
ယဉ်ကျေးမှုတိုင်းတွင် သူတို့ရဲ့ ကလေးတွေကို ပြုစုပျိုးထောင်ပုံခြင်းမှာ မတူညီတဲ့ ခံယူချက်တွေရှိကြပါတယ်။ အခြားလူ့အဖွဲ့အစည်းတွေလိုပဲ ဂျပန်လူမျိုးတွေဟာ သူတို့ရဲ့ ကလေးတွေကို တာဝန်သိပြီး လေးစားထိုက်တဲ့ လူကြီးဖြစ်လာစေဖို့ ပြုစုပျိုးထောင်ခြင်းဆိုတဲ့ အယူအဆတွေ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် သင်က ဂျပန်ကို အလည်အပတ်ရောက်ဖူးသူ ဒါမှမဟုတ် ဂျပန်ကလေးတွေ ပတ်ဝန်းကျင်မှာနေသူဆိုရင် သူတို့ဘယ်လောက်ယဉ်ကျေးပြီး ဖော်ရွေတယ်ဆိုတာ သတိထားမိမှာပါ။ ကလေးငယ်လေးတွေတောင်မှ အသက်ကြီးသူတွေနဲ့ ဆက်ဆံရာမှာ ယဉ်ကျေးသိမ်မွေ့ပြီး ရိုသေတတ်ကြပါတယ်။
၁။ ခိုင်မာတဲ့မိခင်နဲ့ ကလေးနှောင်ကြိုး
မိခင်နဲ့ ကလေးကြား ဆက်ဆံရေးထက် ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးမျိုးမရှိပါဘူး။ ဂျပန်ယဉ်ကျေးမှုက ဒါကို ထူးခြားစွာ မီးမောင်းထိုးပြပါတယ်။ ကလေးတွေဟာ မွေးကင်းစကလေးတွေလိုပဲ မိခင်ဘေးမှာ အိပ်ရလေ့ရှိပါတယ်။ အမေက အပြင်တွေ၊ ဘာတွေသွားမယ်ဆိုရင် ကလေးကို ချီပိုးအသိုင်းဖြင့် အမြဲတမ်းသယ်သွားလေ့ရှိပါတယ်။ ကလေးတွေအားလုံးက အသက်၅နှစ်အရွယ်အထိ သူတို့လုပ်ချင်ရာကို လုပ်ခွင့်ရှိတယ်လို့ အဓိက စည်ကမ်းချက်တွင် ဖော်ပြထားပါတယ်။ ဒါက အရမ်းလွန်ကဲပြီး ဆန့်ကျင်ဘက်အနည်းငယ် ဖြစ်တယ်လို့ ထင်ရပေမယ့် သူတို့ဟာ မွေးရာပါ ကောင်းမြတ်ကြောင်းနဲ့ သူတို့ရဲ့ မိဘတွေက သူတို့ကို တန်ဖိုးထားကြောင်း ကလေးတွေအား အသိပေးဖို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။
အမေရိကန်နှင့် ဂျပန်သုတေသီတွေက ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ ပြုစုပျိုးထောင်ခြင်းပုံစံနဲ့ ကလေးတွေရဲ့ အမူအကျင့်တွေကြား ဆက်စပ်မှုရှိတာကို ပြသပါတယ်။ မိဘတွေရဲ့ အပြုသဘောဆောင်တဲ့ စိတ်နေသဘောထားက ကလေးတွေရဲ့ ပြဿနာရှိသော အမူအကျင့်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းသော ကလေးတွေရဲ့ အမူအကျင့်တွေကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။

၂။ မိသားစုက ပထမလာပါတယ်
စည်းကမ်းအတိုင်း မိခင်တွေဟာ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ ဂျပန်ကလေးတွေက အနည်းဆုံး အသက် ၃နှစ်အထိ ကျောင်းမတက်ကြပါဘူး။ မှန်ပါတယ်။ သူတို့အတွက် နေ့ကလေးထိန်းကျောင်းမထားပါဘူး။ မိဘတွေဟာ အဘိုးအဘွားတွေကို ကလေးထိန်းပေးဖို့ မတောင်းဆိုသလို များသောအားဖြင့် ကလေးထိန်းလည်း မငှားကြပါဘူး။ ဒါပေမယ့် ကလေးတွေဟာ သူတို့ရဲ့ အဘိုးအဘွားတွေ၊ တခြားဆွေမျိုးတွေနဲ့ အချိန်အများကြီးဖြုန်းကြပါတယ်။ မိသားစုက ပျော်ရွှင်မှုနဲ့ ပျော်ရွှင်မှုရဲ့ အရင်းအမြစ်ဖြစ်ပြီး သူတို့ကို အမြဲကာကွယ်စောင့်ရှောက်ပေးမယ့်သူများ ပါဝင်တယ်လို့ ယုံကြည်ကြပါတယ်။ မိသားစုဝင်တစ်ဦးစီမှာ ကလေးတစ်ဦးကို ပုံသွင်းဖို့ မတူညီတဲ့ အခန်းကဏ္ဍတစ်ခုစီရှိကြပြီး ဆိုလိုတာက တစ်စုံတစ်ခု လုပ်ဆောင်ဖို့ ကလေးအား တောင်းဆိုမယ့်အစား ဘယ်လိုလုပ်ဆောင်ရမယ်ကို ဦးစွာ ပြသပြီးမှ လုပ်ဆောင်ချက်ကို ပုံတူကူးခိုင်းမှာဖြစ်ပါတယ်။ ကလေးတွေဟာ အကဲခတ််တော်ကြပြီး သူတို့မြင်သမျှကို စုပ်ယူတာကြောင့် ဒါက သူတို့ရဲ့ အမူအကျင့်နဲ့ စရိုက်လက္ခဏာတွေကို ပုံဖော်ဖို့ ကောင်းမွန်တဲ့ နည်းဗျူဟာပါ။

၃။ စိတ်ခံစားချက်တွေကို အလေးထားတာ
လူအများစုက ဂျပန်လူ့အဖွဲ့အစည်းနဲ့ လူတွေကို အေးစက်ကြတယ်၊ ယေဘုယျ ခံစားချက်ကင်းမဲ့မှုနဲ့ ပေါင်းသင်းကြတယ်လို့ ရှုမြင်ကြပါတယ်။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းညှိဖို့ အရေးကြီးတာကြောင့် သူတို့ဟာ ဒီလိုငြိမ်းချမ်းပြီး သဟဇာတဖြစ်အောင် နေထိုင်ကြတာကြောင့် ဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေက တခြားသူတွေရဲ့ စိတ်ခံစားမှုကို အလွန်အမင်း ဂရုတစိုက်ရှိကြပြီး သားသမီးတွေကိုလည်း ထပ်တူသင်ကြားပေးပါတယ်။ အခြားသူတွေရဲ့ ခံစားချက်နဲ့ အကျိုးစီးပွားတွေကို လေးစားခြင်းပါဝင်တဲ့ စုပေါင်းလူ့အဖွဲ့အစည်းမှာ ကလေးတွေအား ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သင်ကြားပေးပါတယ်။ ဂျပန်မိခင်တွေဟာ ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို လေးစားကြပြီး အရှက်ရအောင်၊ ရှက်ရွံ့အောင် မလုပ်ကြပါဘူး။
သူတို့က လူတိုင်းရဲ့ တွေးခေါ်ပုံကို အသိအမှတ်ပြုပြီး တစ်သီးပုဂ္ဂလအကျိုးအမြတ်ကို လိုက်မယ့်အစား အားလုံးအကျိုးအတွက် လုပ်ဆောင်ခြင်းရဲ့ အရေးပါမှုကို အလေးပေးကြပါတယ်။ သူတို့က နှိမ့်ချမှုကိုလည်း တန်ဖိုးထားကြပါတယ်။ သူတို့ရဲ့ နည်းလမ်းတွေက အမြဲတမ်းအကောင်းဆုံးလို့ မယူဆကြပါဘူး။

မိဘဖြစ်ရခြင်းက အလုပ်အရမ်းများပါတယ်။ သင်ဘယ်လိုချဉ်းကပ်မှုမျိုးရှိပါစေ၊ တိုးတက်မှုအတွက် နေရာအမြဲရှိနေပုံရပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ ကျွန်မတို့ထက် စည်းကမ်းချင်းမတူတဲ့၊ ကလေးတွေနှင့် ဆက်ဆံတဲ့ တခြားယဉ်ကျေးမှုတွေကနေ လှုံ့ဆော်မှုရယူဖို့ လိုအပ်ပါတယ်။
Chit_MayMay
Ref-momjunction