အမျိုးသမီးတစ်ယောက်ရဲ့ အမွှာမွေးနိုင်ချေပိုများတဲ့ အချက်တွေထဲမှာ အရပ်အမြင့်ပါဝင်နေတာက အံ့သြစရာအကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။ ပျှမ်းမျှထက် ပိုမြင့်မားတဲ့ အမျိုးသမီးတွေဟာ ဆတိုးမွေးဖွားဖို့ ပိုများကြောင်း လေ့လာမှုအရသိရပါတယ်။ ၂၀၀၆ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပတ်သတ်သော စုံစမ်းစစ်ဆေးမှုတစ်ခုအရ အရပ်ရှည်သော အမျိုးသမီးတွေဟာ အမွှာမွေးဖို့ ပိုများတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီပြောဆိုချက်က ဘာ့ကြောင့်ဖြစ်နိုင်ချေရှိကြောင်း ရှင်းပြထားတဲ့ ကိုယ်ဝန်သုတေသနကို မျှဝေပေးချင်ပါတယ်။
အရပ်မြင်တဲ့အမျိုးသမီးတွေမှာ အင်ဆူလင်ကဲ့သို့သော ကြီးထွားမှုအချက်တွေ ပိုရှိပါတယ်
သားဖွားမီးယပ်နဲ့ ပတ်သက်သော သုတေသနပြုမှုကြောင့် ကျော်ကြားတဲ့ သားဖွားဆရာ Gary Steinman က၎င်းဟာ အင်ဆူလင်ကဲ့သို့သော ကြီးထွားမှုအချက်က အရပ်အမြင့်၊ အမွှာ နှစ်ခုစလုံးနဲ့ တိုက်ရိုက်ဆက်နွယ်မှုရှိကြောင်း ဖော်ပြခဲ့ပါတယ်။ အင်ဆူလင်ကဲ့သို့သော growth factorဟာ ကလေးဘဝ ကြီးထွားမှုမှာ အရေးပါသော အခန်ကဏ္ဍမှ ပါဝင်တဲ့ ဟော်မုန်းတစ်ခုဖြစ်ပါတယ်။

အရပ်အမြင့်က သန္ဓေသားအပေါ် လွှမ်းမိုးမှု ရှိပါတယ်
ဒေါက်တာစတိန်းမန်းက သူရဲ့ သုတေသနပြုစဉ်ကာလအတွင်းမှာ ပျမ်းမျှအရပ်အမြင့် ၅ပေ၄အောက်သာရှိတဲ့ ယူနိုက်တတ်စတိတ်ရှိ အမျိုးသမီးတွနေရဲ့ ပျမ်းမျှအရပ်အမြင့်နှင့်အတူ နှစ်မွှာပူးမွေးတဲ့ မိခင် ၁၀၅ယောက်နဲ့ သုံးမွှာပူးမွေးတဲ့ မိခင် ၂၄ယောက်ရဲ့ အရပ်အမြင့်ကို နှိုင်းယှဉ်ခဲ့ပါတယ်။ multiple-birth မိခင်တွေဟာ ပျမ်းမျှအရပ်အမြင့် ၅ပေ ၅လက်မရှိပြီး အမေရိကန်က အရွယ်ရောက်အမျိုးသမီးတွေထက် ပိုရှည်ပါတယ်။

အမျိုးသမီးတွေ အရပ်မြင့်တဲ့ နိုင်ငံတွေမှာ အမွှာမွေးနှုန်း ပိုမြင့်မားပါတယ်
အရပ်အမြင့်က အကြောင်းရင်းဖြစ်သောလည်း သူ့ရဲ့ယခင်လေ့လာမှုမှာ တိရိစ္ဆာန်ထုတ်ကုန်တွေ၊ အထူးသဖြင့် နို့ထွက်ပစ္စည်းတွေကို စားသုံးသော အမျိုးသမီးတွေဟာ မစားတဲ့ အမျိုးသမီးတွေထက် အမွှာရနိုင်ချေ ၅ဆပိုများကြောင်း တွေ့ရှိခဲ့ရပါတဘ်။ ဒီအကြောင်းပြချက်က နွားတွေကိုကျွေးတဲ့ ကြီးထွားဟော်မုန်းတွေ ပါဝင်နိုင်ပါတယ်။
Chit_MayMay
LM_Nandar
Source-brightside
Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။