လမ်းလျှောက်တတ်စကလေးတွေကို မျှဝေခြင်းအကြောင်း ဘာကြောင့်သင်မပေးသင့်တာလဲ

0
168

Sharing is caring ( မျှဝေခြင်းက ဂရုစိုက်ခြင်း) ဆိုတာ ကျွန်မတို့ သင်ယူခဲ့ရတဲ့အရာဖြစ်ပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ကလေးတွေကိုလည်း အဲဒီလိုပဲနားလည်စေချင်ကြပါတယ်။ တစ်ခါတရံမှာ သင့်ကလေးတွေဟာ စိတ်ဆိုးစိတ်ကောက်ခြင်းမရှိဘဲ သူတို့အရုပ်တွေကို တစ်ခြားကလေးတွေကို မျှဝေဖို့ အမှန်တကယ်ခက်ခဲတတ်ပါတယ်။ နောက်ပြီး မျှဝေခြင်းအကြောင်းကို ဒီအသက်အရွယ်မှာ မသင်ပေးသင့်ပါဘူး။ ဆိုလိုတာက ဒီလိုအကြောင်းအရင်းတွေကြောင့်ပါ။

၁။ လမ်းလျှောက်တတ်စကလေးငယ်တွေဟာ မျှဝေခြင်းရဲ့ အဓိပ္ပာယ်ကို နားမလည်နိုင်သေးပါဘူး

ကလေးငယ်တွေဟာ မျှဝေခြင်းရဲ့ အယူအဆတွေကို နားလည်ဖို့ အရမ်းငယ်ရွယ်လွန်းပါတယ်။ ဒါ့ကြောင့် သူတို့အနေနဲ့ တစ်ခြားကလေးတွေကို သူတို့ရဲ့ အရုပ်တွေကို မျှဝေသင့်တယ်ဆိုတာ ရှင်းပြဖို့ ကြိုးစားလည်းအချည်နှီးဖြစ်ပါလိမ့်မယ်။ သူတို့ဟာ ရိုးရှင်းစွာပဲ ၎င်းကို သူတို့မရနိုင်ဘူးလို့ တွေးပြီး သင့်ရဲ့ စကားလုံးတွေဟာ သူတို့အတွက်အရာရာတိုင်းကို မသင်ကြားနိုင်ပါဘူး။

ဒါ့ကြောင့် မေမေတို့အနေနဲ့ မေမေတို့ကလေးတွေကို တစ်ခြားလူတွေကို မျှဝေခြင်းဟာ ဘာကြောင့် ကောင်းမွန်တဲ့အရာဖြစ်တယ်ဆိုတာနှင့် မျှဝေခြင်း၊ ဂရုစိုက်ခြင်းတွေကို နားလည်ဖို့ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာတွေ လုံလုံလောက်လောက်ဖွံ့ဖြိုးနိုင်မယ့် အသက်အရွယ်အထိစောင့်သင့်ပါတယ်။

၂။ သူတို့ဟာ သူတို့ရဲ့ အရုပ်တွေကို တစ်ခြားလူတွေကို ထာဝရပေးလိုက်ရတယ်လို့ ထင်တတ်ကြပါတယ်

ဒီကိစ္စကို ရှုပ်ထွေးစေတဲ့ နောက်တစ်ချက်က အချိန်ဖြစ်ပါတယ်။ ကလေးငယ်တွေဟာ အဲ့ဒီ့အချက်ကိုလည်း နားမလည်နိုင်သေးပါဘူး။ မိဘတစ်ဦးက တစ်ခြားကလေးတစ်ဦးကို သူတို့ကလေးရဲ့ အရုပ်တစ်ရုပ်ကို တစ်ခြားကလေးကို ခဏငှားလိုက်တာက ပြဿနာအကြီးကြီးဖြစ်လိမ့်မယ်လို့ တွေးမှာမဟုတ်ပါဘူး။ သူတို့ရဲ့ ကလေးဟာ တစ်ခြားကလေးကို မျှဝေခြင်းအတွက် ကောင်းတဲ့အရာတစ်ခုလို့ပဲ မြင်ပါလိမ့်မယ်။ ဒါပေမယ့် ကလေးတွေကတော့ တစ်စုံတစ်ယောက်ကို သူတို့ရဲ့ ပစ္စည်းကို မျှဝေလိုက်တာကအချိန်တစ်ခုလောက်သာဖြစ်တယ်၊ တစ်ချိန်မှာ ပြန်ရမယ်ဆိုတာ သူတို့စိတ်မကူးတတ်သေးပါ။ နောက်ပြီး ‘အတုံ့အလှည့်’သဘောကို နားမလည်နိုင်သေးပါ။

၃။ သူတို့ဟာ သူတို့ရဲ့ impulses ကိုလည်း မထိန်းချုပ်နိုင်ပါ

သူတို့ရဲ့ impulses ကို ထိန်းချုပ်ဖို့ဆိုတာ ကလေးငယ်တွေအတွက် အမှန်တကယ်ခက်ခဲပါတယ်။ ဒါ့ကြောင့် သူတို့ဟာ တစ်စုံတရာလိုချင်တယ်ဆိုရင် သူတို့ရဲ့ပစ္စည်းတွေသာဖြစ်မယ်ဆိုရင် ၎င်းတို့ကို ဆွဲဆောင်နိုင်မယ့် စကားလုံးမရှိပါဘူး။

၄။ မျှဝေခြင်းကို လုပ်သင့်တယ်ဆိုတာ ဒီလိုနည်းနဲ့ အကြံပြုနိုင်ပါတယ်

တစ်ခါတရံမှာ သင့်ရဲ့ ကလေးငယ်တွေဟာ သင်နဲ့အတူတူတစ်ခုခုကို မျှဝေတာမျိုး လုပ်ကောင်းလုပ်နိုင်ပါတယ်။ သို့ပေမယ့် ၎င်းက မျှဝေခြင်းကို သတိပြုမိစေတဲ့ လုပ်ရပ်မျိုးမဟုတ်ဘဲ ၎င်းတို့အတွက် စူးစမ်းခြင်းနှင့် စမ်းသပ်ခြင်းတို့အတွက်သာဖြစ်ပါတယ်။ အဲဒီ့လိုဖြစ်မြောက်ခဲ့မယ်ဆိုရင် ကလေးတွေကို ဝေမျှရတာ ကောင်းတယ်ဆိုတာ ကလေးတွေ တဖြည်းဖြည်းနားလည်စေနိုင်ပါတယ်။ ဒီအခြေအနေတွေက သဘာဝကျကျဖြစ်ခဲ့မယ်ဆိုရင် သူတို့ကို သင်ကြားရေးအခွင့်အလမ်းတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။

တစ်စုံတစ်ယောက်က သင့်ကလေးရဲ့ ကစားစရာကိုယူမယ်ဆိုရင် သင့်ကလေးကို အရင်နားလည်ဖို့ အရေးကြီးပါတယ်။ သင့်ကလေးကို သူတို့ရဲ့ စိတ်ခံစားမှုတွေကို ဖော်ပြစေပြီး တစ်ယောက်ယောက်က သူတို့ရဲ့ ကစားစရာကိုယူတဲ့အခါ ၎င်းတို့မကြိုက်တာ သင်နားလည်ကြောင်း အလေးပေးဖော်ပြပါ။ ဒါ့အပြင် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းထားနိုင်ဖို့လည်း သူတို့ကို ပြောပါ။ အတူတူကစားကြဖို့လည်း မြူဆွယ်ကြည့်ပါ။

Chit_May_May

Nyein_Thu

Ref- brightsideme

LEAVE A REPLY

Please enter your comment!
Please enter your name here