လူအများစု ပြောလေ့ပြောထမရှိတဲ့ မိဘအုပ်ထိန်းမှုဆိုင်ရာ အကြောင်းအရာများ

0
1100
- Advertisement -

မိသားစုတစ်ခုနဲ့တစ်ခုက မတူညီနိုင်ကြဘူးဆိုတာ မှန်ပေမယ့်လည်း သားသမီးတွေကို ထိန်းကျောင်းပျိုးထောင်ခြင်းနဲ့ပတ်သက်လာရင် တစ်ချို့သောအတွေ့အကြုံတွေ၊ ထင်မြင်ချက်၊ သဘောထားတွေ၊ ခံစားချက်တွေက ပါးစပ်ကနေ ထုတ်ပြောစရာမလိုဘဲနဲ့ကို တူညီနေတတ်ကြပါတယ်။ မိဘနေရာကို ကိုယ်မရောက်သေးသရွေ့တော့ သူများတွေပြောစကားကို သေချာနားလည်သဘောပေါက်မှာ မဟုတ်သေးပေမယ့်လည်း ကြိုတင်ပြီးတော့ သင့်ကိုပြောပြပေးမှာမဟုတ်တဲ့ အချက်တစ်ချို့ကို ပြောပြပေးချင်ပါတယ်။

အရည်အချင်းမှရှိရဲ့လားဆိုပြီး တွေးမိခြင်း

မိဘ ဆိုတဲ့ အလုပ်အကိုင်ဟာ ကိုယ့်အတွက်တော့ ဘယ်လိုမှအပ်စပ်မှုမရှိဘဲ မှားယွင်းတဲ့ရွေးချယ်မှုတစ်ခုလို့ တွေးထင်မိတတ်တဲ့ ရက်တွေကိုကြုံတွေ့ရတတ်ပါတယ်။ အခုလိုမျိုးခံစားမိလို့လည်း ကိုယ့်ကိုယ်ကိုအပြစ်မတင်လိုက်ပါနဲ့။ သားသမီးတွေကို ထိန်းကျောင်းရတာဟာ အမြဲတမ်းပျော်စရာကောင်းနေတာလို့ ပြောတာတွေဟာ လိမ်ညာစကားတွေပါ။

- Advertisement -

ကိုယ့်ကြောင့် တစ်ခါလောက်တော့ ကလေးကိုထိခိုက်ဒဏ်ရာ ရစေနိုင်ခြင်း

တစ်မိနစ်လောက် ကလေးကိုထိုင်ခုံပေါ်မှာ ထိုင်ခိုင်းထားပြီး တခြားအလုပ်လေးပြေးလုပ်ခိုက်မှာ ကလေးက ကြမ်းပြင်ပေါ်လှိမ့်ချတာမျိုး၊ အိပ်ရာပေါ်က ခုန်ဆင်းတာမျိုးတွေလို မတော်တဆတွေက ဖြစ်လေ့ဖြစ်ထကိစ္စတွေပါ။ အခုလိုဖြစ်သွားလို့ ကိုယ့်ကိုယ်ကို အတင်းအပြစ်မတင်လိုက်ပါနဲ့။ မိဘတိုင်း ဒီလိုအခြေအနေကို တစ်ခါလောက်တော့ ကြုံတွေ့ဖူးကြပါတယ်။

ကိုယ့်ရဲ့အားနည်းချက်တွေကို ကလေးတွေဆီမှာ မြင်တွေ့ရခြင်း

စိတ်ကြီးတတ်ခြင်း၊ အာရုံပျံ့လွယ်ခြင်း၊ ရှင်းရှင်းလင်းလင်းမနေတတ်ခြင်း စတဲ့ အကျင့်လေးတွေကို ကိုယ့်သွေးသားဖြစ်တဲ့ ကလေးတွေဆီမှာ ပြန်လည်မြင်တွေ့ရတတ်ပါတယ်။ ကြက်သီးထရလောက်အောင်ကို တူညီနေတာဖြစ်ပြီး ဒီလိုအကျင့်ဆိုးလေးတွေကို မြင်တွေ့ရပြီးနောက်မှာတော့ ကိုယ့်ကိုယ်ကို ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားချင်စိတ်ဖြစ်လာစေပါလိမ့်မယ်။

ကလေးအတွက် ဘာသာပြန်ဖြစ်လာခြင်း

အချိန်အတိုင်းအတာတစ်ခုလောက်တော့ သင့်ကလေးပြောသမျှ စကားတွေကို နားလည်တာ သို့မဟုတ် သိတာဆိုလို့ သင်ပဲရှိပါလိမ့်မယ်။ တခြားလူတွေနဲ့တွေ့လို့ ကလေးတွေက တခုခုပြောတဲ့အခါ၊ လုပ်ပြတဲ့အခါ “သူဗိုက်ဆာနေလို့” “နို့သောက်ချင်နေတာလေ” “နှုတ်ခမ်းမွှေးနဲ့လူတွေဆိုကြောက်တတ်တယ်” စသဖြင့် လိုက်ပြီးပြောပြနေရပါလိမ့်မယ်။

#Chit_May_May

#Thinzar

Ref- verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here