လူကြီးကောင်းတစ်ယောက်ဖြစ်လာဖို့ ကလေးငယ်စဥ်ကတည်းက သင်ကြားပေးထားသင့်တဲ့အရာများ

0
1537
- Advertisement -

ကလေးတွေက ပထမတစ်နှစ်အတွင်းမှာတင် သူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေရဲ့ သတင်းအချက်အလတ်တော်တော်များများကို ရယူနေပါပြီ။ ၄-၅ နှစ်ကလေးအရွယ်တွေက အကောင်းဆုံးပုံသွင်းလို့ရတဲ့ အရွယ်လေးတွေပါ။ ပိုမိုရှုပ်ထွေးတဲ့ လူလတ်ပိုင်းဘဝကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ဖို့အတွက် အခြေခံလိုအပ်ချက်လေးတွေကို ကလေးဘဝမှာကတည်းက သင်ပေးထားသင့်ပါတယ်။ အခု ကလေးတယောက်အတွက် သင်ပေးသင့်တဲ့ အရာတွေကို ပြောပြပေးသွားမှာပါ။

ဒုတိယဘာသာစကား

လေ့လာမှုတွေအရ ဒုတိယဘာသာစကားကို သင်ယူနေတဲ့ ကလေးတွေက ပတ်ဝန်းကျင်နဲ့ပိုပြီး လိုက်လျော်ညီထွေ နေထိုင်နိုင်ပါတယ်။ မှတ်ဉာဏ်လည်းပိုကောင်းလာသလို၊ ဘာသာခြားတွေနဲ့ ပြောဆိုဆက်ဆံရာမှာလည်း အခက်အခဲမရှိပြောဆိုနိုင်ပါတယ်။

အရွယ်ရောက်လာတဲ့အချိန်မှာလည်း အလုပ်ရဖို့အခွင့်အရေးက တခြားလူတွေထက်ပိုပြီး ရာခိုင်နှုန်းပိုများပါတယ်။ မိခင်ဘာသာစကားအပြင် အခြားဘာသာစကားတခုခုကို အသုံးပြုနေတဲ့သူတွေဟာ အသက်ကြီးသွားလို့ Alzheimer (ဦးနှောက်ချွတ်ယွင်းတဲ့ရောဂါ) ဖြစ်ခြင်းမှလည်း နှောင့်နှေးစေတယ်လို့ ပညာရှင်တွေက ပြောထားပါတယ်။

ဂီတ

ဂီတကိုလေ့လာလိုက်စားတဲ့သူတွေဟာ အခြားသူတွေထက်ပိုပြီးတော့ အကြားအာရုံကောင်းပါတယ်။ ပြီးတော့ အရွယ်အိုမင်းလာလို့ ဦးနှောက်ပျက်စီးခြင်းမှလည်း နှောင့်နှေးစေပါတယ်။ အရွယ်ရောက်လာတဲ့အချိန်မှာလည်း သူတို့ဆီမှာရှိတဲ့ ဂီတစွမ်းရည်ကို အများရှေ့မှာ ပြသနိုင်မှာပါ။

တကယ်လို့သာ ဂီတဘက်မှာ ပါရမီပါလာခဲ့ရင်လည်း အောင်မြင်ကျော်ကြားတဲ့သူဖြစ်လာဖို့ အခွင့်အရေးတွေ ရှိလာနိုင်ပါတယ်။

ချက်ပြုတ်ခြင်း

ကလေးတွေနဲ့အတူ မီးဖိုဝင်တာက သူတို့ကို အစားအသောက်ချက်ပြုတ်ခြင်းနဲ့ ရင်းနှီးစေပါတယ်။ အခုခေတ် အရွယ်ရောက်နေတဲ့သူတွေ တချို့ဆိုရင် ထမင်းတောင်မချက်တတ်တဲ့သူတွေရှိပါတယ်။ ဒါက ဂုဏ်ယူစရာတခုမဟုတ်တာတော့ အမှန်ပါ။

ကလေးကို ကိုယ်စားမယ့် ဟင်းတွေဘယ်လိုချက်ရတယ်ဆိုတာကို ရင်းနှီးနေအောင် သင်ပြပေးပါ။ အရွယ်ရောက်လာတဲ့အချိန်မှာ ကိုယ်တိုင်ချက်ပြုတ်စားသောက်လာနိုင်ပါလိမ့်မယ်။ ဒါက မိဘတွေအတွက် တာဝန်တစ်ခုလျှော့စေပါတယ်။

ပိုက်ဆံအသုံးပြုခြင်း

အခုအရွယ်ရောက်နေတဲ့သူတွေ တော်တော်များများ ကြုံနေရတဲ့ပြဿနာက ငွေကြေးသုံးစွဲမှုမမျှတခြင်းပါပဲ။ ဝင်ငွေထွက်ငွေ မမျှတာကြောင့် အကြွေးတွေထူနေတဲ့သူတွေတောင်ရှိပါတယ်။ ကလေးတွေကို ပိုက်ဆံရဲ့အရေးကြီးပုံကို သင်ပြထားပေးပါ။ ပိုက်ဆံစုတာထက် ဘယ်လိုခြွေတာသုံးစွဲရမလဲဆိုတာကိုပါ သင်ပြထားပေးပါ။

ငြင်းတတ်အောင်သင်ပေးပါ

ကလေးတွေကို ငြင်းတတ်အောင်သင်ပေးပါ။ ကိုယ့်ထက်ကြီးတဲ့လူ၊ ဆရာ/မ တွေ နဲ့ အခြားသူတွေကို ငြင်းဆန်ရဲအောင်သင်ပေးပါ။ “No” ဆိုတဲ့ စကားတခွန်းဟာ ပြောရလွယ်ပေမယ့် လူတိုင်းပြောရဲတဲ့ စကားတခွန်းမဟုတ်ပါဘူး။

ဥပမာ အလုပ်ရှင်က ကိုယ်လုပ်နိုင်တဲ့အလုပ်ပမာဏထက်ပိုပြီး အလုပ်တွေခိုင်းပေမယ့် မငြင်းဆန်ရဲတဲ့ အတွက်ကြောင့် လုပ်ပေးရတာတွေ ရှိပါတယ်။ ဒါမျိုးတွေမဖြစ်အောင် ကိုယ်မလုပ်ချင်အရာ သို့မဟုတ် ကိုယ်လုပ်နိုင်တဲ့ ပမာဏထက်ကျော်လွန်ပြီး ခိုင်းပြီဆိုရင် “No” ဆိုပြီး ငြင်းဆန်ရဲအောင် သင်ပေးထားပါ။

#Chit_May_May

#Thinzar

Ref- brightside

LEAVE A REPLY

Please enter your comment!
Please enter your name here