လက်ဖက်ရည်သောက်သုံးခြင်းက ကလေးငယ်တွေအတွက် အန္တရာယ်ကင်းသလား?

0
404
- Advertisement -

လက်ဖက်ရည်က ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိတယ်လို့ ဆိုကြပါတယ်။ သို့သော်လက်ဖက်ရည်မှာ ကဖိန်းဓါတ်နှင့် သကြားဓါတ်တွေ အများကြီးပါဝင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေအတွက် လက်ဖက်ရည်က သင့်တော်လား/မသင့်တော်ဘူးလားဆိုတာ စဉ်းစားရပါတော့မယ်။ လက်ဖက်ရည်က ကလေးတွေအတွက် အန္တရာယ်ကင်း/မကင်း၊ ဘယ်အရွယ်မှာ သောက်သင့်သလဲ? လက်ဖက်ရည်ရဲ့ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးတွေကို ယနေ့ဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။

ကလေးငယ်တွေကို လက်ဖက်ရည်တိုက်တာက safe ဖြစ်သလား?

အကောင်းဆုံးကတော့ လက်ဖက်ရည်မှာ သဘာဝကဖင်းပါဝင်တာကြောင့် ကလေးတွေကို မတိုက်သင့်ပါဘူး ။ Utah ကျန်းမာရေးသိပ္ပံတက္ကသိုလ်မှ Dr.Cidny Gellner ရဲ့ပြောကြားချက်အရ” ကဖိန်းဓါတ်ပါဝင်သော အချိုရည်များများသောက်ခြင်းက ကလေးတွေကို သွားအခေါင်းပေါက် ဖြစ်စေနိုင်တယ်” လို့ဆိုပါတယ်။ ကဖိန်းဓါတ်က ကလေးတွေကို ဆီးခဏခဏသွားစေသော ဆီးရွှင်ဆေးလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကဖိန်းဓါတ်ပါသော လက်ဖက်ရည်နေရာမှာ herbal tea ဖြင့် အစားထိုးပေးနိုင်ပါတယ်။

- Advertisement -

ကလေးငယ်တွေ လက်ဖက်ရည်သောက်ဖို့ ဘယ်အချိန်မှာ သင့်လျော်သလဲ?

ကလေးတွေ လက်ဖက်ရည် စသောက်နိုင်တဲ့အချိန်ကို ဖော်ပြထားတဲ့ လေ့လာမှုတွေ မရှိသေးပါ။ အကန့်အသတ်ဖြင့်သာ သောက်မယ်ဆိုရင်တော့ သိသာထင်ရှားတဲ့ အန္တရာယ်တွေ မရှိနိုင်ပါဘူး။ သို့သော် ကလေးတွေအတွက် ကဖိန်းဓါတ် ကန့်သတ်ချက်ကို သိထားတာက ပိုကောင်းပါတယ်။ အမေရိကန်ကလေးအထူးကုအကယ်ဒမီက ကဖိန်းဓါတ်ပါသော အချိုရည်တွေကို သောက်တဲ့အခါ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ သတိထားသင့်ကြောင်း၊ အသက် ၁၂နှစ်မှ ၁၈နှစ်ကြားရှိ ဆယ်ကျော်သက်တွေဟာ တစ်နေ့လျှင် ၁၀၀မီလီဂရမ် ( လက်ဖက်ရည် တစ်ခွက်၊နှစ်ခွက်ခန့်)သာ သောက်သုံးနိုင်ကြောင်း ပြောကြားထားပါတယ်။ ဒါပေမယ့် ၁၂နှစ်အောက် ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ သတ်မှတ်ချက်မရှိသေးပါဘူး။

တစ်ချို့ဖေဖေတွေက လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါ ကလေးကို ခေါ်သွားတတ်ကြပါတယ်။ နည်းနည်းစီတိုက်ရင်း ကလေးမှာ လက်ဖက်ရည် စွဲသွားတာမျိုးတွေ ရှိပါတယ်။ ပြီးတော့ ယခုခေတ်စားနေတဲ့ bubble tea ဆိုရင် ကလေးတွေ သိပ်ကြိုက်ကြပါတယ်။ ဒါ့ကြောင့် ကလေးကို လက်ဖက်ရည်တစ်ခွက်မတိုက်ခင်မှာ လက်ဖက်ရည်ရဲ့ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးတွေကို စဉ်းစားရပါမယ်။

လက်ဖက်ရည်အလွန်အကျွံသောက်သုံးခြင်းက ကလေးတွေမှာ အောက်ပါဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

  • လက်ဖက်ရည်ရှိ ကဖိန်းဓါတ်က သင့်ကလေးရဲ့ ဖွံ့ဖြိုးမှု၊ အပြုအမှုနှင့် အိပ်စက်မှုကို သက်ရောက်စေနိုင်ပါတယ်။
  • လေ့လာမှုတစ်ခုအရ ကလေးတွေမှာ လက်ဖက်ရည်နှင့် ကော်ဖီကို ပုံမှန်သောက်သုံးခြင်းက ဆီးချိုရောဂါ အမျိုးအစား၁ ဖြစ်နိုင်ခြေကို မြင့်တတ်စေတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
  • ကလေးငယ်တွေကို ကဖိန်းဓါတ်တိုက်ကျွေးခြင်းက ဖျော်ရည်နှင့် ချိုသော အစားအစာတွေကို ပိုနှစ်သက်စေနိုင်ပါတယ်။ ထိုကဲ့သို့သော အစားအသောက်ပုံစံက အဝလွန်ခြင်းအန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။
  • ကဖိန်းဓါတ် လွန်ကျွံမှုက ကလေးတွေမှာ ဂနာမငြိမ်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းနှင့် ရင်တုန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
  • လက်ဖက်ရည်ရှိ ကဖိန်းဓါတ်နှင့် သကြားက ကလေးတွေမှာ အဝလွန်ခြင်းနှင့် ဆက်စပ်နေပါတယ်။
  • sugar-sweetened လက်ဖက်ရည်ပမာဏကို များများသောက်သုံးပါက ကယ်လိုရီပိုလျှံမှုကို ဖြစ်စေနိုင်ပြီး ဆီးချိုအမျိုးအစား၂၊ နှလုံးရောဂါ၊ သွားပိုးစားခြင်းကို ဖြစ်စေပါတယ်။

ကလေးတွေကို တိုက်သင့်တဲ့ လက်ဖက်ရည်အမျိုးအစားများ

ချာမိုမိုင်းလက်ဖက်ရည်- လေ့လာမှုတစ်ခုအရ ချာမိုမိုင်းဟာ ကလေးငယ်တွေမှာ ဖြစ်သော အဖျားတတ်ခြင်း၊ လေထိုးလေအောင့်ခြင်းတို့ကို သက်သာစေပါတယ်။ နယူးမက္ကစီကို ကျန်းမာရေးသိပ္ပံပညာရဲ့အဆိုအရ ချာမိုမိုင်းလက်ဖက်ရည်ဟာ စိုးရိမ်စိတ်ကို လျော့နည်းစေနိုင်ပါတယ်။ အစာအိမ်အပေါ် ငြိမ်သက်စေသော သက်ရောက်မှုလည်း ရှိပါတယ်။

ဂျင်းလက်ဖက်ရည်- ဂျင်းလက်ဖက်ရည်တစ်ခွက်က ကလေးတွေမှာ ဗိုက်အောင့်ခြင်းကို သက်သာစေနိုင်ပါတယ်၊ ပျို့အန်ခြင်းကို လျှော့ချဖို့အတွက် ကူညီနိုင်ပါတယ်။

စမုန်နက်လက်ဖက်ရည်- စမုန်နက်လက်ဖက်ရည်ဟာ လေထိုးလေအောင့်လက္ခဏာတွေကို လျော့နည်းစေပါတယ်။ အစာအိမ်နှင့် အူလမ်းကြောင်းကို သက်သာစေခြင်းဖြင့် gas တွေကို ဖယ်ရှားရာမှာ ကူညီနိုင်ပါတယ်။

ကလေးငယ်တွေအား လက်ဖက်ရည်ကို စွဲလမ်းစေမယ့်အစား (သဘာဝပစ္စည်းတွေပါဝင်ပြီး သကြားထည့်ထားခြင်းမရှိသော) အသီးဖျော်ရည်၊ နို့(သို့) အရသာရှိသော ရေကဲ့သို့သော ကျန်းမာသောအချိုရည်တွေကို ထည့်စဉ်းစားပေးပါ။ ဒီအရာတွေက ရေဓါတ်ကို ပြန်လည်ထိန်းထားနိုင်ပြီး ခန္ဓာကိုယ်အတွက် အရေးကြီးသော အာဟာရတွေကို ထောက်ပံ့ပေးပါတယ်။ ရံဖန်ရံခါ လက်ဖက်ရည်တစ်ခွက်တိုက်တာက မထိခိုက်ပါဘူး။ ဆေးဖက်ဝင်အပင်တွေက ကလေးအား အကျိုးကျေးဇူးအချို့ကိုပင် ဖြစ်စေနိုင်ပါတယ်။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here