လိုက်လျောညီထွေမှုရှိတဲ့ မိခင်နဲ့ကလေး ဆက်ဆံရေးကြားမှာ တွေ့ရလေ့ရှိတဲ့ အဓိကသော့ချက်များ

0
1615
- Advertisement -

မိခင်တွေကို မိသားစုတစ်ခုရဲ့ ဘဝအရင်းအချာတစ်ခုလို့ဆိုနိုင်သလို စိတ်ဝိညာဥ်လို့ဆိုရင်လည်း မမှားနိုင်ပါဘူး။ မိခင်ဘဝဆိုတာဟာ အသက်ရှင်သန်နေထိုင်ရင်း ကြုံတွေ့ရသမျှ အတွေ့အကြုံတွေထဲမှာ အလှအပဆုံးသော အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ရင်နှစ်သည်းခြာ သားသမီးကို ကိုးလနီးပါး ဝမ်းနဲ့လွယ်ပြီးတော့ လူ့လောကကြီးထဲကို မွေးထုတ်၊ ကျွေးမွေးပြုစုစောင့်ရှောက်ရတာ မိခင်တွေပါ။ ဒါကြောင့်လည်း သားသမီးတွေကြီးပြင်းလာတဲ့တစ်လျှောက် မိဘနဲ့သားသမီးဆက်ဆံရေးကောင်းမွန်ဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်။ ဘယ်သူခွဲခွဲ မပြတ်နိုင်ဘဲ ခိုင်မြဲတဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့အတွက် ဘယ်လိုသော့ချက်တွေကို လိုအပ်မလဲဆိုတာ အဆုံးထိဖတ်ကြည့်လိုက်ရအောင်ပါ။

ယုံကြည်မှု

ကောင်းမွန်တဲ့ မိခင်နဲ့သားသမီးဆက်ဆံရေး၏ အဓိကကျတဲ့ အခြေခံသော့ချက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သားသမီးတွေဟာ သူတို့ရဲ့မိခင်ကို အကြွင်းမဲ့ယုံကြည်ရမှာဖြစ်ပြီး နှစ်ဦးကြားမှာ ယုံကြည်မှုမရှိဘူးဆိုရင် ရန်ဖြစ်မယ်၊ အထင်လွဲစရာတွေက တဖြည်းဖြည်းစုပြုံလာနိုင်ပါတယ်။ ဒီလိုအခြေအနေတွေဟာ အထူးသဖြင့် ကလေးတွေရဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သားသမီးကို သံသယမဝင်ပါနဲ့။ သူ့တို့တဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ သင် သင်ကြားပေးခဲ့တဲ့ ဘဝတန်ဖိုးတွေဟာ သူတို့အမှားတွေမလုပ်မိအောင်လို့ လမ်းပြပေးပါလိမ့်မယ်။

- Advertisement -

တစ်ဦးနဲ့တစ်ဦးနားလည်တယ်

နားလည်မှုရှိတယ်ဆိုရင် အနောက်ကနေ ပွင့်လင်းမှုက လိုက်လာပါလိမ့်မယ်။ မိခင်နဲ့ကလေးကြားမှာ နားလည်မှုရှိခြင်းကြောင့် ဘယ်လိုအကြောင်းအရာကိုမဆို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးတိုင်ပင်နိုင်မှာပါ။ ကလေးတွေပြောတဲ့ စကားတွေကို မိခင်တွေက အလေးထားပြီးနားထောင်ပေးတယ်လို့ ခံစားရရင် သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်မှုရှိရှိနဲ့ ဖွင့်ပြောပြပါလိမ့်မယ်။

အမြဲမပြတ်တဲ့ အားပေးမှု

မိခင်က သားသမီးအပေါ် တွန်းအားပေးမှု၊ အားပေးမှုရှိတယ်ဆိုတာကို သူတို့လေးတွေ သိထားမယ်ဆိုရင် လုံခြုံစိတ်ချမှုကို ခံစားရပါတယ်။ အထူးသဖြင့် သမီးတွေမှာ ပိုအဖြစ်များပါတယ်။ သူတို့ပြဿနာဖြစ်နေချိန်မှာ ဘာဖြစ်နေလဲဆိုပြီး မေးကြည့်ကာ သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချမှတ်တတ်အောင် အကူအညီပေးသင့်ပါတယ်။

သဘောထားကြီးခြင်း

ပေါ့ပေါ့ပါးပါးရှိပြီး သဘောထားကြီးတဲ့ မိခင်တွေဟာ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ အင်မတန်ပြောင်မြောက်လှပါတယ်။ ကလေးတွေနဲ့အပြိုင် အော်ဟစ်ငြင်းဆိုမနေပါဘူး။ ကလေးတွေဟာ သဘာဝအလျှောက် အာခံတတ်ပြီး သူတို့လုပ်ချင်တာကိုပဲ လုပ်တတ်ကြပါတယ်။ မိသားစုအရေးမှာ ကလေးတွေရဲ့ အတွေးကိုလည်း နည်းနည်းပါးပါး နားထောင်ကြည့်ပေးမယ်ဆိုရင် သူတို့လေးတွေကိုလည်း အလေးထားရာ ခံစားမိစေမှာပါ။

စံပြနမူနာအဖြစ် နေထိုင်တယ်

အများအားကျစရာ မိခင်နဲ့ကလေး ဆက်ဆံရေးကြားမှာ မိခင်က ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုပြုမူရတယ်ဆိုတာကို ပြသတတ်ပါတယ်။ ပြောချင်တာကတော့ ကိုယ်ပြောသလိုလိုက်မလုပ်ရင်တောင် ကိုယ်လုပ်တဲ့အတိုင်း လိုက်လုပ်ကြမှာဖြစ်လို့ မိခင်ဖြစ်တဲ့ သင်က ရှေ့ကနေ ဦးဆောင်လမ်းပြလုပ်ပြီး ကောင်းကောင်းနေထိုင်ပြရမှာပါ။

#Chit_May_May

#Thinzar

Ref-greatperformersacademy

LEAVE A REPLY

Please enter your comment!
Please enter your name here