လူအများကြားထဲမှာ ထုတ်မပြောရဲတဲ့ ကိုယ်ဝန်ဆောင်သည်များရဲ့ ပြဿနာတစ်ချို့

0
122
- Advertisement -

မိခင်တစ်ယောက်ဖြစ်လာရတဲ့ ခံစားချက်က ဘာနဲ့မှ နှိုင်းယှဥ်လို့မရလောက်အောင်ကို ပျော်စရာ၊ ကြည်နူးစရာ၊ ဝမ်းသာစရာကောင်းလှပါတယ်။ လူ့လောကကြီးထဲကို ရင်သွေးလေးရောက်ရှိလာတော့မယ့် ရက်တွေကို တစ်နေ့ပြီးတစ်နေ့ လက်ချိုးရေတွက်နေရတာလည်း အမောပါပဲ။ စိတ်လှုပ်ရှားမှုကတော့ မိဘနှစ်ယောက်လုံးဆီမှာ အတူရှိကြပေမယ့်လည်း မိခင်လောင်းအတွက်ကတော့ ကိုယ်ဝန်ဆောင်ချိန်တစ်ခုလုံးဟာ ရိုလာကိုစတာ စီးနေရတာနဲ့မခြားတဲ့ အချိန်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

အသားအရေလေး ဝင်းဝင်းပပနဲ့ ချစ်စရာကောင်းတဲ့ ဗိုက်ပူပူလေးထွက်လာတဲ့အပြင် ရင်သားယားယံခြင်း၊ ဂတ်စ်ထခြင်း စတဲ့ကိစ္စတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပျက်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ကိုယ်ဝန်ဆောင်နေချိန်မှာ ရှက်စရာကောင်းတဲ့ ဘယ်လိုအရာတွေဖြစ်လာနိုင်သေးလဲဆိုတာကို အခုပဲပြောပြချင်ပါတယ်။

လေတက်ခြင်း

ကလေးလေး ကြီးထွားလာတာနဲ့အမျှ သင့်ရဲ့ဗိုက်အတွင်းရှိနေရာကလည်း ပိုပိုကြပ်လာပါတယ်။ အူသိမ်အူမတွေ ဘေးကျပ်နံကျပ်ဖြစ်လာလို့ အစာခြေစနစ်မှာအနှောင့်အယှက်ဖြစ်ကုန်ကာ ဖောရောင်ခြင်း၊ ဂတ်စ်ထခြင်းတို့ကို ကြုံတွေ့လာရနိုင်ပါတယ်။ ဗိုက်ကြီးနေချိန်မှာ ချဥ်ခြင်းတက်လေ့ရှိတဲ့ ပီဇာ၊ ရေခဲမုန့်၊ အသင့်စားအစားအစာတွေကို စားသုံးခြင်းကလည်း ဂတ်စ်ထစေပါတယ်။

ဝမ်းချုပ်ခြင်း

ကိုယ်ဝန်ဆောင်နေချိန်တစ်လျှောက်မှာ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ဝမ်းချုပ်တဲ့ပြဿနာကို ကြုံတွေ့ရကြပါတယ်။ ကိုယ်ဝန်ဆောင်ဟော်မုန်းတွေ တက်လာခြင်းက အစာခြေစနစ်ကို နှေးကွေးစေတာကြောင့် ကလေးမှအာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်လို့ ဝမ်းပိုချုပ်စေပါတယ်။ ကလေးကြီးလာလေလေ အူကချောချောမွေ့မွေ့ အလုပ်မလုပ်နိုင်တော့လေလေဖြစ်ပါတယ်။

ရင်သားယားယံခြင်း

ကလေးကိုနို့ချိုတိုက်ကျွေးဖို့အတွက် ရင်သားမှာ နို့ချိုတွေပြည့်နှက်လာတာနဲ့အမျှ ရင်သားကလည်း ကြီးထွားလာတာဖြစ်ပါတယ်။ ရင်သားကြီးထွားလာတဲ့အခါ အသားအရေကလည်း တင်းရင်းလာတာကြောင့် ပိုပြီးယားယံခြင်းကို ဖြစ်ပေါ်စေပါတယ်။

ပေါင်ခြံတွေနာကျင်ခြင်း

ကိုယ်ဝန်ဆောင်ချိန်အလယ်အလတ်ရောက်လာသည့်အခါ အောက်ပိုင်းနာကျင်မှုကလည်း စတင်ခံစားလာရပါတယ်။ ကလေးကြီးထွားမှုကို အထောက်အကူဖြစ်စေဖို့အတွက် ထိုအချိန်ရောက်ပြီဆိုရင် တင်ပါးဆုံရိုးရှိအရွတ်က ဆန့်ထွက်လာပါတယ်။ ဒီအခါ အချိန်အကြာကြီးထိုင်ပြီးမှ ရုတ်တရက်မတ်တပ်ထရပ်တဲ့အခါ သို့မဟုတ် အကြာကြီးမတ်တပ်ရပ်ပြီးမှ အိပ်ယာထဲလှဲလိုက်တာမျိုးဆိုရင် နာကျင်ဝေဒနာကို ခံစားရပါတယ်။

ဆီးမနိုင်ခြင်း

မီးဖွားတဲ့အခါ လျှောလျှောရှူရှူ မီးဖွားနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်အတွင်း တချို့သောဟော်မုန်းတွေက တင်ပါးဆုံကြွက်သားတွေကို ပြေလျော့အောင် အချက်ပြလိုက်သလိုဖြစ်စေပါတယ်။ ဒီအခါ နှာချေချိန်၊ အားရပါးရ ရယ်မောချိန်တွေဆိုရင် အတန်ငယ်ဆီးထွက်လွယ်စေနိုင်ပါတယ်။

#Chit_May_May

#Thinzar

Ref- wikihow

LEAVE A REPLY

Please enter your comment!
Please enter your name here