လူမှုဆက်ဆံရေးကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်လာအောင် မိဘတွေကူညီနိုင်တဲ့အချက် ၆ချက်

0
2017
- Advertisement -

လူမူဆက်ဆံရေးကောင်းမွန်ခြင်းဆိုတာ လူ့အဖွဲ့အစည်းအတွက် အရေးကြီးတာမှန်ပေမယ့် အချို့ကလေးတွေက အခြားသူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာ သင့်ကလေးကို လူမူဆက်ဆံရေးကောင်းမွန်အောင် ဘယ်လိုကူညီပေးနိင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ကလေးတွေကို လွတ်လပ်ခွင့်ပေးပါ

တချို့ကလေးတွေက ငယ်ငယ်တည်းက မွန်းကြပ်လှောင်ပိတ်တဲ့ ထိန်းချုပ်မှုအောက်မှာနေရတော့ လူမူဆက်ဆံရေးမှာ ညံဖျင်းသွားတတ်ပါတယ်။ ကလေးတွေကိုလွတ်လွတ်လပ်လပ်နေဖို့ကူညီပေးပါဆိုတာ တော်တော်အရေးကြီးပါတယ်။ ကလေးတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင် အရည်အသွေးတွေနဲ့ကျွမ်းကျင်မှုတွေရှိနေတတ်ပါတယ်။

- Advertisement -

တချို့ကလေးတွေက တခြားကလေးတွေနဲ့မတူပဲ ကွဲပြားခြားနားနေတာမျိုးတွေလည်းရှိနိုင်ပါတယ်။ တချို့ကလေးတွေက လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာ ကြိုက်တယ် ပြင်ပက အတွေ့အကြုံသစ်တွေရှာဖွေရမှာ ကြိုက်တတ်ကြပါတယ်။ ဒါပေမယ့် တချို့ INTROVERT(စိတ်စွမ်းအားကို အတွင်းကရတဲ့ တကိုယ်တော်ပရော်ဖက်ရှင်နယ်နေထိုင်တတ်သူ) ကလေးတွေကျတော့ လူတွေနဲ့ပေါင်းသင်းဆက်ဆံရမှာ မကြိုက်ကြပါဘူး။

သူတို့က နက်နက်နဲနဲ အတွေးသမားတွေဖြစ်လို့ သူတို့ ပုံစံကိုတော့ ပြောင်းလဲဖို့ မကြိုးစားသင့်ပါဘူး။ သူတို့ရဲ့ပင်ကိုယ်ဗီဇအရ တစ်ယောက်တည်းနေရတာ ပျော်ရွှင်တဲ့ကလေးတွေကိုတော့ အတင်းအကြပ်မပြောင်းလဲသင့်ပေမယ့် ဘာပြဿနာမှ မရှိပဲ လူတွေကိုကြောက်တာ၊ရှက်နေတာမျိုးတွေဖြစ်ရင်တော့ သူတို့ကို ပြောင်းလဲပေးဖို့လိုလာပါပီ။

တချို့ကလေးတွေက လူတွေနဲ့ပေါင်းသင်းချင်တယ် သူငယ်ချင်းအသစ်တွေအများကြီးဖွဲ့ချင်တယ် ရွယ်တူတွေနဲ့ဆော့ကစားချင်တယ် ဒါပေမယ့် ကြောက်ရွံမှုကြောင့် ဘာတခုမှမပြုလုပ်ရင် သူတို့လွတ်လပ်ခွင့်ကိုဆုံးရှုံးနိုင်ပါတယ်.ဒီအချိန်မှာ မိဘတွေက ကလေးတွေရဲ့ကြောက်ရွံမှုကိုကျော်လွှားနိုင်ဖို့လိုအပ်တဲ့ ထောက်ပံမှုတွေမလုပ်ပေးနိုင်ရင် ဒီအခြအနေက လူမှုရေးကြောက်ရွံမှု ( Social Phobia) ကို ဦးတည်သွားစေတတ်ပါတယ်.သူတို့ကို မကြောက်ရွံအောင်ကူညီပေးပါ.

Sociable မဖြစ်အောင်ဒီအချက်လေးတွေကိုမလုပ်မိပါစေနဲ့

ကလေးကို အပြစ်မတင်ပါနဲ့

တကယ်လို့ သူတို့က တစ်ယောက်တည်း နေချင်ရင် သူတို့ဆန္ဒကို ဦးစားပေးပါ။ တကယ်လို့ သူတို့က အများတွေနဲ့ဆော့ချင်တယ် ပေါင်းချင်းတယ် မပေါင်းရဲဘူး ကြောက်နေမယ်ဆို သူတို့ကို ကဲ့ရဲ့ရှုတ်ချခြင်းက သူတို့မှာအရည်အသွေးမရှိသလို အပြစ်ရှိသလို ခံစားရစေပါလိမ့်မယ်။ သူတို့ကို တခြားမောင်နှမတွေ ကလေးတွေနဲ့မနှိုင်းယှဉ်မိပါစေနဲ့။ သင့်ကလေးကိုလက်ခံပါ ချစ်ပေးပါ၊သူတို့စိတ်ပိုင်းဆိုင်ရာတိုးတက်လာပါလိမ့်မယ်

သူတို့လွတ်လပ်မှုကို မြင့်တင်ပါ

ကလေးကို အရမ်းထိန်းချုပ်တာမျိုးတွေဖြစ်နေရင်လည်း လူကြောက်သွားတတ်ပါတယ်။ သူတို့ကို တာဝန်အနည်းငယ်ကိုဖြည် းဖြည်းချင်းယူခိုင်းပြီး ရိုးရှင်းသောလုပ်ငန်းတွေကိုချမှတ်ပေးပြီး. ဆုံးဖြတ်ချက်တွေချခိုင်းပါ။ ဒါတွေအားလုံးက သူတို့ကိုယ်ပိုင်ယုံကြည်မှုကိုတည်ဆောက်စေနိုင်ပြီး အရည်အချင်းတွေတက်လာစေပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့လေးစားမှုရှိတဲ့က လေးတယောက်က တခြားသူတွေနဲ့ပက်သက်ပေါင်းသင်းဖို့ Socialကျဖို့ ကြောက်နေမှာမဟုတ်ပါဘူး။

စံပြအဖြစ်နေပေးပါ

သင်ကသင့်ကလေးအတွက် အကြီးမားဆုံးစံပြဂ္ဂိုလ်ဖြစ်ပါတယ်။ သူတို့ကမ္ဘာကြီးကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမလဲဆိုတာ သင့်ဆီက သင်ယူပါလိမ့်မယ်။ သင်ကိုယ်တိုင်ရဲ့အပြုအမူတွေမှာ လူအများနဲ့တွေ့ဆုံတယ် ပျော်ရွှင်ရယ်မောပီး အချိန်ဖြုန်းတာတွေကို နှစ်သက်ဖွယ်ကောင်းစွာလက်ခံထားရင်သူတို့ကလည်း သင့်ပုံစံနောက်ကို လိုက်ပါလိမ့်မယ်။ ဒါကြောင့် လူမူဆက်ဆံရေးကောင်းစေဖို့ ပျော်ပွဲစားတစ်ခုဖြစ်ဖြစ် ပန်းခြံတစ်ခုခုဖြစ်ထွက်ရင် သင့်သူငယ်ချင်းတွေနဲ့မိတ်ဆွေတွေနဲ့အတူကလေးကိုပါ ခေါ်သွားပါ။ ကလေးကိုလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးတွေကို မြင်ခွင့်ပြုပါ။

လူမှုရေးအခွင့်အလမ်းများပေးပါ

လူမူဆက်ဆံရေးဆိုတာ အတွေ့အကြုံတွေကတစ်ဆင့်ရှင်သန်ကြီးထွားလာတာဖြစ်ပါတယ်။ မတူကွဲပြားတဲ့ လူအမျိုးမျိုးနဲ့ အပြန်အလှန်ဆက်သွယ်ခွင့်ရတဲ့ကလေးတစ်ယောက်ဟာ တခြားကလေးတွေထက် လူမှုဆက်ဆံရေးပိုကောင်းစေနိုင်ပါတယ်။ ဆိုလိုတာက ချုပ်ခြယ်ကန့်သတ်ပြီးနေခိုင်းတာမျိုးမလုပ်ဖို့ပါ။

ကလေးကိုအနည်းငယ်တွန်းအားပေးပါ

ပေါင်းသင်းဆက်ဆံရေးမှာ အခက်အခဲရှိတဲ့ကလေးတစ်ယောက်အတွက် အိမ်မှာသရုပ်ဆောင်ကျင့်ခိုင်းတာမျိုးတွေလေ့ကျင့်ခိုင်းတာက အကျိုးရှိစေနိုင်ပါတယ်. သင်ကိုယ်တိုင် သူတို့နဲ့အတူနေ့စဉ်အခြေအနေမျိုးကိုလုပ်ဆောင်နိုင်ပြီး သူတို့ဘယ်လိုတွေပြုမူရမယ်ဆိုတာကို လေ့ကျင့်ကူညီပေးနိုင်ပါတယ်။

#Chir_May_may

#Mg_Htet

REF_You Are Mom

LEAVE A REPLY

Please enter your comment!
Please enter your name here