လူရှေ့မှာ စကားပြောရတာ ကြောက်တဲ့ မေမေတို့ ကလေးကို ဘယ်လိုကူညီမလဲ?

0
324
- Advertisement -

လူအတော်များများက လူရှေ့သူရှေ့မှာ စကားပြောရမှာကို ကြောက်တတ်ကြပါတယ်။ လူရှေ့ စကားပြောရမှာ ကြောက်တာကို စင်ကြောက်စိတ်အဖြစ်သိကြပြီး ဒါက ကလေး၊ လူကြီး ဘယ်သူ့မှာမဆို ရှိနိုင်ပါတယ်။

လူရှေ့စကားပြောရမှာ ကြောက်တာဟာ တကယ့်ပြဿနာတစ်ခုလား?

ကလေးတွေနဲ့ လူငယ်တွေဟာ ဥပမာ- ကျောင်းမှာ Presentation လုပ်ရတာ၊ စကားဝိုင်းဆွေးနွေးပွဲလုပ်ရတာ၊ ဒါမှမဟုတ် လူရှေ့ထွက်ပြီး ကိုယ့်ကိုကိုယ်မိတ်ဆတ်ရတာ ၊ အတန်းရှေ့ စာထွက်ဆိုရတာ စသဖြင့် လူရှေ့မှာ စကားပြောဖို့ လိုအပ်တဲ့ အခြေအနေအမျိုးမျိုးရှိပါတယ်။ ပထမဆုံးအကြိမ် လူရှေ့စကားပြောရမှာကို ကြောက်တာဟာ ငယ်ရွယ်တဲ့ ကလေးအတွက် သာမန်အလေ့အထ ဖြစ်ပါတယ်။ သူတို့ဟာ ပထမဆုံးအကြိမ် ဆိုရှယ်ကမ္ဘာကြီးကို ရင်ဆိုင်ရတာကြောင့်ပါ။ တခြားကလေးတွေက ပြောရဲဆိုရဲရှိတယ်။ ကိုယ့်ကလေးက လူကြောက်တယ်၊ မပြောရဲမဆိုရဲ၊ အတန်းရှေ့ထွက်ပြီး စာဆိုရမှာတောင် ကြောက်နေတယ်ဆိုရင် မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ ပွင့်လင်းမှုမရှိတဲ့ အပြုအမှုက တကယ့်ပြဿနာတစ်ခုဖြစ်မဖြစ်ဆိုတာ ဂရုစိုက်ပေးရပါမယ်။ တကယ်လို့ ကလေးက ငုတ်လျိုးနေတဲ့ကြောက်စိတ်၊ အစွန်းရောက်ကြောက်စိတ်ဖြစ်နေတာ၊ သို့မဟုတ် ၎င်းရဲ့နောက်ကွယ်မှာ ပိုပြီးပြင်းထန်တဲ့အရာတစ်ခုခုရှိနေတာ ဟုတ်မဟုတ်ကို ဆုံးဖြတ်ဖို့ နီးကပ်စွာ စောင့်ကြည့်ပေးရမှာပါ။ ကလေးဘဝမှာ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်းက ကြီးကောင်ဝင်လာတဲ့အခါမှ ဖြေရှင်းခြင်းထက် ခြားနားပါတယ်။

- Advertisement -

မေမေတို့ရဲ့ကလေးဟာ မလုံခြုံမှုကြောင့် ဖြစ်တဲ့ ရှက်ကြောက်စိတ်ခံစားနေရတာဖြစ်လျှင် အောက်ပါအကြံဉာဏ်တစ်ချို့က ကူညီပေးနိုင်ပါတယ်။ ကလေးရဲ့ လူရှေ့မှာ စကားပြောရမှာ ကြောက်တဲ့စိတ်ကို ကျော်လွှားနိုင်ဖို့ ဒီနည်းလမ်းလေးတွေက ကြီးမားတဲ့ အကူအညီဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေ လူရှေ့မှာ စကားပြောဖို့ ကြောက်ရွံစိတ်ကို ပျောက်အောင် ကူညီဖို့ နည်းလမ်းတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ အစောပိုင်း လှုံ့ဆော်မှုရှိတာ

တချို့ကလေးတွေက အစောပိုင်းအသက်အရွယ်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အပြန်အလှန်ထိတွေ့ဆက်ဆံမှု အများကြီး ရှိပါတယ်။ သူတို့ဟာ ဘွင်းဘွင်းရှင်းရှင်းနဲ့ ပျော်စရာကောင်းတဲ့ မိသားစုများထဲက ဖြစ်လေ့ရှိပါတယ်။ ငယ်ငယ်ထဲက လူကြီးတွေနဲ့ အပြန်အလှန်စကားပြောတာ၊ လူကြီးတွေက စကားပြောခွင့်ပေးတာကြောင့် သူတို့ဟာ ကြီးပြင်းလာတာနဲ့အမျှ လူရှေ့မှာ စကားပြောရတာကို ကြောက်စရာတစ်ခုလို၊ အသစ်အဆန်းတစ်ခုလို မမြင်တော့ပါဘူး။

၂။ သူတို့ကို မရယ်ပါနဲ့၊ ဟာသမလုပ်ပါနဲ့

လူငယ်တစ်ယောက်ကို ပျော်စရာလုပ်တာ၊ အပြစ်တင်စကားပြောတာဟာ မကောင်းတဲ့ အပြုအမှုသာဖြစ်ပါတယ်။ ကလေး ဒါမှမဟုတ် လူငယ်တစ်ယောက်ဟာ ပြောင်းလဲဖို့ ရှာတတ်မှာ မဟုတ်ပါဘူး။ ကလေးတွေကို ကြောက်တဲ့စိတ်၊ ရှက်တဲ့စိတ် ဖြစ်ပေါ်လာအောင် မလုပ်ပါနဲ့ ။ တချို့က ကလေးပြောတဲ့အရာတွေကို ဟာသလုပ်လေ့၊ ရယ်လေ့ရှိကြပါတယ်။ ကလေးမှာလည်း ရှက်ကြောက်တဲ့ စိတ်ရှိနိုင်တာမို့ အကောင်းဆုံးက သူတို့ကို လက်ခံယုံကြည်ပေးဖို့ပဲဖြစ်ပါတယ်။ ဒါမှသာ သူတို့အတွက် ရှက်ကြောက်စိတ်ကို ကျော်လွှားနိုင်မှာပါ။

၃။ အထောက်အပံ့နှင့် အကူအညီပေးပါ

မလုံခြုံမှုတွေနဲ့အတူ ကလေးကို တစ်ယောက်တည်းထားတာဟာ သူတို့ကို ပိုထိခိုက်လွယ်စေသလို တိုးတတ်ဖို့ မစွမ်းဆောင်နိုင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ မိဘတွေရဲ့ အခန်းကဏ္ဍတစ်ခုက ကလေးတွေ ကြီးပြင်းလာတာနဲ့အမျှ ပံ့ပိုးပေးပြီး အတူလိုက်ပါပေးဖို့ ဖြစ်ပါတယ်။ ဒါမှသာ ခက်ခဲတဲ့အချိန်တွေမှာ သူတို့နှင့်အတူ အပြန်အလှန်ထိတွေ့ဆက်ဆံနိုင်ပြီး communication ကောင်းတဲ့ မိသားစုဖြစ်လာမှာ သေချာပါတယ်။

၄။ သူတို့ကို ဖြေရှင်းနည်းပေးပါ

ကလေးတွေဟာ သူတို့ကိုယ်သူတို့ ပြဿနာတစ်ခုရှိကြောင်း နားလည်သဘောပေါက်သင့်ပါတယ်။ အသိအမှတ်ပြုခြင်းက တိုက်ပွဲရဲ့အောင်မြင်မှုတစ်ဝက်ဖြစ်ပါတယ်။ ကလေးတွေ လူရှေ့မှာစကားပြောရတဲ့အခါ သူတို့ခံစားရတဲ့ အဆင်မပြေမှုက rational မဟုတ်ကြောင်း နားလည်သဘောပေါက်ရပါမယ်။ ဒီနည်းလမ်းက သူတို့ပိုပြီး ကြိုးစားရမယ်၊ လေ့ကျင့်ရမယ်ဆိုတာ နားလည်သဘောပေါက်လာစေမှာပါ။

၅။ လူရှေ့စကားပြောရတာကို တန်ဖိုးတစ်ခုလို့ မြင်စေပါ

ကလေးတွေဟာ ငယ်ရွယ်တဲ့အချိန်မှာ ဆုတွေ၊ အဆင့်တွေ၊ ချီးမွမ်းမှုတွေကဲ့သို့ အပြုသဘောဆောင်တဲ့ စစ်ကူများက သူတို့ကို လူရှေ့မှာ လုပ်ဆောင်မှုကောင်းအောင်၊ စကားပြောကောင်းအောင် သင်ပေးပါလိမ့်မယ်။ လူကြားထဲမှာ စကားပြောဆိုခြင်းက သူတို့ကို လူကြီးပိုဖြစ်လာစေတယ်လို့ ခံစားရနိုင်အောင်လည်း ကူညီပေးပါတယ်။

၆။ သူတို့ကို အတင်းအကျပ် ဖိအားမပေးပါနဲ့

သူတို့ကြောက်နေတဲ့အရာကို အတင်းအကျပ်လုပ်ခိုင်းရင် သူတို့ရဲ့ကြီးထွားဖွံ့ဖြိုးမှုကို တားဆီးစေတဲ့ negative ခံစားမှုတွေ ပိုဖြစ်ပေါ်လာပါလိမ့်မယ်။ အလားတူ ကလေးကို အပြောင်းအလဲ ရုတ်တရက်ဖြစ်ဖို့ မမျှော်လင့်ပါနဲ့။ အရာအားလုံးက ၎င်းရဲ့ကိုယ်ပိုင်နှုန်းထားနဲ့ပဲ သွားပါတယ်။

၇။ အလေ့အကျင့်

လူရှေ့စကားပြောဖို့အတွက် အထောက်အကူဖြစ်စေတဲ့ အကြံဉာဏ်တစ်ခုက အသေးစိတ်ကျကျနဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို လေ့ကျင့်ဖို့ ဖြစ်ပါတယ်။ ဒါကို အကြိမ်ပေါင်းများစွာ လုပ်ရပါမယ်။ ဒီနည်းလမ်းက သင့်ကလေးကို နောက်တစ်ကြိမ် ပိုပြီး ယုံကြည်မှုခံစားရစေပါလိမ့်မယ်။

၈။ စံနမူနာတစ်ခုသုံးပါ

ကလေးတွေနဲ့ လူငယ်တွေဟာ သူတို့မှာ အရမ်းလေးစားရတဲ့ idols တွေ ရှိပါတယ်။ အကောင်းဆုံးဗျူဟာက ကလေးတွေကို ယုံကြည်မှုပိုခံစားရစေတဲ့ ဥပမာတစ်ခုအဖြစ် သူတို့ကို သုံးဖို့ ဖြစ်ပါတယ်။

၉။ အလွန်အကျွံ မလုပ်ခိုင်းပါနဲ့

တခါတရံမှာ ကလေးရဲ့ activity ပေါ်မှာ ဖိအားအများကြီးပေးတဲ့အခါ မကောင်းမြင်စိတ်တွေ အများကြီး ဖြစ်လာပါတယ်။ ဒါက စိတ်ဖိစီးမှုကို ဖန်တီးပေးပါတယ်။ ဒါက ဘဝကြီးတစ်ခုမဟုတ်ကြောင်း နားလည်အောင် ကူညီပါ။ နောက်ထပ်စိတ်ကူးကောင်းတစ်ခုက ကြောက်ရွံ့စိတ်ကို ဖန်တီးမှု စွမ်းအင်ဆီသို့ ပြောင်းလဲဖို့ ကြိုးစားတာ ဖြစ်ပါတယ်။

၁၀။ ပရော်ဖက်ရှင်နယ်အကူအညီကို ရှာတဲ့အခါ

အပေါ်မှာဖော်ပြထားတဲ့ အိုင်ဒီယာတွေက သင့်ကလေးကို လူရှေ့မှာ စကားပြောရမှာ ကြောက်တဲ့စိတ်ပျောက်အောင် မကူညီနိုင်ဘူးဆိုရင် ဒီအရာရဲ့နောက်ကွယ်မှာ အခြားအကြောင်းအရာတစ်ခုခုရှိပါလိမ့်မယ်။ ဒီလိုဖြစ်လာလျှင် ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပြသပါ။ သင့်လျော်တဲ့ ကုသမှုရရှိစေဖို့ ကူညီပေးပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here