြကို လုပ္မိေနလဲဆိုတာကို အခုပဲေျပာျပေပးခ်င္ပါတယ္။

တခ်ိန္လုံးနီးပါး အျပစ္ရွာေဝဖန္ေနျခင္း

စိတ္ထဲကမရည္႐ြယ္ေပမယ့္လည္း မိဘပီပီ မၾကာမၾကာ အျပစ္ေျပာမိျခင္းက အာခံျခင္း၊ ဖီဆန္ျခင္းႏွင့္ သိုသိုသိပ္သိပ္ေနတတ္ျခင္းတို႔ကို ျဖစ္ေပၚေစႏိုင္ပါတယ္။ မိဘေတြရဲ႕အျပစ္ေျပာဆိုမႈေၾကာင့္ အခ်ိန္ၾကာလာတဲ့အခါ စိတ္ဓာတ္က်ဆင္းလာၿပီး ကူညီရာမဲ့ျဖစ္သလို ခံစားလာရာကေန တျဖည္းျဖည္းနဲ႔ မိဘေတြနဲ႔ရင္းရင္းႏွီးႏွီးဆက္ဆံျခင္းရွိမွာမဟုတ္ေတာ့ပါဘူး။ ဒါေၾကာင့္ သူတို႔ရဲ႕အမွားေတြေပၚမွာ ရမယ္ရွာမယ့္အစား သူတို႔ေလးေတြရဲ႕ ႀကိဳးစားမႈ၊ ေအာင္ျမင္မႈ၊ ရယူမႈေတြအေပၚမွာသာ အာ႐ုံစိုက္ေပးလိုက္ပါ။

ညည္းတြားျခင္း

သားသမီးေတြကို ထိန္းေက်ာင္းျပဳစုရတယ္ဆိုတာဟာ လြယ္ကူတဲ့အရာတစ္ခုမဟုတ္ပါဘူး။ ဘယ္ေလာင္ေတာင္မွပင္ပန္းေနၿပီ၊ ကိုယ့္အတြက္ကို အခ်ိန္မေပးႏိုင္ဘူး၊ ကေလးေတြေကြၽးေမြးစရိတ္ ဘယ္ေလာက္ေဈးႀကီးတာ စတဲ့ အရာမ်ိဳးစုံကို ခိုညည္းသလို ညည္းတြားေနမယ္ဆိုရင္ေတာ့ ကေလးအတြက္ ေပ်ာ္စရာမေကာင္း၊ ေနခ်င္စရာမေကာင္းတဲ့ ပတ္ဝန္းက်င္ကို ဖန္တီးမိေနသလိုျဖစ္ေနပါလိမ့္မယ္။ သူတို႔ေၾကာင့္ မိဘေတြပင္ပန္းခက္ခဲေနတာလား၊ သူတို႔သာမရွိရင္ မိဘေတြသက္သာသြားမလား စတဲ့ အေတြးေတြေတြးလာႏိုင္လို႔ ညည္းခ်င္တယ္ဆိုရင္ေတာင္ ကေလးေတြမရွိတဲ့အခ်ိန္ ညည္းပါ။

ကတိမတည္ျခင္း

မိဘနဲ႔သားသမီးၾကားက ဆက္ဆံေရးကိုတည္ေဆာက္တဲ့အခါ ယုံၾကည္မႈအေပၚမွာ အမ်ားႀကီးမွီခိုထားရပါတယ္။ ဒါေၾကာင့္ ကိုယ္မတည္ႏိုင္တဲ့ ကတိကို အေစာႀကီးကတည္းကမေပးပါနဲ႔။ ေပးၿပီးကာမွ မတည္ဘူးဆိုရင္ လ်စ္လ်ဴရႈခံရသလို အဖိုးမတန္သလိုမ်ိဳး ခံစားသြားရေစႏိုင္ၿပီး သူတို႔အသက္ႀကီးတဲ့အခါမွာလည္း ကတိမတည္တတ္သူေတြအျဖစ္ ႀကီးျပင္းသြားႏိုင္ပါတယ္။

သူမ်ားမေကာင္းေၾကာင္းေျပာျခင္း

ကိုယ့္ရဲ႕ခင္ပြန္း ဇနီးမယား၊ လုပ္ေဖာ္ကိုင္ဖက္ သို႔မဟုတ္ အမ်ိဳးေတြမေကာင္းေၾကာင္းကို ကေလးေတြေရွ႕မွာ ေျပာဆိုျခင္းက မေကာင္းတဲ့အက်င့္တစ္ခုပါ။ ကိုယ့္ရဲ႕စကားေတြေၾကာင့္ ထိုလူအေပၚမွာ ကေလးေတြရဲ႕ အျမင္က ခ်က္ခ်င္းေျပာင္းလဲသြားႏိုင္ကာ ရလဒ္အေနနဲ႔ သူတို႔နဲ႔ၾကားက ဆက္ဆံေရးကို ပ်က္စီးသြားေစႏိုင္ပါတယ္။

အလြန္အက်ဴးလုပ္ျခင္း

ခ်က္စ္ထိုးအဖြဲ႕၊ ပန္းခ်ီသင္တန္း၊ ဂီတသင္တန္း၊ ဘာသာစကားသင္တန္း စသျဖင့္ အတန္းေတြကို ကေလးေတြအတြက္ အပ္ႏွံထားျခင္းက ကေလးျဖစ္ထြန္းေစဖို႔အတြက္ မိဘတစ္ေယာက္ရဲ႕ ေစတနာေတြဆိုေပမယ့္လည္း အလြန္အက်ဴးျပဳလုပ္ျခင္းကေတာ့ ကေလးအတြက္ ေကာင္းက်ိဳးျဖစ္ေစမွာမဟုတ္ပါဘူး။ တတ္ေျမာက္ရမယ့္အစား ဝန္ထုပ္ဝန္ပိုးတစ္ခုျဖစ္လာၿပီးေတာ့ အရမ္းကိုပင္ပန္းလာပါလိမ့္မယ္။

ေနရာတကာဝင္ေရာက္စြက္ဖက္ျခင္း

ဘယ္သူနဲ႔သူငယ္ခ်င္းျဖစ္ရမယ္၊ ဘယ္သူနဲ႔ေတာ့ မေပါင္းသင္းရဘူးဆိုၿပီး ကေလးရဲ႕ ဘဝမွာ ဝင္ေရာက္စြက္ဖြက္တတ္ပါသလား။ ကေလးေတြအိမ္စာလုပ္မလုပ္ အၿမဲတမ္းစစ္ေဆးတတ္ပါသလား။ ကေလးက လမ္းမွားေရာက္မသြားေစဖို႔ တည့္မတ္ေပးရမွာက မိဘေတြအလုပ္ဆိုတာမွန္ေပမယ့္လည္း သူတို႔ရဲ႕သူငယ္ခ်င္းေတြကို ေ႐ြးခ်ယ္ေပးျခင္းကေတာ့ အတန္ငယ္လြန္သြားပါၿပီ။ သူတို႔ဘာသာ ဆုံးျဖတ္ခ်က္ခ်တတ္ေအာင္ ေျပာျပေပးၿပီး ေဘးနားကေန လိုအပ္မယ့္အႀကံဥာဏ္ေလးေတြ ေပးအပ္ပါ။

အေတာမသတ္တဲ့ ႏႈိင္းယွဥ္မႈေတြ

လူၾကားထဲမွာေအာ္ေငါက္တာ၊ ဆူဆဲတာေတြက ကေလးရဲ႕ဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို သက္ေရာက္သြားေစႏိုင္ပါတယ္။ စိတ္ဓာတ္က်ျခင္း၊ ကိုယ့္ကိုယ္ကိုယုံၾကည္မႈမရွိေတာ့ျခင္း စတဲ့ အေျခအေနေတြကို ျဖစ္လာေစႏိုင္လို႔ ကေလးရဲ႕အသားသာခ်က္ေတြကိုလည္း ကေလးေတြသိေအာင္ေဖာ္ထုတ္ၿပီး အသိအမွတ္ျပဳတတ္ေအာင္ သတိထားပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here