လူကြီးဘဝမှာတောင် လိုက်ထိန်းချုပ်တတ်တဲ့ မိဘတွေနဲ့ ဘယ်လိုဆက်ဆံမလဲ?

0
252
- Advertisement -

“သိပ္ပံမေဂျာကို အဓိကယူ.. ဝိဇ္ဇာမေဂျာက ဘာမှလုပ်စားလို့မရဘူး”

“မင်းသူငယ်ချင်းက အလကားပါကွာ..အသုံးမကျပါဘူး၊ သူ့ကိုဝေးဝေးကရှောင်”

ထိုကဲ့သို့သော အကြံပေးချက်တွေက အန္တရာယ်မရှိဘူးလို့ ထင်ရသော်လည်း မိဘတွေဟာ ပံ့ပိုးမှု (သို့) လမ်းညွှန်မှုပေးမယ့်အစား ကလေးတွေကို ထိန်းချုပ်တဲ့ မိဘတွေရဲ့ ပုံမှန်အပြုအမှု ဖြစ်နိုင်ပါတယ်။

- Advertisement -

မိဘတွေရဲ့ ရည်ရွယ်ချက်က ကလေးကိုလုံခြုံမှုရှိစေလို၊ အဆင်ပြေစေလိုတာဖြစ်သော်လည်း ကလေးတွေအတွက် စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။

မိဘတွေအနေနဲ့ ထိန်းချုပ်တာလို့ မရည်ရွယ်ပေမယ့်လည်း ကလေးရဲ့ ဘဝအရည်အသွေးကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ယနေ့မှာ လူငယ်တွေအတွက် ထိန်းချုပ်တတ်သော မိဘအုပ်ထိန်းမှုဆိုတာဘာလဲ? ထိုမိဘတွေနဲ့ ဘယ်လိုဆက်ဆံရမယ်? ဆိုတာကို မျှဝေပေးလိုပါတယ်။

မိဘတွေအနေနဲ့လည်း အရွယ်ရောက်လာပြီဖြစ်တဲ့ သားသမီးတွေဘက်ကနေ ကြည့်ပြီး ကိုယ့်ကလေးတွေကို ဒီလိုထိန်းချုပ်တတ်တဲ့ မိဘတွေမဖြစ်အောင် ဆင်ခြင်နိုင်စေဖို့လည်း ဖြစ်ပါတယ်။

ထိန်းချုပ်တတ်တဲ့ မိဘအုပ်ထိန်းမှုဟာ မိဘတစ်ယောက် (သို့) နှစ်ယောက်စလုံးက ကလေးရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်တာ၊ သူတို့ရဲ့ဘဝကို ထိန်းချုပ်မှုအောက်မှာ ထားရှိတဲ့ ပုံစံဖြစ်ပါတယ်။ စည်းကမ်းတွေကို အလေးထားပြီး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ တင်းကြပ်သော authoritarian parenting ကိုရည်ညွှန်းပါတယ်။ ထိုသို့သော မိဘတွေဟာ ကလေးတွေရဲ့ လိုအပ်ချက်နှင့် ဝေးကွာသွားနိုင်ပါတယ်။ သူတို့ရဲ့ အပြုအမှုဟာ ကလေးတွေကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ အချို့သောမိဘတွေဟာ ကလေးတွေအရွယ်ရောက်လာတဲ့အခါ ဒီအပြုအမှုတွေကို ကျော်လွှားနိုင်သော်လည်း အချို့က အရွယ်ရောက်ပြီးတဲ့ ကလေးတွေကိုပါ ထိန်းချုပ်ဖို့ ကြိုးစားကောင်း ကြိုးစားပါလိမ့်မယ်။

ကလေးတွေ လူကြီးအရွယ်ရောက်တာနဲ့အမျှ မိဘတွေနဲ့ အရွယ်ရောက်ကလေးတွေအကြား ဆက်ဆံရေးဟာ တဖြည်းဖြည်းတိုးတတ်ပြောင်းလဲလာသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် ညီမျှခြင်းက ပြိုကွဲသွားပါလိမ့်မယ်။ မိဘတွေ ထိန်းချုပ်လွန်းခြင်းရဲ့ လက္ခဏာတစ်ချို့မှာ

၁။ သင့်မိဘတွေက သားသမီးရဲ့ တာဝန်တွေကို စီမံခန့်ခွဲပေးတာ

သင်ဟာ ယခုအရွယ်ရောက်လာပြီဖြစ်ပြီး သင့်တာဝန်ဝတ္တရားတွေကို စီမံနိုင်နေပါပြီ။ တစ်ယောက်တည်း အသွားအပြန်လုပ်တာဖြစ်စေ၊ ကိုယ့်အခန်းကို သန့်ရှင်းရေးလုပ်တာဖြစ်စေ၊ မိဘတွေက သင့်အလုပ်တွေကို အမြဲတမ်းလုပ်ဖို့ ကြိုးစားနေပါက သူတို့ဟာ သင့်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။

၂။ သင့်ကို အမြဲတမ်း အကြံဉာဏ်ပေးတတ်တာ

သင့်မိဘတွေက သင်ဘာစားရမယ်၊ ဘာဝတ်ရမယ်၊ ဘယ်အလုပ်ကို လုပ်သင့်တယ်လို့ ပြောပါသလား? သူတို့က သင့်ကို အမြဲတမ်း အကဲဖြတ်ပါသလား? သင်လုပ်သမျှ၊ သို့မဟုတ် သင်ပြောဆိုသမျှနှင့် ပတ်သတ်ပြီး ထင်မြင်ယူဆတာတွေ ပြုလုပ်ပါသလား? သူတို့ရဲ့ အမြင်နှင့်ကိုက်ညီအောင် သင့်အမြင်ကို ပြောင််းလဲဖို့ ကြိုးစားနေပါသလား? ဒါက သင့်မိဘတွေ လိုက်ထိန်းချုပ်နေတာ ဖြစ်နိုင်ပါတယ်။

သင်ဟာ ကလေးဘဝတုန်းက လမ်းညွှန်မှုရတာ ကောင်းပေမယ့် ကြီးပြင်းလာတဲ့အချိန်မှာ အဲဒီထင်မြင်ယူဆချက်တွေက အရမ်းလွှမ်းမိုးနေပုံရပြီး အမြဲတမ်း သင့်ကို အကြပ်အတည်းဖြစ်စေနိုင်ပါတယ်။ နောက်ဆုံးမှာ သင်ဟာ သူတို့ရဲ့ခွင့်ပြုချက်အပေါ် မှီခိုလာပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချဖို့ အခက်အခဲ ရှိလာနိုင်ပါတယ်။

၃။ သင့်အပေါ် ကြင်နာမှု (သို့) စာနာမှုကင်းမဲ့တာ

ထိန်းချုပ်လွန်းတဲ့ မိဘတွေဟာ ကိုယ့်ကလေးတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသော်လည်း ကလေးတွေရဲ့ခံစားချက်တွေကို နားမလည်နိုင်ပါလူး။ သူတို့ရဲ့ အလုပ်များတဲ့ လူနေမှုပုံစံကြောင့်(သို့) သင့်အပေါ် သူတို့ရဲ့ အခွင့်အာဏာကို မဆုံးရှုံးလိုတာကြောင့် သင့်ကို စာနာမှုရှိချင်မှ ရှိပါလိမ့်မယ်။

၄။ သင့်ကို privacy မပေးတာ

တစ်ယောက်ကို တစ်ယောက် privacy ထားပေးရပါမယ်။ ဒီအခြေခံစည်းမျဉ်းက မိဘတွေနဲ့ အရွယ်ရောက်ကလေးတွေအကြား ဆက်ဆံရေးနှင့် သက်ဆိုင်ပါတယ်။ သင့်မိဘတစ်ယောက်က သင့်ကိုယ်ရေးကိုယ်တာကိစ္စကို ကျူးကျော်ဝင်ရောက်လျှင် ဒါက သူတို့ရဲ့ထိန်းချုပ်မှု သဘောသဘာဝကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ- မိဘတွေက တက္ကသိုလ်ကျောင်းသူသမီးရဲ့ လွယ်အိတ်ထဲကို လှန်လှောတာ၊ ဖေ့ဘွတ််(သို့) လူမှုမီဒီယာတွေပေါ်မှာ သားသမီးရဲ့ ခံစားချက်အပျော်အပျက် စတေးထပ်တွေကို လှောင်ပြောင်တာ၊ သားသမီးတွေရဲ့ အီးမေးလ်တွေကိုဖတ်တာ (သို့) ဖုန်းပြောတဲ့အခါ ဘေးမှ နားထောင်တာတို့ ဖြစ်နိုင်ပါတယ်။

၅။ သင့်မိဘတွေက ကြိုးကိုင်ချယ်လှယ်သူတွေဖြစ်တာ

သင့်မိဘတွေက သင့်ကို ဖိအားပေးခြင်း၊ အရှက်ရစေခြင်း (သို့) မကြာခဏ အပြစ်တင်ခြင်း ပြုလုပ်လျှင် ဒါက ထိန်းချုပ်တတ်တဲ့ မိဘအုပ်ထိန်းမှု လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ ဒီအမှုအကျင့်ဟာ တိတ်တိတ်ပုန်း (သို့) အနုနည်း ပုံစံတစ်ခုဖြစ်တာကြောင့် မိဘတွေဟာ ကလေးမလိုချင်တဲ့အရာတစ်ခုခုကို အတင်းအကျပ်လုပ်ခိုင်းပါတယ်။

၎င်းတို့ဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု (စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှု၊ စိတ်ခံစားမှုဆိုင်ရာ အကျပ်ကိုင်ခြင်း)၊ ချစ်ခြင်းမေတ္တာ ရုပ်သိမ်းခြင််း( ဂရုစိုက်မှု၊ ချစ်ခင်တွယ်တာမှု မပြခြင်း) (သို့) မသမာသော ခံစားချက်များ (သရုပ်ဆောင်ခြင်း) စတဲ့ပုံစံမျိုးစုံဖြင့် ကိုင်တွယ်နိုင်ပါတယ်။

၆။ သင့်မိဘတွေက သင့်ကို လွှမ်းမိုးထားတာ

သင့်မိဘတွေက သင့်အတွေးအခေါ်တွေကို ငြင်းပယ်ခြင်း(သို့) သင့်ဆန္ဒတွေကို ဆန့်ကျင်တဲ့ အရာတစ်ခုခုကို ပြုလုပ်ဖို့ ဖိအားပေးရန် ကြိုးစားနေဆဲဆိုရင် ဒါက ထိန်းချုပ်မှု လက္ခဏာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင့်မိဘတွေက သင်မနှစ်သက်တဲ့ အစားအစာကို ကြိုးစား စားဖို့ သင့်အားအတင်းအကျပ်တိုက်တွန်းပါက ဒါဟာလွှမ်းမိုးမှုရဲ့ လက္ခဏာဖြစ်ပါတယ်။

သင့်မိဘတွေနဲ့ သင့်ရဲ့ဆက်ဆံရေးပျက်စီးခြင်းနှင့် အနာဂတ်ဆက်ဆံရေးထိခိုက်နိုင်ခြင်းမှ ကာကွယ်ဖို့ မိဘရဲ့ထိန်းချုပ်သော အပြုအမှုအား ကိုင်တွယ်ဖို့လိုအပ်ပါတယ်။

ထိန်းချုပ်လွန်းတဲ့ မိဘတစ်ယောက်ကို ဘယ်လိုဆက်ဆံမလဲ?

ရန်တွေ့ဖို့ (သို့) ပုန်ကန်ဖို့ မလိုပါဘူး။ အနည်းငယ်သိမ်မွေ့သော ခြေလှမ်းများကို လှမ်းခြင်းဖြင့် သင်များစွာလိုအပ်တဲ့ သက်သာရာ နည်းလမ်းကို လျှောက်လှမ်းနိုင်ပါတယ်။

၁။ မိဘရဲ့ အပြုအမှုပုံစံကို ဆုံးဖြတ်ပါ

သင့်မိဘရဲ့ အပြုအမှုကို တုံ့ပြန်မယ့်အစား နောက်ကွယ်ရှိ အကြောင်းရင်းကို သိနားလည်ဖို့ လိုအပ်ပါတယ်။ သူတို့က သင့်အားနှုတ်ဖြင့်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ တိုက်ခိုက်နေတာလား? သင်ဟာ အမူအကျင့်ပုံစံကို ဖော်ထုတ်ပြီးတာနဲ့ သူတို့အပြုအမှုရဲ့နောက်ကွယ်က အကြောင်းရင်းကို ချိတ်ဆက်ပြီး သင့်လျှော်စွာ ကိုင်တွယ်နိုင်ပါတယ်။

ဥပမာ- သူတို့က အထီးကျန်စွာ ခံစားရနိုင်၊ သင့်ကို ဆုံးရှုံးရမှာကြောက်တာကြောင့် သင့်နှင့်အတူ အချိန်တိုင်း ဆက်သွယ်နေဖို့၊ သင့်ကို မျက်ခြေမပျက်စောင့်ကြည့်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ ဒီအတွက် သူတို့ပေါ်မှာ ရက်ရက်စက်စက် ဆက်ဆံမယ့်အစား သူတို့နားမှာ သင်အမြဲတမ်းရှိနေကြောင်း သူတို့ကို စိတ်ချစေပြီး သူတို့ရဲ့ လွှမ်းမိုးမှု၊ ထိန်းချုပ်မှု အပြုအမှုက သင့်အပေါ် ဘယ်လိုသက်ရောက်ကြောင်းကို ရှင်းပြနိုင်ပါတယ်။

၂။ သင်ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြောပြပါ

သင့်ရဲ့ အသက်နှစ်ဆယ်ကျော်အရွယ်နှင့် မိဘတွေရဲ့ ထိန်းချုပ်မှုအပြုအမှုဟာ သင့်ဘဝရဲ့ အရေးကြီးသော ဆုံးဖြတ်ချက်တွေကို သက်ရောက်မှုရှိတယ်လို့ ထင်ရင် ဒါကို မကြာမီရပ်တန့်လိုက် သင့်ပါတယ်။ သင့်မိဘရဲ့ ထိန်းချုပ်သော အပြုအမှုဟာ သင့်ဘဝကို သိမ်းပိုက်လိုက်တဲ့အခါ သင့်ရဲ့ ကိုယ်ပိုင်လက္ခဏာ ပျောက်ဆုံးသွားနိုင်ပါတယ်။

သင့်ဘဝမှာ သင်လိုချင်တာတွေ၊ သင်ကြိုက်တာ၊ မကြိုက်တာတွေကို စဉ်းစားပြီး အဲဒါကို သင့်မိဘတွေနဲ့ ပြောဆိုပါ။ သင့်ရဲ့ ပျော်ရွှင်မှုက ဘယ်မှာလဲ၊ သင်ဘာလုပ်ချင်လဲ၊ သူတို့က သင့်ကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ သူတို့ကို အသိပေးပါ။

၃။ လက်မလျှောပါနဲ့

စိတ်ခံစားမှုဆိုင်ရာ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း (သို့) ခြယ်လှယ်ခြင်းက ကောင်းမွန်သော မိဘအုပ်ထိန်းမှုပုံစံမဟုတ်ပါ။ သူတို့ကို ပြောပြပါ။ ရပ်တန့်ခိုင်းပါ။ သူတို့ထံမှ သင်လိုအပ်တာကို သူတို့သိပြီးသားပါ။ သင့်အနာဂတ်နှင့် ဘဝကို ရင်းနှီးမြှုပ်နှံရတဲ့အခါ strong ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ပိုင်းမှာ နောင်တရခြင်းကို ရှောင်ရှားဖို့ မကြာမီလုပ်ဆောင်ပါ။

၄။ စိတ်ခံစားမှုတွေအပေါ်မှာ လုပ်ရပ်တွေကို ထိန်းသိမ်းပါ

ရှုပ်ထွေးသော ဘဝအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရခြင်းဟာ အရမ်းခက်ခဲနိုင်ပါတယ်။ သို့သော် ထိုအခြေအနေတွေနဲ့ ပတ်သတ်ပြီး emotional ရခြင်းက အမြဲမကူညီနိုင်ပါဘူး။ သင့်မိဘတွေရဲ့ ထိန်းချုပ်မှုသဘောသဘာဝကို မကျေနပ်ပါက နှုတ်ဆိတ်နေခြင်း၊ မကျေနပ်မှုတွေကို တည်ဆောက်ခြင်းထက် သူတို့နဲ့ စကားပြောသင့်ပါတယ်။ မိဘတွေက သင့်ရဲ့ဆန္ဒတွေကို ဆန့်ကျင်ပြီး သင့်အတွက် ဆုံးဖြတ်ချက်ချတဲ့အခါ အဲ့ဒီအကြောင်း ပြောပြပါ။ သင့်မိဘတွေကို စိတ်မကောင်းဖြစ်စေလိုမှာ မဟုတ်ပေမယ့် သင့်အလိုကျပေါ်မှာ ဘဝကို ရှင်သန်လိုကြောင်း သူတို့ကို အသိပေးရပါမယ်။

၅။ သူတို့ကို အမြဲတမ်းကျေနပ်စေနိုင်မှာ မဟုတ်ကြောင်း နားလည်ပါ

သင့်လုပ်တဲ့အရာတွေအတွက် မိဘဆီကနေ ချစ်ခြင်းမေတ္တာနှင့် ခွင့်ပြုချက်တောင်းခံခြင်းက အဆင်ပြေပေမယ့် အချိန်တိုင်းမျှော်လင့်တာကတော့ စိတ်ကူးကောင်းတစ်ခု မဖြစ်နိုင်ပါဘူး။ အရွယ်ရောက်သူတစ်ယောက်အနေနဲ့ သင့်ရဲ့ individual opinion တွေရှိပြီး ကွဲပြားခြားနားမှုတွေရှိတာက အဆင်ပြေပါတယ်။ ဒါ့ကြောင့် သူတို့က သင်လုပ်သမျှကို အတည်မပြုပေးကြဘူးဆိုရင်တောင် စိတ်ဓါတ်မကျပါနဲ့။

၆။ မိဘတွေနဲ့ ကျန်းမာသော နယ်နိမိတ် သတ်မှတ်ပါ

မိဘနှင့်ကလေးရဲ့ ကျန်းမာသောဆက်ဆံရေးဟာ အထူးသဖြင့် သင်ဟာအရွယ်ရောက်သူဖြစ်ရင် နယ်နိမိတ်သတ်မှတ်သင့်ပါတယ်။ နယ်နိမိတ်များတည်ရှိနေခြင်းကြောင့် ဆက်ဆံရေးဟာ ပွင့်လင်းမြင်သာမှု၊ ရွှင်လန်းမှုကို ဖြစ်လာစေပါတယ်။ မှီခိုခြင်း၊ မျှော်လင့်ခြင်း၊ ငွေရေးကြေးရေး ရှုပ်ထွေးခြင်း (သို့) အခြားမကောင်းသော ခံစားချက်တွေ ရှိလိမ့်မှာ မဟုတ်ပါဘူး။

အထူးသဖြင့် ကျွန်တော်တို့ရဲ့ မိဘတွေနှင့်အတူ အဖိုးတန်ဆုံးသော ဆက်ဆံရေးကို ဂရုစိုက်သင့်ပါတယ်။ သင့်မိဘတွေက လိုက်ထိန်းချုပ်နေတယ်လို့ ထင်ပြီး ဒါက သင်တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်စေတယ်လို့ သင်ထင်ရင် ဒါနဲ့ပတ်သတ်ပြီး သူတို့ကို ပြောပြပါ။

တစ်ခါတရံ မိဘတွေက သူတို့ရဲ့အပြုအမှုဟာ ကလေးကို နာကျင်စေကြောင်း သတိမထားမိကြပါဘူး။ သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ (သို့) မိမိကိုယ်ကို ထင်မြင်ယူဆသော ဆန္ဒများကြောင့် ထိန်းချုပ်ခြင်း ဖြစ်လာတာ မိဘအားလုံးတော့ မဟုတ်ပါဘူး။ ဒီလိုမိဘအုပ်ထိန်းမှုပုံစံနောက်ကွယ်မှာ အကြောင်းပြချက်အမျိုးမျိုးရှိနိုင်ပါတယ်။

မိဘတွေ ဘာ့ကြောင့် ထိန်းချုပ်ခြင်း ဖြစ်လာကြတာလဲ?

အချို့က မကောင်းတဲ့ အတွေ့အကြုံကနေ ဖြစ်ပေါ်လာနိုင်ပြီး အချို့က အပြုသဘောဆောင်တဲ့ အခြေအနေကနေ ဖြစ်လာနိုင်ပါတယ်။

  • အချို့သော မိဘတွေဟာ သူတို့ရဲ့ကလေးဘဘဝမှာ အမှားတွေမကျူးလွန်မိစေဖို့ ထိန်းချုပ်နိုင်ပါတယ်။ ဒီတော့ သူတိုဟာ အကာအကွယ်မဲ့ဖြစ်လာလေ့ရှိပါတယ်။
  • နောက်အကြောင်းရင်းတစ်ခုက ကလေးကို ဆုံးရှုံးရမှာ ကြောက်ရွံ့တာကြောင့် ဖြစ်ပါတယ်။ သူတို့ကြီးပြင်းလာတဲ့အခါ ကလေးတွေ ဝေးဝေးနေမှာကို စိုးရိမ်ကြပါတယ်။ ထို့ကဲ့သို့သော ကိစ္စမျိုးမှာ ကလေးတွေကို သူတို့နဲ့ အမြဲရှိနေစေဖို့ ထိန်းချုပ်ဖို့ ကြိုးစားကြပါတယ်။
  • တချို့မိဘတွေက သူတို့ရဲ့အတ္တကို မဆုံးရှုံးလိုကြပါဘူး။ (သို့) သူတို့ကြီးပြင်းလာပြီးနောက်မှာ ကလေးတွေကို တန်းတူဆက်ဆံဖို့ မလိုလားကြပါဘူး။ သူတို့ဟာ အထီးကျန်ပြီး သူတို့လိုအပ်တဲ့အခါတိုင်း သူတို့ကလေးတွေကို အနားမှာနေစေလိုတာ ဖြစ်နိုင်ပါတယ်။

တစ်ခါတရံတွင် သူတို့မှာ ထိန်းချုပ်တတ်တဲ့ မိဘတွေအဖြစ်ကို ပြောင်းလဲပစ်နိုင်တဲ့ အကြောင်းပြချက်မရှိသော မျှော်လင့်ချက်အနည်းငယ် ရှိကောင်းရှိပါလိမ့်မယ်။ ဘယ်လိုပင်ဖြစ်စေ မိဘအုပ်ထိန်းမှုရဲ့ အကျိုးသက်ရောက်မှုက ဆိုးရွားနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source- momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here