မိခင်နှင့် ကလေးအကြားရှိ နှောင်ကြိုးဟာ လူ့သဘော သဘာဝအရ အလေးနက်ဆုံး ဖြစ်ပါတယ်။ ကလေးတစ်ယောက်ကို လူ့လောကသို့ ခေါ်ဆောင်လာခြင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ သိသိသာသာ အပြောင်းအလဲများကို ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မိခင်တွေအနေနဲ့ ဝမ်းထဲမှာ ရင်သွေးရတနာလေးကို လွယ်ထားရအချိန် ပျော်ရွင်တွေအပြင် တာဝန်ဆိုတဲ့ အခြေခံကျတဲ့အရာတစ်ခုရှိပါတယ်။ ဒါက မိဘအုပ်ထိန်းမှုနှင့် ပညာရေးအကြောင်းကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ ကလေးရဲ့ ကျန်းမာရေးကို စတင်ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်အဝလွန်ခြင်းနင့် ကလေးရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတတ်မှုဆိုင်ရာ ပြဿနာများအကြား ဆက်စပ်မှုရှိကြောင်း သိရပါတယ်။
ကိုယ်ဝန်ဆောင်စဉ် အဝလွန်ခြင်း
ကိုယ်ဝန်ဆောင်နေစဉ် အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်အလေးချိန် အတတ်အကျက သူမနှင့် သူမရဲ့ သားဖွားမီးယပ် အထူးကုဆရာဝန်တွေအတွက် စိုးရိမ်ပူပန်မှု တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တိုးခြင်းဟာ ဖြည်းဖြည်းချင်း ဖြစ်ဖို့ လိုအပ်ပြီး ကိုယ်ဝန်ကာလ အပိုင်းအခြားတစ်ခုချင်းစီရဲ့ ကန့်သတ်ချက် အတွင်းမှာ ဖြစ်ရပါမယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အဝလွန်ခြင်းဟာ သွေးတိုး၊ preeclampsia နှင့် ကိုယ်ဝန်ဆောင် ဆီးချိုကို ဖြစ်စေနိုင်ပါတယ်။
သင်အဝလွန်နေရင် ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) တိုင်းတာတဲ့ ဇယားကို အသုံးပြုခြင်းဖြင့် ရှာနိုင်ပါတယ်။
အဝလွန်ခြင်းနှင့် ကိုယ်ဝန်ဆောင် အန္တရာယ်များ
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ ကိုယ်အလေးချိန်များလွန်းရင် သူမရဲ့ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ဆိုလိုတာက ဒီအရာက ကလေးကိုလည်း ထိခိုက်နိုင်တဲ့ ပြဿနာဖြစ်ကြောင်း ကျွန်တော်တို့ ထည့်သွင်းမစဉ်းစားမိပါဘူး။ ဥပမာ ကိုယ်ဝန်ဆိပ်တတ်ခြင်း လက္ခဏာက ကိုယ်ဝန်ဆောင်အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒီအခြေအနေရှိတဲ့ မိခင်တွေဟာ ဘာပြဿနာမှမဖြစ်ဘဲ ပုံမှန်မွေးဖွားလာနိုင်တာရှိသလို လမစေ့ခင်မွေးဖွားခြင်းနှင့် အချို့ကိစ္စတွေမှာ ကိုယ်ဝန်ပျက်ကျခြင်းတို့ဖြစ်နိုင်ပါတယ်။

တက္ကဆက်တက္ကသိုလ်နှင့် ကိုလံဘီယာတက္ကသိုလ် မီလန်ပြည်သူ့ကျန်းမာရေးကျောင်းမှ အထူးအဖွဲ့တစ်ဖွဲ့က BMC ကလေးအထူးကုဌာနတွင် ကိုယ်ဝန်ဆောင်စဉ် မိခင်အဝလွန်ခြင်းနှင့် ဆက်စပ်ပြီး ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတတ်မှုမှာ အခက်အခဲအချို့ရှိခဲ့ကြောင်း လေ့လာမှုတစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
လေ့လာမှု
ရောဂါဗေဒပညာရှင်များ၊ အာဟာရပညာရှင်နှင့် သဘာဝပတ်ဝန်းကျင် ကျန်းမာရေးသုတေသီများအဖွဲ့ဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်းနှင့် ကလေး အသက် ၃နှစ်မှ ၇နှစ်အရွယ်ရောက်တဲ့အချိန်ထိ မိခင် ၃၆၈ ယောက်နှင့် ကလေးတွေကို လေ့လာခဲ့ပါတယ်။ မိခင်တွေရဲ့ အိုင်ကျူ၊ ပညာရေးအဆင့်၊ အိမ်ထောင်ရေးအခြေအနေနှင့် လူမျိုးကို ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ထိတွေ့ခဲ့တဲ့ ပတ်ဝန်းကျင်အခြေအနေ၊ မိခင်ရဲ့ အစားအသောက်နှင့် ကလေးနို့စို့ခဲ့ခြင်း ရှိမရှိကို ခွဲခြားစိတ်ဖြာခဲ့ကြပါတယ်။ ကလေးတွေကို အသက်၃နှစ်အရွယ်မှာ သူတို့ရဲ့ motor skill ကို အကဲဖြတ်ဖို့ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။ ၄နှစ်အကြာနှင့် ကလေး ၇နှစ်ပြည့်တဲ့အခါ အဲ့ဒီထပ်တူစမ်းသပ်မှုကိုပဲ ထပ်လုပ်ခဲ့ပါတယ်။
ရလဒ်
လေ့လာမှုများတွင် သုတေသီများက ၃နှစ်အရွယ် ကလေးတွေရဲ့ motor skill ကို လေ့လာပြီးကိုယ်ဝန်ဆောင်စဉ်မှာ မိခင်ရဲ့ အဝလွန်မှုက ကလေးတွေရဲ့ motor skill ကို နှေးကွေးစေတဲ့ ကိစ္စရပ်များနှင့် ဆက်စပ်နေတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ကလေးတွေကို အသက် ၇နစ်မှာ ပြန်လည်စစ်ဆေးတဲ့အခါ ကိုယ်ဝန်ဆောင်စဉ် အဝလွန်ခြင်းနှင့် အဝလွန်နေတဲ့ မိခင်တွေရဲ့ သားယောကျ်ားလေးတွေဟာ ပုံမှန်ကိုယ်အလေးချိန်ရှိ အမျိုးသမီးတွေမွေးတဲ့ ကလေးတွေထက် အိုင်ကျူနိမ့်ကျကြောင်း တွေ့ရှိခဲ့ပါတယ်။
Chit_MayMay
LM_Nandar
Source-brightside