
သာမန်ချစ်သူ၊ ရည်းစားဘဝမှာလိုပဲ အိမ်ထောင်ရေးဘဝမှာလည်း လက်တွဲဖော်နှစ်ဦးစလုံးက ကြိုးစားအားထုတ်မှုတွေလိုအပ်ပါတယ်။ အချက်အလက်တွေအရ ဥရောပရဲ့ (၂.၁ သန်း) သော လက်ထပ်ထိမ်းမြားမှုတွေထဲက ၉၅၀၀၀၀သော စုံတွဲတွေဟာ ကွာရှင်းပြတ်စဲခြင်းဖြင့် အဆုံးသတ်ကြပါတယ်။ Slater နှင့် Gordonn Lawyers တို့ရဲ့ လေ့လာမှုတစ်ခုအရ အိမ်ထောင်ရေးနှစ်တွေရဲ့ အပျော်ရွှင်ဆုံးနှင့် အခက်အခဲဆုံးကာလတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။
၁။ လက်ထပ်ပြီး ၃နှစ်အတွင်း

အချစ်ဆိုတာ ၃ နှစ်သာရှင်သန်နိုင်သော အထင်အမြင်တစ်ခုက ရှိနေပြန်ပါတယ်။ အမှန်တကယ်တော့ ဒီသုံးနှစ်အတွင်းမှာ လက်တွဲဖော်ရဲ့ အားနည်းချက်တွေကို လက်ခံဖို့ ပိုစိတ်ဝင်စားလာပြီး တဖြည်းဖြည်းနဲ့ ပိုသက်တောင့်သက်သာခံစားကြရပါတယ်။ မိသားစုဘဝရဲ့ ၃ နှစ်အတွင်းမှာ လင်မယားနှစ်ယောက်ဟာ ကလေးယူဖို့ ဆုံးဖြတ်ကြတာလည်း ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ သူတို့ရဲ့ ဆက်ဆံရေးတွေက ပိုခိုင်မာလာကြပါပြီ။ အိမ်ထောင် ၃ နှစ်အတွင်းမှာ အပျော်ရွှင်ဆုံးလို့ ယူဆကြပါတယ်။
၂။ လက်ထပ်ပြီး ၅နှစ်အတွင်း

မိသားစုဘဝရဲ့ ၅ နှစ်အတွင်းမှာ ပထမဆုံးပြဿနာတွေ စတင်နိုင်ပါတယ်။ ဒီကာလမှာ ကလေးတွေဟာ ငယ်ရွယ်နေသေးပြီး ပြုစုစောင့်ရှောက်မှုတွေ အများကြီးလိုအပ်နေပါသေးတယ်။ အိမ်အလုပ်တွဗ၊ သန့်ရှင်းရေး၊ ကိုယ်ပိုင်လုပ်ငန်းတွေအပြင် တစ်ခြား နေ့စဉ်ပြဿနာတွေနဲ့ ရှုတ်ထွေးနေတတ်ပါတယ်။
ဒါ့ကြောင့် အိမ်ထောင်ပြုပြီး ၅နှစ်အကြာမှာ စုံတွဲတွေဟာ ကွာရှင်းဖို့ စတင်စဉ်းစားကြပြီး ရှေ့နေတွေဆီကို ခြေဦးလှည့်လာကြပါတယ်။ ဒီနှစ်တွေက အခက်ခဲဆုံးပဲဖြစ်ပါတယ်။
၃။ လက်ထပ်ပြီး ၇နှစ်အတွင်း

လက်ထပ်ပြီး ၅နှစ်ကြာပြီးနောက် စုံတွဲတစ်တွဲက အတူရှိနေဦမယ်ဆိုရင် နောက်ထပ်အတားအဆီးတစ်ခုကို ကျော်ဖြတ်ဖို့ အသင့်အနေအထားရှိနေကြပါပြီ။ ကျွမ်းကျင်ပညာရှင်တွေက နံရံ ဟု အမည်ပေးထားသော မိသားစုဘဝရဲ့ (၇) နှစ်မြောက်ကာလဖြစ်ပါတယ်။ ဒီအချိန်မှာ မိသားစုဘဝက ပုံမှန်ဖြစ်လာပါတယ်။ ငွေကြေးပြဿနာတွေ၊ ကလေးထိန်းကိစ္စတွေနှင့် အိမ်မှုတာဝန်တွေ ခွဲဝေခြင်းဆိုင်ရာ ရန်ပွဲလေးတွေလည်း ရှိနိုင်ပါတယ်။
ဒီကာလဟာ အလွန်ရှုတ်ထွေးသော ကာလဖြစ်နိုင်ပါတယ်။ အိမ်ထောင်ဖက်နဲ့အတူ ဒီကာလတွေကို လက်တွဲပြီးဖြတ်ကျော်နိုင်ခဲ့ရင် ခိုင်ခံ့ပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးက သင်တို့ကို ကြိုဆိုနေပါလိမ့်မယ်။
ဒီနေရာမှာ အိမ်ထောင်ရေး အဆင်ပြေဖို့ ရှောင်ရန်အချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

ပြဿနာတွေနဲ့ပတ်သက်ပြီး အသံတိတ်နေခြင်း – ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေမှာတောင် ကွာရှင်းပြတ်စဲနိုင်ခြေကို ထက်ဝက်လျှော့ချနိုင်ကြောင်း စမ်းသပ်မှုတစ်ခုက ပြသပါတယ်။ ဒါ့ကြောင့် မိသားစုအခက်အခဲတွေကို မှန်ကန်စွာပြောဆိုခြင်းက သင့်အိမ်ထောင်ရေးကို အမှန်တကယ်ကယ်တင်နိုင်ပါတယ်။
ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အရည်အချင်းမရှိခြင်း – မွေးချင်းတွေ ပိုများခြင်းက အရွယ်ရောက်လာချိန်မှာ ကွာရှင်းနိုင်ခြေ ပိုနည်းတယ်လို့ ဆိုကြပါတယ်။ သိပ္ပံပညာရှင်တွေက ကြီးမားသော မိသားစုတွေကနေ ကြီးပြင်းလာသူတွေက ပေါင်းသင်းဆက်ဆံရေးတည်ဆောက်ရာမှာ ပိုမိုကျွမ်းကျင်ကြတယ်လို့ ဆိုကြပါတယ်။ အနာဂတ်မှာ ဒီကျွမ်းကျင်မှုတွေကပဲ သင့်အိမ်ထောင်ရေးကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
နားထောင်လိုစိတ်မရှိခြင်း – အိမ်ထောင်ရေးတစ်ခုမှာ ရန်ဖြစ်နေစဉ်အတွင်း တစ်ဖက်ဖက်က နားထောင်လိုစိတ်မရှိဘူးဆိုရင် ကွာရှင်းနိုင်ခြေပိုများပါတယ်။
လူမှုကွန်ယက်ပေါ်က ဘဝများ – ဆက်ဆံရေးပြဿနာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်အသုံံးပြုသူတွေက ဆိုရှယ်မီဒီယာက အကြောင်းအရာကို လက်တွေ့ဘဝအထိသယ်လာပြီး ဆိုးရွားသော လူမှုဆက်ဆံရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ နောက်ဆုံး ကွာရှင်းပြတ်စဲခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။
ငွေကြေးဆိုင်ရာ အငြင်းပွားမှုများ – ငွေကြေးအကြောင်း မကြာခဏငြင်းခုံကြသော စုံတွဲတွေက လင်မယားနှစ်ဦးစလုံးရဲ့ ဝင်ငွေတွေက များပြားနေမယ်ဆိုရင်တောင် ကွာရှင်းဖို့ လိုလားကြပါတယ်။
ပညာရေး အဆင့်နိမ့် – သုတေသနပြုချက်တွေအရ ပညာအဆင့်အတန်းမြင့်မားသူတွေက သူတို့ရဲ့ ကျား၊ မ ခွဲခြားမှု (သို့) နေထိုင်မှုနိုင်ငံ မခွဲခြားဘဲ ကွာရှင်းဖို့ အခွင့်အလမ်းနည်းပါးကြောင်း သုတေသနပြုထားပါတယ်။
Lifestyle_Myanmar
Nyeinn_Thu
ref-brightside